Cartoon Maung Yit – 2010 Cartoon Series

ကာတွန်းမောင်ရစ် – ၂၀၁၀ ရွေးကောက်ပွဲမှာ အားလုံး ရယ်ဒီပဲ (အမတ်အလောင်းတွေက လွဲလို့)
အောက်တိုဘာ ၃၁၊ ၂၀၀၉

Myat Noe Khin – 2012 and Nibiru Hoax

၂ဝ၁၂ နှင့် နိဘီရု ပဋိပက္ခ
မြတ်နိုးခင်

အောက်တိုဘာ ၃ဝ၊ ၂ဝဝ၉

အခုတလော ရောက်လာတဲ့ forward မေးလ်တွေထဲမှာ ၂ဝ၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ကမ္ဘာပျက်မယ် ဆိုတာတွေချည်း ဖြစ်နေပါတယ်။ မေးလ်တစောင်မှာတော့ မြန်မာပြည်က နာမည်ကြီး ဗေဒင်ဆရာ တယောက်ရဲ့ အင်တာဗျူးကိုပါ တွဲပြီး ပို့လာတယ်။
ဆရာကြီးက “ကမ္ဘာကြီး တခုလုံး ပျက်မယ်။ ကမ္ဘာတဝှမ်းလုံးက နက္ခဗေဒ ပညာရှင်လေ့လာသူတွေ သိတယ်။ သိပ္ပံပညာရှင်တွေက အစ သိတယ်။ အင်တာနက်မှာလည်း ပြန့်နေတာ” တဲ့။ လူတွေ ချစ်ချစ်ခင်ခင် နေသင့်တယ်လို့ ဆရာကြီးက တိုက်တွန်းသွားတယ်။

Burmese Event at the West Coast

ကယ်လီဖိုးနီးယားအရပ်က အမျိုး ဘာသာ သာသနာအတွက် ပွဲလမ်းများ
မိုးမခရွာဆော်ကြီး
အောက်တိုဘာ ၃၀၊ ၂၀၀၉
နိုဝင်ဘာ ၇ မှာ ဆောက်သ်ဆန်ဖရန်စစ္စကို အထက်တန်းကျောင်းတွင် ချင်းတိုင်းရင်းသားတွေရဲ့ ကူညီမှုရန်ပုံငွေပွဲ တခု ရှိပါတယ်။ ငတ်မွတ်ခေါင်းပါးတဲ့ဘေး ကျနေတဲ့ ချင်းပြည်က ပြည်သူတွေကို ကူဖို့ အလှူခံတဲ့ အစားအသောက်ရောင်းချပွဲနဲ့ ဂီတပဒေသာ ဖြစ်ပါတယ်။ မြန်မာပြည်က အဆိုတော် ဆုံသင်းပါရ် လည်း ပါဝင်ဆင်နွှဲမယ် လို့ ကြော်ငြာထားပါတယ်။
နိုဝင်ဘာ ၂၂ မှာ ဆန်ဖရန်ဘေးဧရိယာက မြန်မာအမျိုးသားပေါင်းစုံ စုစည်းတဲ့ ကူညီမှု ရန်ပုံငွေပွဲ တခု ရှိပါတယ်။ မြန်မာပြည်က ဆင်းရဲဒုက္ခစုံ ကြုံတွေ့နေရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ကူညီထောက်ပံ့ဖို့အတွက် မြန်မာ့ယဉ်ကျေးမှု အက၊ အလှ ဖျော်ဖြေရေးပွဲတော် ဖြစ်ပါတယ်။ အစားအသောက်တွေလည်း ရန်ပုံငွေအတွက် ရောင်းချမယ်လို့ ဖော်ပြထားပါတယ်။

Khaing Mar Kyaw Zaw – Burmese at the Borders 2

နယ်စပ်လမ်းက ဝမ်းတထွာ ၂
ခိုင်မာကျော်ဇော
အောက်တိုဘာ ၂၉၊ ၂၀၀၉
ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့လေးကို နံနက်ဝေလီဝေလင်းအချိန်တိုင်း လှုပ်နှိုးနေသူ တွေကတော့ မဲဆောက်မြို့ကို ဈေးရောင်းထွက်ကြမယ့် ဈေးသည်တွေ ပါ။
ဈေးသည်တချို့က မဲဆောက်မြို့ကို  ထိုင်း-မြန်မာချစ်ကြည်ရေးတံတားပေါ်ကနေ ဝင်ရောက်ကြပြီး တချို့ဈေးသည် တွေက သောင်းရင်းမြစ်ကမ်းတလျှောက်က ခိုးပေါက်တွေကနေ ဝင်ရောက်ကြပါတယ်။

Journallist on the road – Rangoon View, last week of October

ရန်ကုန်ရှုခင်း – အောက်တိုဘာ စတုတ္ထပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
အောက်တိုဘာ ၂၉၊ ၂၀၀၉
ယာဉ်စည်းကမ်း ထိန်းသိမ်းရေး၊ ငွေနဲ့ အပေါက်ခံရတဲ့ ရန်ကုန် ယာဉ်ထိန်းရဲများ
ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ၄၃ လိုင်းထဲက ကားဒရိုင်ဘာဖြစ်သူက ကြားတောရလမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်း မီးပွိုင့်မရောက်ခင်မှာ စပယ်ယာဆီက နှစ်ရာကျပ်တန် တရွက် တောင်းလိုက်ပါတယ်။ အဲဒီနောက် နွမ်းနေတဲ့ နှစ်ရာတန်ကို ၆ ခေါက်၊ ၈ ခေါက်လောက် ခေါက်ချိုးပြီး ညာဘက်လက်မှာ အသင့် ကိုင်ထားလိုက်တယ်။ အချိန်က ညမှောင်ခါစ ၇ နာရီ သာသာပါ။ မီးပွိုင့်မှာ မီးနီစောင့်ရင်း ကားရှေ့ မီးကြီးကို တချက် ဖွင့်ပိတ်လုပ်ပြီး ယာဉ်ထိန်းရဲ ရုံလေးဘေးမှာ ထိုင်နေတဲ့ ယာဉ်ထိန်းရဲကို အချက်ပေးလိုက်ပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စကားတစီး (ဓာတ်ပုံ-မိုးမခ)

Wunna Khwar Nee

နာမည်ကျော် ဓာတ်ပုံဆရာက စီးပွားရေးကြော်ငြာတွင် သရုပ်ဆောင်
ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၈၊ ၂၀၀၉

ကြော်ငြာတခုတွင် တွေ့ရသော နာမည်ကျော် ဓာတ်ပုံ ဆရာ ၀ဏ္ဏခွာနီး၊ ၃ နှစ်သမီး ဖြူဇင်ကြယ်၊ ဇနီး သဇင်ကိုကို။ အသက် ၃၄ နှစ် ရှိပြီ ဖြစ်သော ရန်ကုန်သား VCD ဒါရိုက်တာ၊ ရုပ်သံကြော်ငြာဒါရိုက်တာ ၀ဏ္ဏခွာနီးသည် နာမည်ကျော် ဓာတ်ပုံဆရာ ဦးခွာနီး၏သား ဖြစ်သည်။

Pictures of Burmese Famous People Arists and People in Potraits Exhibition

ပန်းဆိုးတန်းဂယ်လရီမှာ ထင်ရှားသူမြန်မာများရဲ့ ပုံတူပန်းချီကားပြပွဲ ကျင်းပ
မိုးမခအထောက်တော် ၀၀၃
အောက်တိုဘာ ၂၉၊ ၂၀၀၉
အောက်တိုဘာ ၁၆ မှ ၃၁ အထိ ရန်ကုန်မြို့၊ ပန်းဆိုးတန်းဂယ်လရီ ပန်းချီခန်းမှာ ပေါ့ထရိတ်ပန်းချီ ပြပွဲတခု ခင်းကျင်းခဲ့ပါတယ်။ ထိုပွဲမှာ မြန်မာပြည်၏ စာရေးဆရာကြီး၊ ဆရာမကြီးများရဲ့ ပုံတူကားများ ဆီဆေး၊ ရေဆေးတို့နဲ့ အသွေးအရောင် စုံလင်စွာနဲ့ ရေးဆွဲတင်ဆက်ထားတဲ့ ထူးခြားတဲ့ ပြပွဲ ဖြစ်ပါတယ်။ ရေးဆွဲသူတွေက မောင်ငွေထွန်း၊ ပေါ်ဦးသက်၊ မောင်စိန်၊ ဦးသက်ညွန့်၊ ခင်မောင်ရင်၊ မောင်ညိုဝင်း၊ ၀သုန်၊ မောင်မောင်သိုက်၊ စံတိုး၊ ကျော်သောင်း၊ မောင်ကျော်ညွန့်၊ ယဉ်မင်းပိုက်၊ ကြီးမြင့်စော၊ ၀င်းဖေမြင့်၊ မုတ်သုန်၊ လှထွန်းအောင်၊ မမွှေး၊ ဘဌေးကြည်၊ [...]

Burmese Local Journalists and Volunteers arrested by the Burmese Regime

ကူညီရေး လုပ်ဆောင်သူ သတင်းထောက် အပါအ၀င် အနည်းဆုံး ၇ ဦး ဖမ်းဆီးခံရ
မိုးမခ အထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၂၉၊ ၂၀၀၉
အောက်တိုဘာ ၂၆နှင့် ၂၇ရက်နေ့များတွင် လင်းလက်ကြယ် အမည်ရှိ နာဂစ်ဒုက္ခသည် ကူညီရေး စေတနာ့ ၀န်ထမ်း လုပ်ကိုင်သူ လူငယ်အချို့နှင့် အတူအနည်းဆုံး ၇ဦးကို ဖမ်းဆီးထိမ်းသိမ်းထားကြောင်း နီးစပ်သူများ ၏ပြောဆိုမှုအရ သိရှိရသည်။

Burmese Artists bid farewell to Ni Ko Ye

စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ နီကိုရဲ ရဲ့ဈာပန မြင်ကွင်း
မိုးယံမခ
ရန်ကုန်၊ ၂၈ အောက်တိုဘာ ၂၀၀၉

နီကိုရဲ မကွယ်လွန်မီက ပုံ
စာပေမိတ်ဆွေများရဲ့ အမှတ်တရ နံရံကပ်စာမျက်နှာ
ဈာပန လက်ကမ်းစာရွက်

ဟာသစာရေးဆရာအဖြစ် အောင်မြင်ထင်ရှားခဲ့တဲ့ စာရေးဆရာ နီကိုရဲ ရဲ့ဈာပနကို ၂၀၀၉ အောက်တိုဘာ ၂၈ ရက် နေ့လည် ၂ နာရီက ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ မီးသဂြိုဟ်ပြီးစီးခဲ့ပါတယ်။
လိုက်ပါပို့ဆောင်ကြသူများအတွက် သင်္ဃန်းကျွန်း၊ သွားကောလိပ်ရှေ့ သွပ်ဝိုင်းကြီးရပ်ကွက်၊ မေတာ(၁)လမ်းရှိ အမှတ် ၂၀၃ နေအိမ်နဲ့ ၃၅ လမ်း၊ အထက်ဘလောက် လေထန်ကုန်း (၀ဇီရာရုပ်ရှင်ရုံရှေ့) မှ ဈာပနကားများ စီစဉ်ပေးခဲ့ပါတယ်။

My Academy Sein – Burmese Regime in Korean Mask

စစ်အစိုးရမျက်နှာဖုံးတပ်ထားတဲ့ ကိုရီးယားကားများ
သို့မဟုတ် စစ်အစိုးရရေးတဲ့ ဇာတ်ညွှန်း
မိုင်အကယ်ဒမီစိန်
အောက်တိုဘာ ၂၈၊ ၂၀၀၉

သာမန်လူနားမလည်နိုင်သော ယုတ်မာကောက်ကျစ်မှုများ၊ အကျင့်ဆိုးများ၊ ရှိရှိသမျှသော ဆိုးရွားကောက်ကျစ်မှုမျိုးစုံ သုံးကာ မြန်မာပရိသတ်နှလုံးသားကို ဆွဲယူသွားသည့် “မေတ္တာလမ်းဆုံ” ကိုရီးယားကားထဲက မင်းသမီး “မြောင်ဂျီ” ပါတဲ့ဗျား။
မြန်မာရုပ်ရှင်တွေထဲက လူကြမ်း အံ့ကျော်၊ အောင်ခိုင် တို့ပင် အရှုံးပေးရမည်။ မြန်မာပြည်က ဗီလိန်မင်းသမီးတွေ ခင်စိုးပိုင်၊ ဘေဘီနွဲ့ စသည်တို့ကိုသာ တွေ့ဘူး မြင်ဘူး ကြလေသောမြန်မာပရိသတ်ခင်မျာ မင်းသမီးမြောင်ဂျီကိုလည်း ကြည့်ရရော တခါတည်း လက်ဖျားရော ခြေဖျားပါ ခါရ ပါတော့သည်။