ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရ
အေပီသတင်းဌာန
ဇူလိုင် ၃၊ ၂၀၀၉
အေပီသတင်းဌာန
ဇူလိုင် ၃၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်ရရေး တောင်းဆိုချက်ကို စစ်အစိုးရခေါင်းဆောင်က လက်မခံကြောင်း မြန်မာပြည်ရောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောသည်။
ဘန်ကီမွန်းသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ၂ နာရီကြာ တွေ့ဆုံခဲ့သည်။
ဘန်ကီမွန်းက မနက်ဖန် စနေနေ့ မြန်မာပြည်မှ မပြန်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မျှော်လင့်နေဆဲဖြစ်သည်ဟု ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်လို့ ဆိုတော့ တရားရင်ဆိုင်နေရတယ်လို့ သူက ပြောတယ်။ ဒါနဲ့ ကျနော်က ပြောလိုက်တယ်၊ ကျနော် တွေ့ချင်တယ်၊ အရေးကြီးတယ်၊ တွေ့ခွင့် ရမရ အဖြေကို စောင့် နေမယ် လို့ ပြောလိုက်တယ်” ဟု ဘန်ကီမွန်းက သတင်းထောက်များကို ရှင်းပြသည်။
Filed under: Burma News Headlines


