မိုးမခအထောက်တော် အမှတ် ၀၀၃
နိုဝင်ဘာ ၈၊ ၂ဝဝ၉
ပန်းချီရဲမြင့်၏ လက်ရာများကို ထိုင်းနိုင်ငံရှိ မြန်မာပန်းချီပြခန်းတွင် ရက်ပိုင်းအတွင်း ခင်းကျင်း ပြသရန် စီစဉ်လျက်ရှိသည်။
နိုဝင်ဘာ ၁၄ ရက်နေ့ (စနေနေ့) မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ပြုလုပ်မည့် သူ၏ တကိုယ်တော် ပြပွဲကို Van Gogh visits Pagan (ဗန်ဂိုး ပုဂံသို့သွားခြင်း) ဟု အမည်ပေးထားသည်။
မန္တလေးမြို့ ပန်းချီပန်းပုကျောင်းဆင်းဖြစ်သော ရဲမြင့်သည် မော်ဒန်ပန်းချီဆရာတယောက် ဖြစ်ကြောင်း သူ၏ ပြပွဲကို လက်ခံ ကျင်းပပေးမည့် ချင်းမိုင်မြို့၊ သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းပိုင်ရှင် မမာမာက ပြောသည်။
“ပန်းချီရဲမြင့်ရဲ့ ကားတွေက နိုင်ငံအတော်များများမှာ ပြခဲ့ပြီးပြီ။ ဂျပန်က ဖူကူအိုကာ ပြတိုက်၊ မလေးရှားက အမျိုးသား ပန်းချီ ပြတိုက်တို့က သူ့ပန်းချီကားတွေ စုထားတယ်” ဟု မမာမာက ပြောသည်။
မြင်းခြံမြို့ ဇာတိ ပန်းချီ ရဲမြင့်သည် အသက် ၅၆ နှစ် ရှိပြီဖြစ်သည်။
Filed under: Local News Headlines



