U.N.’s Ban rebukes generals over Daw Suu

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ဘန်ကီမွန်းက စစ်ဗိုလ်ချုပ်များကို အပြစ်တင်
AFP သတင်းဌာန
ဇူလိုင် ၄၊ ၂၀၀၉

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်မပေးသည့် စစ်ဗိုလ်ချုပ်များက ယနေ့ လူသိရှင်ကြား ပြစ်တင် ဝေဖန်လိုက်သည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး လှုပ်ရှားခွင့် ပြုသင့်သည်ဟု သူက ဆိုသည်။

သံတမန်များ၊ အစိုးရအရာရှိများ၊ NGO အဖွဲ့များ၊ အစိုးရနှင့် အတိုက်အခံ နိုင်ငံရေးသမားများ ပါဝင်သည့် အရေအတွက် ၅၀၀ ၀န်းကျင်ရှိ ပရိသတ်ကို မိန့်ခွန်းပြောရာတွင် ထိုသို့ ဝေဖန်လိုက်ခြင်း ဖြစ်သည်။

ဘန်ကီမွန်း မိန့်ခွန်းပြောစဉ် ပရိသတ်က လက်ခုတ်သြဘာ မပေးသော်လည်း ပရိသတ်အတွင်း တီးတိုး ပြောဆိုနေကြသည်။

ဘန်ကီမွန်းသည် သူ၏ မြန်မာပြည် ၂ ရက် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည် ရုံးတင် တရားစွဲဆိုခံနေရကြောင်း၊ သူ့အား သွားရောက် တွေ့ဆုံပါက တရားစီရင်ရေး စနစ်အား အနှောက်အယှက် ဖြစ်စေနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြောင်းပြခဲ့သည်။

Leave a Reply

You must be logged in to post a comment.