Posted on February 28, 2009 by oothandar
ဖေဖော်ဝါရီ စာကိုး၊ စကားကိုး
ဖေဖော်ဝါရီ ၂၇၊ ၂ဝဝ၉
“အလုပ်ဖြုတ်ခံရတဲ့ အထဲမှာ ဒါရိုက်တာကစလို့ အဆင့်ပေါင်းစုံသော ဝန်ထမ်းတွေ ပါပါတယ်။ လေယာဉ်လက်မှတ်ကလွဲလို့ သူတို့မှာ ဘာအကျိုးခံစားမှုမှ မရှိပါဘူး။ ရင်နာစရာပါ။ – – မြန်မာ ဝန်ထမ်းတွေကို မြန်မာပြည်ကို ပြန်လွှတ်မယ်ဆိုရင် လေယာဉ်လက်မှတ် ဈေးနူန်းတွေက အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ၂ဆကျော်ကျော်လောက် ပိုများလို့ပါ။ – – - ဒါ့ကြောင့် အတ္တလန်တစ် ဟိုတယ်က ဖြုတ်ပစ်ခဲ့တဲ့အထဲမှာ မြန်မာဝန်ထမ်း တစ်ယောက်စ နှစ်ယောက်စပဲ ပါပါတယ်။ မြန်မာပြည်ရဲ့ ဆင်းရဲလွန်းလှတဲ့ ပို့ဆောင် ဆက်သွယ်ရေးစနစ်ကို ဒီအချိန်မှာ ကျေးဇူးတင်သင့်ပါတယ်”
နှင်းနဲ့မာယာ၊ ဘလော်ဂါ
mysterysnow.blogspot.com ဖေဖော်ဝါရီ ၁
Filed under: Quotable Quotes | Leave a Comment »
Posted on February 28, 2009 by oothandar
ဒဂုံတက္ကသိုလ်ကျောင်းသားများ
စော်ဘွားကြီးကုန်းတွင် ရိုက်နှက်ခံရ
မိုးမခအထောက်တော် အမှတ် ၎
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဒဂုံတက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ကျောင်းသား ၄ ဦး နှင့် နည်းပြဆရာ တဦး တို့ကို အရက်သမားတချို့က ရိုက်နှက်ခဲ့သည်။
စော်ဘွားကြီးကုန်းရှိ ဒို့ရိုးရာ လက်ဖက်ရည်ဆိုင်မှ အထွက်တွင် အနားရှိ အရက်ဆိုင်အတွင်းမှ လူ ၇ ဦးက ရန်စပြီး ကိုဝေဖြိုးကျော် (တတိယနှစ် ဘူမိဗေဒ) အား စတင် ထိုးကြိတ်ခဲ့သည်။ ၀င်ရောက် တားဆီးသော နည်းပြဆရာ ဦးအောင်မင်းဦးလည်း နောက်မှ ရိုက်နှက်ခံခဲ့ရသည်။
Filed under: Burma News Headlines | Leave a Comment »
Posted on February 27, 2009 by oothandar
ခင်ခင်ပျိုရေ သို့ ကဗျာများ
အောင်ချိမ့် နဲ့ သစ်ကောင်းအိမ်
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉
ခင်ခင်ပျိုရေ စောင့်ခဲ့တယ်
အောင်ချိမ့်
တရက်ကို ငါ ဘာလို့ မစောင့်နိုင်ရမှာလဲ
ငါ စောင့်ခဲ့တယ်။
မီးလျှံလို
ကြိုးတန်းမှာ လိန်ညှစ်လှန်းထားတဲ့ အဝတ်လို
ပျောက်ဆုံးသော အရာ
ငါ စောင့်ခဲ့တယ်။
ခင်ခင်ပျို ရေ
ငါ စောင့်ခဲ့တယ်။
ကိုယ်က ပြောစရာရှိပြီး
သူက ပြောစရာ မရှိတော့သော ယတိပြတ်မှုကို
ငါ ချိန်းဆိုခဲ့ပါတယ်။
ငါ စောင့်ခဲ့တယ်။
(အောင်ချိမ့်၊ ပိတောက်ပွင့်သစ်၊ ဇန်နဝါရီ ၂၀၀၉)
ခင်ခင်ပျိုရေ … ညနေခင်းဆို လေတွေပြို
သစ်ကောင်းအိမ်
တောမီးလောင်နေချိန်မှာ
တောကြောင်တွေ လမ်းသလားနေတာ
ဆန်းသလား မေပျိုရယ်
ဗိုလ်အောင်ကျော်လမ်း
ဆဲဗန်း လက်ဘက်ရည်ဆိုင်မှာ
ငူငူငိုင်ငိုင်နဲ့
ကိုအောင်ချိမ့်တယောက်တော့
ခင်ခင်ပျိုကို စောင့်နေရှာသတဲ့
၃၃ လမ်းရေ
၃၃ ဘဝ မက ငါလွမ်းဆွတ်မိပါရဲ့
ခုချိန်ဆို
၃၃ လမ်းထိပ် ခရေပင်ရိပ်မှာ
စာငှက်ကလေးတွေ
အိပ်တန်းတက်နေရှာရော့မယ်
ဒီမယ် ကိုလှသန်း
ငါတို့ အောင်မြင်မှုဟာ
ညနေခင်းအရက်ဝိုင်း
အဲဒီ အရက်ဝိုင်းမှာ
အရက်တပိုင်းတော့ [...]
Filed under: Poems | Leave a Comment »
Posted on February 27, 2009 by oothandar
ရန်ကုန်တွင် မီးပြတ်တောက်မှု ပိုဆိုးဝါး၊ နေပြည်တော်မှာ မီးထိန်ထိန်သာ
မိုးမခ အထောက်တော် (ရန်ကုန်)
ဖေဖော်ဝါရီ ၂၈၊ ၂၀၀၉
ယခုလအတွင်းမှ စတင်ပြီး ရန်ကုန်မြို့ အနှံ့တွင် မီးပြတ်တောက်မှုများ ဆိုးဝါးလာသည်ဟု မြို့ခံတို့က ပြောကြားသည်။ ယနေ့ညဥ့်နက်ပိုင်းမှ မီးလာသဖြင့် မိသားစုများက မီးဖိုချောင်ကိစ္စ၊ ရေချိုးခန်းကိစ္စများကို စောင့်ပြီး ဆောင်ရွက်ရကြောင်း၊ နေ့ခင်းနှင့် ညပိုင်းတွင်သုံးရန် ဘက္ထရီများ အားသွင်းရကြောင်း ၎င်းက ပြောကြားသည်။
Filed under: Local News Headlines | Leave a Comment »
Posted on February 27, 2009 by oothandar
ငါးကျမ်းပြန်ကျောင်းတိုက်၊ နာဂစ်သင့် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ရန်ပုံငွေဖြင့် ကလေး ၅၀၀ ကျော်ကို ကူညီခဲ့
မိုးမခ အထောက်တော် ၀၀၂
ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉
မေလ ၂ နှင့် ၃ ရက်၊ ၂၀၀၈ က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးကြောင့် မိဘ ၂ ပါး မဲ့ခဲ့ရသည့် ကလေးသူငယ်များကို စာရင်းပြုစုပြီး ကူညီထောက်ပံ့မှုပေးနေသော ငါးကျမ်းပြန်ကျောင်းတိုက် ဆရာတော်များဦးဆောင်သည့် ရန်ပုံငွေအဖွဲ့က ကလေး ဦးရေ ၅၆၀ ကို လစဉ်ထောက်ပံ့မှုများ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။
Filed under: Local News Headlines | Leave a Comment »
Posted on February 27, 2009 by oothandar
9th Annual Burmese Literary Talk (8th Nov 2008)
Part 5
Daw Mar Mar Aye
Filed under: Mar Mar Aye | Leave a Comment »
Posted on February 27, 2009 by oothandar
မန်းဝင်းမောင် အတ္ထုပတ္တိ အပိုင်း (၁၀)
မှတ်စုမှတ်တမ်း
ဖေဖေါ်ဝါရီ ၂၇၊ ၂၀၀၉
ဆွဲတဲ့နေရာမှာ လဲ တသမတ်တည်း မဟုတ်ဆွဲလိုက်၊ ရပ်လိုက်လုပ်တော့ ခံရတဲ့လူဟာ တအော်ထဲအော် နေရပြီး ညနေကြမှ အသံပျောက်သွားပါတယ်လို့ ထပ်မံ သိရှိရတယ်။ ရွာထဲရှိအိမ်တချို့မှာ လဲ သေနတ်ဒဏ်ကြောင့် ပေါက်ပြဲနေတာ တွေ့ရသလို ရွာနည်းစပ်သစ်ပင် တွေမှာ လဲကျိုးပဲ့နေတာ တွေ့ရပါတယ်။
ဟင်္သာရွာကို ပါပါတို့ရောက်တဲ့နေ့ဟာ ကချင်အမျိုးသားနှင့် ချိန်းဆိုထားသော နေ့ဖြစ်ပါတယ်။ ညမိုးချုပ်သော်လည်း ပေါ်လာသည်ကို မတွေ့ရပါ။ နောက်တစ်နေ့ ထပ်မံစောင့်ပါတယ်။ သို့သော် အရိပ်အရောင်မျှ မတွေ့။
နိုဝင်ဘာလ (၁ဝ) ရက်သို့မဟုတ် (၁၁) ရက်မှာ ဟင်္သာရွာသို့ သူအရောက်လာမယ့်အကြောင်း မြတောင် တောရမှာ ဦးစောအောင်ခင်လှ ရှေ့တွင် ပါပါကိုသူ ပြောတယ်။ သူလာနိုင်အောင်လဲ သူ့ကို ရွှေဒဂါးတစ်ပြား [...]
Filed under: History | Leave a Comment »
Posted on February 27, 2009 by oothandar
သတင်းထောက် တဦး၏ နာဂစ်ဒိုင်ယာရီ
သန်းစိုးလှိုင်
ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉
ဧပြီလ ၂၉၊ ၃၀ရက်၊ ၂၀၀၈ခုနှစ်၊
ပူပြင်းလှသည့် နွေရာသီ ဧပြီလ၏ နောက်ဆုံးသီတင်းပတ်၊ မိုးကသည်းထန်စွာ ရက်ဆက်ရွာသွန်းနေခဲ့သည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နေသည်လား၊ မုန်တိုင်းဖြစ်ပေါ်နေသည်လား တခုခု ဖြစ်လိမ့်မည်ဟု အင်တာနက်သတင်းများမှာ စေ့ငုကြည့်တော့ ဖြစ်ပေါ်နေသည့် မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် သို့မဟုတ် မြန်မာနိုင်ငံ ဧရာဝတီတိုင်းကို ၀င်ဖို့ အလားအလာရှိနေသည် ဟုဧပြီလ ကုန် ၂၈၊၂၉ ရက်ဝန်းကျင်တွင် ဖတ်ရှုရသည်။
Filed under: Serial Program | Leave a Comment »
Posted on February 27, 2009 by oothandar
ဖေဖော်ဝါရီ ၂၇ အားကစားသတင်းများ
ဝင်းလက်
ဖေဖော်ဝါရီ ၂၇၊ ၂၀၀၉
တိုက်ဂါးဝုဒ် ပြန်လာပြီ
သန်းကြွှယ်သူဌေး ဂေါက်သီးချန်ပီယံဟောင်း တိုက်ဂါးဝုဒ်သည် ဒူးဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူနေရာမှ နာလန်ထလာပြီး ဂေါက်သီးလောကသို့  တကျော့ပြန်လည် ဝင်ရောက်လာပါပြီဖြစ်သည်။
Filed under: Sport | Leave a Comment »
Posted on February 27, 2009 by oothandar
ဧရာဝတီကို တရားစွဲမည်ဟုဆိုသည့်
ဦးကျော်မြင့် နှင့် ဗွီအိုအေ အင်တာဗျူး
VOA
ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉
VOA – ဦးကျော်မြင့်အနေနဲ့ မြန်မာနိုင်ငံမှာ ကျုံယွမ်ကုမ္ပဏီနဲ့ လုပ်ငန်း လုပ်ခဲ့စဉ်တုန်းက ငွေကြေးနဲ့ စီးပွားရေးပြဿနာတွေအတွက် စစ်အစိုးရကနေပြီးတော့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရဖူးတယ်လို့ စွပ်စွဲထားတာတွေ ရှိပါတယ်။ အဲဒီအချိန်က ဘာကြောင့်မို့ ဦးကျော်မြင့် အနေနဲ့ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတာလဲခင်ဗျ။
UKM – ကျနော် ၉၇ ခုနှစ်တုန်းက စစ်အစိုးရနဲ့ ပြဿနာဖြစ်တာ ငွေကြေးစီးပွားရေးပြဿနာ မဟုတ်ဘူး။ အဓိက နိုင်ငံရေးပါ။ နိုင်ငံရေးဆိုတာ ၅(ည)ပေါ့။ ကျနော်တို့ ငွေရေး ကြေးရေး စီးပွားရေး ထောင်ဒဏ်ချတာ မရှိပါဘူး။ သူတို့ ချထားတာ ၅(ည)၊ နိုင်ငံတော် [...]
Filed under: Interview | Leave a Comment »