How to watch MRTV effectively

မြန်မာပြည်က MRTV ကို မီးကင်းစောင့်ခြင်း
ရန်ကုန်က ရုပ်သံ ၀ါသနာအိုးတဦး
စက်တင်ဘာ ၃၀၊ ၂၀၀၈
စစ်အစိုးရ ရေဒီယိုနှင့် ရုပ်မြင်သံကြား (Military Radio and Television – MRTV) လို့ ပြောရသလဲ ဆိုတော့ စစ်အစိုးရ သတင်းများကိုသာ ထုတ်လွှင့်လျက်ရှိခြင်း၊ စစ်ခေါင်းဆောင်များ၏ လှုပ်ရှားမူများကိုသာ ထုတ်လွှင့်လျက်ရှိခြင်း၊ ၎င်းတို့ အသာစီးရထားသော သတင်းစာ ရှင်းလင်းပွဲများကိုသာ ပြသခြင်း၊ (သတင်းစာရှင်းလင်းပွဲများတွင် အမေးက တခြား၊ အဖြေ တလွဲနည်းဖြင့် မေးမြန်းသူ သတင်းထောက်များကို ပြက်လုံးထုတ်သလို ဖြစ်နေတာကလည်း တပိုင်း)၊ အမေး မတတ်က ဖမ်းခြင်း၊ သူတို့အကြိုက် မေးသူများကိုသာ [...]

Stilwell Road

စတီးဝဲလ်လမ်း (Stilwell Road) သို့မဟုတ် လူတွေမသိသေးသည့် သမိုင်း
ဥတ္တရမွန်း (ပြန်လည်ရေးသားသည်)
စက်တင်ဘာ ၂၉၊ ၂၀၀၈

မြန်မာပြည်လမ်းမကြီး (Burma Road) နှင့် လီဒိုလမ်း (Ledo Road) တနည်းအခေါ် စတီးဝဲလ်လမ်း (Stilwell Road) ကို တရုတ်ပြည် ယူနန်ပြည်နယ်မှ ဒုတိယကမ္ဘာစစ်သမိုင်းပညာရှင် ဂျီးစူရာ (Ge Shuya) သည် နှစ်ပေါင်း နှစ်ဆယ်ကျော် သုတေသနပြုခဲ့ပြီး မကြာခင်က လီဒိုလမ်း၏အစ အိန္ဒိယနိုင်ငံရှိ လီဒိုမြို့ကို ရောက်ရှိခဲ့သည်။

[...]

Cartoon Beruma – Poor Burmese people can only keep their misery as their luxury

Cartoon Beruma – Poor Burmese people can only keep their misery as their luxury
September 29th 2008

Ar Kar – Poem by a student

သွေး ချွေး မျက်ရည် တော်လှန်ရေး
အာကာ
၂၀၀၇ သြဂုတ် ၂၇၊ ဗကသ ပြန်လည်ဖွဲ့စည်းခြင်း နှစ်ပတ်လည် အမှတ်တရ ကဗျာ
စက်တင်ဘာ ၂၉၊ ၂၀၀၈
အကျပ်ကိုင်ခံရလွန်းလို့
ဇောချွေးစီးကြောင်း
ဆူပွက်ပွက်ထဲ
ဒီတစ္ဆေခရီးကို
ဘယ်သူမှ ဆက်သည်းမခံနိုင်တော့ဘူး။

လက်ဖျံရိုး နှစ်ချောင်းနဲ့
အရိုးခေါင်း အလံနက်ကို
မီး တိုက် …
အဆိပ်ကုန်သည် သဘောင်္ကြီး
လောင်မြိုက် ပေါက်ကွဲရေး
ကြာပွတ်ဖျားမှာ သွေးစက်တိုင်း
သတိပေးနေရတယ်။

ဝတ်ကျေတန်းကျေ ရာသီဥတုထဲ
စိန်ပန်းပြာတွေ မရှိ
ခုံပြာတန်း မရှိ
တိုက်ရာပါ ပညာရေးသာ
နင်းမိုင်း ကြွမိုင်းတွေကြား
တလမ်းသွား ပြေးဆွဲနေရဲ့။

ကံကော်အို ဟာ
မျက်ရည်စို ဖျန်းရုံနဲ့
မလန်းဆန်းတော့တာမို့
တခြိမ့်ခြိမ့်မိုးကြီးအောက်
ဒေါင်း တသင်း ရောင်းရင်းဖွဲ့ဖို့
ကျောင်းဝင်းထဲကို ရောက်ခဲ့ပြီ။ ။

Burmese public felt encouraged after U Win Tin released

ဦးဝင်းတင်လွတ်မြောက်လာသည့်အတွက် ပြည်သူလူထုကပါ ၀မ်းသာအားတက်ကြ
ညွန့်ထွေး
စက်တင်ဘာ ၂၉၊ ၂၀၀၈
သာမန်ပြည်သူလူထုကြားထဲတွင် သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်လာသည့်အတွက် စိတ်အား တက်ကြွနေကြပုံရသည်ကို တွေ့မြင်ရသည်။ နေ့စဉ် အထွေအထွေ စားဝတ်နေရေး အကြပ်အတည်းများတွင် ရုန်းကန်နေရသူ သာမန်ပြည်သူ အများစုမှာ နိုင်ငံရေးသတင်းများကို စိတ်ဝင်စားခြင်း မရှိကြသည်မှာ ကြာပြီဖြစ်သော်လည်း ယခု ဦးဝင်းတင် ပြန်လည် လွတ်မြောက်လာသည်ကို ကြားရသည်နှင့် ၀မ်းသာအားရ ဖြစ်ကြရသည်ဟု ဆိုပါသည်။

“ကျနော်တို့ ပျော်တယ်။ ဘာကြောင့်မှန်းမသိဘူး။ ဆရာကြီးကိုလည်း မတွေ့ဖူးပါဘူး။ ဒါပေမယ့် ကိုယ့်အဖေ ထောင်ကလွတ်လာသလိုမျိုး ခံစားရတယ်။ တိုင်းပြည်အတွက်လည်း အားတက်မိတယ် …” ဟု ၁၀ [...]

Min Thu Wun

နိုင်ငံရေးနဲ့ စာပေအနုပညာ (၈)အမျိုးသားစာဆိုကြီး မင်းသုဝဏ်ထိန်လင်း စက်တင်ဘာ ၂၉၊ ၂၀၀၈

တိုင်းပြည်ရဲ့ ဆိုးဝါးတဲ့အခြေအနေတစ်ခုကို ဖြတ်သန်းရတဲ့အခါ လူတွေရဲ့ ဝါသနာတွေ၊ ကျွမ်းကျင်တဲ့ ပညာရပ်တွေကို ခဏဘေးဖယ်ထားပြီး လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေကို လုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဒီအခါ ကိုယ်တတ်ထားတဲ့ ပညာရပ်တွေက ပျောက်ပျက်မသွားပေမယ့် ကိုယ့်စိတ်တိုင်းကျ မလုပ်နိုင်တဲ့သဘောတော့ ရှိတတ်ပါတယ်။ ဒီလိုပဲ ကိုယ်ရွေးချယ်လိုက်တဲ့အရာကြောင့် ဆုံးရှုံးတဲ့အရာတွေ ရှိသလို အဲဒီလို ဆုံးရှုံးအောင် တမင် လုပ်တာကိုလည်း ခံရတတ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လို့ စာပေအနုပညာသမားတွေ ဘယ်လို အရင်းအနှီး ပေးရတတ်တယ်ဆိုတာကို စဉ်းစားမိပါတယ်။
၈၈ အရေးတော်ပုံကာလရဲ့ နောက်ပိုင်း တကျော့ပြန် စစ်အုပ်ချုပ်ရေးရဲ့အောက် နှစ်ပေါင်း ၂ဝ ကျော် ဖြတ်သန်းခဲ့ရတဲ့အခါ အထက်မှာ ပြောခဲ့သလို ကိုယ်ပိုင်အရင်းအနှီးတွေဖြစ်တဲ့ [...]

ထောင်ဗူးပေါက်က မကြောက်တရား

ထောင်ဗူးပေါက်က မကြောက်တရား(ဦးဝင်းတင်သို့)မောင်စွမ်းရည်စက်တင်ဘာ ၂၈၊ ၂၀၀၈

ထောင်ဗူးအဝင် ‘ဘူး’ခံဝင်ထောင်ဗူးကထွက် ‘ဘူး’ခံထွက်လက်လည်းမမြှောက် ဒူးမထောက်သေရမှာကို သူမကြောက်ချော့တာ မြှောက်တာ သူမမြောက်လွတ်လပ်ခြင်းနဲ့မျှတခြင်း ငြိမ်းချမ်းခြင်းသို့ သူလမ်းဖောက်ညီညွတ်ရေးကို သူတည်ဆောက်‘စု’က လမ်းခင်း၊ ‘ဝင်း’က လမ်းပြ ညီညွတ်ကြ မုချပန်းတိုင်ရောက်။ ။
မောင်စွမ်းရည်စက်တင်ဘာ ၂၃၊ ၂ဝဝ၈
သရုပ်ဖော်ပန်းချီ သြရသ
(မှတ်ချက် – 2.83 MB မူရင်းပုံရယူလိုပါက ပုံကို နှိပ်ပါ)

သူလိုလူ

(photo:AFP)
သူလိုလူ(ဦးဝင်းတင်သို့)မောင်စွမ်းရည်
စက်တင်ဘာ ၂၈၊ ၂၀၀၈

သူနဲ့သူသာနှိုင်းစရာမို့သူသာ စံထူသူ့လိုလူကိုလူတိုင်းကြည်ညိုဆုတောင်းဆိုအံ့သူလိုလူတွေ များစေသော …သူလိုစိတ်ထား ပွားစေသော …သူ့သက် ရာကျော် ရှည်စေသော … ။ ။မောင်စွမ်းရည်စက်တင်ဘာ ၂၃၊ ၂ဝဝ၈

Cartoon Beruma – Gambari was sent to finish work but instead he returned himself finished

Cartoon Beruma – Gambari was sent to finish work but instead he returned himself finished
September, 29th 2008

Saffron Revolution anniversary in Singapore

စင်္ကာပူရောက်မြန်မာပြည်သားများ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ ပြုလုပ်ကိုပေါစက်တင်ဘာ ၂၈၊ ၂၀၀၈

ယမန်နေ့ နေ့ခင်းပိုင်းက စင်္ကာပူရောက် မြန်မာ့အရေးတက်ကြွသူများက ရွှေဝါရောင်တော်လှန်ရေးတနှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုကို စင်္ကာပူနိုင်ငံရှိ သတိဝိပ္ပဿနာတရားရိပ်သာ (တပါးကျောင်း)တွင် ပြုလုပ်ခဲ့သည်။ သံဃာတော်များအား ဆွမ်း၊ သင်္ကန်း၊ ၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုဆွမ်းကျွေးအလှူသို့ မြန်မာ့အရေး စိတ်ပါဝင်စားသူ ၂၅ ယောက်ခန့် တက်ရောက်ခဲ့သည်။
ညပိုင်းတွင် တိုပါရိုးရပ်ကွက်၊ ဗုဒ္ဓဘာသာ မြန်မာ ဘုန်းတော်ကြီးကျောင်းရှိ အပတ်စဉ် ၀တ်ပြု ဆုတောင်းသူများအား ဖျော်ရည်ဗူးများ ဝေငှတိုက်ကျွေးခဲ့သည်။ ထို့အပြင် မြန်မာ့အရေးလှုပ်ရှားသူများက နှင်းဆီပန်းအနီများ ထိုးထားသော ပန်းအိုး ၁၁ အိုးကို ဘုရားတွင် ကပ်လှူပူဇော်ခြင်း၊ ကျောင်းဝင်းအတွင်းရှိ ဘောဓိပင်၊ ဘုရားဆင်းတုတော်တို့တွင် ဆီမီး ၁၁၀ ထွန်းညှိပူဇော်ခြင်းများ ပြုလုပ်ခဲ့သည်။
စင်္ကာပူအစိုးရက မြန်မာ့အရေးလှုပ်ရှားသူများကို [...]