Posted on May 31, 2009 by oothandar
ကျွန်မမောင်လေးကို မကယ်နိုင်ကြတော့ဘူးလား
နိုင်လင်းအောင်၊ ရန်ကုန်
မေ ၃၁ရက်၊ ၂၀၀၉
´´ကျွန်မ မောင်လေး သက်လွင်ကို ရှာပေးကြပါ အုတ်တွေကြားမှာ အသက်ရှုကျပ်ပြီး သေရပါတော့မယ်´´ လို့ နီရဲနေတဲ့ မျက်ဝန်းတွေက မျက်ရည်တွေစီးကျပြီး ယူကျုံးမရဖြစ်နေတဲ့ အမဖြစ်သူ မကေသီက ကယ်ဆေးရေးလုပ်သားတွေကို ပြောနေတာပါ။
သူမရဲ့ မောင်ဖြစ်သူ မောင်သက်လွင်မှာ မေလ ၃၀ ရက်နေ့ နေ့လည် ၂နာရီ မိနစ် ၅၀ တွင် ရုတ်တရက် ပြိုကျပျက်စီးခဲ့သော ဒလမြို့နယ်ရှိ ဓနုတ်စေတီတော်ကြီးဉ် လုပ်အားပေး နေ့စားအလုပ် သမားတဦးဖြစ်ပါတယ်။ အလုပ်ချိန် တပိုင်းလျှင် ၂၀၀၀ ကျပ်ဖြင့် ၀င်ရောက်လုပ်ကိုင်နေသည့် အချိန်တွင် ပြိုကျခြင်းကြောင့် အုတ်ကြိုးပဲ့များ အောက်တွင် ပိနေကာ ၂၄နာရီ ကြာသည်အထိ ရှာမတွေ့သေးဟုလည်း [...]
Filed under: Local News Headlines, News Features | Leave a Comment »
Posted on May 31, 2009 by oothandar
ဗိုလ်ချုပ် အေးမြင့်က နိုင်ငံတကာကို ခြိမ်းခြောက်ပြောဆို
ဓာတ်ပုံသတင်း
မေ ၃၁၊ ၂၀၀၉
အိမ်အတွင်းသို့ လူတယောက် ၀င်ရောက်မှုကို အာဏာပိုင်များ မသိရန် ဖုံးကွယ်ထားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲရန်မှအပ အခြားနည်းလမ်းမရှိကြောင်း
ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် အေးမြင့်က စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ညီလာခံတခုတွင် ပြောဆို လိုက်သည်။ အဆိုပါ ညီလာခံတက်ရောက်သူများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် သူ့အား ၀ိုင်းဝန်း ဖိအားပေးကြသည်။ သို့သော်လည်း ဗိုလ်ချုပ် အေးမြင့်က ပြည်တွင်းရေးကိစ္စတခုကို ဥပဒေအရ ဆောင်ရွက်ခြင်းသည် ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းမရှိကြောင်း ပြန်လည် တုံ့ပြန်လိုက်သည်။ ၀င်ရောက်စွက်ဖက်ကြမှသာ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကို ထိခိုက်လာမည်ဟု ပြောလိုက်သည်။
ထောင်တွင်း တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသော အမှုသည် အနည်းဆုံး [...]
Filed under: News in Photos | Leave a Comment »
Posted on May 31, 2009 by oothandar
သက်တမ်း ၂၀၀၀ ကျော် ဓနုတ်စေတီပြိုကျ၊ လူ ၂ ဦး သေဆုံး
ဓာတ်ပုံသတင်း
မေ ၃၁၊ ၂၀၀၉
အပျက်အစီးများ ရှင်းလင်းနေပုံ
ရန်ကုန်မြို့ပြင်ရှိ ဓနုတ်စေတီပြိုကျမှုတွင် လူ ၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရာကြောင်း လုံခြုံရေးအရာရှိတဦးကို ကိုးကားပြီး အေပီသတင်းဌာနက ရေးသားလိုက်သည်။ ဓနုတ်စေတီသည် သက်တမ်း နှစ်ပေါင်း ၂၃၀၀ ရှိသည်ဟု ဆိုသည်။ ငြမ်းဆင်ပြီး ပြန်လည် မွမ်းမံစဉ် ယမန်နေ့က ပြိုကျခြင်း ဖြစ်သည်။ (ဓာတ်ပုံ-မိုးမခ)
Filed under: News in Photos | Leave a Comment »
Posted on May 31, 2009 by oothandar
ဓနုတ်စေတီ ပြိုသည့် သတင်း မဖော်ပြရန် ညွှန်ကြားထား
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၃၁ရက်၊ ၂၀၀၉
မေလ ၃၀ရက် စနေနေ့ မွန်းလွဲပိုင်းတွင်ပြိုကျခဲ့သည့် ဓနုတ်စေတီနှင့် ပတ်သက်သည့် မည်သည့် သတင်းမှ ဖေါ်ပြခြင်း မပြုရန် စာပေစိစစ်ရေးက သတင်းဂျာနယ်တိုက်များသို့ အသိပေးထားသည်ဟု ရန်ကုန်မြို့မီဒီယာ အသိုင်းအ၀ိုင်းထံမှ သိရသည်။
အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်လည်း ဖေါ်ပြသည်ကို မတွေ့ရှိရဘဲ၊ ဘရာဇီးလ် နိုင်ငံတွင် တာတမံ ကျိုးပေါက်ပြီး လူ၎ ယောက်သေဆုံးသည့် သတင်းနှင့် နိုင်ဂျီးရီးယားနိုင်ငံတွင် လေယာဉ်ပျက်ကျပြီး လူ ၂ ဦး သေဆုံးသည် ဆိုသည့် နိုင်ငံတကာ သတင်းမျိုးကိုသာ ဖေါ်ပြထားသည်။
Filed under: Burma News Headlines | Leave a Comment »
Posted on May 31, 2009 by oothandar
ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက်မနည်း ဆေးရုံတင်ထားရ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၃၀ရက်၊ ၂၀၀၉
ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ဓနုတ်ကျေးရွာတွင် တည်ရှိသော ဓနုတ်စေတီ ပြန်လည်ပြင်ဆင် နေစဉ် ပြိုကျရာမှ ရေတပ်သား အပါအ၀င် ၅၀ ဦးထက်မနည်း ဆေးရုံတင်ထားရပြီး လူရာဂဏန်းနှင့် ချီဒဏ်ရာရရှိ ကြောင်းကြားသိရသည်။
ယနေ့ နေ့လည် ၂နာရီ ၃၀မိနစ် ၀န်းကျင်က ရှေးဟောင်းစေတီကို ပြန်လည်ပြင်ဆင်လျက် ရှိသည့် ဓနုတ်စေတီ ပြိုကျရာတွင် လုပ်အားပေး လုပ်ကိုင်နေသည့် ရေတပ်မှ စစ်သားအများအပြား နှင့် နေ့စားအလုပ်သမားများနှင့် ရွှေသံလွင် ကုမ္ပဏီမှ ဆောက်လုပ်ရေး အလုပ်သမားများ ဒဏ်ရာရရှိခဲ့ကြောင်း ဒလမြို့မှ လာသော သတင်းများအရ သိရသည်။
Filed under: Local News Headlines | Leave a Comment »
Posted on May 31, 2009 by oothandar
မေလ စာကိုး စကားကိုး
မေ ၃၀၊ ၂၀၀၉
“ကုမ်ရာသီဖွားမိန်းမတစ်ယောက် ဆိုတာကို သူတို့ရဲ့ ၀တ်စား ဆင်ယင်ပုံ ကြည့်တာနဲ့ကို သိနိုင်တယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ ၀တ်ချင်မှဝတ်မယ်။ ကိုယ်နဲ့အဆင်ပြေတယ်ထင်ရင် ၀တ်လိုက်တာပဲတဲ့။ (အဲဒါတော့မှန်တယ်။ ဥပမာ… ဖက်ရှင်ဖြစ်နေတဲ့ ဒေါက်ကြီးစီးပြီး အရမ်းတော့ လှနေပါရဲ့၊ ခြေနာလို့ ထော့နဲ့နဲ့ကြီးဖြစ်နေတာမျိုး၊ Paris Hilton လို လှချင်လို့ လှည်းဘီးမျက်မှန်ကြီးဝတ်ပြီး မမြင်မစမ်းဖြစ်နေတာမျိုးတော့ မဖြစ်လိုဘူး၊ ကိုယ်နဲ့အဆင်ပြေပြီး လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စားဆင်ယင်ပုံကို နှစ်သက်တာတော့ အမှန်ပဲ)”
အိမ့်ချမ်းမြေ့၊ ဘလော်ဂါ
ainchannmyay.com၊ မေ ၂၈
Filed under: Quotable Quotes | Leave a Comment »
Posted on May 31, 2009 by oothandar
ရန်ကုန်မြို့လယ် လမ်းမများ ရေမြှုပ်
ဓာတ်ပုံသတင်း
မေ ၃၀၊ ၂၀၀၉
ယမန်နေ့က ရေကြီးနေသော ရန်ကုန်မြို့လယ် တနေရာ။
ရေမြောင်းများ ပိတ်ဆို့နေသဖြင့် မိုးရွာသွန်းပြီးနောက် လမ်းပေါ်သို့ ရေကြီးရေလျှံရခြင်းဖြစ်သည်။ (ဓာတ်ပုံ-reuters)
Filed under: News in Photos | Leave a Comment »
Posted on May 31, 2009 by oothandar
ကရင်အမျိုးသမီးတဦးကို စစ်သားများက အုပ်စုလိုက် အဓမ္မကျင့်
စောသိန်းမြင့် (ကေအိုင်စီ)
မေ ၂၉၊ ၂၀၀၉
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထီးဆဲလယ်ကျေးရွာမှ ရွာသူ ကရင် အမျိုးသမီးတဦးအား မေလ (၂၅)ရက်နေ့တွင် နအဖ ခလရ(၂၈၃) တပ်ရင်းက အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ထိုနေ့နံနက် (၉)နာရီ အချိန်ခန့်တွင် အသက် ၃ဝနှစ်ရှိ ထီးဆဲလယ်ရွာသူ တဦးကို တိုက်ကင်းလှည့်လည်နေသည့် အမှတ်(၂) စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ဗိုလ်ကြီးဌေးဝင်း ဦးဆောင်သည့် စစ်ကြောင်း(၂)၊ ခလရ(၂၈၃)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခဲ့ကြောင်း နယ်မြေခံတဦးက ကရင်သတင်းစဉ်ကို ပြောသည်။
Filed under: Burma News Headlines | Leave a Comment »
Posted on May 31, 2009 by oothandar
မတရားမှုမှန်သမျှ မုချကျဆုံးရမည်
အောင်သာငယ်
မေ ၃၀၊ ၂၀၀၉
သမိုင်းဆိုင်ရာ အကြောင်း တစုံတရာကို ပြောဆိုမည်ဆိုလျှင် ခိုင်မာသော အချက်အလက် လိုလေသည်။ အဘယ့်ကြောင့်ဆိုသော် သမိုင်းသည် ဒဏ္ဍာရီ မဟုတ်။ သမိုင်းသည် နတ်သမီး ပုံပြင်မဟုတ်။ သမိုင်းသည် ယုံတမ်းစကား မဟုတ်။ သမိုင်းသည် တကယ် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အချိန်ကာလ အလိုက် အဆင့်ဆင့် မှတ်တမ်း တင်ခြင်းသာ ဖြစ်သောကြောင့် ဖြစ်လေသည်။ သမိုင်းတွင် ချစ်ခြင်း၊ မုန်းခြင်းများ မပါ။ စိတ်ဆန္ဒများ မပါ။ သမိုင်းတွင် အဖြစ်အပျက်များသာ ပါလေသည်။ စိတ်ကူးယဉ် မဟုတ်သော တကယ်စင်စစ် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသာ ပါလေသည်။
Filed under: Op-Ed | Leave a Comment »
Posted on May 31, 2009 by oothandar
Lock ကျသွားသည့်မနက်ခင်း
မျိုးမြင့်ချို
မေ ၃၀၊ ၂၀၀၉
ဒုက္ခသည်စခန်းက တဲကလေးကိုခွဲခွာချိန် တံခါးအပိတ်မှာ ပြန်လှည့်မကြည့်ဖြစ်အောင် သတိထားပြီး လက်နောက်ပြန်ဖြင့် ပိတ်လိုက်ဖြစ်သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုးသယ်ဆောင် ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါးတချပ်တော့ ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့် တံခါးများစွာအနက် သည်ဒုက္ခသည် ဆိုသည့် တံခါးကား ပိတ်ရသိပ်ခက်ခဲမည်မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင် မမှန်ကြောင်း ယခုသိလာရပြီ။
ကျနော် အရှေ့သို့လားရင်း အနောက်သို့ စုန်ခဲ့ပါသည်။
Filed under: Thoughts | Leave a Comment »