ဘန်းကီမွန်းက ဗိုလ်ချုပ်မှူးကြီးနှင့် ထပ်တွေ့မည်
AFP သတင်းဌာန
ဇူလိုင် ၄၊ ၂၀၀၉
AFP သတင်းဌာန
ဇူလိုင် ၄၊ ၂၀၀၉
မြန်မာပြည်ရောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရခေါင်းဆောင်နှင့် ဒုတိယအကြိမ် တွေ့မည်ဖြစ်သည်။
ယမန်နေ့က ပထမအကြိမ် တွေ့ဆုံကြရာတွင် ဘန်ကီမွန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ရန်၊ အတိုက်အခံတို့နှင့် ဆွေးနွေးစကားပြောရန် တိုက်တွန်းလိုက်သည်။
ယနေ့ နံနက် ၉း၃၀ နာရီတွင် ထပ်မံ တွေ့မည်ဟု ကုလသမဂ္ဂ ပြောခွင့်ရ Marie Okabe က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ခွင့်ရရေး သူ၏ တောင်းဆိုချက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခွင့်ပြုမည် မပြုမည်မှာ မသေချာသေးပါ။
Filed under: Burma News Headlines


