Win Tin and activists show support for Aung San Suu Kyi

ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများ ထောင်ရှေ့သို့သွား
ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို အင်းစိန်ထောင်တွင်း စီရင်ချက်ချမည့် သတင်းကြောင့် ထောင်ရှေ့သို့ ရောက်လာသော ဦးဝင်းတင် နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတချို့ကို ယနေ့ နံနက်က တွေ့ရပုံ။ လုံထိန်းများကလည်း ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပေါ်လာပါက နှိမ်နင်းရန် အသင့်ပြင်ထားကြသည်ကို တွေ့ရသည်။ (ဓာတ်ပုံများ – AP & Reuters )

Chit Thu Wai in maxi dress

ကိုယ်ဝန်ဆောင်အဖြစ် သရုပ်ဆောင်သည့် မိုဒယ်
ဓာတ်ပုံသတင်း
ဇူလိုင် ၃၁၊ ၂၀၀၉

ကြော်ငြာတခုတွင် ကိုယ်ဝန်သည်အဖြစ် သရုပ်ဆောင်ထားသော မိုဒယ် ချစ်သုဝေ။
လာမည့် ၁၀ ရက်နေ့သည် ချစ်သုဝေ၏ ၂၅ နှစ်မြောက် မွေးနေ့ ဖြစ်သည်။ ချစ်သုဝေသည် ရန်ကုန်မြို့ ကန်တော်လေးတွင် နေထိုင်သည့် ဆရာဝန်၊ မော်ဒယ်၊ အဆိုတော်တဦးဖြစ်သည်။ ၂၀၀၂ခုနှစ်တွင် အစ်မဖြစ်သူ ချစ်ဆုဝေ နှင့် တွဲဖက်ပြီး သီဆိုထားသည့် “သို့ ဖေဖေ နဲ့ မေမေ” အမည်ရှိ သီချင်းခွေ ထွက်လာသည်။ ၂၀၀၂ မှ ၂၀၀၆ အတွင်း သီချင်းခွေ ၆ ခွေ ထွက်ရှိခဲ့ပြီးဖြစ်သည်ဟု People မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

Before July 31, Numerous Burmese Activists detained by Burmese secret police

ဇူလိုင် ၃၁ – တရားရုံးချိန်းမတိုင်မီ အဖမ်းခံရသူ ၂၃ ဦး စာရင်းရသည့်အနက်မှ ၂ ဦး ပြန်လွတ်လာဟု ဆို
မိုးမခအထောက်တော် ၀၀၉
ဇူလိုင် ၃၁၊ ၂၀၀၉
ပြည်တွင်းက ပေးပို့သော သတင်းအရ ဒီမိုကရေစီရေးအတွက် ရပ်တည်လှုပ်ရှားသူများ ယမန်နေ့ညက အများအပြား မြန်မာပြည်အနှံ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည်ဟု သိရသည်။ ယမန်နေ့ညက ဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးလိုက်သူ ၂ဦးမှာ – မြောက်ဥက္ကလာ မှ ဒေါ်နော်အုန်းလှ နှင့် စမ်းချောင်း မှ ဦးညွှန့်လှိုင် (အောင်လံအမတ်) ဟု ဆိုသည်။ ဆက်လက်ရရှိသော အဖမ်းအဆီးစာရင်းများကို တင်ပြပေးသွားမည်ဟု သတင်းပေးပို့သူက အကြောင်းကြားထားသည်။ ယခုလတ်တလော စာရင်းလက်ခံရသည့် စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်း ခံထားရသူ ၂၁ ဦးမှာ အောက်ပါအတိုင်းဖြစ်သည်။

Than Soe Hlaing – July 31st or …

ဇူလိုင် ၃၁ သို့မဟုတ် …
သန်းစိုးလှိုင်
ဇူလိုင် ၃၁၊ ၂၀၀၉
နံနက် ၈နာရီ ခွဲ ရန်ကုန်၏ နံနက်ခင်းမှာ ပုံမှန်နေ့ တနေ့ဟု ထင်ရသော်လည်း အချို့သူများကတော့ ယနေ့ကို တစုံတရာ ဖြစ်ပျက်နိုင်သည့် နေ့တနေ့ အဖြစ်ထင်မှတ် လျက်ရှိသည်။ မနေ့ညနေမှ စပြီး သည်းသည်းမဲမဲ ရွာသည့်
ရန်ကုန်မိုးသည် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမှတ်မည့် နံနက်တွင် တိတ်ဆိတ်နေပြီး အုံ့အုံ့ဆိုင်းဆိုင်းနှင့် တချက်တချက် နေရောင်ပင် မြင်နေရသည်။ လမ်းပေါ်တွင် သွားလာနေသည့် လူအများ၏ စိတ်ထဲတွင် ဒီနေ့တော့ ဒေါ်စုကို အမိန့်ချလိမ့်မယ်၊ ဘာများဖြစ်ဦးမလဲ စသည့်အတွေးများလည်း တွေးမိနေကြသည်။

လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင်တော့ ယူနီးဖောင်း တောက်ပြောင်လျက်ရှိသည့် လုံထိန်းရဲ ၃ယောက်မှာ လက်ဖက်ရည်သောက် နံနက်စာစားပြီး ဗိုက်ဖြည့်နေကြသည်။ ဆူးလေ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံတွင်တော့ [...]

Trial on DASSK postponed again to 11th August

ဒေါ်အောင်ဆန်းစုကြည် တရားရုံးချိန်း သြဂုတ်လ ၁၁ သို့ ထပ်မံရွှေ့ဆိုင်း
အေပီသတင်း
ဇူလိုင် ၃၁၊ ၂၀၀၉
တရားရုံးက ၀န်ထမ်းတဦး၏ အဆိုအရ ဒေါ်စုရုံးချိန်းကို သြဂုတ်လ ၁၁ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု ဆိုသည်။ ၎င်းသည် တရားရုံးအတွင်းသို့ ၀င်ရောက်ခွင့်ရသူ မဟုတ်သဖြင့် တရားရုံး၏ အသေးစိတ်အဖြစ်အပျက်ကို မပြောနိုင်ပေ။ အင်းစိန်ထောင်တရားရုံး ပြင်ပတွင် လုံခြုံရေးထူထပ်စွာ ချထားပြီး အတိုက်အခံများ၊ စာနယ်ဇင်းသမားများနှင့် နိုင်ငံရေးစိတ်ဝင်စားသူ လူထုတို့ကလည်း ရောက်ရှိနေသည်ဟု သိရသည်။

SPDC loves to point the finger

ရေကြည်နောက်သတဲ့ … မေစုရေ
မိုးသော်သိန်း
ဇူလိုင် ၃၁၊ ၂ဝဝ၉
ဝံပုလွေက အပြစ်မဲ့သူ သိုးငယ်ကို ရေကြည်နှောက်သည်ဟု အပြစ်ရှာသည်။ သိုး ငယ် ကပြန်၍ ပြောသည်။ ‘ရေကြည်နှောက်ဖို့ နေနေသာသာ- ရေထဲသို့ပင် မဆင်းရသေး’ ဝံပုလွေကအပြစ် ရှာကြံ ညစ်တွန်း တွန်းပြီးသားပေမို့ ‘မင်းမနှောက်လည်း မင်းအမေက နှောက်မှပဲ’ ဟု မရှိသောအပြစ် အတည်သဘော ဖြစ်အောင် ရှာကြံလီဆယ်သည်။ ဝံပုလွေ၏ စိတ်ပိုင်းဆိုင်ရာ အကျင့်စရိုက် (psycho-logical propensity) မှ ပြဌာန်းချက် အရ သိုးငယ်မှာ အပြစ်ရှိလေပြီ။ မောဟအမှောင်ကို အားကိုးလို့ ဥပဒေပြု စီရင်သည်ကား ‘ လှုပ်လှုပ် – မလှုပ်လှုပ် မင်းမှာ အပြစ် ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း သက်စွန့်ကြိုးပမ်းခဲ့သည်ကိုမှ မထောက်၊ ဝံပုလွေတို့ အခုလို [...]

Aung Way – 31st July

31st JULY

Black Friday
Or
Bloody Friday.
Let’s strike
It must be “Fightday”.

Aung Way
(July 30th 2009)

31st JULY

Black Friday
Or
Bloody Friday.
Let’s strike.
It must be” Fightday”.

Aung Way
(July 30th 2009)

Regime cracking down illegal lottery

နှစ်လုံးထီ လောင်းကစား ဖမ်းဆီးနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇူလိုင် ၃၁၊ ၂၀၀၉
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ မြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် တရားမ၀င် ၂လုံး၊ ၃လုံးထီ (ချဲထီ) လောင်းကစား သူများကို စီမံချက်ဖြင့် ထောက်လှမ်းဖမ်းဆီးနေကြောင်း ရန်ကုန်မြို့ရှိ လောင်းကစား ဒိုင်နှင့် ထိုးသားများက ပြောဆိုသည်။

Cartoon Maung Yit – The End of Burmese Justice System

ကာတွန်း မောင်ရစ် – မြန်မာပြည်ဥပဒေကြောင်း၏ အဆုံး
ဇူလိုင် ၃၀၊ ၂၀၀၉
Cartoon Maung Yit – The End of Burmese Justice System

baby born in the bus

ကိုယ်ဝန်သည် တဦး ဘတ်စ်ကားစီးနေစဉ် ကလေးမွေး
ဓာတ်ပုံသတင်း
ဇူလိုင် ၃၀၊ ၂၀၀၉

ရန်ကုန်မြို့မှ ကိုယ်ဝန်သည် တဦးသည် ဘတ်စ်ကားစီးနေစဉ် ကလေးမွေးဖွားခဲ့သည်။ ဇွန်လ ၁၇ ရက်နေ့က ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ လမ်းနီ မှတ်တိုင်အနီးသို့ ရောက်စဉ် မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုအမျိုးသမီးမှာ မင်္ဂလာဒုံမြို့နယ် ကုန်းတလပေါင်ရွာမှ အသက် ၂၉ နှစ်အရွယ် မဇင်ဇင်လတ်ဖြစ်သည်။ (news and photo: 7 Days journal)