Posted on November 11, 2009 by oothandar
ဘန်ကောက်ခရီးသွား – ၂၀၀၉
ကျော်ကျော်
နိုဝင်ဘာ ၉ ၊ ၂၀၀၉
![[bangkok1.jpg]](http://2.bp.blogspot.com/_st0eUBElSog/Svfp9LEcxgI/AAAAAAAAAtM/XgRXu8ur2VY/s1600/bangkok1.jpg)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အောက်တိုဘာနဲ့ နိုဝင်ဘာအတွင်း ၃ ပတ်ခရီးထွက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းကြုံရာမြင်ရာ ဓာတ်ပုံတချို့ရယ် နောက်ပြီး ဘန်ကောက်ကို အလည်သွားရင် အသုံးဝင်မယ်လို့ထင်တဲ့ အချက်အလက်တချို့ကို ဝေမျှဖို့ရည်ရွယ်ပြီး ရေးလိုက်တာပါ။
မှတ်စု(၁)
ခရီးစဉ်အသွားအပြန်တခုလုံးကို China Airlines နဲ့ သွားခဲ့ပါတယ်။ ချိုင်းနားအဲယားရဲ့ လက်မှတ်က အခြားလိုင်းထက် သက်သာပါတယ်။ အေးဂျင့်တွေကနေတဆင့် ၀ယ်စရာမလိုပါ ဘူး၊ www.china-airlines.com ကနေ တိုက်ရိုက်လွယ်ကူစွာ မှာယူလို့ရပါတယ်။ အမေရိကန် ဆန်ဖရန်စစ်စကို ဘေးဧရိယာအတွင်း နေထိုင်သူများ လေဆိပ်အသွားအပြန် အခက်အခဲရှိသူတွေအတွက် east bay shuttle ဗင်ကားကုမ္ပဏီရဲ့ ၀န်ဆောင်မှုဟာ အလွန်ကောင်းပါတယ်။ အခြားသူများနဲ့မရောပဲ သီးသန့်ကြိုပို့တယ်၊ ကားတွေကသန့်တယ်၊ ဒရိုင်ဘာတွေလည်း ဆက်ဆံရေး အလွန်ကောင်းပါတယ်။ ကြိုပို့ကားကို မှာဖို့အတွက် eastbayshuttle.net မှာ ဘွတ်ကင်လုပ်နိုင်ပါတယ်။ Read more »
Filed under: Travelouge | Leave a Comment »
Posted on November 11, 2009 by oothandar
ရဲချုပ်ခင်ရီကို သာသနာရေး ဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ်ပြောင်းရွှေ့
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင် အကျယ်ချုပ်နဲ့ စစ်ဆေးခံနေရစဉ်မှာ တိမ်းရှောင်သွားခဲ့တဲ့အဖြစ်ကြောင့် သူ့ရဲ့ အနေအထားပါ မရေရာဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကို ခန့်မှန်းတွက်ဆကြတဲ့အတိုင်းပဲ ရဲချုပ်ရာထူးနေရာမှနေ လုပ်ပိုင်ခွင့်အရ အရေးမပါလှတဲ့ သာသနာရေး ဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ် ရောက်သွားပြီလို့ နေပြည်တော်နဲ့နီးစပ်တဲ့ တပ်မတော် အရာရှိဟောင်းတဦးက ပြောပါတယ်။ Read more »
Filed under: Local News Headlines | Leave a Comment »
Posted on November 11, 2009 by oothandar
ရန်ကုန်ရှုခင်း နိုဝင်ဘာ ဒုတိယပတ်
လမ်းလျှောက်ဂျာနယ်လစ်
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ကမ္ဘာပျက်မှာလား အခုလောလောဆယ် တော့ ပိုပူလာတာ သေချာ
ရန်ကုန်မြို့ကြီးမှာ ယခုရက်ပိုင်း လူတွေ အပြောများဆုံးက ကမ္ဘာကြီး ပူနွေးလာပြီ ဆိုတာပါ။ နိုဝင်ဘာလ ထဲရောက်ပြီ ဆိုပေမယ့် ပူအိုက်တာက အောက်တိုဘာ လဆန်း သီတင်းကျွတ်အတိုင်းပါပဲ။ နိုဝင်ဘာလဆန်း ၁ရက်နေ့မှာ အရှေ့မြောက်လေ စတိုက်ပြီး အနည်းငယ် အပူချိန်လျော့ကျသွားတာ ၃ရက်လောက်ပဲ ကြာပါတယ်။ အဲဒီနောက် ဗီယက်နမ်မှာဝင်သွားတဲ့ မုန်တိုင်း အရှိန်နဲ့ မိုးအုံ့ခဲ့ပြီး ယခုထက်တိုင် ပူအိုက်နေတာ နွေရာသီအလား ဖြစ်နေပါတယ်။
ဒါကြောင့် ဆောင်းဦးဝင်စ ရာသီမှာ လေအေးပေးစက် တပ်ဆင်၊ ရောင်းချတဲ့လုပ်ငန်း၊ ရေသန့်ရောင်းဆိုင်များ အလုပ်များနေဆဲပါ။ ခရီးသွားကားအငှား လုပ်ငန်းပါ တွဲဘက် လုပ်ကိုင်နေတဲ့ ကားဝယ်ရောင်းတဦးက ဒီနှစ်ဆောင်းရာသီတော့ ကျွန်တော်တို့ အတွက်မဟုတ်ပါဘူး။ အဲယားကွန်း တပ်ဆင်တဲ့ ပြင်တဲ့သူတွေအတွက်ပဲ အလုပ်အကိုင်ကောင်းမယ့် ရာသီပါလို့ ဆိုပါတယ်။ Read more »
Filed under: News Features | Leave a Comment »
Posted on November 11, 2009 by oothandar

မေငြိမ်း – စာဖတ်ခြင်း အနုပညာ
ဆန်ဖရန်ဘေးဧရိယာ BADA အဖွဲ့၏ ၁၀ ကြိမ်မြောက် စာပေဟောပြောပွဲ ရုပ်သံမှတ်တမ်း – အပိုင်း ၃
မိုးမခမီဒီယာက ရိုက်ကူးတင်ဆက်သည်
နိုဝင်ဘာ ၁၁၊ ၂၀၀၉
Filed under: MMK Visual Archive | Leave a Comment »
Posted on November 11, 2009 by oothandar
ကဗျာထဲက သားအဖ
တင်မိုး၊ မိုးချိုသင်း
နိုဝင်ဘာ ၁၁၊ ၂၀၀၉
တလောက ခင်မင်ရတဲ့ အကိုကြီး ကိုချစ်ဖေက စာမရေးနိုင်သေးလဲ အဖေ့ကဗျာလေးတွေ အမှတ်တရ တင်ပေးပါ တဲ့။ ဒါနဲ့ ကိုယ်လည်း အဖေ ကိုယ်တို့တွေအတွက် စပ်ခဲ့တဲ့ ကဗျာတွေကို စဉ်းစားရင်း တွေးမိတာပေါ့။
တကယ်က အဖေက ကဗျာဆရာဖြစ်လေတော့ သူ့ရင်ထဲ ထိရှလာသမျှ ကဗျာတွေ ရေးနေ စပ်နေတာပါ။ ပန်းကလေးပွင့်တာက စလို့ တိုင်းပြည်အတွက် ရင်လေးမိတာ အဆုံးပေါ့။ နောက် ကိုယ်တို့ သားသမီးတွေအတွက်လည်း ကဗျာတွေ အမျိုးမျိုးစပ်သေးတယ်။
အထူးသဖြင့် ကိုယ်တို့မွေးနေ့တွေမှာ နိုးလာတာနဲ့ အဖေက ကဗျာစပ်နှင့်ပြီးပြီ။ မွေးနေ့ လက်ဆောင် ကဗျာတပုဒ်နဲ့ အမြဲဆုမွန်ကောင်းတွေ တောင်းပေးတတ်သလို ဆုံးမစရာ ရှိရင်တောင် ကဗျာနဲ့ ဆုံးမတတ်သူပါ။ ဒီနေ့တော့ ကိုယ်က ကိုယ့်မောင်လေး ဥာဏ်မိုးအတွက် အဖေစပ်ခဲ့တဲ့ ကဗျာလေး တချို့ကို ဖော်ပြချင်မိတယ်။
Read more »
Filed under: Memories | Leave a Comment »
Posted on November 11, 2009 by oothandar

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကမ္ဘောဒီးယားသို့ရောက်ပြီ၊ ထိုင်းသတင်းစာများ ကန့်ကွက် ရေးသား
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ထိုင်းအစိုးရက ဝရမ်းပြေးအဖြစ် သတ်မှတ်ထားသော ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်သည် ကြိုတင်ကြေညာထားသည့်အတိုင်း ကမ္ဘောဒီးယားသို့ အင်္ဂါနေ့က ရောက်ရှိသွားရာ ထိုင်းသတင်းစာကြီး ၂ စောင်က ရှူတ်ချရေးသားလိုက်ကြသည်။ မစ္စတာ သက်ဆင်အား ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က သူ့နိုင်ငံ၏ စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်ခံရမည်ဟု အသံထွက်လာပြီးနောက်ပိုင်း ထိုင်းအစိုးရက သူ၏သံအမတ်ကို ပြန်လည် ခေါ်ယူလိုက်ခြင်းမှာ မှန်ကန်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ရေးသားထားသည်။ Read more »
Filed under: Overseas News | Leave a Comment »
Posted on November 10, 2009 by oothandar
နိုင်ငံရေးအကျဉ်းသားတဦးရဲ့  သမီးဆီပေးစာ
ဗဟိန်းသစ်
နိုဝင်ဘာ ၁၀၊ ၂၀၀၉
သမီး တခါက အဖေ့ကို ခဲရာခဲဆစ် စာနဲ့ မေးခွန်း နှစ်ခု မေးဖူးတယ်။
ဒူးလေးက ထွက်တဲ့ မြားဟာ ပစ်သူဘက် လှည့်တတ်သလား တဲ့ …
ကိုယ်ဝန်ရင့်မာပြီးမှ မမွေးဖွားဘဲ နေလို ရသလား တဲ့ …
သမီး မေးတတ်ပုံကို အဖေ ကျေနပ်နေရတယ်။ အဖေ ခရီးတွေထွက်၊ အိမ်ပြန်ရောက်ရင် သမီးမေးသမျှ မေးခွန်းတွေဖြေ၊ အတွေ့အကြုံတွေ ပြောပြနဲ့၊ သမီးနဲ့ အဖေ စောစော လမ်းလျှောက်ကြရင်း စကားတွေပြောကြ၊ အဲဒီ မနက်ခင်းတွေကိုလည်း အဖေ အခု သတိရနေတယ်။ သမီးကလည်း သမီးတွေ့ကြုံ ခံစားခဲ့ရတာတွေကို ပြောပြနဲ့။ Read more »
Filed under: Thoughts | Leave a Comment »
Posted on November 10, 2009 by oothandar
အောင်ဝေး၏ ညီညွတ်ရေး
အောင်ဝေး
နိုဝင်ဘာ ၁၀၊ ၂၀၀၉
ကျနော်တို့ဟာ ညီညွတ်ကြပါလို့ဆိုရင်
မညီညွတ်ချင်ကြဘူး။
မညီညွတ်ကြကြေးဆိုရင်တော့
သိပ်ကို ညီညွတ်တတ်ပါတယ်။
ညီညွတ်ရေးဟာ
ဘုရားဟောဒေသနာလိုပဲ အရေးကြီးတာ
ကိုယ်က အရေးမမူပေမယ့်
ရန်သူက အရေးမူတယ်။ Read more »
Filed under: Aung Way, poem | Leave a Comment »
Posted on November 10, 2009 by oothandar
ဝိဉာဉ် ၂ ခုရဲ့ အသံ
ဂေါ်ရှယ်
နိုဝင်ဘာ ၉၊ ၂၀၀၉
ဇူလိုင်လက မြန်မာနိုင်ငံနဲ့ မြန်မာနယ်စပ်တလျှောက် မိုးသည်းကြီးမည်းကြီး ရွာချိန်ပေါ့။ လူကြီးတယောက်က သူရဲ့ နှစ်အရွယ် သမီးလေးနဲ့ ၅ နှစ်အရွယ် သားလေးကို သူနဲ့အတူ မျှစ်ချိုးသွားဖို့ ခေါ်လိုက်တယ်။ တောင်ရဲ့ တဖက်ခြမ်းမှာ … တဲ့။ ကလေး လေးတွေက မိုးရေထဲ ပြေးဆော့နေကြတယ်။ အခုသွားရမှာက အဖေနဲ့အတူတူ နည်းနည်းလေး ဝေးမှာမို့ ကလေးတွေက အရမ်းကို ပျော်နေကြတယ်။
ကလေးနှစ်ယောက်က အဖေနဲ့အတူ ပျော်ရွင်စွာ လိုက်သွားကြတယ်။ တောနက်လာတဲ့နောက်မှာ ကလေးနှစ်ယောက်က အဖေနဲ့ကွဲပြီး လမ်းပျောက်သွားတယ်။ သမီးကြီးက မောင်လေးရဲ့လက်ကိုကိုင်ထားပြီး အဖေ့ကို လိုက်ရှာလေတယ်။ အဖေ့ကို လိုက်ရှာလေ … မတွေ့တော့လေပဲ။ Read more »
Filed under: Letter from readers | Leave a Comment »
Posted on November 9, 2009 by oothandar
ကမ္ဘာပျက်တော့မယ် ဆိုတဲ့ အယူအဆကို ဘလော်ဂါတွေ ဘယ်လို တုံ့ပြန်ကြသလဲ
အင်တာဗျူး
နိုဝင်ဘာ ၉၊ ၂ဝဝ၉
လာမယ့် ၃ နှစ် အကြာမှာ ကမ္ဘာကြီး ပျက်စီးတော့မယ် လို့ တချို့က ယူဆနေကြပါတယ်။ ဒီလို ယူဆသူတွေထဲမှာ မြန်မာပြည်က အထင်ရှားဆုံး ဗေဒင်ဆရာကြီး စံဇာဏီဘိုလည်း ပါဝင်လာပြီးနောက်ပိုင်းမှာ ဒီအယူအဆဟာ အင်တာနက်အသုံးပြုတဲ့ မြန်မာပြည်သားတွေ ကြားထဲမှာ လက်တို့ပြောကြားစရာ၊ ရယ်ပွဲဖွဲ့စရာ၊ ထိတ်လန့်စရာ၊ စူးစမ်းလေ့လာစရာ အကြောင်းအရာတခု ဖြစ်လာပါပြီ။
မိုးမခက မြန်မာဘလော်ဂါတချို့ကို ဒီအယူအဆနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါတယ်။ သူတို့ ဘာပြောထားကြသလဲ ဖတ်ကြည့်ပါဦး။
Filed under: Interview | Leave a Comment »