Posted on October 10, 2009 by oothandar
သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၃
ကိုမိုက်ခဲစိန်
အောက်တိုဘာ ၉၊ ၂၀၀၉
အခုဆက်ရေးရမယ့် မေးခွန်းတွေက ၂၀၀၁ ကနေ လက်ရှိ ၂၀၀၉ အထိ ဉာဏ်စမ်းမေးခွန်းတွေ ဖြစ်ပါတယ်။ မေးခွန်းတွေ အချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ ၀ိုင်းပြီး အကြံပေးတာ ဝေဖန်တာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဲသည်မှာ ထောက်ပြကြတာ တခုကတော့ ၁၉၉၅ – ၂၀၀၀ ကာလဖြစ်ပါတယ်။
အဲသည်မှာ အမေရိကန်မှာ ဒီမိုကရက်တွေ အာဏာရတဲ့အချိန်၊ လူရွယ် ခြေတက် ဘီလ်ကလင်တန် သမ္မတကြီး ဖြစ်နေချိန်ဖြစ်ပါတယ်။ အဲသည်တုံးက အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးက မာဒလင်း သြဘရိုက်ပါ။ ဒေါ်စုကို ခြေချုပ်မထားတဲ့ ကာလတွေ ရှိုပြီး စစ်ထောက်လှမ်းရေးတွေ မိုးကောင်းစဉ်၊ စစ်အုပ်စုနဲ့ အင်န်အယ်ဒီတို့ [...]
Filed under: 8888 - 20 Years, For the record | Leave a Comment »
Posted on August 29, 2009 by oothandar
သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၂
ကိုမိုက်ခဲစိန်
သြဂုတ် ၂၈၊ ၂၀၀၉
စာဖတ်သူတွေဆီက ထပ်ဖြည့်ပေးတဲ့အချက်တွေကို ကျေးဇူးတင်တဲ့ အကြောင်းပြောပါစေခင်ဗျား။
ဥပမာ အာဏာသိမ်းပြီးခါစမှာ အထွေထွေသပိတ်ကြီးကို စစ်အုပ်စုက ဖြိုခွဲလိုက်တဲ့ဆီမှာ သပိတ်စခန်းတွေ ဘယ်လို နှိမ်နင်းသိမ်းပိုက်ခံရသလဲ ဆိုတဲ့ မေးခွန်း။ ၀န်ထမ်းတွေကို မဆလပါတီက ထုတ်ပစ်လိုက်ပြီး ပါတီနိုင်ငံရေး မလုပ်ရဆိုပြီး ကန့်သတ်လိုက်တာ။ စစ်အုပ်စုက ၀န်ထမ်းတွေကို မေးခွန်း ၃၃ ခုနဲ့ စစ်တမ်းကောက်ပြီး ဦးနှိမ်ခဲ့တာ၊ အမှန်အတိုင်းဖြေမိလို့ ၀န်ထမ်းတွေ အလုပ်ဖြုတ်ခံရတာ။ ကျောင်းတက်ရေး မတက်ရေး ကျောင်းသားတွေ အငြင်းပွားခဲ့တာ။ စစ်အုပ်စုရဲ့ စစ်ခုံရုံးများ၊ ၅ (ည)၊ ၁၀(က)၊ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ် [...]
Filed under: 8888 - 20 Years, For the record | Leave a Comment »
Posted on August 25, 2009 by oothandar
သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၁
ကိုမိုက်ခဲစိန်
သြဂုတ် ၂၅၊ ၂၀၀၉
ဒီတခေါက်ပြောမှာကတော့ အနှစ် ၂၀ လောက်ရှိပြီဖြစ်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ သမိုင်းမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုနေကြ၊ မှတ်တမ်းတင်နေကြတဲ့နေရာမှာ အခြေခံယေဘူယျအချက်တွေမှာ များသောအားဖြင့် တူညီဖို့၊ အမှန်အတိုင်း ရှိနေဖို့ ဖြစ်ပါတယ်။ အနှစ် ၂၀ လောက် ကြာခဲ့ပြီး ခေတ်သစ်နိုင်ငံရေးသုခမိန် ဆိုသူတွေက ကိုယ်လိုရာကို အင်္ဂလိပ်လို၊ မြန်မာလို၊ တရုတ်လို၊ ဘာသာပေါင်းစုံနဲ့ ရေးပြီး ပြောဆို မှတ်တမ်းတင်နေကြတော့ လူကြီးတွေကော၊ လူငယ်တွေမှာ ဘယ်အချက်အလက်ကို အမှန်အဖြစ် သတ်မှတ်ထားပြီး အခြေခံစဉ်းစားရမယ်ဆိုတာ မသိဘဲ ဖြစ်မှာ စိုးလို့ဖြစ်ပါတယ်။
Filed under: 8888 - 20 Years, History | Leave a Comment »
Posted on August 9, 2009 by oothandar
သတင်းစာလွတ်လပ်မှု နှင့် တာဝန်
ခင်မျိုးချစ်
သြဂုတ် ၉၊ ၂၀၀၉
(၁၉၈၈ သြဂုတ် ၈ – ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ၂၁ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က အဖြစ်အပျက်များနှင့် ပတ်သက်၍ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က အောက်ပါဆောင်းပါးတပုဒ်ကို ရေးသားခဲ့ဖူးသည်ကို ပြန်လည်တင်ပြအပ်ပါသည်။)
ခုတလော သတင်းစာတွေ ပလူပျံသလို ထွက်နေတယ်။ နှစ်ပေါင်း ၂၆ နှစ် ကြာ ချူပ်ကိုင်ခံခဲ့ရတဲ့ သတင်းစာလွတ်လပ်မှုကို လက်ဝယ် ရရှိခဲ့ကြတယ်။ လွတ်လပ်မှုအခွင့်အရေးကို တာဝန်မဲ့ မသုံးမိကြဖို့ အလွန် အရေးကြီးပါတယ်။ အဲဒီလို အလေ့အကျင့် အပြုအမူတွေဟာ ဒီမိုကရေစီရဲ့ အားထားရာဖြစ်တဲ့ သတင်းစာလွတ်လပ်မှုကို ပျက်စီးစေတတ်ပါတယ်။ လွတ်လပ်မှုဆိုတာလဲ တာဝန်နှင့် ယှဉ်တွဲနေပါတယ်။ တာဝန်မဲ့ရင် လွတ်လပ်မှု ဆုံးရူံးတတ်ပါတယ်။
Filed under: 8888 - 20 Years | Leave a Comment »
Posted on January 3, 2009 by oothandar
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၃) (နိဂုံးပိုင်း)
အောင်ဝေး
ဇန်နဝါရီ ၃၊ ၂၀၀၉
(photo: REUTERS – Apichart Weerawong, Dec 5 1996)
အာဇာနည်မျိုး၊ သေရိုးမရှိ။
၁၉၈၉ခုနှစ်၊ ၄၂ နှစ်မြောက် အဇာနည်နေ့အရေးအခင်းမှာပဲ ကျနော်တို့ ပုသိမ်ထောင်ထဲ ပြန်ရောက်သွားကြပါတယ်။ ပုသိမ်မှာ ကျနော်တို့ကိုဖမ်းတဲ့ ဇူလိုင်လ ၂ဝ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို နဝတစစ်တပ်က အလုံးအရင်းနဲ့ ဝင်စီးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းလိုက်ပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် ခြံထဲမှာနေကြတဲ့ သုံးရောင်ခြယ်ကျောင်းသားတွေကို ဖမ်းဆီးပြီး အင်းစိန်ထောင်ထဲ ပို့လိုက်ပါပြီ။ ဒီသတင်းကို ကျနော်တို့ ပုသိမ်ထောင်ထဲပြန်ရောက်ပြီး တပတ်လောက်နေတော့မှ သိခဲ့ရတာပါ။
Filed under: 8888 - 20 Years, Aung Way, Aung Way on the fifth nation | Leave a Comment »
Posted on December 28, 2008 by oothandar
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၂)
အောင်ဝေး
ဒီဇင်ဘာ ၂၈၊ ၂၀၀၈
‘မည်သို့ပင်ဖြစ်စေ၊ ချစ်နေသေးသည်၊ ကြွေးကြော်စူးရဲ၊ အားမာန်ခဲတဲ့၊ တိုက်ပွဲထဲက ပြည်သူတွေ’ ကွယ်လွန်သူ ကဗျာဆရာ မောင်လေးအောင်ရဲ့ ‘အချစ်ဖြင့် စီးဆင်းနေသော နှလုံးအိမ်’ ကဗျာကို ကျနော် အမြဲ ရွတ်ဆိုတတ်တယ်။
ပြည်သူတွေထဲမှာ လူငယ်တွေလည်း ပါတယ်။ ‘လူငယ်တွေဟာ ပြည်သူတွေပဲ’ ဆိုတဲ့ ရုရှား ကဗျာဆရာ ယက်ဖ်တူရှင်ကိုရဲ့ ကဗျာကိုလည်း ကျနော်သတိရနေတယ်။
Filed under: 8888 - 20 Years, Aung Way, Aung Way on the fifth nation | Leave a Comment »
Posted on December 20, 2008 by oothandar
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၁)
အောင်ဝေး
ဒီဇင်ဘာ ၂၀၊ ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းခရီး အနောက်ခြမ်းခရီးစဉ်က ၁၉၈၉ ခုနှစ် ဇန်နဝါရီလ မကုန်ခင်မှာပဲ ပြီးဆုံးသွားခဲ့ပါပြီ။ မပြီးဆုံးသေးတာကတော့ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်မှာ ဖမ်းခံရပြီး အာမခံနဲ့လွှတ်ထားတဲ့ ကျနော်တို့ အမှုပါပဲ။
ကျွန်တော်တို့ NLD အဖွဲ့ဝင် ဆယ့်လေးငါးယောက်ကို အာဏာဖီဆန်မှု၊ ပုဒ်မ ၁၄၄နဲ့ ပုသိမ်မြို့ တိုင်းတရားရုံးမှာ တရားစွဲဆိုထားပါတယ်။ တရားသူကြီးက ကျနော်တို့ကို ယမန်လေး တပတ်၊ ခုနစ်ရက်တခါ ရုံးချိန်းမှန်မှန်ပေးပြီး အမှုကို မကြာကြာအောင် အချိန်ဆွဲ စစ်ဆေးနေရတယ်။
ကျနော်တို့ဘက်က ရုံးချိန်းကို ယမန်ကြီးနှစ်ပတ်၊ ဆယ့်လေးရက်ခွာပြီး ချိန်းပေးဖို့ တရားရုံးကို တင်ပြတောင်းဆို့ပေမယ့်လည်း တရားသူကြီးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
Filed under: 8888 - 20 Years, Aung Way on the fifth nation, Contemporary Experience | Leave a Comment »
Posted on December 13, 2008 by oothandar
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂၀)
အောင်ဝေး
ဒီဇင်ဘာ ၁၃၊ ၂၀၀၈
‘မိုးကုပ်စက်ဝိုင်းမှာတော့ မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲပါပဲ’
ကျနော်တို့ ဧရာဝတီစည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတဲ့ အလင်္ကာစကား တခွန်းပါ။ ကျနော်တို့အမှတ်ရနေကြတယ်။
ပုသိမ်အကျဉ်းထောင်ထဲမှာလည်း နဝတရဲ့ မုန်တိုင်းမိုးတိမ်တွေက ရိုင်းရိုင်းစိုင်းစိုင်း ဆင်နေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ရှေ့ခရီးဆက်ဖို့ ပုသိမ်ကနေ ထွက်ခွာသွားပြီလည်းဆိုရော အကျဉ်းထောင်အာဏာပိုင်တွေဘက်က ကျနော်တို့အပေါ် တင်းကျပ် ချုပ်ချယ်မှုတွေ စလုပ်လာတော့တာပါပဲ။
Filed under: 8888 - 20 Years, Aung Way on the fifth nation | Leave a Comment »
Posted on December 6, 2008 by oothandar
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၉)
အောင်ဝေး
ဒီဇင်ဘာ ၆၊ ၂၀၀၈
နဝတ ခေတ်တုန်းက ကလေးတွေပြောကြတဲ့စကားတခွန်း ပြန်အမှတ်ရမိပါတယ်။ အဲဒါကတော့ ‘ကလိန်စိငြမ်းဆင်၊ ငြိမ်ပိလမ်းစဉ်’ ဆိုတဲ့ စကားပါပဲ။
နဝတ စစ်အုပ်စုဟာ ဘယ်လောက်တောင် ကလိမ်စိငြမ်းဆင် လုပ်သလဲဆိုရင် အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်းခရီးစဉ်ကိုသာ ကြည့်ပါတော့။
Filed under: 8888 - 20 Years, Aung Way on the fifth nation | Leave a Comment »
Posted on November 30, 2008 by oothandar
ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၈)
အောင်ဝေး
နိုဝင်ဘာ ၂၉၊ ၂၀၀၈
‘ရန်သူဆန့်ကျင်ခံရခြင်းဟာ ကိစ္စဆိုးမဟုတ် ကိစ္စကောင်းဖြစ်တယ်’
ပုသိမ်အကျဉ်းထောင်ရဲ့ နံနက်ခင်းတခုမှာ ကျနော်၊ ကျနော်နဲ့အတူ အဖမ်းခံနေရတဲ့ NLD လူငယ်တွေကို အားပေးစကား ပြောလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း စည်းရုံးရေးခရီးစဉ် မပြီးဆုံးသေးခင်မှာပဲ ကျနော်တို့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း၊ ကပ္ပလီပင်လယ်ပြင်ထဲမှာပဲ ရှိနေပါသေးတယ်။
Filed under: 8888 - 20 Years | Leave a Comment »