Posted on October 31, 2008 by maungyit
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုလ် သာဂိ
အောက်တိုဘာ ၃၁၊ ၂၀၀၈
စမ်းချောင်း ၃ ထပ်တိုက် တခြမ်း ပြိုကျ၊ ရန်ကုန် အဲဝေး သံတွဲခရီးစဉ် နားမည်၊ နာဂစ်အပြီး မိုးလေ၀သ ကြေညာချက်များ ပိုကောင်း၊ မန္တလေး လူငယ်များ ပြည်ပမှာ ပညာသင်လိုသည်၊ မန္တလေး နိုင်ငံခြားဘာသာသင် တက္ကသိုလ် တရုတ်နိုင်ငံသားများ တက်ရောက်၊ မလေးရှားသို့ ဆိတ်အရှင် ၁၅၀၀ ပို့မည်၊ လိုအပ်ပါက နိုင်ငံတော် စာရိတ်ဖြင့် တရားခံ ရှေ့နေငှားယမ်းပေးမည်၊ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများ ဈေးကောင်းရ၊ တိုက်ကြီးကား တိမ်းမှောက်ပေါက်ကွဲမှု သတင်းထုတ်ပြန်၊ အိန္ဒိယက ၀က်အရှင် ၀ယ်မည်။ ဒီနေရာမှ ဖတ်ပါ့ ။
Filed under: Journals Digest | Leave a Comment »
Posted on October 31, 2008 by maungyit
ရုပ်ရှင်မင်းသား မြတ်လေး
မောင်စွမ်းရည်
အောက်တိုဘာ ၃၁၊ ၂၀၀၈
မြတ်လေး (ပန်းချီ ညိုဝင်း)
ရုပ်ရှင်မင်းသားတွေဟာ အများအားဖြင့် ရန်ကုန် မြို့တော်မှာ အနေများပါတယ်။ ကျနော်က မန္တလေးမှာ ဆိုတော့ ရုပ်ရှင်မင်းသားတွေနဲ့ နီးစပ်ဖို့ မလွယ်ပါဘူး။ ရုပ်ရှင်မင်းသားမြတ်လေးနဲ့ ကောလိပ်ဂျင်နေဝင်းတို့ကတော့ ကျနော်တို့နဲ့ ခေတ်ပြိုင် တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေလို့ ရင်းနှီးခွင့် ကြုံခဲ့ရပါတယ်။
ကျနော် မန္တလေးတက္ကသိုလ်ရောက်တဲ့ကာလ ၁၉၅၆-၆ဝ ခုနှစ်အတွင်းမှာ ရန်ကုန်တက္ကသိုလ် မန္တလေးတက္ကသိုလ် နဲ့ မော်လမြိုင်တက္ကသိုလ် ကျောင်းများက ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့ဝင်များဟာ မကြာခဏ တွေ့ဆုံရင်းနှီးခွင့် ကြုံခဲ့ရပါတယ်။ ကျောင်းသားပွဲတော်များ ပညာရေး နှီးနှောဖလှယ်ပွဲများ မကြာခဏလုပ်ပါတယ်။ အားကစားအဖွဲ့၊ စာပေအဖွဲ့ (ကလောင်ရှင်အသင်း)၊ အနုပညာအဖွဲ့တွေလည်း ပါဝင်တတ် [...]
Filed under: Maung Swan Yi, Memories | Leave a Comment »
Posted on October 31, 2008 by maungyit
ကဗျာဆရာ အောင်ဝေး ခရမ်းပြာမြင်းရိုင်း ကဗျာစာအုပ်ထုတ်
ဂျာနယ်ဂြိုလ် သာဂိ
အောက်တိုဘာ ၃၁၊ ၂၀၀၈
ဂျပန်က အာဟာရ မြန်မာစာအုပ်တိုက်က ထိုင်းနိုင်ငံရောက် မြန်မာကဗျာဆရာ အောင်ဝေးရဲ့ ကဗျာ ၂၆ ပုဒ်၊ မိတ်ဆွေများရဲ့ အမှာစာ ၃ ပုဒ်ကို စုစည်းပြီး ထုတ်ဝေလိုက်ပါတယ်။ ထုတ်ဝေချိန်က မတ် ၂၀၀၈ ဆိုတော့ ကဗျာဆရာ အောင်ဝေး အမေရိကန်ကို ပြောင်းရွှေ့ ခိုလှုံချိန်မှာ ထွက်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အာဟာရရဲ့ ၇ နှစ်ပြည့် အထိမ်းအမှတ် ထုတ်တဲ့စာအုပ်လို့ ရေးထားပါတယ်။ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀ လို့ သတ်မှတ်ထားပါတယ်။ စာအုပ် ဝေဖန်ရေးတို့ ထင်မြင်ချက်တို့ကိုတော့ သိသူ တတ်သူများက ရေးပါလိမ့်မယ်။ သာဂိက စာအုပ်စင် မိတ်ဆက်ပဲ ရေးတတ်လို့ [...]
Filed under: Book Shelf | Leave a Comment »
Posted on October 31, 2008 by maungyit
အောက်တိုဘာလ စာကိုး စကားကိုး
အောက်တိုဘာ ၃၀၊ ၂၀၀၈
Filed under: Quotable Quotes | Leave a Comment »
Posted on October 31, 2008 by maungyit
Cartoon Aw Pi Kye – Saving our Earth and Environment – Cartoon Series 14
October 30 th 2008
(Save water … )
Filed under: Cartoon Box | Leave a Comment »
Posted on October 31, 2008 by maungyit
ကျွန်တော်နှင့် ၃၁ ဘုံ မြို့သားများ
နေဘုဏ်းဝေ
အောက်တိုဘာ ၃၀၊ ၂၀၀၈
သူမကို သတိရလို့ လေချွန်မိတာပါ။ နတ်ဆိုးတွေကို လက်ယောင်ပြတာ မဟုတ်ပါဘူး။ ဘုရားရှင် ခင်းထားတဲ့လမ်းမှာ ကျွန်တော် အတော်ဆန့်လိုက်တော့ အတ္တနဲ့ နည်းနည်းလေး ကပ်လွတ်သွားတယ်။ ကျွန်တော်သာ တံစိုးလက်ဆောင် မက်မောနေမယ်ဆို ကျွန်တော့်ဈာပနကျရင် သားဆိုးသားမိုက်လို့ အမည်တပ်လိုက်စမ်းပါ အမေ…။
မိုက်မဲခြင်းအမှုမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ကောင် မဟုတ်ပါဘူး။ ကျွန်တော့်ယုံကြည်မှုကို အကြောဆေး ထိုးစရာမလိုဘူးလေ။ ဖြည်းဖြည်းလျှောက်လည်း ဒီလမ်းမြန်မြန်လျှောက်လည်း ဒီလမ်း။ အကုန်လုံးအားနည်းနေတဲ့ ခရီးကြမ်းမှာ ကျွန်တော်က အခွင့်အလမ်းတစ်ခုကို ပူဇော်ကိုးကွယ်နေတာ မဟုတ်ဘူး။ ဝဋ်ကြွေးချင်းတူရင် အချင်းချင်းပွေ့ဖက်နမ်းရှုံ့တတ်တဲ့ကောင်ပါ အမေ…။
Filed under: Short Stories | Leave a Comment »
Posted on October 31, 2008 by maungyit
ကာတွန်း မောင်ရစ် – ကျောက်ခေတ် ငြိမ်းချမ်းရေး
အောက်တိုဘာ ၃၀၊ ၂၀၀၈
(ပြန်လည်ဆန်းသစ် ကာတွန်း)
Filed under: Cartoon Box | Leave a Comment »
Posted on October 31, 2008 by maungyit
၂ဝဝ၈ ခုနှစ် အောက်တိုဘာ ၂၉ ရက် မိုးမခ ရေဒီယို အစီအစဉ်
သီတဂူဆရာတော်ကြီး၏ တတိယမြောက် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့၊ ၇ ကြိမ် ပြုလုပ်ခဲ့သည့် အီတိုး၏ မင်္ဂလာဧည့်ခံပွဲများ၊ ကမ္ဘာ့အမှတ်အများဆုံးဆုရ မြန်မာကျောင်းသား၊ ပင်လယ်ဓားပြ ပြန်ပေးဆွဲခဲ့သည့် မြန်မာသင်္ဘောသားများ စသည့် မျက်မှောက်ရေးရာ သတင်းများ
မင်းခန့် ၏ ကဗျာ – တဖန်ပြန်လည် ဦးညွတ်ခြင်း
ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း – ဒီမိုကရေစီရအောင် ဘာလုပ်နိုင်သလဲ
လူထုဒေါ်အမာ ၏ဆောင်းပါး – ဗန်းမော်တင်အောင် ဋီကာ
(စီစဉ်သူ ထိန်လင်း)
Filed under: Radio Program | Leave a Comment »
Posted on October 31, 2008 by maungyit
ဘီဘီစီဝက်ဘ်ဆိုက်မှာ မြန်မာလိုဖတ်နိုင်ပြီ
မိုးမခအထောက်တော် ၂
အောက်တိုဘာ ၃၀၊ ၂၀၀၈
ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဋ္ဌာနက ၎င်း၏ အင်တာနက်စာမျက်နှာကို မြန်မာဘာသာဖြင့် ဖော်ပြလိုက်သည်။
st1\:*{behavior:url(#ieooui) }
ယခင်က အင်္ဂလိပ်ဘာသာကိုသာ အသုံးပြုခဲ့ရာမှ ယမန်နေ့က စတင်ပြီး မြန်မာဘာသာဖြင့် ပြောင်းလဲဖော်ပြလိုက်ခြင်းဖြစ်သည်။ ယခင်ကကဲ့သို့ပင် ထိပ်တန်းရောက် မြန်မာ နှင့် ကမ္ဘာ့သတင်း အကျဉ်းချုပ်ကို ဖော်ပြထားသည်။ ပုံမှန်အစီအစဉ်များကိုလည်း အနည်းငယ် မိတ်ဆက် ရှင်းလင်းထားသည်။ ၇ ရက်စာ ထုတ်လွှင့်ချက်များ၊ ပုံမှန်အစီအစဉ်များကို ပြန်လည်နားဆင်နိုင်သည်။
Filed under: Overseas News | Leave a Comment »
Posted on October 31, 2008 by maungyit
နာဂစ်ကို အမြတ်ထုတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် စစ်ဗိုလ်ချုပ်
ညွန့်ထွေး
အောက်တိုဘာ ၃၀၊ ၂၀၀၈
နာဂစ်မုန်တိုင်းက စစ်အစိုးရရဲ့ အခြေခံဥပဒေကို ပြိုကွဲအောင် မတိုက်နိုင်ခဲ့ဘူး။ မေလက နာဂစ်အပြီးမှာပဲ စစ်အစိုးရက သူတို့ အခြေခံဥပဒေကို အတည်ပြုလိုက်တယ်။ ထောက်ခံမဲက တင်းကြမ်းများလွန်းတော့ မြန်မာပြည်မှာ အတိုက်အခံဆိုတာ ရှိသေးရဲ့လားလို့တောင် ထင်ရပါတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ အတိုက်အခံက ရွေးကောက်ပွဲအကြောင်း မပြောရသေးခင်မှာ စစ်အစိုးရနဲ့ ဘက်တော်သားများက ၂၀၁၀ ရွေးကောက်ပွဲ အဖျားတက်ကုန်ကြပြီ ဖြစ်ပါတယ်။
ဝန်ကြီးတွေ၊ ဦးဆောင်ညွန်ကြားရေးမှူး ရုံးချုပ်တွေ၊ ၀န်ကြီးရုံးတွေနဲ့ စစ်အစိုးရရဲ့ လုပ်ငန်းရှင် အဖွဲ့အစည်းမျိုးစုံက ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရှင်းလင်းပွဲတွေ၊ ဆွေးနွေးပွဲတွေအတွက် ခြေလှမ်းပြင်နေကြတယ်လို့ သိရပါတယ်။
Filed under: News Features | Leave a Comment »