Oak Soe Naing – What’s up with Burmese Opposition Media

အိုဘယ့် တို့ မီဒီယာ
အုပ်စိုးနိုင်
နိုဝင်ဘာ ၁၄၊ ၂၀၀၉

ဘုရားဒကာ ဗိုလ်ခင်ညွန့်နဲ့ စီအာရ်ပီပီထဲ ၀င်မယ့်သူများ
လွန်ခဲ့သော ငါးနှစ်လောက်က ကျနော်တို့ဆီကို ပဲခူးကျေးလက်ဘက်က လူငယ်တဦး ရောက်လာပါသည်။ သူ့အသက်က ၂၀ ဝန်းကျင်လောက်ပဲရှိပါသေးသည်။ ပြည်တွင်းမှလာသော လူငယ်တဦးအနေဖြင့် မြန်မာပြည်တွင်းမှာ ပြောခွင့်မရခဲ့ သော စကားပေါင်းစုံ၊ မကျေနပ်ချက်ပေါင်းစုံနှင့်၊ မြိုသိပ်ထားရသမျှ ကိစ္စအဝဝကို၊ အိတ်သွန်ဖာမှောက် ကျနော်တို့အား ပြောပြခဲ့ပါသည်။
သူတို့ဒေသက ရ-ဝ-တ တွေ မကောင်းကြောင်း၊ ကြံ့ဖွံ့တွေ လူပါးဝကြကြောင်း၊ ဒေသခံတပ်ရင်းတွေက အနိုင်အထက် ပြုကြကြောင်း၊ စီကာစဉ်ကာပြောပြရာ ကျနော်တို့ကလည်း လူထုအသံ အစစ်အမှန်ကိုကြားနေရပြီဟုဆိုပြီး ကျေနပ်ပီတိ ဖြစ်နေခဲ့ရပါသည်။ သို့သော် ကျနော့်စိတ်ထဲတွင် တခုခုလိုနေသလိုခံစားရသဖြင့် သူ့အား ကျနော်တို့အသိချင်ဆုံးမေးခွန်းကို မေးခဲ့ကြပါသည်။

selling everything before 2010 election

နအဖ၏ လေလံစီးပွားရေးကြောင့် ကားဈေးကွက်၊ အိမ်ဈေးကွက် ပျက်
မိုးမခအထောက်တော်၊ ရန်ကုန်
အောက်တိုဘာ ၂၇၊ ၂၀၀၉

အစိုးရက ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံပိုင် ပစ္စည်းများကို ထုခွဲရောင်းချလျက်ရှိသည်ဟု စီးပွားရေး လေ့လာသူများက ပြောသည်။
မြေကွက်၊ တိုက်ခန်း၊ သိမ်းဆည်းထားသည့် ကားများ၊ စက်လှေများ ထုခွဲရောင်းချသည်မှ လွဲ၍ စီးပွားရေး ကောင်းမွန်လာစေရန် တခြား မည်သည့် လုပ်ဆောင်ချက်မျှ မတွေ့ရသဖြင့် စီးပွားရေး နယ်ပယ် အသီးသီးတွင် ကျဆင်းလျက်ရှိနေသည်ဟုလည်း လုပ်ငန်းရှင်များက ထောက်ပြကြသည်။

Rangoon Journalist on the road – View from Rangoon

ရန်ကုန်ရှုခင်း
ရဲများနဲ့ ရန်ကုန်၊ ၅ထောင်တန်ဂယက်၊ စာပေစိစစ်ရေး
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
အောက်တိုဘာ ၃၊ ၂၀၀၉
ရန်ကုန်တွင် လှည့်လည်နေသော ရဲကားတစီး (ဓာတ်ပုံ-မိုးမခ)

ရဲများနဲ့ ရန်ကုန်
ရန်ကုန်မြို့ရဲ့ လုပ်ငန်းရှင်များ အကြား၊ ဌာနဆိုင်ရာ အရာရှိများအကြား၊ သတင်းမီဒီယာ သမားများအကြားနဲ့ လောင်းကစားဒိုင်များ အကြားမှာ ယခုတလော ရေပန်းစား အပြောများနေတဲ့ သတင်းကတော့ ရဲမှူးတွေ၊ စခန်းမှူးတွေ၊ ရဲအရာရှိတွေ အဖမ်းခံထားရ၊ တိမ်းရှောင်နေကြရတဲ့ သတင်းပါ။
၂၀၀၄ ခုနှစ်က အမ်အိုင် လို့ခေါ်တဲ့ စစ်ထောက်လှမ်းရေးတွေကို နှိပ်ကွပ်လိုက်ပြီးနောက်မှာ မြို့ပြလုံခြုံရေးနဲ့ သတင်းထောက်လှမ်းရေးမှာ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အရေးပါလာပါတယ်။ စစ်ထောက်လှမ်းရေးတွေ ကောင်းစားစဉ် ခေတ်တုန်းက နယ်မြေတခုကို အပိုင်စားရတဲ့ စစ်ထောက်လှမ်းရေး တပ်ကြပ်ကြီး အဆင့်ရှိသူက အဆိုပါနယ်မြေမှာ တွဲဘက်တာဝန်ယူတဲ့ ရဲအုပ်အဆင့်ရှိသူကို ဆေးလိပ်၊ အရက် ၀ယ်ခိုင်းသလိုမျိုး [...]

Maung Shwe – NLD and 2010 challenges

၂ဝ၁ဝ စိန်ခေါ်မှုများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မောင်ရွှေ
မေ ၁ဝ၊ ၂ဝဝ၉

“- – သူနဲ့ ဒေါ်စုတို့ သက်ရှိထင်ရှားရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှမတူတဲ့ ညီညွတ်မှုတခုကို အရယူနိုင်တယ် – – ”

၂ဝဝ၉ခုနှစ်ရဲ့ ရက်တွေလတွေ တရွေ့ရွေ့တိုက်စားလို့ ခရစ်နှစ် ၂ဝ၁ဝ ဆိုတာကို ချဉ်းကပ်လို့ နေပါပြီ၊ မြန်မာ့နိုင်ငံရေး ၂ဝ၁ဝ ပန်းချီကားလည်း တဖြည်းဖြည်း ပီပီပြင်ပြင် ဖြစ်လို့လာနေပါပြီ၊ အချို့ နိုင်ငံရေး အကဲခပ်သမားများကတော့ နိုင်ငံအရေး ဆွေးနွေးစရာ အခင်းအကျင်း အသစ်တွေ ပေါ်ထွက်လာတော့မယ်၊ နိုင်ငံရေးပါတီများအတွက် ပြောရေးဆိုခွင့်တွေ ပိုမိုရရှိလာတော့မယ် စသည်ဖြင့် အကောင်းမြင် အတွေးများလည်း ရှိနေသလို အချို့ကလည်း ပေါ်ထွက်လာမယ့် နိုင်ငံရေးစနစ်သစ်ဟာ မြန်မာပြည်အတွက် စစ်အုပ်ချုပ်ရေးကို [...]

Maung Shwe – National League for Democracy and Possible Scenarios

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြင်တွေ့ဖွယ်ရှိတဲ့ ဖြစ်ရပ်များ
မောင်ရွှေ
မေ ၁၉၊ ၂၀၀၉
အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ရေကူးဝင်ရောက်ခဲ့မူနှင့် ပတ်သက်ပြီး မေလ ၁၄ ရက်နေ့မှာ ပုဒ်မ ၂၂/၁၀၉ ဖြင့် နအဖက တရားစွဲဆိုလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းများကြောင့် လူထု အတွင်း နိုင်ငံရေး နိုးကြားမှု အရှိန်အဟုန် တစ်ခု ပေါ်ပေါက်လာနေတာကို ယနေ့ မြင်တွေ့နေရပါတယ်။
တချိန်တည်းမှာလည်း တွေ့ဆုံ ဆွေးနွေးရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်လို့ နအဖရဲ့ အတွင်းသရုပ်သဏ္ဌာန် ဘယ်လိုရှိတယ် ဆိုတာ ပိုမိုပေါ်လွင်လာနေတာကိုလည်း တနေ့တခြား တွေ့မြင်နေရပါတယ်။
ဒီအချက်ဟာ NLD ရဲ့ ရွှေဂုံတိုင်ကြေညာစာတမ်းအပေါ် နအဖက ဘယ်လို တုံ့ပြန်မှာလဲ [...]

Than Soe Hlaing – Intelligence leaks – signs of Burmese Regime break down ?

အတွင်းစည်းကျိုးပျက်ခြင်းသည် နအဖအတွက် နေ၀င်ချိန်ပေလား
သန်းစိုးလှိုင်
သြဂုတ် ၁၊ ၂၀၀၉

ဒီမိုကရက်တစ်အစိုးရတရပ်အတွက်ပင်လျင် အတွင်းစည်း၊ အပြင်စည်း ဆိုသည့် လျှို့ဝှက်အပ်သည့် အရာ၊ တိုင်းပြည်အကျိုးအတွက်၊ အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာအတွက် မထုတ်ပြန်သင့်သည့် အရာ၊ မပေါက်ကြား သင့်သည့် အရာဟူ၍ ရှိကြသည်။
နအဖ အစိုးရလို အာဏာရှင် အစိုးရတရပ်အတွက်မူ အတွင်းဆုံးစည်း၊ ထိုမှတဖန်အတွင်းစည်း၊ ပြီးနောက်အပြင်စည်း စသဖြင့် ပို၍လိုအပ်သည်။ နအဖ ခေါင်းဆောင်မှု အတွင်း မည်သည့်လုပ်ဆောင်မှုများ ရှိသည်၊ အခြားသောနိုင်ငံ အစိုးရအဖွဲ့များနှင့် မည်သို့သော ဆက်ဆံရေးများရှိသည် စသည့် အချက်အလက်များမှာ နအဖ စစ်ခေါင်းဆောင်များ မည်သည့်အခါကမျှ ထုတ်ပြန်ကြေငြာခြင်း၊ ပေါက်ကြားခဲ့ခြင်း မရှိပေ။

Maung Shwe – Burmese in solidarity to free Burma – part 3

“အသံညီပြီး အလုပ်တူဖို့” အတွက် အမြင်တူပြီး အတွေးညီကြပါစို့
အပိုင်း – ၃
မောင်ရွှေ
ဇူလိုင် ၆၊ ၂၀၀၉

၄၃။ ယခုဆောင်းပါးရဲ့ ပထမပိုင်းကတော့ လူထုအားကို အသုံးပြုပြီး အာဏာရှင်စနစ်ကို တော်လှန်ကြရာမှာ အဆင့်(၃) ဆင့်ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်ကြောင်းနဲ့ ယနေ့အချိန်အထိ အာဏာရှင်စနစ်ကို ဖြုတ်မချနိုင်ရတဲ့ အကြောင်းအရင်းများကို လေ့လာတင်ပြခဲ့ပါတယ်။ နိုင်ငံ့အရေး၊ ဒီမိုကရေစီအရေးများမှာ တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြဖို့၊ လူထုရဲ့ စိုးရိမ်ကြောင့်ကြမှုများကို လျော့ချနိုင်ဖို့၊ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှု ရယူနိုင်ဖို့၊ စသည့်ကဏ္ဍများရဲ့ အရေးကြီးပုံများကို အဓိကထား တင်ပြခဲ့ပါတယ်။
ဆောင်းပါး ဒုတိယအပိုင်းမှာတော့ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းတစ်ခုလုံးကို အတွေးပုံစံတစ်ခုနဲ့ ခင်းကျင်းတင်ပြခဲ့ပြီး မြန်မာ့နိုင်ငံရေးလောကရဲ့ ပြင်ပ ရပ်ဝန်းက နိုင်ငံပြုပြင်ပြောင်းလဲရေး [...]

Maung Shwe – Burmese in solidarity to free Burma

“အသံညီပြီး အလုပ်တူဖို့” အတွက် “အမြင်တူပြီး အတွေးညီကြပါစို့”
အပိုင်း ၂
မောင်ရွှေ
ဇူလိုင် ၅၊ ၂၀၀၉
၂၇။     ဆောင်းပါး အပိုင်း(၁)မှာ လူထုတော်လှန်ရေးကို သရုပ်ခွဲကြည့်ရင် အဆင့်(၃)ဆင့် ပါဝင်ကြောင်းနဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် လူထုအားနဲ့ အာဏာရှင်စနစ်ကို တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ ဖြစ်စဉ်များကို လေ့လာ ကြည့်ရင်း အများတောင်းတကြတဲ့ အောင်မြင်မှု ပန်းတိုင်နဲ့ ယနေ့ လက်ရှိအနေအထားတို့ အကြား လစ်ဟာနေတဲ့ ကွက်လပ်များကို ဖေါ်ထုတ်ရေးသားခဲ့ပါတယ်။ ယခု အပိုင်း(၂)ကတော့ အဲဒီ ကွက်လပ်နေရာများကို ဖြည့်စွက် နိုင်ကြဖို့အရေးကို ရှေးရှု့ပြီး ပေါ်လာတဲ့ အတွေးများ၊ ရှု့မြင်သုံးသပ်ချက်များကို ထပ်မံ တင်ပြသွားမှာ ဖြစ်ပါတယ်။

Maung Shwe – Burmese in solidarity to free Burma

“အသံ ညီ ပြီး အလုပ် တူ ဖို့” အတွက် “အမြင် တူ ပြီး အတွေး ညီ ကြပါစို့”
အပိုင်း ၁
မောင်ရွှေ
ဇူလိုင် ၄၊ ၂၀၀၉

၁။       လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လူထုအရှေ့ ထွက်ခွင့်ကြုံလိုက်တဲ့ အချိန်၊ နအဖရဲ့ တရားစွဲမှုကို ရင်ဆိုင်နေရတဲ့ ဘ၀မှာဘဲ မြန်မာနိုင်ငံရေး အခြေအနေ ပြောင်းလဲ သွားနိုင်အောင် ဆောင်ရွက် ပေးနေပါ တယ်။ နအဖရဲ့ မတရားတဲ့ အမိန့် အာဏာများနဲ့ ပျက်ဆီးနေတဲ့ တရားစီရင်ရေး စနစ်များကို နိုင်ငံတကာ အလယ်မှာ ကွက်ကွက် ကွင်းကွင်း မြင်လာအောင် ပြသနိုင်ခဲ့ပါတယ်။ ဒီအခြေအနေမှာ မြန်မာ့ ဒီမိုကရေစီအရေး လက်တွဲညီညီ ဆောင်ရွက်ကြဖို့ အတွက် ဆရာဦးဝင်းတင်က အလွန် အဓိပ္ပါယ်ရှိတဲ့ [...]

Naing Linn Aung – Burmese Politics under dark

အမှောင်ရိပ်သန်းနေသည့် မြန်မာ့နိုင်ငံရေး
နိုင်လင်းအောင်
မေလ ၂၈ ရက်၊ ၂၀၀၉

အဆုံး၏ အစလား

ရန်ကုန်မြို့တွင် သာမက မြန်မာနှင့် နိုင်ငံတကာမှာပါ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန် အကျဉ်းထောင်ရှေ့ ဖြတ်သန်း သွားသည့် လမ်း တလျှောက် လုံထိန်းကားများ၊ စွမ်းအားရှင်ခေါ် နေ့စား လက်မရွံ့များကို တင်ဆောင်ထားသည့် ဒိုင်နာ ဘတ်စကားများ ၀င်လိုက် ထွက်လိုက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများ၊ အန်အယ်လ်ဒီ ပါတီဝင်များနှင့် မီဒီယာသမားများကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိကြသည်။