Posted on July 31, 2008 by maungyit
ကျောင်းဖွင့်ချိန်
ရွှေဘုန်းလူ (တာရာမင်းဝေ)
(ကွယ်လွန်သူ ကဗျာဆရာရဲ့ ကဗျာကို ပြန်လည်ဖော်ပြပါတယ်)
ဇူလိုင် ၃၁၊ ၂၀၀၈
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။
သူတို့ဟာ …
ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
ပျားရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆန်တတောင့် ထွက်အံကျလာတယ်။
သူတို့ဟာ …
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့
“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊
အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ … “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ “သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ …
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု … သူတို့ရဲ့ ၀ိညာဉ်တွေဟာ
“ကမ္ဘာမကြေဘူး … … …
ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတေး …”
သီချင်းလေး နားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဘက်ခေတ် ၁၉၈၇ – ၈၈ [...]
Filed under: Poems | Leave a Comment »
Posted on July 31, 2008 by maungyit
မြန်မာဒုက္ခသည်များ မွေးရပ်မြေနှင့် ပို၍ဝေးရာသို့ ပြောင်းရွှေ့အခြေချနေရဓာတ်ပုံသတင်းဇူလိုင် ၃၀၊ ၂၀၀၈
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများအနက် အကြီးဆုံးဖြစ်သော မယ့်လာ (Mae La) စခန်း။ စခန်းတွင် လူဦးရေ ငါးသောင်းခန့်ရှိသည်။ အများစုမှာ ကရင်တိုင်းရင်းသားများဖြစ်သည်။ မြန်မာနယ်စပ်နှင့် ၄ ကီလိုမီတာအကွာတွင် ရှိသည်။ လွန်ခဲ့သည့် ၂၄ နှစ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ထိုးစစ်များကြောင့် ထွက်ပြေးခဲ့ရသူဒုက္ခသည်များကြောင့် ဤစခန်း ပေါ်ပေါက်လာရခြင်းဖြစ်သည်။ (photos: Reuters)
ကျန်းမာရေးစစ်ဆေးခံယူရန် ဆေးရုံသို့သွားရောက်မည့် မယ့်လာဒုက္ခသည်စခန်းမှ ဒေသခံအချို့။ ၂၀၀၅ ဇန်န၀ါရီမှစတင်ပြီး ယနေ့တိုင် ကုလသမဂ္ဂအဖွဲ့ကြီးက ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်များကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတေးလျ နှင့် ဥရောပတိုက်နိုင်ငံများသို့ အခြေချနေထိုင်ရန် စီစဉ်လျက်ရှိသည်။ လစဉ် ဒုက္ခသည် ၁၃၀၀ ခန့် အဆိုပါနိုင်ငံများသို့ ထွက်ခွာနေသည်။သုံးနှစ်အတွင်း ဒုက္ခသည်ပေါင်း သုံးသောင်းခန့် [...]
Filed under: News in Photos | Leave a Comment »
Posted on July 31, 2008 by maungyit
စာရေးဆရာ တာရာမင်းဝေ (ရွှေဘုန်းလူ) ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ဖိတ်
မိုးမခ
ဇူလိုင် ၃၀၊ ၂၀၀၈
ယခင်နှစ် သူ ကွယ်လွန်ချိန်က သူ၏ မိတ်ဆွေများဖြစ်သော ၈၈ မျိုးဆက် ကျောင်းသားများနှင့် ကိုဇာဂနာတို့က သူ့၏ အသုဘကို ၀ိုင်းဝန်းပို့ဆောင်ပေးနိုင်ခဲ့ကြသော်လည်း ထို ၂၀၀၇ သြဂုတ်နောက်ပိုင်းမှာပင် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ စစ်အစိုးရ၏ လိုက်လံဖမ်းဆီး နှိမ်နှင်းမှုခြင်းကို ခံခဲ့ရပြီး ဖြစ်ရာ ယခု ကွယ်လွန်ခြင်း ၁ နှစ်ပြည့် ဆွမ်းကျွေးဖိတ်ကြားချက်တွင် ယခင်ကလို လူစုံတော့မည်မဟုတ်ဘဲ စာပေလောကသားများနှင့် မိသားစုများ၊ မိတ်ဆွေများသာ တက်ရောက်ကြလိမ့်မည်ဟု ထင်မြင်မိပါသည်။
Filed under: Local News Headlines | Leave a Comment »
Posted on July 31, 2008 by maungyit
မြန်မာစစ်အစိုးရအားငွေချေးမှု ထိုင်း တရားရုံးချုပ် ကြားနာမည်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၀၊ ၂၀၀၈
ထိုင်းနိုင်ငံ တရားရုံးချုပ်၏ ယမန်နေ့က မြင်ကွင်း။ တရားရုံးချုပ်က ၀န်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် အကျင့်ပျက် ခြစားမှုဖြင့် စွဲချက်အသစ် တင်ထားခြင်းကို ကြားနာမည်ဖြစ်သည်။ သက်ဆင်အာဏာရှိစဉ်က သူ၏ မိသားစုအကျိုးအတွက် မြန်မာစစ်အစိုးရကို ငွေချေးခဲ့ကြောင်း စွပ်စွဲခံနေရသည်။ (photo: Reuters)
Filed under: News in Photos | Leave a Comment »
Posted on July 31, 2008 by maungyit
တူရကီကုန်တင်ကားအတွင်းသေဆုံးသူများထဲတွင် မြန်မာပြည်သားများပါဝင်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၀၊ ၂၀၀၈
တူရကီနိုင်ငံ မှုခင်းအရာရှိများ ယနေ့ အလုပ်များသွားသည်။ နိုင်ငံတွင်း ခိုးဝင်လာပြီး သေဆုံးသွားသူများကို တွေ့ရှိရသည့်နေရာတွင် စစ်ဆေးနေကြခြင်းဖြစ်သည်။ ရုပ်အလောင်းများကို အစ်စတန်ဘူ (Istanbul)မြို့တော် ဆင်ခြေဖုံးတွင် တွေ့ခဲ့ရကြောင်း၊ ကုန်တင်ကားအတွင်း အသက်ရှူကြပ်ပြီး သေဆုံးကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ကုန်တင်ကားပေါ်တွင် ၁၃၈ ဦးတင်ဆောင်ခဲ့သည်၊ ပါကစ္စတန် နှင့် မြန်မာနိုင်ငံမှ လူပေါင်း ၈၀ ခန့် ပါဝင်သည်ဟု ဆိုသည်။ (photo: AFP)
Filed under: News in Photos | Leave a Comment »
Posted on July 30, 2008 by maungyit
တလွဲတွေနဲ့ နေသားကျမိုးချိုသင်းဇူလိုင် ၃၀၊ ၂၀၀၈
ဒီနေ့ ကျမတို့နေတဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ ငလျင်လှုပ်ပါတယ်။
တကယ်တော့ ငလျင်ကြောပေါ်မှာ မြို့ကရှိတာမို့ အမြဲတမ်းလိုလို ငလျင်အသေးလေးတွေကတော့ ရှိနေတာပါပဲ။ ကိုယ်ကသာ မသိလိုက်တာလေ။ ဒါပေမဲ့ အခုတခါကတော့ ငလျင်ဗဟိုပြုလှုပ်တဲ့နေရာနဲ့က သိပ်အဝေးကြီးမဟုတ်တော့ သိသိသာသာ ခံစားလိုက်ရတယ်။ 5.4 magnitude ရှိတယ်လို့ သတင်းတွေက ဆိုကြတယ်။
ငလျင်လှုပ်စဉ်က ရုံးမှာ အလုပ်လုပ်နေတုန်းမို့ ပထမအကြိမ် ခပ်ဖြေးဖြေးလှုပ်တုန်းက ရယ်တောင်ရယ်မိသေးတယ်။ “ငလျင်လှုပ်တယ်ဟ” ပေါ့လေ။ သိပ်မကြာဘူး။ ခပ်ကြမ်းကြမ်းလဲ လှုပ်ရော တရုံးလုံး အပြင်ကို ပြေးထွက်ကြပါလေရော။ ရုံးအတွင်းပိုင်းမှာ ရှိနေတဲ့သူတွေကျတော့လဲ စားပွဲအောက်ထဲ ပြေးဝင်ကြတယ်။ ကိုယ်သာ ဘာလုပ်ရမှန်းမသိဘဲ၊ အခန်းထဲက မထွက် ကုလားထိုင်မှာ ထိုင်ရက် ခေါင်းကိုသာ လက်နှစ်ဖက်နဲ့ အုပ်ထားမိတယ်။ ရုတ်တရက်ဆိုတော့ လုပ်မိလုပ်ရာပေါ့လေ။ [...]
Filed under: Lighter Side | Leave a Comment »
Posted on July 30, 2008 by maungyit
၈၈ အနှစ် ၂၀
(အခန်းဆက်များ)
ကိုကိုကြီး၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်
သူနှင့် အေအေပီပီ အင်တာဗျူး မှတ်တမ်း (ဒီဇင်ဘာ ၁၈၊ ၂၀၀၆)
(သူ့အကြောင်း မှတ်မိသမျှ – ကိုကိုကြီးက ဗကသ ဒုဥက္ကဌအဖြစ် သြဂုတ်လ ၂၈၊ ၁၉၈၈ မှာ စတင် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ မင်းကိုနိုင် ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုကိုကြီးက ဗကသကို ဆက်လက်တာဝန်ယူပါတယ်။
၁၉၈၉ အတွင်းမှာ ခေတ္တ အထိမ်းသိမ်းခံရတဲ့အချိန်၊ ဗကသကို ညိုထွန်းက ဦးဆောင်မှုပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
နောက်ပိုင်းမှာ ကိုကိုကြီးက ဆက်လက်ပြီး ဗကသကို တာဝန်ယူခဲ့ရာမှာ ၁၉၉၀ [...]
Filed under: 8888 - 20 Years | Leave a Comment »
Posted on July 30, 2008 by maungyit
တောင်သူလယ်သမားများ ကပ်ဆိုက်နေသည်ဟု ဆို
မိုးမခ အထောက်တော် (ရန်ကုန်)
ဇူလိုင် ၂၉၊ ၂၀၀၈
နာဂစ်အလွန် ဧရာဝတီတိုင်းရှိ လယ်သမားများမှာ မိုးရာသီ စပါးစိုက်ချိန်အတွင်း အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။ ရေစိုစပါးများကလည်း ပြန်လည်ထုတ်ရောင်းကြရာတွင် ဈေးကောင်းမရ၊ ဓာတ်မြေသြဇာများက ဈေးခေါင်ခိုက်နေချိန်တွင် လယ်ထွန်စက်များ ကျွဲနွားများကလည်း အလွယ်တကူ ငှားရမ်း၍ မရကြောင်း၊ စက်သုံးဆီများနှင့် လယ်သူရင်းငှားခများကလည်း အဆမတန်တက်နေသဖြင့် လယ်စိုက်သည့်လုပ်ငန်းက မည်သို့သော အကျိုးအမြတ်ကို မျှော်လင့်ရမည်ကို မသိ ဖြစ်နေကြသည် ဟုဆိုသည်။
[...]
Filed under: Local News Headlines | Leave a Comment »
Posted on July 29, 2008 by maungyit
ထောက်လှမ်းရေးဟောင်းများဖတ်ဖို့
ဇာနည်ဝင်းဇူလိုင် ၂၈၊ ၂၀၀၈
ထောက်လှမ်းရေးချီးမွမ်းခန်း
“ထောက်လှမ်းရေးထဲမှာလည်း … မကောင်းတဲ့သူ အချို့ တ၀က် ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမယ့် … ကောင်းတဲ့သူက အများစု ဖြစ်ပါတယ်” ဆိုတာကတော့ ထောက်လှမ်းရေးဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် ရဲ့ စကားတွေပါ။ ဇူလိုင် ၂၁ နေ့စွဲနဲ့ youtube ၀က်ဆိုက်မှာ တင်ထားတဲ့ DVBရုပ်သံမှာ ပြောသွားခြင်းဖြစ်ပါတယ်။ photayokeking.blogspot.com မှာလည်း ကြည့်နိုင်ပါတယ်။
ဦးအောင်လင်းထွဋ် ရဲ့ ယခင် အင်တာဗျူးတွေ၊ ထုတ်ဖော်ချက်တွေမှာတော့ ဗိုလ်ချုပ်မှူးကြီးက မည်သို့မည်ပုံ ရက်စက် ယုတ်မာပါကြောင်း ဆိုတာတွေနဲ့ ပြည့်နေပါတယ်။
ဒီထုတ်လွှင့်ချက်မှာတော့ ဦးအောင်လင်းထွဋ်က ဖျက်သိမ်းခံလိုက်ရတဲ့ တပ်မတော်ထောက်လှမ်းရေး တော်ကြောင်း၊ ကောင်းကြောင်း ချီးမွမ်းခန်းဖွင့်ထားတာပါ။ သူပြောတာတွေကို သုံးသပ်ချင်လို့ ဒီစာကို ရေးပါတယ်။
ဒီပဲယင်းအလွန်
၂၀၀၃ခုနှစ် ဒီပဲယင်းသတ်ကွင်းထဲက လွတ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို [...]
Filed under: Op-Ed | Leave a Comment »
Posted on July 29, 2008 by maungyit
စာရေးဆရာ မောင်ရဲနိုင် (၆၉ နှစ်) ကွယ်လွန်ပြီ
မိုးမခ
ဇူလိုင် ၂၉၊ ၂၀၀၈
၁၉၉၀ နှောင်းပိုင်း ဘာသာပြန်စာအုပ်များ ရေးသားခဲ့သူ၊ ၁၉၆၂ ကျောင်းသားသမဂ္ဂလှုပ်ရှားမှု မျိုးဆက် တဦးဖြစ်သူ ဦးရဲမြင့် ( စာရေးဆရာ မောင်ရဲနိုင်) ဇူလိုင်လ ၁၅ ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း သိရသည်။ စာရေးဆရာမှာ မေလ နာဂစ်မုန်တိုင်းအပြီး ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်ငန်း ခရီးက အပြန် ကျန်းမာရေးထိခိုက်ပြီး ဆေးရုံတင်ကုသထားစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ စာရေးဆရာအတွက် အမှတ်တရထုတ်ဝေသော လက်ကမ်းစာစောင်ကို ပူးတွဲတင်ဆက်လိုက်ပါသည်။
Filed under: Local News Headlines | Leave a Comment »