Posted on June 30, 2008 by maungyit
စစ်အစိုးရ ၀ါဒဖြန့်များက မူးယစ်သုံး အနုပညာရှင်များကို အမည်တပ်ပြီး ဝေဖန်မိုးမခ အထောက်တော် ၀၀၃ဇူလိုင် ၁၊ ၂၀၀၈
ယခင်အပတ်၊ ရန်ကုန် ဗဟန်း အထက (၂) စာသင်ကျောင်း မူးယစ်ဆေးဝါးဆန့်ကျင်ရေး ဟောပြောပွဲတွင် လက်ရှိအရေးယူခံနေရသော မူးယစ်ဆေးသုံး အနုပညာရှင်များကို အမည်များနှင့်တကွ ထုတ်ဖော်ပြောဆို ဝေဖန်သွားသည်ဟု သိရသည်။ စစ်အစိုးရ အစီအမံဖြင့် ပြုလုပ်သည့် အစိုးရကျောင်းများ၏ ဟောပြောပွဲများတွင် ထိုသို့ ထုတ်ဖော်ပြောဆိုလိုက်သဖြင့် ပြင်ပဂျာနယ်လောကတွင် အတည်မပြုနိုင်သေးဘဲ စောင်းပါးရိပ်ခြေပြောဆိုနေမှုများ မှန်ကန်ကြောင်း အတည်ပြုသကဲ့သို့ဖြစ်ကြောင်း သတင်းပို့သူက မှတ်ချက်ပေးသည်။
ထက်ထက်မိုးဦး၊ စိုင်းစိုင်းခမ်းလှိုင်၊ အာရ်ဇာနည် စသည့် အဆိုတော်အမည်များလည်းပါသည်ဟု ပြောဆိုကြသည်။
အတည်မပြုနိုင်သော ကောလဟာလများအဆိုအရ မှုခင်းအစမှာ နိုင်ငံတကာမူးယစ်ပုလိပ်အဖွဲ့က မြန်မာနိုင်ငံသားတဦးကို ပြည်ပတွင် ဖမ်းဆီးမိရာက အခုလို အဖမ်းအဆီးများ အရေးယူမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း၊ [...]
Filed under: Local News Headlines | Leave a Comment »
Posted on June 30, 2008 by maungyit
နာဂစ် … မင်းကို စိန်ခေါ်လိုက်ပြီ
ဖျာပုံနီလုံဦး
ဇနြ် ၃၀၊ ၂၀၀၈
ရုတ်တရက် မမျှော်လင့်ဘဲအကြမ်းတမ်းဆုံး အရက်စက်ဆုံးလက်နဲ့တံခါးလာခေါက်မင်းဘယ်သူလဲဟေ့ … ။
တို့ဘိုးဘေးလက်ထက် ပုံပြင်တောင်မရှိခဲ့ဘူးတို့ဘိုးဘွားလက်ထက် အိပ်မက်တောင်မမက်ခဲ့ဘူးတို့ဘိုးဘွားလက်ထက် စိတ်ကူးတောင်မရှိခဲ့ဘူးတို့လက်ထက်ကျမှမင်းက အဆိုးဝါးဆုံး ကျိန်စာနဲ့တို့အိမ်ပေါက် အချိန်မတော် တံခါးလာခေါက်မင်းနာမည် ဘယ်သူလဲဟေ့ … ပြောစမ်းအို … “နာဂစ်” တဲ့လား … ။
၁၉၈၈ ခုနှစ်ကနေ … ယနေ့အထိတို့မျက်ရည်တွေ တသွင်သွင်ကျခဲ့တို့အသွေးတွေ တစ်ပေါက်ပေါက်စီးခဲ့ကိုဒါသ မပဋာထုံးတို့ကျောကုန်းတွေမှာတို့မျက်နှာတွေမှာတို့နှလုံးသားတွေမှာစစ်ဒဏ်ရာ ဗရပွနဲ့ဒုက္ခတွေ သုက္ခတွေ တင်းကြမ်းအနှိပ်စက်ခံရလို့မှ မဆုံးသေးမင်းက ထပ်ပြီးတို့အသွေးအသား တို့မျက်ရည်တွေနဲ့ခြေဆေးဖို့ ရောက်လာပြန်ပြီ။
ရက်စက်ပါပေ့ … နာဂစ်ရယ်ရွေးမြစ်ကမ်း … ပြာမလော့မြစ်တန်းထိုင်ကူမြစ်တန်း … ဖျာပုံမြစ် … ဘိုကလေးမြစ်တိုးမြစ် … လှိုင်မြစ် … ပန်းလှိုင်မြစ် … ရန်ကုန်မြစ်ဟိုင်းကြီးကျွန်း … လက်ခုပ်ကုန်း မကျန်မင်းရဲ့ [...]
Filed under: poem | Leave a Comment »
Posted on June 30, 2008 by maungyit
ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (အမှတ် ၂၃၂)ဧရာဝတီဖွားတဦး၏ အတွေးများမာမာအေးဇွန် ၃၀၊ ၂၀၀၈
မြန်မာပြည်တွင် ၂၀၀၈ ခုနှစ် မေလက ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခဲ့သောကြောင့် လူအများအပြား သေကြေပျောက်ဆုံး၊ ဒုက္ခသည်ဘ၀ ရောက်ခဲ့ရသည်။ မုန်တိုင်းတိုက်အပြီး ၁ လကျော် အကြာတွင် နယ်စွန်နယ်ဖျား မိုးရိပ်လေရိပ်အောက်မှ ဒုက္ခသည်များအား ကူညီဖေးမပေးနိုင်မှု အခြေအနေများမှာ သတင်းဆိုးများဖြင့် ပြည့်နေသည်။ ထိုဖြစ်ရပ်ကြောင့် စိုးရိမ်ပူပန်နေကြောင်း အစချီပြီး ဧရာဝတီတိုင်းဇာတိ အဆိုတော် ဒေါ်မာမာအေးက ဘီဘီစီရေဒီယိုပရိသတ်များသို့ ပြောဆိုထားသည်။
ဝန်ထမ်းဘ၀မှ အငြိမ်းစားဖြစ်ပြီး မွေးရပ်မြေမှ ဧရာဝတီတိုင်းသူတိုင်းသားတို့ထံ သွားရောက် သီဆို ဖျော်ဖြေခဲ့ပုံ ခရီးစဉ်အကြောင်းလည်း ပါဝင်သည်။
ကိုလေးလွင်ရေးသားပြီး၊ မောင်မောင်လတ်၊ (ဒေါ်)မာမာအေးတို့ အသီးသီး သီဆိုခဲ့သော “လှိုင်းပုတ်သံကြောင့် ဗျိုင်းလန့်ပျံပြီ”၊ ဟင်္သာတထွန်းရင်၏ နာမည်ကျော် “အမေနဲ့ရွာကိုလွမ်းတယ်” စသည့် သီချင်း အပိုင်းအစများ ဖြင့်လည်း [...]
Filed under: Mar Mar Aye | Leave a Comment »
Posted on June 30, 2008 by maungyit
ရွှေတောင်ကုန်းဆရာတော် ကယ်လီဖိုးနီးယားပြည်နယ်တွင် တရားပွဲပြုလုပ်မိုးမခအထောက်တော် အမှတ် ၂ဇွန် ၃၀၊ ၂၀၀၈
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့တွင် ရွှေတောင်ကုန်းဆရာတော်၏ တရားပွဲကို ယမန်နေ့ညနေပိုင်းက ပြုလုပ်ခဲ့သည်။ မြန်မာပြည်သားများ နိုင်ငံရပ်ခြားတွင် အခြေချနေကြသော်လည်း ဗုဒ္ဓဘာသာအား မမေ့လျော့ဘဲ စုဝေးရောက်ရှိလာသည့်အတွက် ၀မ်းသာကြောင်း ဆရာတော်က မိန့်တော်မူသည်။ သီလပေးနေစဉ် ကိုးကွယ်သည့်ဘာသာနှင့်ပတ်သက်ပြီး အလေးအနက်ထားကြရန် မိန့်ကြားသည်။ ထို့နောက် ၁ နာရီကျော်ခန့် တရားဟောကြားခဲ့သည်။
ဖရီးမောင့်မြို့Los Cerritos Community Center တွင်ပြုလုပ်သော အဆိုပါ တရားပွဲသို့ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာတွင် နေထိုင်ကြသော မြန်မာပြည်သား ၃၀၀ ခန့် တက်ရောက်ပြီး တရားနာခဲ့ကြသည်။
ရွှေတောင်ကုန်းသာသနာ့ရိပ်သာ၊ သြ၀ါဒါစရိယဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ (photos: moemaka)
Filed under: Overseas News | Leave a Comment »
Posted on June 29, 2008 by maungyit
စာအုပ်ကို http://comic.irrawaddymedia.com/ တွင် ၃ ဒေါ်လာနှုန်းဖြင့် ကြည့်ရှုနိုင်သည်။
ဒေါ်စုအကြောင်း သရုပ်ဖော်ထားသည့် ဂျပန်ကာတွန်းစာအုပ် အင်္ဂလိပ်ဘာသာဖြင့်ထွက်ပြီဘီဘီစီ(မြန်မာဌာန)ဇွန် ၂၉၊ ၂၀၀၈
ဂျပန်နိုင်ငံက ကာတွန်းဆရာ Akazu Mizuha က မြန်မာနိုင်ငံက နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း သရုပ်ဖော် ရေးဆွဲထားတဲ့ ရုပ်ပြကာတွန်းစာအုပ် ထုတ်ဝေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် ခွပ်ဒေါင်း လို့ အဓိပ္ပာယ်ရတဲ့ စာအုပ်ကို ဂျပန်လို အရင်ထုတ်ဝေခဲ့ပြီးတော့၊ အခုတော့ အင်္ဂလိပ်လို ဘာသာပြန် ထုတ်ဝေတာ ဖြစ်ပါတယ်။
အဲဒီရုပ်ပြကာတွန်းကို အခုအခါမှာ ထိုင်းအခြေစိုက် ဧရာဝတီမဂ္ဂဇင်း အင်တာနက်စာမျက်နှာကနေ ပြန်လည်ဖြန့်ဝေ ရောင်းချနေတယ်လို့ သိရတဲ့အတွက် ဧရာဝတီမဂ္ဂဇင်းက ကိုကျော်စွာမိုးကို ကိုသိန်းမြတ်က မေးကြည့်တော့ -
“နိုဗဲလ်ဆုရှင်တွေအကြောင်းကို series လိုက် ဆွဲတာဗျ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း part of the [...]
Filed under: Local News Headlines | Leave a Comment »
Posted on June 28, 2008 by maungyit
စိုးမြတ်နန္ဒာနှင့် ဖြိုးကြီး အိမ်ထောင်သက် ၂ နှစ်ကြာခဲ့
မိုးမခအထောက်တော် အမှတ် ၂
ဇွန် ၂၈၊ ၂၀၀၈
ရုပ်ရှင်သရုပ်ဆောင်စိုးမြတ်နန္ဒာနှင့် အဆိုတော်ဖြိုးကြီးတို့ ကွာရှင်း ပြတ်စဲပြီးဖြစ်ကြောင်း ကြေးမုံသတင်းစာ ကြော်ငြာတခုတွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးသည် ၂၀၀၅ ခုနှစ်တွင် တရားဝင် လက်ထပ်ခဲ့ပြီး ၂ နှစ်အကြာတွင် တရားဝင် ကွာရှင်းခဲ့ခြင်းဖြစ်ကြောင်းလည်း ကြော်ငြာက ဆိုသည်။ ကွာရှင်းပြီး ၇ လ အကြာတွင် စိုးမြတ်နန္ဒာ၏ရှေ့နေက သတင်းစာတွင် ကြော်ငြာလိုက်သောကြောင့် လူသိရှင်ကြား ဖြစ်သွားခြင်းဖြစ်သည်။ စိုးမြတ်နန္ဒာကို စိတ်အနှောင့်အယှက်မပေးရန် အဆိုတော်ဖြိုးကြီးအား အသိပေး တားမြစ်သည့်ကြော်ငြာဖြစ်သည်။
ဇူလိုင်လအတွက် ကြိုတင်ထုတ်ဝေသော ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ဖိုးဝ အင်တာနက်စာမျက်နှာတို့တွင်လည်း အဆိုပါသတင်းကို ဖော်ပြထားသည်။ သို့သော်လည်း သတင်းစာကြော်ငြာတွင် ပါရှိသည့်အချက်များကိုသာ ရေးသားထားကြခြင်းဖြစ်သည်။ ရန်ကုန်မြို့ထုတ် မဂ္ဂဇင်း၊ ဂျာနယ်များတွင် နာမည်ကျော် [...]
Filed under: Local News Headlines | Leave a Comment »
Posted on June 27, 2008 by maungyit
– ၈၈ အနှစ် ၂၀ -၈၈ နှင့် စာရေးဆရာများမောင်စွမ်းရည်
(မှတ်ချက် – မောင်စွမ်းရည်က အဲဒီ ၁၉၈၈ သြဂုတ်လ မြင်ကွင်းကို ရေးခဲ့ပါတယ်။ အဲဒါကို ပြန်လည်ဖော်ပြပါတယ်။ ၈၈ နဲ့ စာရေးဆရာများအကြောင်းပါ။ အဲဒီလူတွေ ထဲက တချို့ တိုက်ပွဲမှာ ကျဆုံးတာ၊ ဆုံးပါးကွယ်လွန်ကြတာကလွဲလို့၊ အနှစ် ၂၀ ကြာတဲ့အထိ ထောင်သွင်း အကျဉ်းချခံနေရဆဲနဲ့ ပြင်ပလောကမှာ ရှိနေဆဲ အဲဒီလူတွေထဲက တော်တော်များများဟာ စာနယ်ဇင်းကလောင်ကို ကိုင်စွဲလျက်၊ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ရပ်တည်ချက် မပြောင်းလဲပါ။ ဖတ်ကြည့်ပါ။)
[...]
Filed under: 8888 - 20 Years | Leave a Comment »
Posted on June 27, 2008 by maungyit
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစများ
ဂျာနယ်ဂြိုလ် သာဂိဇွန်လ စတုတ္ထပတ် ၂၀၀၈ဇွန် ၂၇ ၂၀၀၈
စစ်တပ် ၀န်ကြီးချုပ်က သီတဂူသဲကုန်း ဆရာတော် လှူဒါန်းထားတဲ့ ဆေးရုံသုံးပစ္စည်းတွေကို ကြည့်ရှုစစ်ဆေးပါတယ်။ADRA Myanmar က ၀န်ထမ်းတွေက နာဂစ်မုန်တိုင်းကျစဉ် အသက်စွန့်ပြီး ကယ်ဆယ်ရေးတွေ လုပ်ခဲ့ပါတယ်။ပြင်စလူက သဲမုန်တိုင်း မဟုတ်မှန်ကြောင်း သတင်းစာက ငြင်းပါတယ်။သီတဂူသဲကုန်းဆရာတော်က သတင်းစာများကတဆင့် နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရှင်းပြထားပါတယ်။ – ဖတ်ပါ့ -
Filed under: Quotable Quotes | Leave a Comment »
Posted on June 26, 2008 by maungyit
မစ်ရှီဂန်နွေဦး အောင်ဝေးဇွန် ၂၆၊ ၂၀၀၈
ဒီနွေဦးမှာဂျူးလိယက်ဖူးချစ်ကို သတိရသလိုယာမာဂူချီကိုလည်း သတိရတယ်။
ဒီနွေဦးမှာပါဘလိုနီရူဒါကိုသတိရသလိုဒဂုန်တာရာကိုလည်း သတိရတယ်။
ဒီနွေဦးမှာမဲဆောက် ဒေါင်းရင်ပြင်ကို သတိရသလိုတာမွေ ၁၆၄ လမ်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာရွှေလီက မြန်မာတန်းကို သတိရသလိုရန်ကုန်က တရုတ်တန်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာကျော်သူနဲ့ ရွှေဇီးကွက်ကို သတိရသလိုအင်ဂျလီနာဂျီုလီကိုလည်း သတိရတယ်။
ဒီနွေဦးမှာချာလီချက်ပလင်ကို သတိရသလိုဇာဂနာကိုလည်း သတိရတယ်။
ဒီနွေဦးမှာဘော့ဘ်ဒိုင်လန်ကို သတိရသလိုခင်ဝမ်းနဲ့ ထူးအိမ်သင်ကိုလည်း သတိရတယ်။
ဒီနွေဦးမှာမော်ရဲ့ချန်ချင်းကို သတိရသလိုကိုဗဟိန်းရဲ့ မခင်ကြီးကိုလည်း သတိရတယ်။
ဒီနွေဦးမှာအော့ဇဝစ်ကို သတိရသလိုစောဝေကိုလည်း သတိရတယ်။
ဒီနွေဦးမှာသီးလေးသီးနဲ့ ဆေးရောင်စုံကို သတိရသလိုအဖြူရောင်သက်တံကိုလည်း သတိရတယ်။
ဒီနွေဦးမှာနန္ဒာလှိုင်ကို သတိရသလိုစုစုနွေးကိုလည်း သတိရတယ်။
ဒီနွေဦးမှာမန်ချက်စတာယူနိုက်တက်ကို သတိရသလိုစိုးမြတ်မင်းတို့ ဘဏ္ဍာအခွန်ကိုလည်း သတိရတယ်။
ဒီနွေဦးမှာဗန်ဂိုးရဲ့ဆိုက်ပရပ်စ်လမ်းကို သတိရသလိုတောင်ကြီးမြို့ က ချစ်သူလမ်းကြားကိုလည်း သတိရတယ်။
ဒီနွေဦးမှာငုယင်ဗန်ထရွိုင်းကို သတိရသလိုဗိုလ်ကြီးအုန်းကျော်မြင့်ကိုလည်း သတိရတယ်။
ဒီနွေဦးမှာမစ္စစ္စပီကို သတိရသလိုဧရာဝတီကိုလည်း သတိရတယ်။
ဒီနွေဦးမှာခရစ္စတီးနားရဲ့ ကမ္ဘာကို သတိရသလိုမြောက်ဒဂုံကအိမ်ကလေးကိုလည်း သတိရတယ်။
ဒီနွေဦးမှာဆရာတင်မိုးကို သတိရသလိုမန္တလေးကိုလည်း သတိရတယ်။
ဒီနွေဦးမှာပဒိုမန်းရှာလားဖန်းကို သတိရသလိုကြွက်နီကိုလည်း သတိရတယ်။
ဒီနွေဦးမှာအင်တာနေရှင်နယ်သီချင်းကို သတိရသလိုနတ်ရှင်နောင်သီချင်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာဂက်တီးစဘတ်မိန့်ခွန်းကို သတိရသလိုယင်အန်းမိန့်ခွန်းကိုလည်း [...]
Filed under: Poems | Leave a Comment »
Posted on June 26, 2008 by maungyit
ဘေးဧရိယာက မြန်မာအစုအဖွဲ့များ နာဂစ်လေဘေး ကူညီမှု ဒေါ်လာ ၁ သိန်းကျော်မိုးမခ အထောက်တော် ၀၀၂
ဇွန် ၂၆၊ ၂၀၀၈
ဘုန်းကြီးကျောင်းများ၊ လူထုစုဝေးရာများတွင် မြန်မာအမျိုးသားအစုအဖွဲ့များက နာဂစ်မုန်တိုင်းလေဘေး ကူညီမှု ရန်ပုံငွေပွဲများ၊ အလှူခံပွဲများ ယခု ၂ လတာ နီးပါးအတွင်း ပြုခဲ့ကြရာ အစုအဖွဲ့အသီးသီး လှူဒါန်းမှု စုစုပေါင်း ဒေါ်လာ ၁ သိန်းကျော် ရခဲ့ပြီဖြစ်ကြောင်း အစုအဖွဲ့အသီးသီး၏ အင်တာနက် စာမျက်နှာများ၊ အီးမေးထုတ်ပြန်ချက်များကတဆင့် သိရသည်။
အလှူခံရရှိသမျှ အများစုကို အမေရိကန်အခြေစိုက် သာသနမောဠိ – မြန်မာရဟန်းတော်များအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။ ဖရီးမောင့်နှင့် ဟတ်ဖ်မွန်းဘေး ဘုန်းတော်ကြီးကျောင်းများက ဆရာတော်ကြီးများ၏ မြန်မာပြည်တွင်းသို့ ပြန်လည်သွားရောက်ပြီး လေဘေးကူညီမှု ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း စေတနာရှင်မြန်မာလူမျိုးများက ၀ိုင်းဝန်း လှူဒါန်းအားပေးကြသည်ဟု သိရသည်။ [...]
Filed under: Overseas News Headlines | Leave a Comment »