Posted on December 31, 2008 by oothandar
ခရစ်စမတ်သစ်ပင်စားသော ဂျာမဏီရောက် မြန်မာ့ဆင်
သတင်းဓာတ်ပုံ
ဒီဇင်ဘာ ၃၁၊ ၂၀၀၈
ခရစ်စမတ်သစ်ပင်ကို စားသောက်နေသော မြန်မာပြည်ဖွား ဆင်မကြီး သီဟဖြူ (Thi Ha Phyu) နှင့် သားငယ် မင်းဂျွန် (Ming Jung / My Boy) တို့ကို ယမန်နေ့က တွေ့ရပုံ။
ဆင်မကြီးမှာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး ဆင်ပေါက်လေးမှာ ၁ နှစ်ခွဲ ဖြစ်သည်။ ဆင်များကို ခရစ်စမတ်သစ်ပင်များ ကျွေးလျက်ရှိကြောင်း ၎င်းတို့ရောက်ရှိနေသည့် ဂျာမဏီနိုင်ငံ၊ ကိုလုံးမြို့ တိရိစ္ဆာန်ဥယျာဉ်ညွှန်ကြားရေးမှူးက ရှင်းပြသည်။ ဆင်တကောင်လျှင် ခရစ်စမတ် ထင်းရှူးပင် သုံးပင် နေ့စဉ် စားသုံးကြောင်း၊ ထင်းရှူးပင်ကို စားခြင်းဖြင့် ဆင်တို့၏သွားများ သန့်ရှင်းစင်ကြယ်စေကြောင်း သိရသည်။
(photo: Reuters)
Filed under: News in Photos | Leave a Comment »
Posted on December 30, 2008 by oothandar
ဆန္ဒပြသူများက“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေး” စာတန်းကိုင်ဆွဲကာ အဖွဲ့ချုပ်ရုံးမှ ချီတက်ခဲ့ကြရာ ပြည်သူ့လွှတ်တော်ရှေ့အရောက်တွင် တားဆီးထိန်းသိမ်းခံခဲ့ရသည်။
(ဓာတ်ပုံ – MMT)
ရန်ကုန်တွင် ဆန္ဒပြ
မိုးမခအထောက်တော် ၀၀၆
ဒီဇင်ဘာ ၃၀၊ ၂၀၀၈
ယနေ့ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လှုံ့ဆော်ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ရာ အာဏာပိုင်များက တားမြစ်လိုက်ပြီး ဆန္ဒပြသူ ၉ ဦးကို ဖမ်းဆီး လိုက်သည်။ ဆန္ဒပြသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်သည်။
အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး “သူတို့ရပိုင်ခွင့် အတိုင်း သူတို့ဆန္ဒကို ဖော်ထုတ်ကြတာပါပဲ။ ဒီလုပ်ရပ်က ရာဇဝတ်မှု မဟုတ်ဘူးလို့ ကျနော် ယူဆပါတယ်” ဟု AFP သတင်းဌာနသို့ ပြောလိုက်သည်။
Filed under: Local News Headlines | Leave a Comment »
Posted on December 30, 2008 by oothandar
ရုပ်ပုံ (ပုံတူ)
မေငြိမ်း
ဒီဇင်ဘာ ၃၀၊ ၂၀၀၈
လက်စသတ်တော့
ဗင်ဂိုးရဲ့
နေကြာပန်းအိုးဟာ
အာလူးစားသူများရဲ့
စားပွဲအလယ်မှာ
ရှိနေတာပါပဲ။
အလျှံညီးညီး
မီးကျီးခဲလို တောက်ပ
ဘဝဟာ ပူလောင်လှချည့်
ဒါပေမယ့်
နေကြာလို ခေါင်းတောင် ထရ
ကံကြမ္မာရဲ့ ငရဲမှာ
အဖန်ဖန် တွားတက်ကြရ။
မျက်လုံးတွေကတော့
ပွင့်ဖတ်ဝါဝါတွေ
နေကို မော့မျှော်သလို
ပူလောင်ခြင်းကိုသော်မှ
အာသာ တငန်းငန်းနဲ့ပေါ့။
ရိုးတံ ပိန်မြှောင်းတွေက
ငတ်မွတ်ခြင်းရဲ့အကြောင်း
ကောင်းကောင်းသိစွာ
အာလူးကို ဖက်တွယ်ရတဲ့ လက်ချောင်းတွေ။
အောက်ခြေမှာတော့
လှပသယောင်ယောင်နဲ့
ကိုယ့်ကို ချုပ်နှောင်ပြီး
ရိရွဲ ပုပ်ပွအောင်လုပ်မယ့်
ဘဝတဏှာ ပန်းစိုက်အိုးက
ခပ်မိုက်မိုက်ပြုံးလို့။ ။
[မူရင်း - စာပေဂျာနယ်၊ ၁၉၉၅ မတ်လ]
Filed under: poem | Leave a Comment »
Posted on December 30, 2008 by oothandar
၂၀၀၈ နာဂစ်အလွန် ၇ လ၊ ၂၀၀၉ သို့ အဝင် … အမှတ်တရ သစ်ပုတ်ပင်
ဖိုးဂျံ
ဒီဇင်ဘာ ၃၀၊ ၂၀၀၈
၂၀၀၈ အကုန် ၂၀၀၉ အဝင်မှာ အင်အားရှိစရာ ဓာတ်ပုံတပုံ ရှာပါဆိုလို့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက စိမ်းလန်းဝေဖြာနေတဲ့ အထင်ကရ သစ်ပုတ်ပင်ကြီးကို တင်ဆက်လိုက်ပါတယ်။ နာဂစ်တုန်းက သူ ကြံကြံခံပြီး ကျန်ရစ်တယ်။ အခု စိမ်းလို့ …။ ပညာရေးနယ်ပယ်နဲ့ ကျောင်းသား ကျောင်းသူတွေရဲ့ ခေတ်အဆက်ဆက်က နမိတ်ပုံ၊ ပြယုဒ်၊ အမှတ်တရ မော်ကွန်း။ သူရဲ့ ခွန်အားနဲ့ ရပ်တည်ချက်က ကျနော်တို့ကို မျှော်လင့်ချက် အင်အားဖြစ်စေတယ်။
Filed under: News in Photos | Leave a Comment »
Posted on December 30, 2008 by oothandar
မိုးမခရဲ့ “Burmese Helping Burmese” မြန်မာအချင်းချင်း ရိုင်းပင်းခြင်း အစီအစဉ် ဆက်လက်ဆောင်ရွက်လျက်ရှိ
မိုးမခ
ဒီဇင်ဘာ ၃၀၊ ၂၀၀၈
၂၀၀၇ သံဃာ့အရေးတော်ပုံက အစပြုပြီး ကိုယ်ထူကိုယ်ထ စတင်ခဲ့သည့် အမျိုးသားရေး ကူညီမှု ရန်ပုံငွေ လှုပ်ရှားမှု ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာ အမျိုးသားများက ပြည်တွင်းရှိ အမျိုးသားရေးလှုပ်ရှားသူ အတိုက်အခံများ၊ စွန့်လွှတ်စွန့်စားသူ သံဃာတော်များကို လက်လှမ်းမီသလောက် အကူအညီပေးတဲ့ စေတနာ့ ဝန်ထမ်း အလုပ်တခုအဖြစ် – Burmese Helping Burmese – မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ ဆိုတဲ့ အမည်ပေးထားတာ ဖြစ်ပါတယ်။
Filed under: Overseas News | Leave a Comment »
Posted on December 30, 2008 by oothandar
From 33rd Anniversary of Burmese Cartoonists
၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား
ဂါရ၀ပြုပူဇော်ကန်တော့ပွဲ မြင်ကွင်း
ကာတွန်းဆရာကြီးများ ကန်တော့ပွဲ သမိုင်းပုံရိပ်
အမှတ်တရ စာစောင် မှတ်တမ်း
မိုးမခ ဓာတ်ပုံ သတင်း
ဒီဇင်ဘာ ၃၀၊ ၂၀၀၈
Filed under: Memories | Leave a Comment »
Posted on December 29, 2008 by oothandar
၃၃ ကြိမ်မြောက် ကာတွန်းဆရာကြီးများအား ဂါရ၀ပြု ကန်တော့ပွဲ
တာရာဝေယံ
ဒီဇင်ဘာ ၂၉၊ ၂၀၀၈
၁၉၃၄ ခုနှစ်မှာ ကာတွန်းဦးဘဂျမ်းနဲ့ ဦးဟိန်စွန်းတို့ဟာ ကမ္ဘာမှာ မပေါ်ဖူးသေးတဲ့ ကာတွန်း မီးပုံး မီးထွန်းပွဲကို တန်ဆောင်တိုင်ကာလမှာ စတင် တီထွင်ခဲ့ကြပါတယ်။ မီးထွန်းပွဲကို ရန်ကုန်မြို့ ၁၃ လမ်း အောက်ဘလောက်မှာ ကျင်းပခဲ့တယ်။
Filed under: Variety Article | Leave a Comment »
Posted on December 29, 2008 by oothandar
From 20 Year Anniversary – Daw Khin Ky
လွတ်လပ်ရေး ဘခင်ကြီး အာဇာနည် ဗိုလ်ချုပ် အောင်ဆန်း၏ ဇနီး၊ မြန်မာပြည် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိခင် ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ် အဲန်အယ်ဒီ ပါတီက သံဃာတော်များကို ဆွမ်းလောင်း၊ အဖွဲ့ချုပ် ဌာနချုပ်ရှေ့တွင် ၂၆ ဒီဇင်ဘာ သောကြာနေ့တွင် ကျင်းပခဲ့၊
မိုးမခ ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၂၉၊ ၂၀၀၈
Filed under: News in Photos | Leave a Comment »
Posted on December 29, 2008 by oothandar
The Generation Waves – Free Burma Poster
December 29th, 2008
Filed under: Cartoon Box | Leave a Comment »
Posted on December 29, 2008 by oothandar
မိုးမခရဲ့ရေဒီယိုချစ်သူများ ဆစ်ဒနီ
ဒီဇင်ဘာ ၂၈၊ ၂၀၀၈
ရေဒီယိုအိမ် – ဦးပန်တျာ
သတင်းပဒေသာ သီချင်းပဒေသာ
၂၇၄၈ ခုနှစ် ဆစ်ဒနီ ကရင်နှစ်သစ်ကူးပွဲတော်များ
သရုပ်ဆောင် ထွန်းထွန်းနိုင် ကွယ်လွန်ခြင်း နှင့် ဝင်းဦး ကွယ်လွန်ခြင်း နှစ် ၂၀ အမှတ်တရ
ဆစ်ဒနီတလွှား သတင်းစကား
ထိုင်းဝန်ကြီးချုပ်သစ် နှင့် အမေရိကန်သမ္မတသစ်တို့ရဲ့ မြန်မာ့အရေးသဘောထားများ -
(ဇာနည်ဝင်း၊ ဒါရိုက်တာဝင်းဖေ – VOA)
သဘာဝဟာသ – [...]
Filed under: Radio Program | Leave a Comment »