Mar Mar Aye 242

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (အမှတ် ၂၄၂)
မင်းသုဝဏ်၏တေးကဗျာများ
မာမာအေး
သြဂုတ် ၃၁၊ ၂၀၀၈

ယခုတပတ်ရေဒီယိုဆောင်းပါးတွင် ဒေါ်မာမာအေး ရွတ်ဆိုထားသည့် ဆရာကြီးမင်းသုဝဏ်၏ ‘ပျဉ်းမငုတ်တို’ ကဗျာကို နားဆင်ကြရမည်ဖြစ်သည်။ ထို့ပြင် ဆရာကြီး၏ ကဗျာတပုဒ်ကို စန္ဒရားချစ်ဆွေက ‘အိမ်ရှင်မ’သီချင်းအဖြစ် ဖန်တီးခဲ့ပုံကို ရှင်းပြထားပြီး၊ အဆိုပါသီချင်းကိုလည်း ထည့်သွင်းသီဆိုထားသည်။

(အပြည့်အစုံ နားဆင်ရန် ဤနေရာ ကို နှိပ်ပါ။)

While NLD against the Junta’s political argenda, ex-party writer says "yes"

၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီက စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ကြေညာချိန်တွင် ပါတီဗဟိုအမှုဆောင်ဟောင်း သက်ကြီး စာရေးဆရာကြီး မောင်စူးစမ်းက စစ်အစိုးရလမ်းကြောင်းကို လက်ခံကြောင်း စာရေး
မိုးမခ အထောက်တော် ၀၀၂
သြဂုတ် ၃၀၊ ၂၀၀၈
သြဂုတ်လ ၂၉ ရက်စွဲ၊ စာအမှတ် ၁၅ ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်ဒီပါတီ)က ကြေညာချက်ထုတ်ရာတွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်ချက်များသည် မြန်မာပြည်နိုင်ငံရေး တိုးတက်မှုအတွက် အကျိုး မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

[...]

World News in Variety and Brief

ထူးထူးခြားခြား ကမ္ဘာတလွှား၊ နိုင်ငံတကာသတင်း တိုထွာ
မိုးမခ အထောက်တော် ၀၀၈
သြဂုတ် ၃၀၊ ၂၀၀၈

စပိန်နိုင်ငံမှ ခရမ်းချဉ်သီး ပစ်ပေါက်ပွဲ
(သြဂုတ် ၂၈၊ အေအက်ဖ်ပီသတင်း)
သြဂုတ်လ ၂ရ ရက်နေ့မှာ စပိန်နိုင်ငံရဲ့ Bunol မြို့လေးမှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Tomatina ခေါ် ခရမ်းချဉ်သီးပစ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ လူဦးရေ ၉ ထောင်ကျော်လောက်သာရှိတဲ့ ဒီမြို့လေးကို နိုင်ငံအသီးသီးက ပရိသတ် ၄ သောင်းခန့် လာရောက်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။

[...]

McCain’s pick: Sarah Palin

စင်တော်က ကောက်တော့လည်း
ဉာဏ်ဦးမောင်
သြဂုတ် ၃၀၊ ၂၀၀၈

မနေ့ကပဲ ဒကာနှစ်ယောက် ရောက်လာလို့ နောက်နောက်ပြောင်ပြောင် ပြောလိုက်သေးတယ်။ အယ်လင်နာ ရုစဗဲ့ စကားကို ကိုးကားပြီးတော့ပါ။ အယ်လင်နာ ရုစဗဲ့ကပြောတယ်၊ “ကြီးကျယ်ခမ်းနားသူတွေက အတွေးအခေါ် အယူအဆတွေအကြောင်း ပြောတယ်။ အသိဉာဏ် အလယ်အလတ်ရှိသူတွေကတော့ အဖြစ်အပျက်တွေအကြောင်း ပြောတယ်။ အသိဉာဏ်နိမ့်သူတွေကတော့ လူပုဂ္ဂိုလ်တွေအကြောင်း ပြောလေ့ရှိတယ်” …. တဲ့။ “ကျုပ်က အတွေးအခေါ်စာ ကို ရေးနေတော့ ကြီးကျယ်ခမ်းနားသူထဲမှာ ပါတယ်”လို့ သူတို့ကို နောက်လိုက်တာ။
သူတို့ရောက်လာတော့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း မစ္စတာ အိုဘားမားရဲ့ သူ့ပါတီက တရားဝင် သမ္မတလောင်းအဖြစ်ရွေးချယ်တာကို လက်ခံစကားပြောနေချိန်။ ကော်လိုရာဒိုပြည်နယ်က ဒင်ဘာမြို့ရဲ့ အထင်ကရ ဘောလုံးကွင်းကြီးထဲမှာ။ ပရိသတ်တွေက ၈ သောင်းကျော်တယ်တဲ့။ နိုင်ငံရေးသမားတွေ၊ အဆိုကျော်တွေ၊ အတီးတွေ၊ [...]

Stories of 8888, 20 years ago by newspaper clips of that time – 3

၈၈ အနှစ် ၂၀ – အခန်းဆက်များ
သတင်းစာများက ပြောတဲ့ ၈၈ အရေးတော်ပုံမြင်ကွင်း – ၃
မိုးမခ
သြဂုတ် ၃၀ ၂၀၀၈
၈၈ အရေးတော်ပုံကာလမှာ ကြေးမုံ၊ မြန်မာ့အလင်း၊ လုပ်သားပြည်သူ့နေစဉ်၊ ဗိုလ်တထောင် စတဲ့ သတင်းစာတွေမှာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို သတင်းခေါင်းစဉ်တွေ၊ ဓာတ်ပုံတွေ ဖတ်မိသမျှ မှာ ပြန်ကြည့်ပါ။
- တောင်ကြီးတွင် ဆက်လက်ဆန္ဒပြ၊ ၀န်ထမ်းပေါင်းစုံ သမဂ္ဂ (ယာယီ) ဖွဲ့စည်း
- [...]

ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း (၅)

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၅)အောင်ဝေးသြဂုတ် ၃၀၊ ၂၀၀၈
ဆရာမောင်သာရရဲ့ ကဗျာတပုဒ်ကို ကျနော်အမှတ်ရတယ်။ “ချုပ်နေ့ကျူးက၊ ရူးမူးတုန်လဲ့၊ ကိုးရာမဲ့ဟု၊ ကျီးကဲ့သို့လျှင် မတွေးချင်။ ခင်ပုပ်လည်းငှက်၊ ညဥ့်လည်းနက်၊ ထွက်၍တိုက်ခိုက်သည်တကား” တဲ့။
ကျွန်တော်တို့ဘ၀တွေထဲမှာ ယုံကြည်ချက်ကို အသက်ပေးကာကွယ်တိုက်ခိုက်သွားသူတွေ၊ ယုံကြည်ချက်အတွက် အကျဉ်းထောင်ထဲမှာ နှစ်ရှည်လများ ချုပ်နှောင် ထိန်းသိမ်းခံနေရသူတွေ၊ ယုံကြည်ချက်ကြောင့် ဘ၀ရော၊ မိသားစုရော၊ အနာဂတ်တခုလုံးပါ မှောင်အတိကျသွားခဲ့ရသူတွေ၊ ကျနော်တို့ မြန်မာနိုင်ငံ သမိုင်းမှာ ယုံကြည်ချက်ကို ဖက်တွယ်ပြီး အငတ်ငတ်အပြတ်ပြတ်နဲ့ ဒီမိုကရေစီ မရမချင်း ဆက်လက် တိုက်ပွဲဝင်နေတဲ့သူတွေ စသဖြင့် ဒီမိုကရေစီ လိုလားသူ၊ ပြည်သူ့ဘက်တော်သား၊ သူရဲကောင်းတွေဟာ ခေတ်အဆက်ဆက် ရပ်တည်ရင်ဆိုင်ခဲ့ကြတာပါ။
အချိန်တချိန်မှာ ကျနော်တို့ဟာ မညီညွတ်ဘဲ ရှိကောင်းရှိမယ်။ ဒါပေမယ့် တချိန်မှာတော့ ကျနော်တို့အားလုံးဟာ ညီညွတ်သွားကြတာပဲမဟုတ်လား။ တိုက်ပွဲမရှိရင် ညီညွတ်ရေး မရှိနိုင်ဘူး။ တိုက်ပွဲရှိနေလို့သာ [...]

Quotable Quotes in August 2008

သြဂုတ်လ စာကိုး စကားကိုး
သြဂုတ် ၂၉၊ ၂၀၀၈

“အနှစ်(၂ဝ) ကြာမှ ဦးနု အဲသည်တုံးက လုပ်ခဲ့တဲ့ နိုင်ငံရေးကစားကွက်ဟာ လုပ်သင့်တဲ့ ကစားကွက်လို့ ၁၉၈၈ ကျောင်းသားမျိုးဆက်တွေနဲ့ ကျောင်းသားခေါင်းဆောင်ဟောင်း အတော်များများက အပြင်စကားဝိုင်း တွေမှာ ဝန်ခံကြပါတယ်။ နေရာ အဆင့်ဆင့်မှာ လူငယ်ကျောင်းသားခေါင်းဆောင် ဖြစ်ခဲ့တဲ့သူများ အနေနဲ့ ကိုယ်ကိုယ်တိုင် အားနည်း ခဲ့တာကိုလည်း ပြန်ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ တဦးနဲ့တဦး အပြစ်တင် လက်ညှိုး ထိုးတာတွေကို ရပ်ဆိုင်းသင့်ပါပြီ။ လူတိုင်း အမှားနဲ့မကင်းကြပါ။”
ဇော်မင်း (လူ့ဘောင်သစ်)၊ ရွက်မွန်ဘလော့ဂ်၊ “အပြစ်တွေပုံချနေယုံနဲ့မပြီး” ဆောင်းပါး၊ သြဂုတ် ၂၇၊ ၂ဝဝ၈

“နအဖ မဟုတ်တာ လုပ်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ကြောင့်၊ အဲဒီ (၂) ချက် ရှိနေသရွေ့ အန်အယ်လ်ဒီသည် အင်အားရှိနေဆဲပဲ။”

တင်မောင်သန်း၊ ခေတ်ပြိုင်အင်တာနက်စာစောင်၏ “အန်အယ်လ်ဒီရဲ့ [...]

Burmese Artists to host perfromace show in Rangoon

ရန်ကုန်က သရုပ်ဖော်အနုပညာ (ပါဖောမင့်ပွဲ) “အဖွင့်နဲ့ အပိတ်” ကျင်းပမည်
မိုးမခ အထောက်တော် (ရန်ကုန်)
သြဂုတ် ၂၉၊ ၂၀၀၈
မြန်မာ အနုပညာရှင် ၆ ဦးက ၃၀ သြဂုတ်၊ ရန်ကုန် အိုလံပစ်တာဝါ၊ ဘိတ် အရောင်းခန်းမတွင် “အဖွင့်၊ အပိတ်” အမည်ရ သရုပ်ဖော်အနုပညာ ပြသမည်ဟု ဆိုသည်။ အဖွင့်နဲ့ အပိတ်အကြား တဒင်္ဂမှာ တစုံတရာဟာ ဘာဖြစ်သလဲ၊ ဘာခံစားရသလဲ ဟူသော ခေါင်းစဉ်နှင့် ဖိတ်စာကို ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
[...]

Kay – Democrat Party Conference & Me

အမေရိကန်က ဒီမိုကရက် ပါတီညီလာခံ စတိတ်ရှိုးနဲႛ ကျမ …
ကေ
သြဂုတ် ၂၉၊ ၂၀၀၈

ခုရက်ထဲ ဒေါ်စုသတင်းကို စိတ်ပူပင်နေရတဲ့ ကြားထဲကပဲ.. ဒန်ဗာမှာ လုပ်တဲ့ ဒီမိုကရက် ညီလာခံကြီးကို ၄ ရက် ဆက် ပြီး “live” ထိုင်ကြည့် ဖြစ်နေတယ်။
ပါတီညီလာခံကြီး ဆိုတာထက် ကြည့်ရတာ တေးဂီတဖြေဖျော်ပွဲ တခုလိုလို၊ ပျော်ပွဲရွှင်ပွဲ တခုလိုလိုနဲ့ တူနေတာမို့ “နိုင်ငံရေး စတိတ်ရှိုး – စင်မြင့်ဖျော်ဖြေပွဲ” တခုလို့ပဲ ခေါင်းစဉ်တပ်လိုက်မိတော့တယ်။ မိန့်ခွန်းတွေကြားထဲမှာ မြူးကြွတဲ့သီချင်းတွေ၊ တီးလုံးတွေဖွင့်တော့.. ပရိသတ်ကလည်း ကတဲ့လူက က၊ ခုန်တဲ့လူက ခုန်နဲ့ ပျော်စရာတော့ တော်တော်ကောင်းမည့်ပုံ။
ဒီနေ့တော့ ပွဲသိမ်းမင်းသား အိုဘာမား ထွက်တဲ့နေ့မို့ ညီလာခံကွင်းကြီးထဲမှာကို ပရိသတ်က ၈ သောင်းကျော် [...]

student activists

နိုင်ငံရေးနဲ့ စာပေအနုပညာ (၄)
အရေးတော်ပုံ ကျောင်းသားများ
ထိန်လင်း
သြဂုတ် ၂၉၊ ၂၀၀၈
 
၈၈ ဒီမိုကရေစီအရေးတော်ပုံဟာ ကျောင်းသားတွေရဲ့ နိုင်ငံရေးနိုးကြားမှုပေါ်မှာ အခြေခံပြီး တခြား လတ်တလောအကြောင်းများနဲ့ တိုက်ဆိုင် ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အရေးတော်ပုံကြီးကို အဓိက ဦးဆောင်ကြတာဟာ လူငယ်ကျောင်းသားတွေ ဖြစ်ပြီး သူတို့ကို စတင်ပူပေါင်း အင်အားဖြည့်ကြတာလည်း လူငယ်တွေပဲ ဖြစ်ပါတယ်။

မဆလ ခေတ်အတွင်းမှာ ကျောင်းသားလှုပ်ရှားမှုတွေ အကြိမ်ကြိမ် ပေါ်ခဲ့ပေမယ့် အာဏာပိုင်တွေရဲ့ နှိပ်ကွပ်မှုကြောင့် နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ကြီးမားတဲ့အုံကြွမှုတွေ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့်ပဲ မဆလ အာဏာပိုင်တွေက တိုင်းပြည်အာဏာကို ၂၆ နှစ်ကြာအောင် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့်လည်း ငြိမ်သက်နေတဲ့အနေအထားရဲ့ နောက်ကွယ်မှာ နိုးကြားတဲ့နိုင်ငံရေးစိတ်ဓာတ်တွေက ရှိနေပါတယ်။ အဲဒီလို [...]