Posted on April 30, 2009 by oothandar
အိုဘားမားနဲ့ ရက်ပေါင်း ၁၀၀
မောင်ရစ်
ဧပြီ ၃၀၊ ၂၀၀၉
အမေရိကန်သတင်းဌာန စီအင်အင်က အိုဘားမား သမ္မတသက်တမ်း ရက်ပေါင်း ၁၀၀ စစ်တမ်းထုတ်ပါတယ်။ သူ့ကို ဘယ်လို အမှတ်ပေးကြသလဲလို့ ပရိသတ်ဆီက စစ်တမ်းကောက်တာဖြစ်ပါတယ်။ အိုဘားမား ရက်ပေါင်း ၁၀၀ မှာ အမေရိကန်ပြည်ကို ၀က်တုပ်ကွေးက ၀င်တိုက်နေတဲ့ အချိန်ဆိုတော့ သမ္မတကြီးမှာ ပျော်စရာ သိပ်ရှိပုံ မရှိပါ။ သူ့ကို ယေဘုယျအမှတ်ပေါင်း “ဘီ” ပေးလိုက်ပါတယ် တဲ့။ ဘီ ဆိုတော့ ရမှတ် ၈၀ ပေါ့။ လွန်ခဲ့တဲ့ သမ္မတကြီး ဘွတ်ခ်ျ သမ္မတ စဖြစ်တုန်းကလည်း “ဘီ” ရခဲ့ပါတယ် တဲ့။ ဒီတခါ အိုဘားမား “ဘီ” က တိုင်းပြည်ကြီး ချွတ်ခြုံကျနေချိန်မှာ ရတဲ့အမှတ်ဆိုတော့ ပြည်သူက သူ့ကိုတော်တော် [...]
Filed under: Analysis | Leave a Comment »
Posted on April 30, 2009 by oothandar
မိုးမခဝက်ဆိုက်များကို ဗိုင်းရပ်ပိုးရှိသည်ဆိုပြီး ပိတ်ဆို့ခြင်းခံရ
မိုးမခအထောက်တော် ၀၀၁
ဧပြီ ၃၀၊ ၂၀၀၉
လွန်ခဲ့သည့် ၂ ပတ်ခန့်ကစပြီး အာရှတိုက်က မိုးမခပရိသတ်များနှင့် ၀ိုင်းတော်သား များက မိုးမခဝက်ဆိုက်များကို သွားရောက်လည်ပတ်လျင် ဗိုင်းရပ်စ်သတိပေး စာတမ်းများ ပေါ်ထွက်လာကြောင်း၊ မသွားရန် အတားမြစ်ခံရကြောင်း စသည်ဖြင့် ပြောဆိုခဲ့ကြသည်။
Filed under: Local News Headlines | Leave a Comment »
Posted on April 29, 2009 by oothandar
မြန်မာမိသားစု ကော်လိုရာဒိုက ပထမအကြိမ် သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲ ကျင်းပ
ကိုဦး
ဧပြီ ၂၉၊ ၂၀၀၉
ပထမအကြိမ် သက်ကြီးပူဇော်ပွဲ နှင့် မြန်မာစာပေ၊ ယဉ်ကျေးမှုသင်တန်း ဆုနှင်းပွဲကို ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့ရှိ ဓမ္မပါလဘုန်းတော်ကြီးကျောင်းတွင် ဧပြီလ ၂၆ ရက်နေ့က ကျင်းပခဲ့သည်။
ဆွမ်းအလှူရှင် ၁၂ ဦး လှူဒါန်းသည့် စုပေါင်းဆွမ်းဖြင့် သံဃာတော်များအား ဆွမ်းကပ်ခြင်းနှင့် အပူဇော်ခံ အဘိုး အဘွား (၁၀) ဦးတို့အား နံနက်စာလှူဒါန်း ပြီးနောက် ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များ နံနက်စာ သုံးဆောင်ခဲ့ကြ သည်။
Filed under: News in Photos | Leave a Comment »
Posted on April 29, 2009 by oothandar
ကန့်သတ်နယ်မြေမှ ထွက်ခွာသူ ထောင် ၁ နှစ်ကျ
မိုးမခ အထောက်တော် ဝဝ၈
ဧပြီ ၂၉၊ ၂ဝဝ၉
အဖမ်းမခံရမီ ၁ နှစ်အလိုက NLD ရုံးရှေ့တွင် တွေ့ရသော ဦးအောင်ဖေ (ဓာတ်ပုံ – အေအေပီပီ)
Filed under: Local News Headlines | Leave a Comment »
Posted on April 29, 2009 by oothandar
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ
ဂျာနယ်ဂြိုလ် သာဂိ
ဧပြီ ၂၉၊ ၂၀၀၉
ဘီဂျလိမုန်တိုင်း ရခိုင်ပြည်ကို အဖျားခတ်၊ ရခိုင်သင်္ကြန် ရန်ကုန်မှာ ၆ ကြိမ်မြောက် ကျ။
မဟာစည်အဖွဲ့ချုပ်မှာ ယောဂီ ၃ ထောင် တရားအားထုတ်။
မိုးလေဝသဆရာကြီး ဒေါက်တာထွန်းလွင်နှင့် အင်တာဗျူး။
မြေကမ္ဘာနေ့အထိမ်းအမှတ် ရန်ကုန်က ဟိုတယ်များ မီး ၁ နာရီ ဖြတ်၍ ကျင်းပ။
မြန်မာနိုင်ငံမှာ ပီအေစီစင်တာပေါင်း ၄၆၀ ကျော် ဖွင့်လှစ်ပြီး။
မော်လမြိုင်အောက်ဈေးကြီး ၇ လ နဲ့ အပြီးဆောက်မည်။
ပြည်ပဆန်အဝယ်လိုက်၍ ဧည့်မထများ ဈေးမော့ပြီ။
အဝေးသင် အဘိဓမ္မာသင်တန်း မြန်မာနိုင်ငံမှာ ပထမဦးဆုံး ကျင်းပမည်။
ပဲခူးတိုင်း မြို့နယ် ၅ ခုမှာ မိုဘိုင်းဖုန်း အလုံး ၆၀၀၀ [...]
Filed under: Journals Digest | Leave a Comment »
Posted on April 29, 2009 by oothandar
ငါးကျမ်းပြန်သာသနာ့ရိပ်သာ၏ နာဂစ်သင့်မိဘမဲ့ကလေးသူငယ်များစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့
၂၀၀၉ ခုနှစ်အတွက် လစဉ်အလှူငွေများ ထည့်ဝင်ကြရန် မေတ္တာရပ်ခံ
မိုးမခ အထောက်တော် ၀၀၂
ဧပြီ ၂၉၊ ၂၀၀၉
မေလ ၂ ရက်နေ့တွင် နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခဲ့သည်မှာ တနှစ် လည်ခဲ့ပြီ ဖြစ်သည်။ စေတနာရှင်များ၊ ကုသိုလ်ရှင်များက နာဂစ်သင့်ဒုက္ခသည်များ ကို အခက်အခဲမျိုးစုံကြားက ကိုယ်ထူကိုယ်ထ တယောက်တလက် ကူညီခဲ့ကြသည့် အတွက် ဒုက္ခသည်ပေါင်း သိန်း ၂၀ ကျော်ကို ပထမ ၆ လအတွင်း တတ်အားသမျှ ထပ်မံ မပျက်စီး၊ မသေပျောက်သွားအောင် စောင့်ရှောက်နိုင်ခဲ့သည်ဟု ဆိုနိုင်ပါ သည်။
နောက် ၆ လပိုင်းတို့တွင် အစိုးရအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးက ဆက်လက်ပြီး စောင့်ရှောက်မှု၊ ကူညီမှုနှင့် [...]
Filed under: Local News Headlines | Leave a Comment »
Posted on April 29, 2009 by oothandar
မြန်မာကလေးငယ် ၂ ဦး အိမ်မှ ပျောက်ဟု ဆို
စီးတီးနယူးဆားဗစ်၊ အယ်လ်အေ၊ အယ်ဟမ်ဘရာ
ဧပြီ ၂၈၊ ၂၀၀၉
(Alhambra) ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က မြန်မာကလေး ၂ ဦး အိမ်က ကျုရှင်သို့အသွား လမ်းတွင် ပျောက်ဆုံးသွားသည်ဟူ ဆိုသည်။ ယခု ပုလိပ်တပ်ဖွဲ့ တို့က လိုက်လံရှာဖွေနေသည်ဟု သိရသည်။
Filed under: Overseas Burmese | Leave a Comment »
Posted on April 29, 2009 by oothandar
၂၀၀၉ အင်န်အယ်ဒီ ပါတီညီလာခံ ကျင်းပ
ဓာတ်ပုံသတင်း
ဧပြီ ၂၉၊ ၂၀၀၉
ဧပြီလ ၂၈၊ ၂၉ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင် အင်န်အယ်ဒီ ပါတီညီလာခံ ကျင်းပသည်။ စည်းရုံးရေးတာဝန်ခံများ၊ ဗဟိုအမှုဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်သည်။ ပါတီ မူဝါဒများ၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်တို့ကို ဆွေးနွေးကြသည်။ ၂၀၁၀ ရွေးကောက်ပွဲအပေါ် သဘောထားကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။ ကိုးရီးယားရှိ ကိုရန်နိုင်ထွန်းပေးပို့သော ပါတီညီလာခံက အဖွင့်မိန့်ခွန်းတခုကို တင်ဆက်လိုက်ပါသည်။
Filed under: News in Photos | Leave a Comment »
Posted on April 29, 2009 by oothandar
Mar Mar Aye Foundation opening ceremony with
Burmese Children playing Traditional Classics in Piano
(Dated – 13th December 2008)
April 29th, 2009
Filed under: VDO News | Leave a Comment »
Posted on April 29, 2009 by oothandar
နာဂစ်အလွန် တနှစ်ခရီး မပြီးဆုံးသေးတဲ့ ဒုက္ခသည်ဘ၀များ
ဝင်းမြတ်
ဧပြီ ၂၉၊ ၂၀၀၉
တည်ဆောက်ဆဲ ကျေးရွာလမ်းမြင်ကွင်း
ဘုန်းကြီးကျောင်းအ၀င် စင်္ကြံလမ်းပေါ်မှာ ခင်းထားတဲ့ တာပေါ်လင်စပေါ်မှာ ဒူးတစ်ချောင်းထောင်ပြီးထိုင်နေတဲ့ ကိုသိန်းလင်း(၄၂ နှစ်) က သူ့လက်ထဲက သတင်းစာစက္ကူနဲ့လိပ်ပတ်ထားတဲ့ ဆေးလိပ်ကို တရှိုက်မက်မက်ဖွာနေတယ်။
နေပြည်တော်မြန်မာ့အသံကနေ ဘစ်ဂျလီ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ ဒီရေ သုံးပေကနေ ငါးပေ တက်နိုင်တယ်လို့ ကြေငြာချက်ကိုကြားပြီး သူနေထိုင်ရာ ကွင်းပေါက်ရွာကနေ လပွတ္တာမြို့ပေါ်ကို တက်လာတာဆိုတော့ ငါးရက်ရှိပြီပေါ့။ ကွင်းပေါက်ကျေးရွာဟာ လပွတ္တာမြို့နယ်တောင်ဖက်စွန်းမှာ တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ထိစပ်နေတဲ့ရွာတစ်ရွာဖြစ်ပါတယ်။
Filed under: Nargis, News Features | Leave a Comment »