Burmese Community in the Bay Aea raised 100,000 over US Dollors for Nargis Relief

ဘေးဧရိယာက မြန်မာအစုအဖွဲ့များ နာဂစ်လေဘေး ကူညီမှု ဒေါ်လာ ၁ သိန်းကျော်
မိုးမခ အထောက်တော် ၀၀၂

ဇွန် ၂၆၊ ၂၀၀၈

ဘုန်းကြီးကျောင်းများ၊ လူထုစုဝေးရာများတွင် မြန်မာအမျိုးသားအစုအဖွဲ့များက နာဂစ်မုန်တိုင်းလေဘေး ကူညီမှု ရန်ပုံငွေပွဲများ၊ အလှူခံပွဲများ ယခု ၂ လတာ နီးပါးအတွင်း ပြုခဲ့ကြရာ အစုအဖွဲ့အသီးသီး လှူဒါန်းမှု စုစုပေါင်း ဒေါ်လာ ၁ သိန်းကျော် ရခဲ့ပြီဖြစ်ကြောင်း အစုအဖွဲ့အသီးသီး၏ အင်တာနက် စာမျက်နှာများ၊ အီးမေးထုတ်ပြန်ချက်များကတဆင့် သိရသည်။

အလှူခံရရှိသမျှ အများစုကို အမေရိကန်အခြေစိုက် သာသနမောဠိ – မြန်မာရဟန်းတော်များအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။ ဖရီးမောင့်နှင့် ဟတ်ဖ်မွန်းဘေး ဘုန်းတော်ကြီးကျောင်းများက ဆရာတော်ကြီးများ၏ မြန်မာပြည်တွင်းသို့ ပြန်လည်သွားရောက်ပြီး လေဘေးကူညီမှု ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း စေတနာရှင်မြန်မာလူမျိုးများက ၀ိုင်းဝန်း လှူဒါန်းအားပေးကြသည်ဟု သိရသည်။

ဘေးဧရိယာရောက် မြန်မာပြည်ဖွားများသည် ယခု နာဂစ်လေဘေး ကူညီရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ၀ိုင်းဝန်းဆောင်ရွက်ကြကြောင်း၊ ဆရာတော် သံဃာတော်များ၏ လှုပ်ရှားမှုများကိုလည်း ၀ိုင်းဝန်းကြကြောင်းနှင့် ဆက်လက်ပြီး မြန်မာပြည် ဘေးဒုက္ခအသီးသီးက ကယ်ဆယ်ရေး၊ ကူညီရေးတို့ အရှိန်မြှင့် ဆောင်ရွက်နိုင်ကြရေးအတွက် အားရှိမိပါကြောင်း မိုးမခစာဖတ်သူတဦးက မှတ်ချက်ပေးပါသည်။

Leave a Reply

You must be logged in to post a comment.