Posted on November 30, 2008 by oothandar
၂၀၁၀ အမေရိကန်သန်းခေါင်စာရင်းတွင် မြန်မာတို့စာရင်းပေါက်ရေး
ဝိုင်းဝန်းကြရန် ဒုတိယအကြိမ် ဆွေးနွေး
မိုးမခ အထောက်တော် ၀၀၂
နိုဝင်ဘာ ၃၀၊ ၂၀၀၈
နိုဝင်ဘာ ၂၃ ရက်နေ့က ဆန်ဖရန်ဘေးဧရိယာဒေသ ဒေးလီးစီးတီး ဂျက်ဖာဆန် အထက်တန်းကျောင်း ထေရ၀ါရဓမ္မသင်တန်းခန်းမမှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာရောက် မြန်မာမိသားစုတို့ စုဝေးကြပြီး ၂၀၁၀ အမေရိကန်သန်းခေါင်စာရင်း ကောက်ခံမည့်အရေးကို ဒုတိယအကြိမ် ဆွေးနွေးကြတယ်လို့ သိရပါတယ်။
တစထက် တစ မြန်မာအမျိုးသားတို့ စိတ်ဝင်စားလာသည်နှင့်အမျှ ဘေးဧရိယာတ၀ှမ်းရှိ မြန်မာများထူထောင်ထားတဲ့ ဘာသာရေး၊ လူမှုရေး၊ သာရေး နာရေး အသင်းအဖွဲ့များ အဖွဲ့အစည်းများနဲ့ ဦးဆောင်သူတွေ အားလုံးကိုပါ ဖိတ်ခေါ်ပြီး ၂၀၁၀ အမေရိကန်သန်းခေါင်စာရင်းတွင် မြန်မာစာရင်းပေါက်ရေး ရှင်းလင်းတင်ပြကြရန်၊ မြန်မာပြည်ဖွားနှင့် မြန်မာမျိုးနွယ်တို့အားလုံးကိုလည်း အစည်းအရုးံများ၊ ဘာသာရေးစုဝေးရာနေရာများနဲ့ အဆင်ပြေသည့် အချိန်နေရာများမှာ အများသိရှိနိုင်ရန် ရှင်းလင်းကြဖို့ တဆင့်ပြီး [...]
Filed under: Local News Headlines | Leave a Comment »
Posted on November 30, 2008 by oothandar
အသံနားဆင်ရန် ဤနေရာကို နှိပ်ပါ
ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၅)
တန်ဆောင်မုန်း၊ တန်ဆောင်တိုင်
မာမာအေး
နိုဝင်ဘာ ၃၀၊ ၂၀၀၈
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်- မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
သောတရှင်တို့ရေ၊ ရှေ့တပတ်က အဇာတသတ်မင်း မြတ်စွာဘုရားကျောင်းတော်ကို သွားမယ့်လမ်းက မှောင်နေလို့ မီးရှူးမီးတိုင် ကိုင်ဆောင် ထွန်းညှိပြီး သွားရလို့ တန်ဆောင်မုန်းလမှာ မီးထွန်းပွဲ ဖြစ်ခဲ့တယ်၊ မြတ်စွာဘုရားက အဇာတသတ်မင်းကို ‘သာမညဖလသုတ္တန်’ကို ဟောကြားခဲ့လို့ ‘သာမညဖလအခါတော်နေ့’လို့ ခေါ်ကြတယ်၊ အဲဒါ ‘ရဟန်းပြုခြင်းရဲ့အကျိုး’ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Filed under: Mar Mar Aye | Leave a Comment »
Posted on November 30, 2008 by oothandar
အစိုးရဆန့်ကျင်သူများ ဘန်ကောက်လေဆိပ်ကို ဆက်လက်ပိတ်ဆို့
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၃၀၊ ၂၀၀၈
သံတုတ်ကိုင်ပြီး လုံခြုံရေးယူထားသည့် ဆန္ဒပြသူအချို့။ ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများက လေဆိပ်ကြီး၂ခုကို သိမ်းပိုက် ပိတ်ဆို့ထားဆဲဖြစ်သည်။
ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်အနီးသို့ရောက်လာသော ရဲတပ်ဖွဲ့တို့အား ဆန္ဒပြသူများက မောင်းထုတ်လိုက်သည်။ ရဲတို့၏ ဒိုင်းကာများကို လုယူ သိမ်းဆည်းလိုက်ကြသည်။
Filed under: News in Photos | Leave a Comment »
Posted on November 30, 2008 by oothandar
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၈)
အောင်ဝေး
နိုဝင်ဘာ ၂၉၊ ၂၀၀၈
‘ရန်သူဆန့်ကျင်ခံရခြင်းဟာ ကိစ္စဆိုးမဟုတ် ကိစ္စကောင်းဖြစ်တယ်’
ပုသိမ်အကျဉ်းထောင်ရဲ့ နံနက်ခင်းတခုမှာ ကျနော်၊ ကျနော်နဲ့အတူ အဖမ်းခံနေရတဲ့ NLD လူငယ်တွေကို အားပေးစကား ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း စည်းရုံးရေးခရီးစဉ် မပြီးဆုံးသေးခင်မှာပဲ ကျနော်တို့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း၊ ကပ္ပလီပင်လယ်ပြင်ထဲမှာပဲ ရှိနေပါသေးတယ်။
Filed under: 8888 - 20 Years | Leave a Comment »
Posted on November 30, 2008 by oothandar
ဘုံဘေတိုက်ပွဲပြီးဆုံး
ဓာတ်ပုံသတင်း
နိုဝင်ဘာ ၂၉၊ ၂၀၀၈
တိုက်ခိုက်မှုများအတွင်း သေဆုံးသွားသူ ဘုံဘေမြို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်၏ဈာပန။
ဗုံးခွဲပစ်ခတ်ခြင်း၊ ဓားစာခံများဖမ်းဆီးထားခြင်း စသည့် လုပ်ရပ်များကို လက်နက်ကိုင် လူငယ် ၁၀ ဦးက လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့် ၃ ရက်ကြာ ၃ ရက်ကြာတိုက်ခိုက်မှု အဆုံးသတ်သွားပြီဖြစ်ကြောင်း အေပီသတင်းဌာနက ဆိုသည်။ သေဆုံးသူပေါင်း ၁၉၅ ဦးရှိသည်ဟု သိရသည်။
Filed under: News in Photos | Leave a Comment »
Posted on November 29, 2008 by oothandar
ဘီလီရဲ့အိမ်ကလေး
စိုးသင့်ဆွေ
နိုဝင်ဘာ ၂၉၊ ၂၀၀၈
ဘီလီ တယောက် ပရမ်းပတာ လှုပ်ခါရမ်းနေတဲ့ အလုံပိတ်ကုန်တင်ကား အသေးလေးရဲ့ နောက်ခန်းမှာ ငိုက်မြည်းရင်း လိုက်ပါလာတယ်။ ကားကို မောင်းနေတာက သူ့ရဲ့ ကြီးကြပ်ရေးမှုး စမစ်။ သူတို့ နှစ်ယောက်လုံးက မိုးပျံတိုက်တွေရဲ့ မှန်ပြူတင်းတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ကုမ္ပဏီက ဝန်ထမ်းတွေ။ စမစ်ကတော့ လုပ်သက် ၁၀နှစ်ထက် မနည်းရှိပြီ။ ဘီလီကတော့ အလုပ်ဝင်တာ တပတ်ပဲရှိသေးတယ်။
သူကဒီအလုပ်ကို သဘောကျ၍ ဝင်လုပ်တာမဟုတ်။ ငတ်၍လုပ်ရခြင်းဆို ပိုမှန်မယ်။ အရင်က သူက နယူးယောက်မြို့ကြီးမှာနေတာ မဟုတ်။ နယူးယောက်ပြည်နယ်ထဲမှာပါတဲ့ အယ်ဘာနီမြို့က ဘီလီချက်မြှုပ် မွေးရပ်နယ်။ ဒါဖြင့် ဘာလို့ နယူးယောက်မြို့ကြီးမှာ အလုပ်လာလုပ်နေပါသလဲဆိုတဲ့ မေးခွန်းကို မေးရင် သူ [...]
Filed under: Short Stories | Leave a Comment »
Posted on November 29, 2008 by oothandar
အထွေထွေ အကြပ်အတည်းကြောင့် ရန်ကုန်အလုပ်သမားများ အလုပ်လျော့ချခံရ၊
တောင်းရမ်းစားသူများ တိုးလာဟု ဆို
ညွန့်ထွေး
နိုဝင်ဘာ ၂၈၊ ၂၀၀၈
နိုင်ငံတကာမှာ စီးပွားရေးအကြပ်အတည်းများ ရင်ဆိုင်ရချိန်မှာ ရန်ကုန်မှာလည်း အလုပ်လက်မဲ့ဦးရေ တိုးလာပါတယ်။ ကြံရာမရတဲ့အဆုံး ခွက်လက်စွဲပြီး တောင်းစားနေရသူတွေလည်း တိုးလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်များမှာ လှိုင်သာယာအထည်ချုပ်စက်ရုံတွေက လုပ်သားတွေ လျှော့ချခဲ့ပါတယ်။ အထည်ချုပ် အလုပ်သမ တဦးက ပြန်ပြောပြပုံက -
Filed under: Local News Headlines | Leave a Comment »
Posted on November 29, 2008 by oothandar
အဆိပ်အတောက် ရွှေတြိဂံ ရှင်းတမ်း
တရုတ် စာနယ်ဇင်းသမားများ ရေးသည်။ ဖြူစင် ဘာသာပြန်သည်။
အခန်းဆက် ဘာသာပြန် မှတ်တမ်း – ၎
နိုဝင်ဘာ ၂၈၊ ၂၀၀၈
အပိုင်း (၃)
ထမြောက်အောင်မြင်မှု သရဖူဆောင်း ရွှေတြိဂံကူမင်တန် အကြွင်းအကျန် ဘိန်းရာဇာများ
ကူမင်တန်အကြွင်းအကျန် လီမိတပ်နဲ့အတူ မြန်မာပြည်မြောက်ပိုင်း ရွှေတြိဂံဘက်ဆီ ဆုတ်ခွာ သွားကြတယ်။ နယ်မြေရပ်ခြား တရပ်တကျေးမှာ အထီးကျန်ဘဝ စစ်တပ်အဖြစ် ‘နိုင်ငံအထဲက နိုင်ငံ’ အသွင်သဏ္ဍာန်ဖြင့် စီမံကွပ်ကဲအုပ်ချုပ်ရပါတယ်။ ဒီတပ်ပျက်အင်အားစုကြီး ရွှေတြိဂံဆီ အတင်း ထိုးဖောက် ဝင်ရောက်လာကြပြီး မြန်မာပြည်မြောက်ပိုင်းရဲ့ တမူထူးခြားတဲ့ လူနေမှုအသွင်သဏ္ဍာန်ကို အတင်းပဲ ပြောင်းလဲပစ်လိုက်ကြတယ်။ ဒါ့အပြင် ဘိန်းအဆိပ်ငွေ့ဖြင့် တပ်ရဲ့အသက်သွေးကြောကို ထောက်ပံ့ရှင်သန်စေခဲ့တယ်။
နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်းရဲ့ အသစ်လွင်ဆုံး စာရင်းကောက်ယူ ချက်အရ ယနေ့မျက်မှောက်ခေတ်ကာလတွေမှာ ရွှေတြိဂံနယ်မြေကို [...]
Filed under: Serial Translation | Leave a Comment »
Posted on November 29, 2008 by oothandar
မိုးခေါင်တောက စစ်မောင်းသံ
ကြည်အောင်
နိုဝင်ဘာ ၂၈၊ ၂၀၀၈
နွေဦးတစ်ထောင်၊ သံပူရောင်နဲ့
မိုးခေါင်တောဆီ တပ်ကြီးချီ။
ဒဟပ်နဲ့ငု၊ တပ်သစ်စုကြ
ပွင့်နုမညိုး၊ ပန်းမျိုးကုဋေ
စစ်ခြေ ခိုင်မြဲ၊ စစ်ပွဲအားမာန်
တော်လှန်ရိုက်ကျူး ရဲရဲဖူး။
နွေဦးစစ်ကွက်၊ မီးလျှံစက်လည်း
တပ်ပျက် ဆုတ်ခွာ၊ ခယောင်းယာထဲ
ငုဝါအောင်ပွဲ၊ ခြိမ့်ခြိမ့်သဲ။ ။
(မူရင်း – ချယ်ရီမဂ္ဂဇင်း၊ ၁၉၈၆ ဒီဇင်ဘာ)
Filed under: Poems | Leave a Comment »
Posted on November 29, 2008 by oothandar
‘မာမာအေး ဖောင်ဒေးရှင်း’ ရန်ပုံငွေပွဲ ဒီဇင်ဘာ ၁၃ တွင် ပြုလုပ်မည်
မိုးမခအထောက်တော် ၀၀၄
နိုဝင်ဘာ ၂၈၊ ၂၀၀၈
အသက် ၆၆ နှစ် ပြည့်ခဲ့ပြီဖြစ်သည့် တေးသံရှင် မာမာအေး က ၎င်း၏ ဂီတအမွေအနှစ် မှတ်တမ်းအားလုံးကို တစုတစည်းတည်း စုဆောင်း ထိန်းသိမ်းနိုင်ရန်နှင့် မြန်မာ့ ဂန္ထဝင်တေးဂီတ မပျောက်ပျက်အောင် ပံ့ပိုးနိုင်ရေးအတွက် အနုပညာချစ်သူများနှင့်အတူ ‘မာမာအေး ဖောင်ဒေးရှင်း’ အမည်ဖြင့် အဖွဲ့အစည်းတရပ် ထူထောင်ရန် ကြိုးပမ်းနေပြီး ယင်းအဖွဲ့ရန်ပုံငွေအတွက် တေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်မည်ဖြစ်သည်။
‘သီချင်းဆိုရအောင်’ဟု အမည်ပေးထားသည့် အဆိုပါ ရန်ပုံငွေပွဲကို ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ (ဘေးဧရိယာ) ရှိ ဒေးလီးစီးတီးမြို့တွင် ဒီဇင်ဘာလ ၁၃ ရက် (စနေနေ့) ညနေ၌ ပြုလုပ်မည်ပြီး တေးသံရှင် မာမာအေးက [...]
Filed under: Overseas News | Leave a Comment »