Posted on May 31, 2008 by maungyit
ကူညီချင်လွန်းလို့ဓာတ်ပုံသတင်း မေ ၃၁၊ ၂၀၀၈
ထိုင်းနိုင်ငံ လေတပ်စခန်းတစ်ခုတွင် ယနေ့ တွေ့ရသော အမေရိကန်တို့၏ CH-53 အမျိုးအစား ရဟတ်ယာဉ်များ။ အမေရိကန်အနေဖြင့် ကယ်ဆယ်ကူညီရေးပစ္စည်းများ ဖြန့်ဖြူးရာတွင် မည်မျှ မြန်ဆန်စွာဆောင်ရွက်နိုင်သည်ကို သရုပ်ပြနေခြင်းဖြစ်သည်။
အမေရိကန် ရဟတ်ယာဉ်အများအပြားသည် ယခုလအစောပိုင်းက မြန်မာပြည် မုန်တိုင်းခံဒေသများတွင် ကူညီရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုရန် ထိုင်းနိုင်ငံတွင် အဆင်သင့်ဖြစ်နေသည်။ သို့သော်လည်း မြန်မာအစိုးရက ၀င်ရောက်ကူညီခွင့် မပြုခဲ့ပေ။
မေလ ၁၂ ရက်နေ့မှစတင်ပြီး အမေရိကန်တို့၏ C-130 ကုန်တင်လေယာဉ်များသည် မြန်မာပြည်သို့ ကယ်ဆယ်ရေးအကူအညီများ အကြိမ် ၈၀ ပျံသန်းပို့ဆောင်ခဲ့သည်။ (photos: AP)
Filed under: News in Photos | Leave a Comment »
Posted on May 31, 2008 by maungyit
မုန်တိုင်းအပြီး လုပ်အားပေးခိုင်းမည်ကို ကမ္ဘာ့အလုပ်သမားအဖွဲ့စိုးရိမ်AFP သတင်းဌာနမေ ၃၁၊ ၂၀၀၈
မုန်တိုင်းတိုက်ခတ်ခံခဲ့ရသော ဒေသများတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်သူများအား လုပ်အားပေးခိုင်းမည်ကို နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO က စိုးရိမ်ကြောင်း ယနေ့ ပြောကြားလိုက်သည်။
စစ်အစိုးရသည် နိုင်ငံခြားသားဝန်ထမ်းများကို ကယ်ဆယ်ရေးလုပ်ဆောင်ရမည့်ဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ထားသဖြင့်လည်း ကျယ်လောင်စွာ ဝေဖန်ခံရပြီးဖြစ်သည်။
အနီးကပ် စောင့်ကြည့်ခြင်းမရှိပါက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် မတရားမှု၊ အနိုင်ကျင့်မှုများ ဖြစ်လာနိုင်ချေ ရှိသည်ဟု ILO က ဆိုသည်။
လုပ်အားပေးခြင်း၊ ကလေးအလုပ်သမား၊ လူကုန်ကူးမှု၊ ရွှေ့ပြောင်းအလုပ်သမား စသည့် အခက်အခဲများ လေဘေးသင့်ပြီးနောက် တိုးပွားလာနိုင်သည်ဟု ပြောသည်။
Filed under: Local News Headlines | Leave a Comment »
Posted on May 31, 2008 by maungyit
မြစ်ဝကျွန်းပေါ်သို့သွားရန် နိုင်ငံခြားသားဝန်ထမ်းများ စောင့်နေရဆဲAP သတင်းဌာနမေ ၃၁၊ ၂၀၀၈
မြန်မာပြည်တွင် လေဘေးသင့်သူများအတွက် နေထိုင်၊ စားသောက်ရေးသာမက အခြားအကူအညီများလည်း လိုအပ်နေသည်။ ရေသန့်စင်ရေးမှ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအစီအစဉ်များအထိ ကယ်ဆယ်ကူညီရေးဝန်ထမ်းများ လိုအပ်နေခြင်းဖြစ်သည်။ ယခုအချိန်အထိ အဆိုပါ ကျွမ်းကျင်လုပ်သားများမှာ မုန်တိုင်းကြောင့် ကြေမွသွားသော မြစ်ဝကျွန်းပေါ်ဒေသသို့ ချည်းကပ်ခွင့်မရသေးပေ။
ကုလသမဂ္ဂ ယူနီဆက်ဖ် အဖွဲ့၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ နှင့် အခြားအဖွဲ့များ ၀န်ထမ်းအများအပြား ရန်ကုန်တွင် ထိုင်နေကြရသည်။ ၎င်းတို့အထဲတွင် ဒေသခံဝန်ထမ်းများကို ရေသန့်စင်ရေး သင်တန်းပေးမည့် အင်ဂျင်နီယာများလည်း ပါဝင်သည်။
အစိုးရတွင် ကုန်တင်လေယာဉ် ၁၅ စီးသာ ရှိပြီး အစားအစာ တန်ပေါင်းများစွာကို သယ်နိုင်မည်မဟုတ်၊ ထို့ပြင် ရဟတ်ယာဉ်အဟောင်း ၄၀ ခန့်ရှိပြီး အများစုမှာ အလုပ်မဖြစ်ဟု ကျွမ်းကျင်သူများက ဆိုသည်။
နိုင်ငံခြား အဖွဲ့များတွင် ကုန်တင်ကား၊ [...]
Filed under: Local News Headlines | Leave a Comment »
Posted on May 31, 2008 by maungyit
နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရ
မိုးမခအထောက်တော် ၂
မေ ၃၁၊ ၂၀၀၈
လွန်ခဲ့သည့် ၂ နှစ်က ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့်အတူတွေ့ရသော ကိုမျိုးရန်နောင်သိန်း (photo: moemaka)
ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမျိုးရန်နောင်သိန်းသည် အင်းစိန်ထောင်တွင် အသက်အန္တရာယ်ကြုံတွေ့နေရကြောင်း ပြည်ပရောက် ၎င်း၏လုပ်ဖော်ကိုင်ဘက်များ ပါဝင်သည့် အဖွဲ့ဖြစ်သည့် Burma Democratic Concern က ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။
အာဏာပိုင်တို့က နှိပ်စက်ထားသည့်ဒဏ်များကြောင့် နေ့စဉ် အော့အန်နေကြောင်း၊ လေဖြတ်မည်ကို စိုးရိမ်ရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းအသက်ရှင်ရေးအတွက် အရေးပေါ် ဆေးကုသမှုပေးရန် လိုအပ်သည်ဟု ဆိုသည်။ ပြီးခဲ့သည့်နှစ်က ကိုမျိုးရန်နောင်သိန်းအပါအ၀င် ရန်ကုန်ရှိကျောင်းသားခေါင်းဆောင်များ အစုလိုက် အပြုံလိုက် ထိန်းသိမ်းခံခဲ့ရသည်။
Filed under: Local News Headlines | Leave a Comment »
Posted on May 31, 2008 by maungyit
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစများမေလ စတုတ္ထပတ် ၂၀၀၈ဂျာနယ်ဂြိုလ် သာဂိမေ ၃၀၊ ၂၀၀၈
အရင်ကတည်းက မိုးမခမှာ မဂ္ဂဇင်း၊ ဂျာနယ်ဒိုင်ဂျက်ဆိုပြီး ဖတ်မိသမျှ ပြည်တွင်းကစာတွေကို သိမ်းထားတဲ့နေရာ လုပ်ထားလေ့ရှိပါတယ်။ အရူးလွယ်အိတ်ပါပဲ။ မျက်စိလည်လေ စာအုပ်ဟောင်းပုံထဲ မမျှော်လင့်တဲ့ စာတိုပေစတွေ့လေ လိုမျိုးထားတာ။ http://ezine.mywebdigest.net ပါတဲ့။ မြန်မာစစ်အစိုးရ သတင်းစာများမှာတောင် လေဘေးကို သွားကူကြပါတဲ့။ မတားပါဘူး တဲ့။ ထိရောက်အောင် ဘေးထိတဲ့ဒေသအရောက် သွားကူကြတဲ့။ လိုရင်တော့ အကူလာတောင်းတဲ့။ ကူမယ်တဲ့။ သူတို့က စပြီး သွားနေပြီလို့တော့ မပြောဘူးဗျ။ “ဖတ်ပါ့” …
Filed under: Quotable Quotes | Leave a Comment »
Posted on May 30, 2008 by maungyit
မြန်မာဂီတအနုပညာရှင်များရဲ့ ကမ်းတဲ့လက် – သီချင်းအင်တာနက်၊ မိုးမခမေ ၃၀၊ ၂၀၀၈
လေးဖြူ၊ မျိုးကြီး၊ ဆုန်သင်းပါရ် အပါအ၀င် ဂီတအနုပညာရှင်များစွာ မုန်တိုင်းသင့်ပြည်သူတို့ကို အနုပညာဖြင့် အားပေးဖေးမသော သီချင်းတပုဒ် သီဆိုဖြန့်ချိလိုက်သည်ဟု ဆိုသည်။ မိုးမခက နာဂစ်မုန်တိုင်းသင့် မြင်ကွင်းများနှင့် ရုပ်သံတေးအဖြစ် တင်ဆက်လိုက်ပါသည်။
စာသားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ မမြဲခြင်းတရားတဲ့လား
ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား
(ဆုန်သင်းပါရ်) ပြန်လည်အစားထိုးရနိုင်မလား ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
[...]
Filed under: Music VDO | Leave a Comment »
Posted on May 30, 2008 by maungyit
ဘိုကလေး မြင်ကွင်းသွားရောက်ခဲ့သော ရွာများ – ရွှေဘို၊ ကံစု၊ ထိန်ချောင်း၊ ကျွန်းညို၊ ဧရာဓာတ်ပုံသတင်းမေ ၃၀၊ ၂၀၀၈
ပင်လယ်ဖက်က လှည့်ဝင်ရသော ဒေသမြင်ကွင်းများ ဖြစ်ပါတယ်။ ကယ်ဆယ် စောင့်ရှောက်ရေးတွေအပြင် စိုက်ပျိုးရေး ပြန်လည်ထူထောင်ရန်အတွက် အကူအညီများပေးခြင်း၊ ဆေးကုသခြင်းနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ ပြုလုပ်ခြင်းတို့ လုပ်ကြရသည်ဟု သိရသည်။ စိတ်ရောဂါကု ဆရာဝန်များကိုပါ အကူအညီတောင်း ဆောင်ရွက်ကြရသည်ဟု ဆိုပါသည်။ (ဇာဂနာနှင့် အနုပညာရှင်များထံက လာတဲ့စာ)
ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး ပြည်သူများဖြင့် မြန်မာပြည်ကို တည်ဆောက်နေပြီ ဖြစ်ရာ – ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ဟု မကြွေးကြော်ဘဲ၊ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဟူသော တပ်မတော်အစိုးရ ကို မြန်မာတို့က ဘေးမဲ့ပဲ [...]
Filed under: News in Photos | Leave a Comment »
Posted on May 30, 2008 by maungyit
ူမန်မာဆက်သယ်ြရေး အင်တာနက်ဝန်ဆောင်မကြ ပရော့ဆီဆာဗာမဵား မသုံးရန် ထုတ်ူပန်ူမန်မာအိုင်အက်စ်ပီ၊ မိုးမခမေ ၃၀၊ ၂၀၀၈
မိုးမခအတွက် အင်တာနက်ပိုင်းဆိုင်ရာ အကူအညီပေးနေတဲူ့မန်မာအိုင်အက်ပီဆိုက်ကူပည်တငြ်းအင်တာနက်ဆက်သယ်ြရေး အေူခအနေနဲႚ ပတ်သက်ူပီး ထူးခာူးဖစ်စဉ်တခုကို သတင်းပိုႚထားပၝတယ်။ူမန်မာဆက်သယ်ြရေးက အင်တာနက်စာရင်းဖငြ့်ထားသူတြေ ပရော့ဆီဆာဗာမဵားသုံးစရာ မလိုတော့ဘူးလိုႚေုကညာလိုက်ပၝတယ် တဲ့။ ပရော့ဆီတေသြုံူးပီး အင်တာနက်ဆိုက်တေကြို တဆင့်ခံသြားနေစရာ မလိုဘဲ တိုက်ရိုက်ူမန်ဆန်ထိရောက်တဲ့ စနစ်သစ်နဲႚ သုံးစြဲိုံင်ေုကာင်း သတင်းကောင်းလိုႚ ဆိုပေမဲ့၊ စစ်အစိုးရ တာူးမစ်တဲ့ အင်တာနက်စာမဵက်ြိာံတေကြိုတော့ ဘယ်လိုနည်းနဲႚမြ သၾားလိုႚရမယ္မဟုတ္လုိႚ သုံးစြဲသူတေကြ တုန်ႚူပန်ုကတယ်။ အူပည့်အစုံကို ဖတ်ုကည့်ပၝ။
အခု Proxy တခုခု (203.81.71.111 ထားပၝေတာ့) နဲႚ Website တေကြိုကည့်ရင် ကိုယ်ုကည့်တဲ့ website ပေၞမလာဘဲ http://www2.myantel.net.mm [...]
Filed under: News Features | Leave a Comment »
Posted on May 30, 2008 by maungyit
စစ်အစိုးရ အာဘော်ဆောင်းပါး ကောက်နုတ်ချက်“ဧရာဝတီသားတွေ ချော့ကလက်စားစရာ မလိုပါ” ဟု ဆိုမိုးမခမေ ၃၀၊ ၂၀၀၈
ဧရာဝတီက ဒုက္ခသည်ကလေးတဦး ပြည်သူတွေကူတဲ့ အလှူထမင်းစားနေတဲ့ ပုံလေးနဲ့ တွဲပြီး တင်ပြလိုက်ပါတယ်။ ကိုယ်ထူကိုယ်ထ ကူညီစောင့်ရှောက်နေကြသူတွေ လှူနေတာက ဆန်၊ ဆီ၊ ဆား အဓိကထား လှူနေပါကြောင်း၊ စစ်အစိုးရ အာဘော်ဆောင်းပါးက စွပ်စွဲသလို ချော့ကလက်တွေစားပြီး ဧရာဝတီသားတွေ အားရှိနေကြတာမျိုး မတွေ့ရပါကြောင်း စေတနာဝန်ထမ်းတွေက ဆိုနေပါတယ်။
ဓာတ်ပုံတွေက ဖျာပုံ၊ ၁၄ ရပ်ကွက်က ဒုက္ခသည်စခန်းက ဖြစ်ပါတယ်။ သူတို့တွေကတော့ အစိုးရသတင်းစာက ပြောသလို ချော့ကလက်နဲ့ အသက်မဆက်ပါဘူးတဲ့။ ပြည်သူတွေ အချင်းချင်း ရိုင်းပင်းတဲ့ အလှူဒါနနဲ့ အသက်ဆက်နေကြတာပါတဲ့။
စားစရာ၊ ၀တ်စရာ၊ နေစရာ နဲ့ အားကိုးစရာ [...]
Filed under: Op-Ed | Leave a Comment »
Posted on May 30, 2008 by maungyit
မုန်တိုင်းအလွန် ဧရာဝတီ – ကျန်ရစ်သူတွေရဲ့ အသံ
မင်းစင်လင်းမေ ၃၀၊ ၂၀၀၈
လေဘေးကယ်ဆယ်ရေး စခန်း၊ သားဆုံးခဲ့သည့် မိခင် တဦး –
” ကျမသားလေးက ရန်ကုန်သိပ်ရောက်ဘူးချင်တာရှင်။ ကျမတို့လည်း သူ့ကို ပို့ပေးမယ် ပို့ပေးမယ်နဲ့ မပို့ဖြစ်ခဲ့ဘူး။ မုန်တိုင်းတိုက်မဲ့ညကလည်း သားက ပူဆာပြန်တယ်။ အခုတခါတော့ – သားရယ် အမေတို့ မကြာခင် အလုပ်အားတာနဲ့ လိုက်ပို့ပေးမယ် ပြောတော့ သူကျေနပ်သွားတယ်။ တကယ်ပါရှင်၊ ကျမလည်း သူ့ကို တကယ်ပို့ပေးဖို့ပါ။ အခုတော့ … သားလေးဝိဥာဉ် ရန်ကုန်ရောက်နေပြီ ထင်ပါရဲ့ ရှင် …”
လေဘေးကယ်ဆယ်ရေး စခန်း၊ မိသားစုတစုလုံး ဆုံးခဲ့သည့် လူတဦးရဲ့ အကြောင်း -
” သူတို့လယ်တဲမှာ [...]
Filed under: News Features | Leave a Comment »