Posted on August 31, 2009 by oothandar
မီယာဇာကီရဲ့ ကလေးလူကြီးအသည်းစွဲတဲ့ စိတ်ကူးယဉ်ကာတွန်းရုပ်ရှင်များ
ပွင့်ဖြူနန္ဒာ (မောင်ရစ် ဘာသာပြန်တယ်)
သြဂုတ် ၃၁၊ ၂၀၀၉
ဒီတခါလည်း မီယာဇာကီတို့ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ သူက အလွန်ကို ချစ်စရာကောင်းလှတဲ့ အယ်နမီ (anime) ကာတွန်းရုပ်ရှင်တပုဒ် ဖန်ဆင်းလိုက်ပြန်ပါတယ်။ သည်တကြိမ်မှာ လူသား ကောင်လေး ဆိုစကီး နဲ့ ငါးသူငယ်မလေး ပိုညိုတို့ရဲ့ စွန့်စားခန်းတွေလို့ ဆိုပါတယ်။ ရုပ်ရှင်နံမည်က ငါးသူငယ်မလေးနံမည် – ပိုညို ပါတဲ့။ အနောက်တိုင်းကလေးပုံပြင်တခုဖြစ်တဲ့ ရေသူမပုံပြင်ကို ဈန်ဝင်စားပြီးတော့ မီယာဇာကီက သူရဲ့ အနုပညာမှော်အတတ်နဲ့ ဂျပန်တို့ရဲ့ အငွေ့အသက် ရှုခင်း ရနံ့တွေနဲ့ “ပိုညို” ကို ဖန်ဆင်းလိုက်တာဖြစ်ပါတယ်။
Filed under: Reviews | Leave a Comment »
Posted on August 31, 2009 by oothandar
ကိုးကန့်ဒေသ တိုက်ပွဲများအကြောင်း စစ်အစိုးရ ဖွင့်ချပြီ
မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၃၁၊ ၂ဝဝ၉
တိုက်ပွဲများ ဖြစ်ပွားခဲ့ရခြင်းမှာ နယ်စပ်ရှိ ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးရာမှ စတင်ခဲ့ကြောင်း၊ ၎င်းတို့ကို သွားရောက် ကယ်ဆယ်စဉ် ကိုးကန့်တပ်ဖွဲ့က စတင် ပစ်ခတ်သဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း ရေးသားထားသည်။ တိုက်ပွဲမှာ ၃ ရက် ကြာခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲအတွင်း “တပ်မတော်သား ကျဆုံး ၁၁ ဦး၊ ဒဏ်ရာရ ၃၄ ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကျဆုံး ၁၅ ဦး၊ ဒဏ်ရာရ ၁၃ ဦး၊ ဦးဖုန်ကြားရှင်ကို သစ္စာခံသော ကိုးကန့်တပ်ဖွဲ့ဝင်များမှ အလောင်းရှစ်လောင်း” ကို တွေ့ရသည်ဟု ဆိုသည်။
Filed under: Burma News Headlines | Leave a Comment »
Posted on August 31, 2009 by oothandar
ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂၁)
၁၉၈၈ – ရှစ်လေးလုံးအရေးတော်ပုံ (ဒုတိယပိုင်း)
အောင်ဝေး
သြဂုတ် ၃၀၊ ၂၀၀၉
မြန်မာနိုင်ငံ အမျိုးသား လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု သမိုင်းမှာ အစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းသား သမဂ္ဂဟာ စစ်အစိုးရရဲ့ ဖိနှိပ် ချေမှုန်းမှုတွေ အောက်မှာ ၁၉၇၆ မှိုင်းရာပြည့် နောက်ပိုင်း တိမ်မြုပ်နေခဲ့ရပေမဲ့ ၁၂နှစ်ကြာတဲ့ အချိန် ၁၉၈၈ – ရှစ်လေးလုံး အရေးတော်ပုံကြီးမှာတော့ ကျောင်းသား သမဂ္ဂ ပြန်လည် ပေါ်ထွန်းလာခဲ့ပါပြီ။
မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီဇွန်တို့ ဦးဆောင်တဲ့ ဗကသဟာ ၈၈ – ဒီမိုကရေစီ အရေးတော်ပုံမှာ တပ်ဦးက ပါဝင်ခဲ့တာကို တွေ့ရမယ်။ ဗကသရဲ့ ဦးဆောင်မှုနောက်မှာ ပြည်သူလူထု တစ်ရပ်လုံး [...]
Filed under: Aung Way | Leave a Comment »
Posted on August 31, 2009 by oothandar
ရယ်လိုက်ရတာ ဖတ်ဖတ်မော
ဇာနည်ဝင်း
သြဂုတ် ၃၀၊ ၂၀၀၉
ယိုးဒယား ရုပ်မြင်သံကြား နံပတ် ၇ လိုင်းမှာ ရယ်စရာ ကောင်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတို အစီအစဉ်တွေ လာတတ်တယ်။ ရဲတပ်ဖွဲ့ဝင်တွေ ကြုံရတတ်တာတွေပါ။ ဖြစ်နေတဲ့ အချိန်မှာ ရိုက်ထားတာတော့ မဟုတ်ဘူး၊ ဇာတ်လမ်းဆင်ပြီး စိတ်ဝင်စားအောင် တင်ဆက်ထားတာတွေ။ တခါလွှင့်ရင် ဇာတ်လမ်း လေးငါးခု ပေါင်းပြီး လွှင့်တတ်တယ်။ စကားနားလည်တဲ့ သူနဲ့ အတူ ကြည့်ထားသမျှတွေထဲက ပြန်ပြောရရင် – –
Filed under: Lighter Side | Leave a Comment »
Posted on August 31, 2009 by oothandar
မိုးမခတောထဲက သတင်းအပိုင်းအစများ
နိုင်ငံတကာ အဆင့်မီ၊ စိစစ်ရေးရုံး၊ ကာတွန်းဆရာ အကြံပြုချက်၊ လက်နက်ငယ် အဖွဲ့ ၃၀
အဝေးကြည့်မှန်ပြောင်း
သြဂုတ် ၃၀၊ ၂၀၀၉
စိစစ်ရေးရုံးက နေပြည်တော်ကို အထိမခံ
ခုတလော လေထန်ကုန်း၊ လေအန်ကုန်း လက်ဖက်ရည်ဆိုင်များမှာ ပြောနေကြတဲ့ထဲမှာ နေပြည်တော် အကြောင်းလည်း ပါပါတယ်။
ဂျာနယ် တစောင်က မထည့်မနေရ နိုင်ငံတော်ဆောင်းပါး တပုဒ်ရဲ့ ခေါင်းစည်း မဆိုစလောက် မှားသွားတယ် တဲ့။
ဟုတ်ပါတယ်၊ ရွှေပြည်တော် မျှော်မဝေးပြီမို့ ဆိုတဲ့ လူမဖတ်တဲ့ ဆောင်းပါးရှည်ကြီးမှာပါ။ “ရွှေပြည်တော်” အစား “နေပြည်တော်” လို့ စာစီစာရိုက် ချို့ယွင်းသွားတာပါ။
Filed under: Burma News Headlines | Leave a Comment »
Posted on August 31, 2009 by oothandar
အယောက် ၃၀ မြောက် ၀က်တုပ်ကွေး လူနာ ရန်ကုန်တွင် ရောဂါပိုး ကူးစက်ခဲ့ပုံရ
မိုးမခ အထောက်တော် ၀၀၄
သြဂုတ် ၃၀၊ ၂၀၀၉
ရန်ကုန်တွင် အယောက် ၃၀ မြောက် H1N1 တုပ်ကွေး ဝေဒနာသည်ကို တွေ့ရသည်ဟု ယနေ့ထုတ် မြန်မာ သတင်းစာများတွင် ရေးထားသည်။
ယခင်က ရောဂါပိုး တွေ့သူများမှာ နိုင်ငံခြား တိုင်းပြည်များမှ လေကြောင်းခရီးဖြင့် ပြန်လာကြသူများဖြစ်သည်။ သို့သော် အဆိုပါ အယောက် ၃၀ မြောက် ပုဂ္ဂိုလ်မှာ ပြည်ပခရီးမှ ပြန်လာသူဖြစ်ကြောင်း ဖော်ပြမထားပေ။
Filed under: Burma News Headlines | Leave a Comment »
Posted on August 31, 2009 by oothandar
အမေရိကန်ဆန့်ကျင်ရေးအရှိန်ကို စစ်အစိုးရ လျှော့ချနေပြီ
မိုးမခ အထောက်တော် အမှတ် ၀၀၁
သြဂုတ် ၃၀၊ ၂၀၀၉
အမေရိကန်အပေါ် မကောင်;မြင်မှုများကို အသားပေးသည့် ဖော်ပြချက်များကို
ပြီးခဲ့သည့် ကြာသပတေးနေ့အထိ သတင်းစာများတွင် တွေ့ရသည်
မြန်မာသတင်းစာများတွင် “အမေရိကန် နှင့် အပေါင်းအပါတပ်ဖွဲ့ဝင်များ” ၏ လက်ချက်ကြောင့် အီရတ်၊ အာဖဂန်နစ္စတန် နိုင်ငံတို့တွင် အရပ်သားများ ဒဏ်ရာရ သေဆုံးကြသည့် အရေအတွက်များ ဖော်ပြနေခြင်းကို သောကြာနေ့က စတင်ပြီး ရပ်ဆိုင်းလိုက်သည်။
Filed under: Local News Headlines | Leave a Comment »
Posted on August 29, 2009 by oothandar
မိုးမခရဲ့ သြဂုတ်လ စာကိုး စကားကိုး
သြဂုတ် ၂၉၊ ၂၀၀၉
“မောင်ဝိတ်ကို အာဏာပိုင်တွေက မျက်နှာသာပေးပြီးတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ပေးဖတ်တယ်။ အဲ့တော့ ကိုဖိုးတုတ်က သူတို့ကိုလည်း ပေးဖတ်ဖို့ တောင်းဆိုတာကို အရာရှိ ကျော်ဇေယျယု က မင်းတို့ ၅ ည တွေကို သေအောင် သတ်ပစ်လို့ ရတယ် ဆိုပြီး ခြိမ်းခြောက်လိုက်တယ်။ ဘယ်သူ့ကို ဆိုလိုတာလည်းလို့ ပြန်မေးတော့ အရာရှိ ကျော်ဇေယျယုက မင်းတို့ နိုင်ငံရေးသမားတွေကို ပြောတာတဲ့”
ခန္တီးထောင်ရောက် နိုင်ငံရေးအကျဉ်းသား ကိုဖိုးတုတ်၏ မိသားစု နှင့် နီးစပ်သူတဦး
DVB အသံလွှင့်ဌာန၊ သြဂုတ် ၂၁
Filed under: Quotable Quotes | Leave a Comment »
Posted on August 29, 2009 by oothandar
ကိုးကန့်ဒေသတိုက်ပွဲ တရုတ်ဘက်မှ တဦး သေဆုံး
ဓာတ်ပုံသတင်း
သြဂုတ် ၂၉၊ ၂၀၀၉
မြန်မာပြည် ကိုးကန့် ဒေသမှ ထွက်ပြေးလာသော အရပ်သားတချို့ကို တရုတ်နိုင်ငံဘက်တွင် ယနေ့ တွေ့ရသည့် မြင်ကွင်း။
မြန်မာ့တပ်မတော် နှင့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အကြား ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာသူပေါင်း သုံးသောင်းအထိ ရှိသည်ဟု ကုလသမဂ္ဂသို့ ရောက်လာသည့် စာရင်းများက ဆိုသည်။
Filed under: News in Photos | Leave a Comment »
Posted on August 29, 2009 by oothandar
အမေရိကန်က မြန်မာ့အရေး ကွင်းဆင်းပြီး အချက်အလက် စုနေ
ဓာတ်ပုံသတင်း
သြဂုတ် ၂၉၊ ၂၀၀၉
ယမန်နေ့က အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် ဆက်သွယ်ရေး အရာရှိ Lynne Well နှင့် အဖွဲ့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးသို့ သွားရောက်ပြီး မြန်မာပြည်ရေးရာများကို ဆွေးနွေးခဲ့သည်။ ဤအတောအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အမေရိကန် သံရုံး နှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ရုံးကလည်း မြန်မာ့အရေး လှုပ်ရှားသူများကို ဖိတ်ခေါ်ပြီး ထိုသို့ ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ စစ်အစိုးရကို စီးပွားရေး ပိတ်ဆို့သည့် နည်းဖြင့် အရေးယူထားသည့် အမေရိကန်အစိုးရက ၎င်းတို့၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည် သုံးသပ်မည်ဟု ကြေညာထားသည်။ (ဓာတ်ပုံ-AP)
Filed under: News in Photos | Leave a Comment »