Posted on June 27, 2009 by oothandar
မစပယ်နှင့် သူ၏ မေမေ
လောအယ်စိုး
ဇွန် ၂၇၊ ၂၀၀၉
ဟုတ်ကဲ့..သူမကို ကျနော် မစပယ်လို့ ခေါ်ပါရစေ။ လောကကြီး၏ အကြောင်းနှင့် မိမိ၏ ဘ၀အမှန်ကို ဘာတခုမျှ ရေရေရာရာ သိပုံမရသော၊ သိခွင့်လည်းရမည် မထင်သော အဖြူရောင်ဘ၀ကို ပိုင်ဆိုင်ထားသူ အမျိုးသမီးတဦးပါ။
တခါတရံ သူမ၏ မျက်နှာပြင်ပေါ်ဝယ် အပြုံးရောင်ခြည်များ လင်းလက်နေတတ်သလို တခါတရံမှာလည်း တိမ်စိုင်မဲမဲတွေပမာ ညိုးနွမ်းကာ ညိုပုတ်သွားပြန်သည်။
၎င်း၏နှုတ်မှလည်း အမြဲလိုလို “ ဘုရား … ဘုရား … ကယ်ပါ … ကယ်ပါ”
“သူတို့တတွေ ဘာတွေ လုပ်ကြဦးမှာလဲ”
“ငါ့သား … ပိန်သွားပြီ”
“အိမ်ကို သတိရတယ်”
ဆိုသည့် စကားလုံးများကို ထပ်ကာ ထပ်ကာ ရေရွတ်နေတတ်သည်။
Filed under: Overseas Burmese | Leave a Comment »
Posted on June 27, 2009 by oothandar
ကာတွန်း နေမျိုးအေး – ဗိုလ်ချုပ်တွေက များ
ဇွန် ၂၇၊ ၂၀၀၉
Filed under: Cartoon Box | Leave a Comment »
Posted on June 27, 2009 by oothandar
ပဒိုမန်းရှာကိုလုပ်ကြံသူဟု သတင်းကြီးသူ DKBA ဗိုလ်ဆန်ပြုတ် ကျဆုံး
နန်းဖော့ဂေ (ကေအိုင်စီ)
ဇွန် ၂၆၊ ၂၀၀၉
တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်မဟာ(၉၉၉)၏ တပ်ရင်းမှူး တဦး ဖြစ်သူ ဒုဗိုလ်မှူးကြီးစံပြုံး (ဗိုလ်ဆန်ပြုတ်)သည် ဇွန်လ (၂၆)ရက်နေ့ ယနေ့တွင် ရေလမ်းခရီး၌ ခြုံခို တိုက်ခိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားသည်ဟု နယ်စပ်မှလာသည့် သတင်းများအရ သိရသည်။
၎င်းသည် ယမန်နှစ်က KNU အတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်းကို လုပ်ကြံသူများထဲတွင် ပါဝင်ကြောင်း ထင်ကြေးပေးခံရသူ ဖြစ်သည်။
Filed under: Burma News Headlines | Leave a Comment »
Posted on June 26, 2009 by oothandar
ရန်ကုန်ရှုခင်း ဇွန်လ စတုတ္တပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဇွန် ၂၆၊ ၂၀၀၉
မြောက်ကိုးရီယား သင်္ဘောနဲ့ နအဖ
ဒီတပတ် စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတပုဒ်ကတော့ မြောက်ကိုးရီးယား နိုင်ငံရဲ့ လက်နက်တင်တဲ့ သင်္ဘောတစင်း မြန်မာနိုင်ငံ ကိုဦးတည်လာနေတယ် ဆိုတဲ့သတင်း နိုင်ငံတကာ သတင်းတွေမှာ ဖေါ်ပြနေကြတဲ့ ကိစ္စပါ။ သီတင်းပတ် အစပိုင်းမှာ ထွက်ရှိတဲ့ မြန်မာနယူးစ် ၀ိခ်၊ ပြည်မြန်မာ သတင်းဂျာနယ် တွေရဲ့ နိုင်ငံခြားသတင်းကဏ္ဍမှာ မြောက်ကိုးရီးယား သဘောင်္တစင်းကို အမေရိကန် ရေတပ်သင်္ဘော ယူအက်စ်အက်စ် မက်ကိန်းက နောက်ယောင်ခံလိုက်နေတဲ့ သတင်းတွေ ဖေါ်ပြထားတာ ကိုဖတ်ရှုရပေမယ့် သီတင်းပတ်ကုန်ခါနီး မှာတော့ ဘယ်ဂျာနယ်ကိုမှ ထိုသတင်းဖေါ်ပြခွင့် မပြုတော့ပါဘူး။
Filed under: News Features | Leave a Comment »
Posted on June 26, 2009 by oothandar
ကာတွန်းဦးဖေသိန်းသို့ နှုတ်ဆက်စကား
ဟံသာဝတီ ဦးဝင်းတင်
ဇွန် ၂၆၊ ၂၀၀၉
(ဆရာကြီး ကာတွန်းဦးဖေသိန်း ဈာပန ဧည့်မှတ်တမ်းက ကူးယူပါတယ်။ မည်သူကိုမျှ ခွင့်မတောင်းခဲ့ပါ)
ဒီနေ့မနက်စောစော သတင်းဆိုးကြီး ကြားရတယ်ဗျာ။ စိတ်မကောင်း ဖြစ်လိုက်ရတာ။ ကာတွန်းဆရာကြီး ဦးဖေသိန်းတယောက် ကွယ်လွန်ရှာတယ်လေ။ သင်္ခါရတရားအတိုင်း ဖြစ်ရတဲ့ကိစ္စလို့ ဆိုရပေမယ့် ကျနော်တို့လို အလွန်ရင်းနှီးချစ်ခင် လက်တွဲလှုပ်ရှားခဲ့ကြသူတွေ အနေနဲ့ကတော့ ဖြေဆည်ဖို့ အတော်ခက်တဲ့ ခံစားမှုများ ဖြစ်ပေါ်ရတယ်ဗျာ။
Filed under: Memories, U Win Tin | Leave a Comment »
Posted on June 26, 2009 by oothandar
ကာတွန်း (ဦး) ဖေသိန်း – ကော်နဲ့ကပ်ထားတယ်
၈ လေးလုံး အရေးတော်ပုံအတွင်းက ရေးဆွဲခဲ့သည့် ကာတွန်း
(ကောင်းကင်အင်တာနက်မဂ္ဂဇင်းက ကူးယူပါတယ်)
ဇွန် ၂၅၊ ၂၀၀၉
Filed under: Cartoon Box | Leave a Comment »
Posted on June 26, 2009 by oothandar
ကာတွန်း ဟန်လေး – အကြမ်းဖက်သမားများကို အကြမ်းမဖက် ဆန့်ကျင်ကြ
ဇွန် ၂၆၊ ၂၀၀၉
Filed under: Cartoon Box | Leave a Comment »
Posted on June 26, 2009 by oothandar
ကာတွန်းဆရာကြီး (ဦး) ဖေသိန်း ကွယ်လွန်ခြင်း သတင်းမေးသူပရိသတ်များနှင့်စည်ကား
မိုးမခ ဓာတ်ပုံသတင်း
ဇွန် ၂၆၊ ၂၀၀၉
စစ်အုပ်စု၏ စစ်ပုလိပ်များ၊ သတင်းပေးများက မျက်ခြေမပြတ်စောင့်ကြည့်ပြီး ဧည်သည်အ၀င်အထွက်ကို မှတ်တမ်းတင်နေသည့်ကြားက ပြည်သူချစ်သည့် စာနယ်ဇင်းကာတွန်းနှင့် ကလေးရုပ်ပြ ကာတွန်းဆရာကြီး (ဦး)ဖေသိန်း၏ ဈာပနသို့ သတင်းလာမေးကြသူများ၊ ကျန်ရစ်သူမိသားစုကို အားပေးလာကြသူများနှင့် စည်ကားလျက်ရှိသည်။
Filed under: News in Photos | Leave a Comment »
Posted on June 25, 2009 by oothandar
ဂျွန်ယက်တော ၀င်ရောက်သည့်အမှုကို နောက်ကွယ်မှ လုပ်ကြံမှုအဖြစ် စွပ်စွဲ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇွန် ၂၅၊ ၂၀၀၉
ရန်ကုန်မြို့တွင် ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် နအဖ အစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သည့်ကိစ္စ၏ နောက်ကွယ်တွင် ပြည်ပမှ အတိုက်အခံ အဖွဲ့အစည်း တခုခု၏ ကြိုးကိုင်မှုကြောင့်ဖြစ်နိုင်သည်ဟု ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက စွပ်စွဲလိုက်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ဟံသာဝတီလမ်းရှိ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အထိမ်းအမှတ်ပြတိုက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်ပသတင်းဌာန ကိုယ်စားလှယ်များ၊ ပြည်တွင်း သတင်းဂျာနယ်တိုက်များမှ သတင်းထောက်များအပြင် သံတမန်များကိုပါ မဖိတ်ကြားစဖူး ဖိတ်ကြားခဲ့သည်ကို တွေ့ရသည်။
Filed under: Local News Headlines | Leave a Comment »
Posted on June 25, 2009 by oothandar
မြန်မာ့လူနေမှုစနစ်က မကယ်နိုင်တော့သည့် လောကကို အရှုံးပေးသွားသူ
နိုင်လင်းအောင်
ဇွန် ၂၅၊ ၂၀၀၉
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ စာပေဗိမာန် အဆောက်အဦ အပေါ်ထပ်တွင် မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၏ စည်းဝေးရှိသဖြင့် လိုအပ်သည့် စားပွဲခုံများကို ပြင်ဆင်နေသည်။ လိုအပ်သည့် ပြင်ဆင်မှုများ လုပ်ဆောင်ပြီးသည့်အခါ ရုံးအဖွဲ့မှူး ဖြစ်သူ ဦးမြင့်လွင်သည် သူ့စားပွဲတွင်ထိုင်ပြီး မှတ်စုတခုရေး နေသည်ကို ရုံးမှ အခြားလုပ်ဖော်ကိုင်ဖက်များက မြင်တွေ့မိကြသည်။
နံနက် ရုံးလာစဉ်ကလည်း မျက်နှာမကောင်းသဖြင့် လုပ်ဖော်ကိုင်ဖက် ၏တဦးက နေမကောင်းခြင်း ဖြစ်လိမ့်မည်ဟု ယူဆမိကြသည်။ သို့ရာတွင် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် သူထိုင်နေရာ စာပွဲတွင် မမြင်တွေ့ရတော့။
Filed under: Op-Ed | Leave a Comment »