Htet Htet’s son passes away

ထက်ထက်မိုးဦး၏သားငယ် သေဆုံး
ဓာတ်ပုံသတင်း
စက်တင်ဘာ ၃ဝ၊ ၂ဝဝ၉

ယမန်နှစ်က ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ အမျိုးသမီးအတတ်သင်ကျောင်းသို့ အလှူငွေ ပေးအပ်နေသော မင်းသမီး ထက်ထက်မိုးဦး (ဓာတ်ပုံ-ရွှေအမြုတေ)
ထက်ထက်မိုးဦးသည် ယခုလ ၂၀ ရက်နေ့က သားယောက်ျားလေးတဦး ဖွားမြင်ခဲ့ကြောင်း၊ သို့သော်လည်း ကလေးသည် မွေးဖွားပြီး စက္ကန့်ပိုင်းအတွင်း သေဆုံးသွားကြောင်း အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

return of Yazar Nay Win

ပြန်လည် သရုပ်ဆောင်မည့် ကောလိပ်ဂျင်နေဝင်း၏သား
ဓာတ်ပုံသတင်း
စက်တင်ဘာ ၃၀၊ ၂၀၀၉
ရာဇာနေဝင်းက သူ့ဖခင် ပါဝင်ခဲ့သည့် “လူဇော်” ဇာတ်ကားကို ပြန်လည် ဆန်းသစ်ရိုက်ကူးရာတွင် ၀င်ရောက် သရုပ်ဆောင်မည်ဟု ယခုလထုတ် people မဂ္ဂဇင်းတွင် ဖော်ပြထားသည်။ “ကျွန်တော် သရုပ်ဆောင်အလုပ်နဲ့ နည်းနည်းဝေးနေတဲ့ အချိန်မှာ ဖေဖေ့ရဲ့ ကက်ဆက်ခွေတွေကို ပြန်နားထောင်ဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီဇာတ်ကားရိုက်ဖို့ လာငှားတာနဲ့ ကြုံသွားတယ်။ ဒီကားမှာ ဖေဖေရဲ့ အပြောကို ပရိသတ်တွေက အရမ်း အားပေးတော့ ဖေဖေ့ကားမှာ ဖေဖေ့ပုံစံလေး သရုပ်ဆောင်ပြချင်ပါတယ်” ဟု people သို့ ပြောလိုက်သည်။

Moemaka quotes on September ( part two )

မိုးမခ၏ စက်တင်ဘာလ စာကိုး၊ စကားကိုး (ဒုတိယပိုင်း)
စက်တင်ဘာ ၃ဝ၊ ၂၀၀၉

မှတ်ချက် – နှစ်သက်ဖွယ် ကောင်းသော ပြောကြား ရေးသားချက်များကို ကောက်နှုတ် ဖော်ပြခြင်း ဖြစ်သည်။ နှစ်သက်ဖွယ် မကောင်းသော အချက်များလည်း တခါတရံ ပါဝင်နိုင်ပါသည်။ မူရင်း သတ်ပုံများအတိုင်း ပြန်လည် ဖော်ပြပါမည်။

“မြို့ထဲရောက်တာနဲ့ မွန်းကျပ်နေအောင်ခံစားရတယ်။ အဓိကကတော့ မီးစက်တွေကထွက်တဲ့ အငွေ့တွေနဲ့ မော်တော်ကားတွေက ထွက်တဲ့ မီးခိုးတွေကြောင့်၊ နောက် စားသောက်ဆိုင်တွေဆီက အငွေ့တွေနဲ့ မြို့လယ်ကောင်ဆို လေကစ ပူနေပြီး အနံ့တွေနဲ့ မွန်းနေတာပဲ။ သတိပြုမိကြရင် ဆူးလေနဲ့ အနီးတစ်ဝိုက်က အခြားမြို့နယ်တွေထက် ပိုပူတယ်။ နာဂစ်တုန်းက သစ်ပင်ကြီးတွေ ပြိုကုန်တာကြောင့်လည်းပါတယ်။ ကျွန်တော့်အမြင်တော့ သစ်ပင်တွေ ပြန်စိုက်ရုံနဲ့တင် မလုံလောက်နိုင်တော့ဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့ အရာတွေကို [...]

on the way back

အပြန်လမ်း
အောင်ဝေး
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

ဒီမှာတော့
ကိုယ်တို့က အိမ်ပြန်ချင်သူတွေပေါ့။
လမ်းဖြတ်ကူးတိုင်း
ဇာတိလွမ်းစိတ်ချင်း တိုးမိတိုက်မိ။
အိပ်မက်ထဲ
ပိတောက်ပွင့်မဆုံး။

Ko Aung Win passes away

မြက်ခင်းစိမ်းနဲ့တဲငယ်လေး၏ ပူးတွဲဖန်တီးရှင် ကွယ်လွန်
မိုးမခအထောက်တော် အမှတ် ဝဝ၆
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

“မြက်ခင်းစိမ်းနဲ့တဲငယ်လေး” သီချင်းကို ပူးတွဲရေးသားခဲ့သူ ကိုအောင်ဝင်းသည် စက်တင်ဘာ ၂၃ ရက်နေ့က ကျောက်ပန်းတောင်းမြို့ နေအိမ်တွင် ကွယ်လွန်သွားသည်ဟု ယမန်နေ့က ထုတ်ဝေသည့် အလင်းတန်း ဂျာနယ်တွင် ဖော်ပြထားသည်။ အသက် ၅၁ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ကိုအောင်ဝင်းသည် နာမည်ကျော် အဆိုတော် ခင်မောင်တိုး သီဆိုခဲ့သည့် ဝေးခဲ့ပြီပန်းခရမ်းပြာ၊ အမှတ်တရအဆိပ်တက်၊ ပန်းပျိုးလက် တို့ကိုလည်း သီချင်းရေးဆရာ ကိုရဲလွင်နှင့် ပူးတွဲ ရေးသားခဲ့သည်ဟု သိရသည်။

Rangoon media goes online

ရန်ကုန်မှ ဂျာနယ်နှင့် မဂ္ဂဇင်း အများအပြား အွန်လိုင်းပေါ် ရောက်ပြီ
မိုးမခအထောက်တော် အမှတ် ဝဝ၆
စက်တင်ဘာ ၂၉၊ ၂၀၀၉

ရန်ကုန်အခြေစိုက် စာနယ်ဇင်း အများအပြားကို အင်တာနက်မှ အခမဲ့ကြည့်ရှုနိုင်ပြီဖြစ်သည်။
ယခုလတွင် ပုံစံသစ်ဖြင့် ပြန်လည်ထွက်ရှိလာသည့် ပေဖူးလွှာ မဂ္ဂဇင်းကလည်း ထွက်သည့်လမှာပင် PaePhuhLwarMagazine.asia တွင် စိုစိုပြေပြေဖြင့် ရောက်ရှိနေကြောင်း တွေ့ရသည်။

commercial for Thadingyut period

ရာသီစာ ကြော်ငြာ
ဓာတ်ပုံသတင်း
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

ယခုတပတ်ထုတ် အလင်းတန်းဂျာနယ် မျက်နှာဖုံးမှ ကြော်ငြာတခုတွင် သရုပ်ဆောင်ထားကြသည့် နေတိုး နှင့် အိန္ဒြာကျော်ဇင်။
နေတိုး၏ ဝတ်စုံမှာ ရှမ်းတိုင်းရင်းသား ဝတ်စုံဖြစ်ပြီး အိန္ဒြာကျော်ဇင်၏ ဆံထုံးမှာ ရှမ်းစော်ဘွားမျိုးနွယ်များ အသုံးပြု ပြင်ဆင်လေ့ရှိသည့် ပုံစံဖြစ်သည်ဟု မိတ်ကပ် ခင်စန်းဝင်းကို ကိုးကားပြီး အလင်းတန်းဂျာနယ် သတင်းတပုဒ်တွင် ဖော်ပြထားသည်။ သီတင်းကျွတ်ကာလ မင်္ဂလာဆောင်ပွဲများ ကျင်းပကြမည့်အချိန်တွင် သတို့သမီးဝတ်စုံလုပ်ငန်း၊ မင်္ဂလာပွဲ အကျိုးဆောင်လုပ်ငန်းများက စာနယ်ဇင်းတချို့တွင် ကြော်ငြာလျက်ရှိသည်။။

Thit Kaung Eain – Songs for Cho Too

ကိုချိုတူး ဆိုခိုင်းလို့
ကျနော် ဆိုညည်းနေကျ သီချင်းတွေ
သစ်ကောင်းအိမ်
စက်တင်ဘာ ၂၉၊ ၂၀၀၉
ငယ်နာမည် ဝဏ္ဏ
လူညံ့တွေနဲ့အမဲလိုက်တမ်းမကစားဘူး
မိန်းမမြတ် တယောက်ကို ချစ်တတ်တယ်
သေခြင်းတရားနဲ့လက်ထပ်ပြီး
သေရည်ပြင်းပြင်းကြိုက်တယ်
စိတ်ရှည်ရှည် မထားနိုင်တဲ့နှစ်တွေမှာ
ဆံပင်ရှည်ထားခဲ့သမျှ
ကိုယ့် တောစီးဖိနပ်ရဲ့အမှတ်တံဆိပ်က တောင်တန်းများ
ကိုယ့်ဂျင်းဘောင်းဘီက လောကဓံရှစ်ပါး အာမခံ
ကဗျာက ငါ့နိုင်ငံတော်အလံ

registered vehicles in Burma

သတင်းထဲက ဂဏန်းများ
မြန်မာနိုင်ငံမှာ ကား ဘယ်နှစ်စီး ရှိသလဲ
စက်တင်ဘာ ၂၉၊ ၂ဝဝ၉

၂ သန်း ဝန်းကျင်

ရန်ကုန်မြို့လယ်မှ ကားတချို့ (photo: kunming.cn)
ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ပြီးခဲ့သည့်လ စာရင်းများအရ မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ နှစ်သန်းကျော် ရှိနေသည်။

Daw Suu sent Letter to Than Shwe

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပို့
မိုးမခဓာတ်ပုံသတင်း
စက်တင်ဘာ ၂၉၊ ၂၀၀၉
ယမန်နေ့က အင်န်အယ်ဒီပါတီ၏ ထုတ်ပြန်ချက်များအရ ပါတီခေါင်းဆောင်၊ အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်စုခေါင်းဆောင် ဗိုလ်သန်းရွှေထံ စက်တင်ဘာ ၂၅ ရက်စွဲဖြင့် စာရေးသား ပေးပို့ခဲ့သည်ဟု သိရသည်။ ၎င်းစာတွင် မြန်မာပြည်အား အရေးယူပိတ်ဆို့ခြင်း ခံထားရမှုတို့ကို ရုတ်သိမ်းနိုင်စေရေးအတွက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ ထိုအရေးတွင် ၂ ဖက်စလုံး (စစ်အုပ်စုနှင့် အရေးယူသူများ) ၏ အခြေအနေကို နားလည်နိုင်စေရန် မိမိကို ဆောင်ရွက်ခွင့်ပြုစေလိုကြောင်း၊ ပါတီ၏ သဘောထားကိုလည်း ရယူလိုကြောင်း တောင်းဆိုထားသည်ကို တွေ့ရသည်။