Quotes for Jan 2009

ဇန်နဝါရီ စာကိုး၊ စကားကိုး

ဇန်နဝါရီ ၃၁၊ ၂၀၀၉

“သားစိုးနှင့် ငယ်ငယ်တို့သည် စေ့စပ်ပွဲဖိတ်စာအား ယွန်းပန်းကန်ပေါ်တွင် စာသားရေးသား၍ ဖိတ်ကြားခဲ့ပြီး၊ သူတို့၏ စေ့စပ်မင်္ဂလာ ဧည့်ခံပွဲအားလည်း ထူးခြားသော တင်ဆင်မှုများဖြစ်သည့် ယိမ်းအက၊ ဇာတ်မင်းသားအက နှင့် ရုပ်သေးရုပ်အကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်”

7 DAY NEWS ဂျာနယ်၊ ဇန်နဝါရီ ၁၅

သားစိုး (ကိုစိုးမွန်အောင်) နှင့် ငယ်ငယ် (မထက်ထက်ခိုင်)

Burmese Great Cartoonist U Pe Thein turns 85

ကာတွန်း (ဦး) ဖေသိန်း ၈၅ နှစ်ပြည့်မည်
မိုးမခ အထောက်တော် ၀၀၃
ဇန်န၀ါရီ ၃၀၊ ၂၀၀၉
လာမည့် စနေနေ့မှာ ဆရာကြီး ကာတွန်း (ဦး) ဖေသိန်းရဲ့ ၈၅ နှစ်ပြည့် မွေးနေ့ အလှူကို ကျင်းပမှာ ဖြစ်ပါတယ်။ နှစ်စဉ် ကာတွန်းဆရာ လူကြီး လူငယ်များနဲ့ မိတ်ဆုံပွဲသဖွယ် ပြုလုပ်နေကြ ပွဲတော်ဖြစ်တာမို့ စာပေ အနုပညာရှင် လူကြီး လူငယ်များနဲ့ စည်ကားမှာ ဖြစ်ပါတယ်။

Biography of Mahn Win Maung, President of Burma in 1957 – 8

မန်းဝင်းမောင် အတ္ထုပ္ပတ္တိ အပိုင်း (၈)
မှတ်စုမှတ်တမ်း
ဇန်န၀ါရီ ၃၀၊ ၂၀၀၉
ပျဉ်းမနားမြို့နှင့် မန္တလေးကားလမ်းပေါ်တွင် အင်္ဂလိပ်လေယာဉ်ပျံများက နေ့တွင်မကဘဲ ညဘက်မှာလည်း လိုက်လံပစ်ခတ်ကြောင်း ပျဉ်းမနားမှာ နေစဉ်ကြားသိရပါတယ်။ ညဘက်သွားသောအခါ မီးထိုးပြီး သွားရပါသဖြင့် မီးထိုးထားသော ကားကို လိုက်လံပစ်ခတ်ခြင်း ဖြစ်တယ်။ ဤကဲ့သို့ ပစ်ခတ်ခြင်းကြောင့် သေကြေပျက်စီးကြကြောင်း လဲသိရှိရပါတယ်။ ဒီသတင်းကို ကြားသိထားရသဖြင့် ညနေဘက် ပါပါတို့ ဆက်လက်ခရီးထွက်တော့ သတိဝီရိယာထားပြီး သွားရပါတယ်။ ဖြည်းဖြည်းသွားပြီး မီးထိုးတစ်လှည့်၊ မထိုးတစ်လှည့် သွားရပါတယ်။ မိတ္ထီလာရောက်တော့ ဗိုလ်ကြီး တင်ထွန်းဟာ တွေ့စရာရှိတဲ့လူတွေနဲ့ ဝင်တွေ့ပြီး ဓာတ်ဆီရှာရတာနဲ့ နည်းနည်းကြာသွားပါတယ်။

Burmese Speaking American English -Audio Lesson CD – weekly program introduction

မြန်မာတို့အတွက် အမေရိကန်အင်္ဂလိပ် စကားပြော လေ့ကျင့်ခန်း

အသံထွက်အစီအစဉ်

မိုးမခက အပတ်စဉ် ထုတ်လွှင့်မည်
မိတ်ဆက် – အပိုင်း ၁
ဇန်နဝါရီ ၂၉၊ ၂၀၀၉
ဒီနေရာမှာ နားဆင်ပါ။
ထက်မိုး (နယူးဒေလီ) နှင့် အိန္ဒိယရောက် မြန်မာလူငယ်များ စီစဉ်တဲ့ – မြန်မာတို့အတွက် အမေရိကန်အင်္ဂလိပ်စကားပြော လေ့ကျင့်ခန်း စီဒီ – နိုင်ငံတကာ အင်တာနက်၊ ရေဒီယို၊ ရုပ်သံတို့က ကောက်နုတ်ထားပြီး မြန်မာဘာသာပြန်နဲ့ တွဲဖက်ထားသည်။ အိမ်သုံး၊ ကျောင်းသုံး၊ ရုံးသုံး စကားပြောလေ့ကျင့်ခန်းမျိုးစုံကို တင်ဆက်ထားသဖြင့် အမေရိကန်အင်္ဂလိပ်စကားပြော သင်ယူလိုသူ၊ လေ့ကျင့်လိုသူနှင့် လက်စွဲပြုလိုသူ အားလုံးအတွက် အထူးသင့်တော်ပါသည်။ ရပ်နီး ရပ်ဝေးပညာဒါနပြု၊ လက်ဆင့်ကမ်းမှာကြားလိုပါက – MoeMaKa, PO Box 320-207, San Francisco, [...]

essay for Min Htut Khaung

မြူခိုးဝေေ၀သစ္စာသစ်တရား၊ အာဟာရမှုန့်နှင့်
အာကင်ဆောရောက် မင်းထွဋ်ခေါင်သို့ လွမ်းချင်းကဗျာ

ခင်လွန်း

ဇန်န၀ါရီ ၃၀၊ ၂၀၀၉

“ တောင်ခိုးတဲ့ဝေေ၀၊ မြူခြေတဲ့ဆိုင်းဆိုင်း
ငါ့အဖေမော်ကာကြည့်တယ် ခေါင်းပေါင်းပြုတ်ကျ ” တဲ့။
ကျနော်တို့နေတဲ့ ဒုက္ခသည်စခန်းလေး တခွင်မှာ ခုနေဆိုရင် နှင်းလားမြူလား မကွဲပြားအောင် ရှစ်ခွင်တိုင်း မှိုင်းမှိုင်းမှုန်ရီနေပါပြီ။ ဒီလိုအချိန်မျိုးမှာ ငယ်ငယ်တုန်းက ကဗျာရူး စာရူးဘ၀မှာ ကာရန် အမြီးအမောက် မတည့်တဲ့ ကဗျာလေးတပုဒ် ကြားခဲ့ဖူးတာကို ပြန်သတိရလာတတ်ပြီး ကဗျာအကြောင်းလေး ပြောချင်လာမိပါတယ်။ ကဗျာဆိုတာ အလှဗေဒ ရသဂုဏ်မြောက်၊ အဖွဲ့ အနွဲ့ အဆင်တန်ဆာတို့နဲ့ ခံစား သီကုံး ရေးစပ်ကြရတာမျိုးလို့ ခပ်ကြမ်းကြမ်းလေး ဆိုလို့ရမလား ခင်ဗျာ။ အဲဒါဆိုရင်တော့ [...]

soldiers with heavy burden

မနိုင်ဝန် ထမ်းသူများအကြောင်း

ဒီအောင်ခင်

ဇန်န၀ါရီ ၃၀၊ ၂၀၀၉

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)က ပြီးခဲ့တဲ့လဆန်းပိုင်းမှာ သုံးရက်ကြာ လုပ်ခဲ့တဲ့ အစည်းအဝေးမှတ်တမ်း ပြင်ပကို ပေါက်ကြားလာပါတယ်။ မပခ နယ်မြေမှာ ကချင်ပြည်နယ် ပါဝင်ပါတယ်။ ကချင်ဒေသနဲ့ နီးတဲ့ ရှမ်းပြည်နယ်ထဲက မြို့တချို့လည်း ပါဝင်ပါတယ်။

မြစ်ကြီးနားမြို့မှာလုပ်တဲ့ ဒီအစည်းအဝေးကို တိုင်းမှူးဖြစ်လာတာ ၆ လပဲ ရှိသေးတဲ့ ဗိုလ်မှူးချုပ် စိုးဝင်း တက်ပါတယ်။ မြောက်ပိုင်းတိုင်းထဲမှာရှိတဲ့ ဗျူးဟာမှူး၊ တပ်ရင်းမှူး စသဖြင့် အရာရှိ အယောက် ၈၀ ၀န်းကျင်ရဲ့ နာမည်တွေလည်း တွေ့ရပါတယ်။

Burmese Regime formed Special Forces to crack down public riots

အဓိကရုဏ်းနှိမ်နင်းရန်အတွက် အရံရဲတပ်ဖွဲ့များဖွဲ့စည်း
မိုးမခ အထောက်တော် (ရန်ကုန်)
ဇန်န၀ါရီ ၃၀၊ ၂၀၀၉
စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို နှိမ်နှင်းရန် ရဲတပ်ဖွဲ့ အင်အားနည်းသည့်နေရာများတွင် အရံရဲတပ်ဖွဲ့များ ဖွဲ့စည်းလိုက်သည်။ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် ၅ အထက ကျောင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြုလုပ်သည့် အစည်းအဝေးတွင် ဆုံးဖြတ်ချက်ခဲ့ခြင်းဖြစ်သည်။

SPDC talks about Rohingya

ရိုဟင်ဂျာအရေး နေပြည်တော် အော်ပြီ
ဓာတ်ပုံသတင်း
ဇန်နဝါရီ ၃၀၊ ၂၀၀၉
ရခိုင်ပြည်နယ်ဘက်မှ ရိုဟင်ဂျာများအရေးနှင့်ပတ်သက်ပြီး ဆူပွက်နေချိန်တွင် မြန်မာစစ်အစိုးရ၏ သဘောထားကို ယနေ့ထုတ်သတင်းစာများမှတဆင့် တွေ့လိုက်ရသည်။

10 th Anniversary of Passing of Khin Myo Chit by Maung Swan Yi presented by Htain Linn

စာရေးဆရာမကြီး ခင်မျိုးချစ် ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် အမှတ်တရ မောင်စွမ်းရည် စကား

ထိန်လင်း စီစဉ်တင်ဆက်သည်

ဇန်နဝါရီ ၂၉၊ ၂၀၀၉

ဒီနေရာကနေ သွားရောက် နားဆင်ပါ။

(Filed Photo – Khin Myo Chit with Yin Min Pike)

NLD seminar on current Burmese law and its issues – Photo News

From NLD host Seminer on Burmese Law & Order

အင်န်အယ်ဒီပါတီ အင်္ဂါနေ့စကားဝိုင်း – ဓာတ်ပုံမြင်ကွင်း
မိုးမခ အထောက်တော် ၀၀၃
ဇန်န၀ါရီ ၂၉၊ ၂၀၀၉
လွန်ခဲ့တဲ့ အင်္ဂါက ကျင်းပခဲ့တဲ့ အင်န်အယ်ဒီ ပါတီရဲ့ လူငယ်ပညာပေး ဟောပြောပွဲမှာ မြန်မာနိုင်ငံ ဥပဒေနှင့် လက်တွေ့ပြသနာများကို ဟောပြောဆွေးနွေးကြပါတယ်။ အဲဒီက မြင်ကွင်းကို တင်ပြလိုက်ပါတယ်။