Posted on November 15, 2009 by oothandar
အရေးတော်ပုံ ရင်ခုန်သူများ (၆)
အောင်ဝေး
နိုဝင်ဘာ ၁၅၊ ၂ဝဝ၉
ကျွန်တော် ကဗျာဆရာ တစ်ယောက်ပါ။ “မဆလ ခေတ်တုန်းက ကဗျာဆရာ တစ်ယောက်ဟာ စင်ပြိုင်အစိုးရ တစ်ရပ် ဖြစ်တယ်” ဆိုတဲ့ ရုရှားကဗျာဆရာ ယက်ဖ်တူရှင်ကိုရဲ့ စကားနဲ့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြတယ်။
ရှစ်လေးလုံး အရေးတော်ပုံခေတ်၊ ဒုတိယ လွတ်လပ်ရေးတိုက်ပွဲခေတ်ကို ရောက်လာတဲ့အခါ ကျတော့ “နိုင်ငံမှာ အရေးရယ်လို့ ကြုံလာရင် ကဗျာဆရာတွေဟာ ဘယ်တော့မဆို ရှေ့ကရောက်လာပြီး ပါဝင် ဆင်နွှဲကြလေ့ရှိပါတယ်။ အဲဒါဟာ ကဗျာဆရာတွေရဲ့ ထူးခြားချက်လို့ ကျွန်မတော့ ထင်မိတယ်” ဆိုတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် စကားဟာ ကျွန်တော်တို့ ကဗျာဆရာတွေ အတွက် အားပါ။
Filed under: Aung Way, Revolution participants | Leave a Comment »
Posted on November 10, 2009 by oothandar
အောင်ဝေး၏ ညီညွတ်ရေး
အောင်ဝေး
နိုဝင်ဘာ ၁၀၊ ၂၀၀၉
ကျနော်တို့ဟာ ညီညွတ်ကြပါလို့ဆိုရင်
မညီညွတ်ချင်ကြဘူး။
မညီညွတ်ကြကြေးဆိုရင်တော့
သိပ်ကို ညီညွတ်တတ်ပါတယ်။
ညီညွတ်ရေးဟာ
ဘုရားဟောဒေသနာလိုပဲ အရေးကြီးတာ
ကိုယ်က အရေးမမူပေမယ့်
ရန်သူက အရေးမူတယ်။
Filed under: Aung Way, poem | Leave a Comment »
Posted on November 8, 2009 by oothandar
အရေးတော်ပုံ ရင်ခုန်သူများ (၅)
အောင်ဝေး
နိုဝင်ဘာ ၈၊ ၂ဝဝ၉
ရှစ်လေးလုံး အရေးတော်ပုံကြီး ပြီးစ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းက အင်မတန် အလင်္ကာ ဆန်လှပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “မိုးကုတ်စက်ဝိုင်း မှာတော့ မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲပါပဲ” လို့  တင်စား ပြောခဲ့တဲ့ စကားပါ။ အဲဒီလို မိုးထဲလေထဲက အဖြစ်အပျက်လေး တစ်ခုကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။
Filed under: Aung Way, Revolution participants | Leave a Comment »
Posted on November 3, 2009 by oothandar
အရေးတော်ပုံ ရင်ခုန်သူများ (၄)
အောင်ဝေး
နိုဝင်ဘာ ၁၊ ၂ဝဝ၉
တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးရဲ့ဘဝမှာ စာပေနဲ့ အနုပညာဟာ ဘယ်အခန်းကဏ္ဍက ပါဝင်သလဲ။ ဘယ်လို အနေအထားမှာ ရှိသလဲ။
ဆရာဇော်ဇော်အောင်ရဲ့ “ဝေဝေရီရီ” ဝတ္ထုထဲမှာ ဖတ်ခဲ့ဖူးတဲ့ စာသားတွေကို ကျွန်တော် ပြန်အမှတ်ရလာပါတယ်။ ဆရာဇော်ဇော်အောင်က-
နိုင်ငံဟာဖျားနာနေတယ်။ နာတာရှည်ပေါ့။ ရောဂါ ရနေတယ်။ အဲဒါ စာပေအနုပညာက ပျောက်ကင်းအောင် ကုသ ကယ်တင်ရမယ်။ အဲဒီတော့ စာပေအနုပညာက လုပ်ငန်းတာဝန် (၃)ခုကို ယူရလိမ့်မယ် တဲ့။ တစ်ခုက နှစ်သက်ကြည်နူးမှုရသ ပေးဖို့။ ဒုတိယက အမှားအမှန် ခွဲခြားပြသ ညွှန်ကြားဖို့။ နောက်ဆုံးတစ်ခု ကတော့ လူတွေရဲ့ ဝိညာဉ်ကို ကယ်တင်ဖို့နဲ့ နိုင်ငံတော်ကို ကုစားဖို့ပါပဲ တဲ့။
Filed under: Aung Way, Revolution participants | Leave a Comment »
Posted on October 26, 2009 by oothandar
တို့ ပိုင်တဲ့ယာ
အောင်ဝေး
အောက်တိုဘာ ၂၅၊ ၂၀၀၉
ထန်း မထွက်ရတဲ့အထဲ
နှမ်းပျက်တဲ့ နှစ်တွေလည်း များခဲ့ပြီ။
မိုးခေါင်တောမှာ
လောကအမွန် ဗုံသံ
မကြားပြန်တာလည်း ကြာပြီ။
Filed under: Aung Way, poem | Leave a Comment »
Posted on October 24, 2009 by oothandar
အရေးတော်ပုံ ရင်ခုန်သူများ (အပိုင်း ၃)
အောင်ဝေး
အောက်တိုဘာ ၂၄၊ ၂ဝဝ၉
အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်မှာ လူထုကို ပထမဆုံး မိန့်ခွန်းပြောတဲ့နေ့ပါပဲ။ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်။ နေရာက ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါဆောင်ရှေ့မှာ ဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကြီး ဒီရေမြင့်တက်လာတာနဲ့ အမျှ ရန်ကုန်မြို့ နေရာအနှံ့မှာ ဒီမိုကရေစီ ဟောပြောပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ထွက်ပေါ်လာခဲ့ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာတွေ၊ ရုပ်ရှင်နဲ့ ဂီတ အနုပညာသည်တွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ၊ နိုင်ငံရေးသမားဟောင်းတွေ၊ တပ်မှူးဟောင်းတွေ၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ၊ ကိုကိုးကျွန်းပြန်တွေ စသည်ဖြင့် ဟောပြောပွဲ စင်မြင့် အသီးသီးမှာ တက်တက်ကြွကြွ ဟောပြော နေကြတဲ့ အချိန် ဖြစ်ပါတယ်။ ထောင်သောင်းချီတဲ့ ပရိသတ်ကလည်း တစ်ခဲနက် [...]
Filed under: Aung Way, Revolution participants | Leave a Comment »
Posted on October 20, 2009 by oothandar
အရေးတော်ပုံ ရင်ခုန်သူများ (၂)
မြသန်းတင့်
အောင်ဝေး
အောက်တိုဘာ ၁၈၊ ၂ဝဝ၉
” – – – ရင်ဆိုင်ရတဲ့ ရန်သူရဲ့ အနေအထား၊ ဖြတ်သန်းရတဲ့ ခေတ်ကာလ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောရရင်တော့ သမီးလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖအေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းထက် ပိုပြီး တော်တယ်လို့ ကျွန်တော် သတ်မှတ်ချင်ပါတယ် – – – “
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက ဖြစ်ပါတယ်။
၁၉၈၈ မတ်လ ဖုန်းမော် အရေးအခင်း၊ တံတားနီ အရေးအခင်း၊ ဇွန်လ မြေနီကုန်း အရေးအခင်းတွေ ကနေစပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ မဆလ တစ်ပါတီ အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး လူထု အုံကြွမှုကြီး ပေါ်ပေါက်ခဲ့တယ်။
Filed under: Aung Way, Revolution participants | Leave a Comment »
Posted on October 16, 2009 by oothandar
အို … နယူးယောက်
အောင်ဝေး
အောက်တိုဘာ ၁၆၊ ၂၀၀၉
အို … နယူးယောက်
သင့်ရဲ့ တောက်ပမှုကို
ငါတို့ အသိအမှတ်ပြုပါရဲ့ ။
အို … နယူးယောက်
ငါတို့ ရဲ့ တောက်ပမှုကိုလည်း
သင် အသိအမှတ်ပြုပါလော့။
Filed under: Aung Way, poem | Leave a Comment »
Posted on October 3, 2009 by oothandar
ကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ (၂၆) [ နိဂုံးပိုင်း ]
‘အနာဂတ်ကျောင်းသားတိုက်ပွဲ’
အောင်ဝေး
အောက်တိုဘာ ၃၊ ၂၀၀၉
မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ခြုံငုံ သုံးသပ်ကြည့်မယ် ဆိုရင် အပိုင်း(၂) ပိုင်းခွဲပြီး သုံးသပ်နိုင်ပါလိမ့်မယ်။ ပထမ တပိုင်းက ကိုလိုနီခေတ်အတွင်းက ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသား လှုပ်ရှားမှုများ ဖြစ်ပြီး နောက် ဒုတိယပိုင်းက လွတ်လပ်ရေးရပြီးတဲ့နောက် ပါလီမန် ဒီမိုကရေစီခေတ်နဲ့ စစ်အာဏာရှင်ခေတ်များ အတွင်းက ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုတွေပဲ ဖြစ်တယ်။
ကိုလိုနီခေတ် သူ့ကျွန်လက်အောက်မှာ ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားလှုပ်ရှားမှုတွေ ပေါ်ပေါက်လာရတဲ့ အခြေခံ အကြောင်းရင်းကတော့ တိုင်းပြည်နဲ့ လူမျိုး သူ့ကျွန်ဘဝက လွတ်မြောက်ရေးပဲ ဖြစ်တယ်။ အဲဒီလွတ်လပ်ရေး စိတ်ဓာတ်က အဓိက အရင်းခံ အဖြစ် မောင်းနှင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
Filed under: Aung Way, Student Movement in Burma | Leave a Comment »
Posted on September 29, 2009 by oothandar
အပြန်လမ်း
အောင်ဝေး
စက်တင်ဘာ ၂၉၊ ၂ဝဝ၉
ဒီမှာတော့
ကိုယ်တို့က အိမ်ပြန်ချင်သူတွေပေါ့။
လမ်းဖြတ်ကူးတိုင်း
ဇာတိလွမ်းစိတ်ချင်း တိုးမိတိုက်မိ။
အိပ်မက်ထဲ
ပိတောက်ပွင့်မဆုံး။
Filed under: Aung Way, poem | Leave a Comment »