Moe Sal Nay – Dead Winter at the Last Fort

ဆောင်းအသေလက်နဲ့ အချူပ် ခံထားရတဲ့ ခံတပ်မြို့လေးမှာ
မိုးစဲနေ
နိုဝင်ဘာ ၁၄၊ ၂၀၀၉


နိမ့်နိမ့်ကျကျ အချိန်မှာ
ကျောကုန်းပေါ် တင်သွေးခဲ့တဲ့
ဓါးတလက်ကို
ကျေးဇူးတင်ပါတယ်။

လူငယ်လေးဘ၀မှာ
ဖတ်ခဲ့ရတဲ့
အဖေ့စာအုပ်သေတ္တာ အဟောင်းလေးကို
ကျေးဇူးတင်ပါတယ်။ မူလတန်းပြ ညီမလေးရဲ့
ချို့ချို့ငဲ့ငဲ့
ထောင်ဝင်စာထုတ်ကလေးကို
ကျေးဇူးတင်ပါတယ်။

မရေမရာ ဘ၀ထဲမှာ
ရေရေရာရာ ချစ်ခဲ့ခြင်းများကို
ကျေးဇူးတင်ပါတယ်။

အိပ်တန်းပြန် ညဥ့်ငှက်လေးရဲ့
နံနက်ခင်း အနမ်းလေးကို
ကျေးဇူးတင်ပါတယ်။

မိုးဖျက်တဲ့ ပွဲခင်းလေးထဲ
ခေတ်ကြီးတခေတ်စာလုံး က ခဲ့တဲ့
မင်းသမီးလေးကို
ကျေးဇူးတင်ပါတယ်။

ဒုက္ခသည်လက်မှတ်နဲ့ လှဲခဲ့တဲ့
အလုပ်သမားလျှောက်လွှာ တစောင်ကို
ကျေးဇူးတင်ပါတယ်။

ကျနော်တို့ရဲ့ အရှုံးတချို့ကို
ရင်နဲ့ရင်းပြီး ကြိုခဲ့တဲ့
ခံတပ်မြို့လေးကို
ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ပါတယ် …
ကျေးဇူးတင်ပါတယ် …
ကျေးဇူးတင်ပါတယ် …
ကျေးဇူးတင်စရာတွေရှိခဲ့တဲ့ ဘ၀လေးကိုလည်း …
ကျေးဇူးတင်ပါတယ်။     ။

Leave a Reply

You must be logged in to post a comment.