American on hunger strike in Myanmar jail: lawyer

ညီညီအောင် အင်းစိန်ထောင်တွင် အစာငတ်ခံ ဆန္ဒပြနေကြောင်း သူ၏ရှေ့နေ ပြောပြ
AFP သတင်းဌာန
ဒီဇင်ဘာ ၁၂၊ ၂ဝဝ၉

ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင် (photo: moemaka)
မြန်မာပြည်တွင် အကျဉ်းကျနေသော အမေရိကန်နိုင်ငံသားတဦးသည် အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း သူ၏ ပြည်ပမှ ရှေ့နေက သောကြာနေ့တွင် ပြောလိုက်သည်။
မြန်မာပြည်ဖွား ကျော်ဇောလွင် ခေါ် ညီညီအောင်သည် နိုင်ငံရေး အကျဉ်းသားများအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေများရရှိရန် တောင်းဆိုသည့်အနေဖြင့် ဒီဇင်ဘာ ၄ ရက်နေ့မှ စတင်ပြီး အစားအစာ လက်ခံခြင်းမရှိတော့ကြောင်း ဝါရှင်တန်မှ သူ၏ ရှေ့နေ Beth Schwanke က ဆိုသည်။

paid Wi-Fi now available in Rgn

ရန်ကုန်မြို့ရဲ့ နေရာအချို့မှာ ကြိုးမဲ့ အင်တာနက်စနစ် စတင်မည်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၇၊ ၂ဝဝ၉

ရန်ကုန်မြို့လယ် ဆိုင်တဆိုင်တွင် ကော်ဖီသောက်ရင်း အင်တာနက် သုံးစွဲနေသည့် လူငယ်တချို့။ ရန်ကုန်တွင် ကြိုးမဲ့ အင်တာနက် (ဝိုင်ဖိုင် အင်တာနက်) အသုံးပြုခွင့်ရမည်ဟူသော သတင်း နှစ်ဆန်းပိုင်း ထွက်ပေါ်လာပြီး ယခုမှ အမှန်တကယ် သုံးနိုင်ခြင်း ဖြစ်သည်။ ကြိုးမဲ့ အင်တာနက် စနစ်အရ ကွန်ပျူတာတွင် တယ်လီဖုန်း လိုင်းကြိုး တပ်ဆင်ရန် မလိုဘဲ Prepaid WiFi Card တွင် ပါဝင်သည့် အမည်နှင့်လျှို့ဝှက်နံပါတ်များ ထည့်သွင်းပြီး အင်တာနက် သုံးနိုင်မည် ဖြစ်သည်။ (ဓာတ်ပုံ-မိုးမခ)
အင်တာနက်ဆိုတာဟာ သူတို့အတွက် သတင်း အချက်အလက်တွေ ပေါက်ကြားစေတဲ့အရာ၊ ပြင်ပမှ သတင်းအချက်အလက်တွေ ဝေဖန်မှုတွေ အမြင်တွေ ဝင်ရောက်လာစေတဲ့ [...]

Gov offices using all budget

၂ဝ၁ဝမှာ ဘတ်ဂျက်အပိုအလိုမရှိအောင် အစိုးရဌာနများသုံးစွဲနေ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၇၊ ၂ဝဝ၉
၂ဝ၁ဝ ဘတ်ဂျက်နှစ် စာရင်းပိတ်သည့် အခါ အစိုးရဌာနများအတွင်း ဘတ်ဂျက်အပိုအလို မရှိစေရန်ဟု ဆိုကာ ယခုလအတွင်း ကျန်ရှိသည့် အသုံးစရိတ်များကို ကုန်အောင် သုံးစွဲနေကြရသည်ဟု သိရသည်။
အသုံးပြုရန် မလိုအပ်သေးသော်လည်း ဘတ်ဂျက်ငွေများ ကုန်အောင် ရုံးတွင်းသုံး ပစ္စည်းများ ဖြစ်သည့် ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ၊ စာရေးကိရိယာများ၊ စားပွဲ ကုလားထိုင်များ စသည်မှစ၍ ရုံးကားများ ဝယ်ယူခြင်း၊ ရုံး အတွင်း အပြင်ဆေးသုတ်ခြင်း စသဖြင့် ဘတ်ဂျက်ငွေ ကုန်အောင် သုံးနေကြသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာထမ်းတဦးက ပြောသည်။

90th birthday of Bo Kyaw Zaw

ဗိုလ်မှူးချုပ် ကျော်ဇော ၉၀ ပြည့်ပြီ၊ တပ်မတော်သားများကို ပြည်သူ့ဘက် ရပ်တည်ရန် မွေးနေ့တွင် တိုက်တွန်း
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၃၊ ၂ဝဝ၉

သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော နှင့်အတူ တွေ့ရသည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ဓာတ်ပုံ-RFA)

မြန်မာ့တပ်မတော်ကို စတင်တည်ထောင်သူတဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက တပ်မတော်သားများကို ပြည်သူများဘက်မှ ရပ်တည်ရန် ယနေ့ကျရောက်သည့် သူ၏ အသက် ၉၀ပြည့် မွေးနေ့တွင် ထပ်မံ တိုက်တွန်းလိုက်သည်။
BBC, RFA စသည့် ပြည်ပအခြေစိုက် အသံလွှင့်ဌာနများ မှတဆင့် ထိုသို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

UMEH activities in N Oakalapa tsp

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က မြောက်ဥက္ကလာတွင် ဈေးကွက်ချဲ့ထွင်
ဝင်းမြတ်၊ ရန်ကုန်
နိုဝင်ဘာ ၃ဝ၊ ၂ဝဝ၉
မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ ရပ်ကွက်တချို့တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် တံဆိပ် ပါရှိသော မီတာဘောက်စ်များကို အာဏာပိုင်တို့၏ အစီအစဉ်ဖြင့် စနေနေ့က လိုက်လံ လဲလှယ် တပ်ဆင်နေကြောင်း သိရသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေးအဖွဲ့မှ ဝန်ထမ်းများက ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ (ဇ) ရပ်ကွက်အတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံ၍ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၄င်းရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။

USDA promotion in Rangoon (follow-up news)

ကြံ့ခိုင်ရေးအသင်းက လူထုငွေကြေးဖြင့် နာမည်ကောင်းယူ
တောင်ဒဂုံတွင် လမ်းပြင်ရန် ငွေကောက်
ဝင်းမြတ်၊ ရန်ကုန်
နိုဝင်ဘာ ၃ဝ၊ ၂ဝဝ၉

သောကြာနေ့က ပြုလုပ်သည့် ကြံ့ခိုင်ရေးအသင်း နှစ်ပတ်လည် အစည်းအဝေး ညစာစားပွဲတွင် တွေ့ရသော အသင်းဝင်များနှင့် ဗိုလ်ချုပ်ကြီးများ
ကြံ့ခိုင်ရေးအသင်းက လမ်းပြုပြင်ရေး အတွက်ဟု ဆိုကာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း တစ်အိမ်ထောင်လျှင် ငွေကျပ်ခြောက်သောင်းစီ လိုက်လံ ကောက်ယူနေသည်ဟု သိရသည်။

passports for six Burmese horses

မြန်မာပြည်မှ မြင်း ၆ ကောင် ပတ်စ်ပို့ရပြီ
မိုးမခအထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၂၇၊ ၂ဝဝ၉

(photo: wallpapergate.com)
မြန်မာပြည်ရှိ ပြိုင်မြင်း ၆ ကောင်အတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးလိုက်သဖြင့် နိုင်ငံတကာ မြင်းစီးပြိုင်ပွဲများသို့ သွားရောက်နိုင်တော့မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ဝေသည့် 7 Day သတင်းဂျာနယ်တွင် ဖော်ပြထားသည်။
“မြင်းကို ပတ်စ်ပို့လုပ်တာ ဒါ ပထမဆုံးပဲ။ အရင်က ပတ်စ်ပို့ မရှိလို့၊ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တွေ အနေနဲ့ မြန်မာမြင်းနဲ့ မပြိုင်ရတော့ ဟိုမှာ အခက်အခဲ ကြုံရတယ်။ ခု ဒီက မြင်းတွေမှာ ပတ်စ်ပို့ ရှိထားပြီ ဆိုတော့ ဘယ်နိုင်ငံမှာ ပြိုင်ပွဲလုပ်လုပ် ကိုယ့်မြင်းနဲ့ကိုယ် ပြိုင်ရုံပဲ” ဟု မြန်မာနိုင်ငံ မြင်းစီး အားကစား အဖွဲ့ချုပ် (MEF) ဒုဥက္ကဋ္ဌ [...]

USDA promotion in Rangoon

ရန်ကုန်မြို့တော် စည်ပင်က ကြံ့ဖွံ့အလံထောင်ပြီး လမ်းပြင်
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၂၄၊ ၂၀၀၉

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် လမ်းသွယ်များ၊ ရေမြောင်းများ ပြင်ဆင်ရာတွင် “နာမည်ကျော်” ကြံ့ခိုင်ရေးအသင်း၏ ဆိုင်းဘုတ်များ၊ အလံများထောင်ပြီး ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တွင်နေထိုင်သူများ၊ စီးပွားရေး လုပ်ငန်းများထံမှ အခွန်ငွေများ ကောက်ယူထားသဖြင့် ထိုလုပ်ငန်းများမှာ စည်ပင်သာယာရေး ကော်မတီက ပုံမှန် လုပ်ဆောင်ပေးရမည့် ကိစ္စရပ်များ ဖြစ်ကြောင်း၊ ယခုအခါ ထိုအဖွဲ့က ပြုလုပ်သယောင် ၀ါဒဖြန့်နေခြင်းမှာ နိုင်ငံရေး အမြတ်ထုတ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။
လွန်ခဲ့သည့် နှစ်က စတင်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အလံ၊ ဆိုင်းဘုတ်တို့ လွှင့်ထူ လမ်းသွယ်များ၊ ရေမြောင်းများပြင်ဆင်ခြင်း၊ နောက်ဖေး လမ်းကြားများ ရှင်းလင်းခြင်း၊ မြေအောက်ရေ တူးယူပြီး ရေပေးဝေခြင်းများ ပြုလုပ်ခဲ့ခြင်း [...]

Burma must end arrests of activists and continue aid after Cyclone

နာဂစ်အရေး ကူညီသဖြင့် ဖမ်းဆီးခံရသူများအရေး လူ့အခွင့်အရေး အဖွဲ့ လှုံ့ဆော်
မိုးမခအထောက်တော် အမှတ် ဝဝ၂
နိုဝင်ဘာ ၂၄၊ ၂ဝဝ၉

နာဂစ်အလွန် မြင်ကွင်းတခု (ဓာတ်ပုံ-မိုးမခ)
နာဂစ်ဒုက္ခသည်တို့အား ဖမ်းဆီးနေခြင်းများကို ရပ်ဆိုင်းရေးအတွက် စစ်အစိုးရကို ဖိအားပေးသင့်ကြောင်း ဘန်ကောက်သို့ သွားရောက် စည်းဝေးတိုင်ပင်ကြမည့် နိုင်ငံတကာ အလှူရှင်ကြီးများကို လူ့အခွင့်အရေး အဖွဲ့ကြီးတခုက ယနေ့ တောင်းဆိုလိုက်သည်။
နာဂစ်ဒုက္ခသည်များထံသို့ လုံလောက် ထိရောက်သည့် အကူအညီများ ရောက်ရှိရေးအတွက် ဆောင်ရွက်ရန်လည်းနိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တိုက်တွန်းလိုက်သည်။

Burma detains over 120 Indonesian, Taiwanese fishermen

ပြည်ပမှ ငါးဖမ်းလုပ်သား ၁၂ဝ ကျော် အင်းစိန်ထောင်တွင် ရောက်ရှိနေ
မိုးမခ အထောက်တော် အမှတ် ၀၀၄
နိုဝင်ဘာ ၂၃၊ ၂ဝဝ၉

မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသည်ဟု ယူဆရသည့် ငါးဖမ်းလုပ်သား ၁၂ဝ ကျော်ကို မြန်မာ့ တပ်မတော်(ရေ)က ထိန်းသိမ်းပြီး အင်းစိန်ထောင်သို့ ပို့လိုက်ကြောင်း AFP သတင်းဌာနက ဆိုသည်။
ဖမ်းထားသည့် နိုင်ငံခြား လှေ ၁ဝ စီးခန့် ရှိမည်ဟု ဆိုသည်။ ယခုအချိန်တွင် ၄ စီးသည် ထိုင်ဝမ်မှ ဖြစ်သည်ဟု ဆိုသည်။
“ထိုင်ဝမ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းလှေ ၄ စီး ပြီးခဲ့တဲ့အပတ်ကတည်းက ရန်ကုန်မှာ အဖမ်းခံထားရတယ် ဆိုတာကို ကျွန်တော်တို့ အတည်ပြုလို့ ရပါတယ်” ဟု ထိုင်ဝမ် ငါးလုပ်ငန်း ဌာန ဒုတိယ ညွှန်ကြားရေးမှူး Tsay Tzu-yaw [...]