Private Hospital, Patient Rights and Justice

ရန်ကုန်ရှုခင်း – လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
နိုဝင်ဘာ ၃၀၊ ၂၀၀၉
ပုဂ္ဂလိက ဆေးရုံ၊ လူနာအခွင့်အရေးနှင့် တရားစီရင်ရေး
မကြာမီရက်ပိုင်းအတွင်းမှာ စာဖတ်သူတွေ စိတ်ဝင်စားဆုံး သတင်းတပုဒ်ကတော့ ခွဲစိတ် ဆရာဝန်တဦးရဲ့ ပေါ့ဆမှုကြောင့် ၁၅ နှစ်သမီးအရွယ် လူနာတဦးသေဆုံးခဲ့ရတယ် ဆိုတဲ့ သတင်းပါ။ အဖြစ်အပျက်က အောက်တိုဘာလကုန်မှာ ဖြစ်ပျက်ခဲ့ပြီး လူနာရဲ့ မိခင်ဖြစ်သူက အပတ်စဉ်ထုတ် ဂျာနယ်တွေတချို့ကို အချက်အလက်တွေပေးခဲ့တဲ့ နောက် လျှပ်တပြက်နဲ့ Weekly Eleven ဂျာနယ်တို့က သတင်းအဖြစ်ဖော်ပြခဲ့ကြတာပါ။
ဘာဖြစ်လို့ ၁၅ နှစ် အရွယ် မိန်းကလေးကို သွေးလွန်တုပ်ကွေးလား၊ အူအတက်ပေါက်တာလား ဆိုတာအတည်မပြုနိုင်သေးပဲ ခွဲစိတ်ခဲ့ရတာလဲ၊ မြန်မာနိုင်ငံက ပုဂ္ဂလိကဆေးရုံတွေရဲ့ အားကိုးစိတ်ချရမှု အနေအထားဟာ အဲဒီလောက်ထိ နိမ့်ကျနေသလား၊ ဆရာဝန်တွေဘက်ကရော လူနာတယောက်ရဲ့ အသက်ကို တန်ဖိုးမထားနိုင်ကြတော့ပဲ တရက်မှာ လူနာများနိုင်သမျှ များများ [...]

Aung Way – Guru 1 Year Poem

… … ကဲ့သို့ သော အမေ့ကဗျာများ
အောင်ဝေး
နိုဝင်ဘာ ၂၉၊ ၂၀၀၉

အမေ့အိမ်မှာ
ကျနော်က
နံရံကိုမှီထားတဲ့ ဂစ်တာ။
ဝေးသွားတဲ့အခါ
ဒေါင်းအလံပတ်ထားတဲ့
မောင်းပြန်သေနတ်ဟာ
ကျနော်ဖြစ်ခဲ့။

UMEH activities in N Oakalapa tsp

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က မြောက်ဥက္ကလာတွင် ဈေးကွက်ချဲ့ထွင်
ဝင်းမြတ်၊ ရန်ကုန်
နိုဝင်ဘာ ၃ဝ၊ ၂ဝဝ၉
မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ရပ်ကွက်တချို့တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တံဆိပ် ပါရှိသော မီတာဘောက်စ်များကို အာဏာပိုင်တို့၏ အစီအစဉ်ဖြင့် စနေနေ့က လိုက်လံ လဲလှယ် တပ်ဆင်နေကြောင်း သိရသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့မှ ဝန်ထမ်းများက ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ (ဇ) ရပ်ကွက်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၄င်းရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

USDA promotion in Rangoon (follow-up news)

ကြံ့ခိုင်ရေးအသင်းက လူထုငွေကြေးဖြင့် နာမည်ကောင်းယူ
တောင်ဒဂုံတွင် လမ်းပြင်ရန် ငွေကောက်
ဝင်းမြတ်၊ ရန်ကုန်
နိုဝင်ဘာ ၃ဝ၊ ၂ဝဝ၉

သောကြာနေ့က ပြုလုပ်သည့် ကြံ့ခိုင်ရေးအသင်း နှစ်ပတ်လည် အစည်းအဝေး ညစာစားပွဲတွင် တွေ့ရသော အသင်းဝင်များနှင့် ဗိုလ်ချုပ်ကြီးများ
ကြံ့ခိုင်ရေးအသင်းက လမ်းပြုပြင်ရေး အတွက်ဟု ဆိုကာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း တစ်အိမ်ထောင်လျှင် ငွေကျပ်ခြောက်သောင်းစီ လိုက်လံ ကောက်ယူနေသည်ဟု သိရသည်။

Women of the Ancient Days

နေမျိုးဆေး၏ ရှေးခေတ်အမျိုးသမီးများကို ထိုင်းတွင် ပြသမည်
မိုးမခအထောက်တော် အမှတ် ဝဝ၈
နိုဝင်ဘာ ၂၉၊ ၂ဝဝ၉

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာပန်းချီပြခန်းတွင် နေမျိုးဆေး၏ တကိုယ်တော်ပြပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည်။
သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းတွင် ပြုလုပ်မည့် ပြပွဲကို Women of the Ancient Days (ရှေးခေတ် အမျိုးသမီးများ) ဟု အမည်ပေးထားပြီး လာမည့် သောကြာနေ့၊ ဒီဇင်ဘာ ၄ မှ ဒီဇင်ဘာ ၂၅ အထိ ပြသမည် ဖြစ်သည်။

Revolution participant 08

အရေးတော်ပုံ ရင်ခုန်သူများ (အပိုင်း – ၈)
အောင်ဝေး
နိုဝင်ဘာ ၂၉၊ ၂ဝဝ၉

(ပန်းချီ အောင်လတ်)

သတင်းစာများသည် သမိုင်းကိုပြောနေကြသည်။

မြန်မာနိုင်ငံ သတင်းစာသမိုင်းကို ပြောမယ်ဆိုရင် ဟို လွန်ခဲ့တဲ့ (၂၁)နှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး အတွင်းက ထွက်ပေါ်ခဲ့တဲ့ ပြည်သူ့သတင်းစာတွေအကြောင်း မပါရင် ပြည့်စုံမှာ မဟုတ်ပါဘူး။ ဘာကြောင့် ပြည်သူ့သတင်းစာလို့ ပြောရတာလည်း ဆိုရင်တော့ ရှစ်လေးလုံး မတိုင်ခင်က မြန်မာပြည်မှာ အစိုးရပိုင်သတင်းစာ၊ အစိုးရဝါဒဖြန့်ချိရေး သတင်းစာတွေပဲ ရှိခဲ့လို့ပါ။

ကျောင်းသားတွေ ဦးဆောင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာတဲ့ အခါကျတော့ အဲဒီအစိုးရပိုင် သတင်းစာတွေကလည်း ပြည်သူ၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲပြီး ဒီမိုကရေစီ တိုက်ပွဲထဲ ဝင်လာကြပါတယ်။ အစိုးရပိုင် သတင်းစာတွေက မဆလ အစိုးရကို သပိတ်မှောက်လိုက်ကြပါပြီ။

Mar Mar Aye – 296

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၂၉၆
ဘောလယ်သီချင်းများ
မာမာအေး
နိုဝင်ဘာ ၂၉၊ ၂ဝဝ၉

“မူလက ‘သဘောလယ်’ သီချင်းလို့ ခေါ်ကြသတဲ့။ တဖြည်းဖြည်း ရွေ့လျောလာတော့ ‘ဘောလယ်’ ဖြစ်လာတယ်”

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
 
သောတရှင်တို့ရေ ပြီးခဲ့တဲ့တပါတ်က အိမ်ရှေ့မိဖုရား စာဆိုတော် လှိုင်ထိပ်ခေါင်တင် ရေးသားခဲ့တဲ့ ‘ဣန္ဒာဝံသနန်းတွင်းဇာတ်တော်’ ထဲမှာ ကာရန်နဘေတွေနဲ့ လှပစွာ ရေးဖွဲ့ ရွတ်ဆိုစေတဲ့ အပျိုတော်ရဲ့ အချော့စကားလေးနဲ့ အနားပေးခဲ့ပါတယ်နော်။ ရွှေနားတော် လေချော် မဖြစ်ဖူး မဟုတ်လားဟင်။ ဆက်ပြောပြစရာတွေ ရှိသေးလို့ပါ။

Saung Yun La – Fath and Book Keeping – Poem

သစ္စာလက်ကျန်ရှင်းတမ်းမှာ အကြွေးမရှိကြေး
ဆောင်းယွန်းလ
နိုဝင်ဘာ ၂၈၊ ၂၀၀၉
ဘာလို့…
သစ္စာမရှိတဲ့ ပန်းတွေမှ
ငါတို့ ဥတုမှာ ခိုးကြောင်ခိုးဝှက် လုယက် ရွေးပွင့်ပြကြရတာလဲ ….
 
ဖော်လန်ဖားမှ လန်းမယ့် ပန်းတွေ
တတောလုံး မြေခခဲ့ရင်တောင်
ဝမ်းနည်းခြင်းတွေ တလုံးတပါဒမှ ကြွေကျမိမှာ မဟုတ်ပါဘူး …

people and politics

နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၈)
လူထုကြားက နိုင်ငံရေး
ထိန်လင်း
နိုဝင်ဘာ ၂၈၊ ၂ဝဝ၉
နိုင်ငံရေးဆိုတာ နိုင်ငံတွေအတွင်းမှာ နေထိုင်သူတွေရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေနဲ့ ဒီလူတွေနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာတွေ ဖြစ်တယ်ဆိုရင် နိုင်ငံရေးဆိုတဲ့အရာက ပြည်သူတွေကြားမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်တိုင်းရဲ့ ပကတိအခြေအနေတွေ၊ ဖြစ်ရပ်မှန်တွေက ပြည်သူလူထုရဲ့ ရပ်တည်ရှင်သန်နေရတဲ့ အခြေအနေတွေနဲ့ ထပ်တူဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူထဲက အကြောင်းအရာ အဖြစ်အပျက်တွေဟာ နိုင်ငံရေးအခြေအနေတွေပဲဖြစ်ပါတယ်။
မြန်မာပြည်မှာ အုပ်စိုးခဲ့သူအဆက်ဆက်က သူတို့အုပ်ချုပ်မှုအောက်မှာ တိုင်းပြည် တိုးတက်သည်ဖြစ်စေ ဆုတ်ယုတ်သည်ဖြစ်စေ၊ ဒါမှမဟုတ် ပြည်သူလူထု ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ သူတို့ကတော့ တိုင်းပြည်ကြီးကို သူတို့ ထူထောင်နေတယ်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို သူတို့ကာကွယ်နေတယ်၊ ပြည်သူလူထု ကောင်းစားရေးကို ရှေးရှုပြီး ဦးဆောင်နေတယ်လို့ ပြောကြတာပါပဲ။ ဒီလိုပဲ နောက်အစိုးရတရပ်က ပြောင်းလဲအုပ်ချုပ်လိုက်ပြီ၊ [...]

Than Shwe – Free & Fair Election in 2010, again

၂၀၁၀ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဦးမည်ဟု
မြန်မာစစ်ခေါင်းဆောင်က ပြော
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၂၈၊ ၂၀၀၉
ယနေ့ထုတ် မြန်မာစစ်အုပ်စုသတင်းစာများတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အထက်ပါအတိုင်း ၎င်း၏ ကြံဖွံ့အဖွဲ့ဝင်များအား သောကြာနေ့က ကျင်းပသော ညီလာခံတခုတွင် မိန့်ကြားလိုက်သည်ကို တွေ့ရသည်။ တိုင်းပြည်၏ ယခုကဲ့သို့ အရေးကြီးလှသော သမိုင်းဝင်မည့်အဖြစ်ကို အားလုံးက အပြုသဘော ၀ိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းသည်ဟု လည်း အစိုးရသတင်းစာတွင် ဆိုထားသည်။ ဖျက်လိုဖျက်ဆီး မလုပ်ကြရန်လိုကြောင်း၊ ကြံ့ဖွံ့တို့က ပြည်သူနှင့်လက်တွဲပြီး စစ်အုပ်စု၏ လမ်းညွှန်မြေပုံ ၇ ရပ်ကို အကောင်အထည် ဖော်ကြဖို့ ဖြစ်ကြောင်း မိန့်ကြားသည်ဟု ဖော်ပြထားသည်။