Gaw She – Towards Fellow Siblings

သွေးချင်းတွေဆီ
ဂေါ်ရှယ်
နိုဝင်ဘာ ၂၆၊ ၂၀၀၉
မဟာအပြုံးပိုင်ရှင်လို့ တင်စားချင်လောက်အောင် နှစ်လိုဖွယ်အပြုံးနဲ့ အတူ သူငယ်ချင်းကို အမြဲတမ်း တွေ့ရတယ်။ သူ့ဘဝကို သူ အမြဲ ကျေနပ်ပျော်ရွင်နေပုံပဲ။ တခြားသူတွေကို ရယ်မောစရာတွေ ပြောမယ်။ လက်တွေ့ ကူညီတယ်။ သူ့ဆီကနေ ဘယ်တော့ကမှ ငြီးတွားသံကို မကြားခဲ့ရဘူး။  တော်တော်များများကလည်း သူ့ကို ခင်မင်ကြတယ်။
တနေ့ လမ်းမှာ သူငယ်ချင်းဆုံရင်း ရယ်ရယ်မောမောနဲ့ နှုတ်ဆက်ပြီး၊ သူက …
” ဒီနေ့ ငါ သွေးသွားလှူတယ်လေ။ သွေးစစ်တော့ HIV positive တဲ့။  ငါ သွေးလှူလို့ မရဘူး။”
သူ့ကို ကြည့်ရတာ ဘာမှမဖြစ်သလိုပဲ။ စိုးရိမ်ထိတ်လန့်ဟန် လည်းမရှိဘူး ဆိုတော့ ထင်လည်း မထင်ခဲ့မိဘူး။

Ba Hein Thit – Towards the Right Moment

အင်ကြင်းကိုင်း လှမ်းအကိုင် အင်ကြင်းပန်းရနံ့တရှိုက် အဲ့ဒီအခိုက်အတန့် ရောက်တဲ့အထိ
ဗဟိန်းသစ်
နိုဝင်ဘာ ၁၇၊ ၂၀၀၉
“အနှစ်နှစ်ဆယ် နိုင်ငံရေး လုပ်လာတာ
ကိုယ့်ကိုကိုယ် ကြည့်လိုက်တော့
ကြိုးတိုက်ထဲရောက်နေပါရော့လား …” တဲ့
ကာနယ်ချစ်ကောင်းရဲ့စကား တရားရမိပါရဲ့။ အဲ့ဒီလို နိုင်ငံရေးလုပ်လို့ ဟောဒီမှာ ကြိုးတိုက်ထဲ ဆယ်နှစ်တင်းတင်းပြည့်နေခဲ့ရ ။ အသက်(၁၈)နှစ်က ၀င်ခဲ့ရတဲ့ ကျနော်လူငယ်ဘ၀ လောင်ကျွမ်းခံလိုက်ရပြီ နိုင်ငံအရေးမှာ ကျနော့်ဘ၀ကို မီးစာကုန်ဆီခမ်း လောင်ကျွမ်းခံဖို့ ပိုင်းဖြတ်ထားပြီးသားပါ။

Gaw She – Towards Rescuing Hands

ကမ်းလက်များဆီ
ဂေါ်ရှယ်
နိုဝင်ဘာ ၁၄၊ ၂၀၀၉
လူတိုင်းက ကမ္ဘာကြီးတခုလုံး လှပစေချင်ကြတာချည်းပါပဲ …။ ကမ္ဘာကြီးတခုလုံး လှပအောင် မလုပ်ဆောင်နိုင်ပေမယ့် ပန်းလေးတပွင့် ပွင့်အောင်တော့ လုပ်ပေးနိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့ နယ်စပ်တောရွာလေးမှာ ကျောင်းဆရာမ ဝင်လုပ်ခဲ့တယ် …။ ကလေးတွေကို “စာ” သင်ပေးတာ တမျိုးထဲ မဟုတ်ဘဲ၊  ကိုယ်သိတဲ့ တွေ့ကြုံခဲ့ဖူးတဲ့ ဗဟုသုတလေးတွေပါ ပြောပြရင်း နွေးထွေးတဲ့ မေတ္တာပါပေးရင်း ကလေးတွေရဲ့ ဘဝနဲ့ စိတ်ခံစားချက်တွေကိုပါ နားလည်ပေးရတယ်။
ကိုယ်စာသင်ပေးရတဲ့ ကလေးတွေကိုပဲ မေတ္တာထားတာမျိုးသာမက လက်လှမ်းမီသမျှ ကလေးတွေ၊ သားသမီးရဲ့ အတန်းဖော်သူငယ်ချင်းေ တွရဲ့ ဘဝနဲ့ ခံစားချက်ကိုပါ မျှဝေ ပေးခဲ့ရတယ်…။

Lu Bo – Forever Struck

တသက်တာ ဆူး
လူဗိုလ်
နိုဝင်ဘာ ၁၂၊ ၂၀၀၉
(၁)
၎ – တန်း အောင်လက်မှတ် လာထုတ်လျှင်
ကွမ်းသီးအလုံး (၄၀) ယူခဲ့ကြပါ။
ပုံ
ကျောင်းအုပ်ကြီး
ကျောင်းရှေ့ကြေငြာသင်ပုန်းမှ ထိုစာသည် မိမိနှလုံးအိမ်အတွင်းသို့ အလွယ်တကူ ၀င်ရောက်ခဲ့၏။ ထိုစာတွင် အဓိပ္ပါယ်များစွာ ပါဝင်နေသည်ဟုလည်း မြင်၏။ ဆိုလိုသည်မှာ မြို့ကျောင်းများတွင် ဤကဲ့သို့အရေးအသားမျိုးကို ထင်ထင်ပေါ်ပေါ် ရေးကြလိမ့်မည်မဟုတ်။ ရေးရဲကြလိမ့်မည်လည်းမဟုတ်။ ယခုရေးသားထားပုံနှင့် အများမြင်သာအောင် ဖေါ်ပြထားပုံမှာ စိတ်ဝင်စားစရာ။
မိမိတို့တွင် အလေ့အထတခုရှိ၏။ စစ်ကြောင်းရွာထဲဝင်ပြီဆိုသည်နှင့် ကျောင်း၊ ကျောင်းဆရာနှင့် ကျောင်း သားများမှာ မိမိတို့၏ရင်းနှီးရာ မိတ်ဆွေအရင်းအချာများ။ လည်ပတ်ရာ၊ ရင်ချင်းဆက်ရာများ။ မိမိတို့က ကျောင်းသား တပ်မတော်ဖြစ်နေသည်ကိုး။

Law Eh Soe – Remembering Thamanya Sayadaw

မြတ်သောမေတ္တာရှင်နှင့် တဒင်္ဂ
လောအယ်စိုး
စက်တင်ဘာ ၂၃၊ ၂၀၀၉

၁၉၈၉ ခုနှစ် ဖေဖေါ်ဝါရီလ၏ တခုသောနံနက်ခင်း။ ဝေ့ ဝဲကာ မြောက်ပြန်ဆောင်းလေ တွေတိုက်နေဆဲ။ ကျနော့်ရှေ့မှာ မားကပ်လည်း မပါ ဘရိတ်ကလည်း မကောင်း ချိန်းအဖုံးလည်း မရှိသည့် ဆေးရောင်မှိန် မောင်ဗမာစက်ဘီးဟောင်းတစီးက အရံသင့် ၀ါးတဲငယ်အိမ်ကလေးကို မှီလို့ သူ့ခမျာပိုင်ရှင်က အမှီဒေါက်ကိုတောင်မှ ၀ယ်မတပ်နိုင်ရှာတော့ တွေ့ရာကြုံသလို အမှီရှာရတယ်။ တခါတရံမှာလည်း သရက်ပင် မာလကာပင် အုန်းပင်တွေရဲ့ အရင်းမှာ အဆင်ပြေသလိုမှီလို့။

Ngwe Zin Yaw – One Waso Pwe in Rangoon

ရန်ကုန်က တခုသော ၀ါဆိုသင်္ကန်း ကပ်လှူပွဲ မြင်ကွင်း
ငွေစင်ယော်
ဇူလိုင် ၁၃၊ ၂၀၀၉
ဝါဆိုလပြည့်နေ့မှာ ၀ါဆိုသင်္ကန်းကပ်ဖို့ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ကြသည်။ အချိန်ကတော့ နေ့လည်လောက်မှာပါ။ မစခင်မှာ ရောက်လာကြသည့် အလှူရှင်တွေက သိမ်တော်မှာ နေရာယူနေကြသည်။ တချို့ကတော့ ၀ါဆိုသင်္ကန်းဖိုးတွေ သွားရောက်လှူကာ နံမယ်စာရင်း ပေးနေကြသည်။ တော်တော်များများကတော့ ရက်ကြိုတင်၍ ၀ါဆို သင်္ကန်းအတွက် စာရင်းပေးကာ လှူထားနှင့်ကြပြီ ဖြစ်ပါသည်။

Ko Thet – Ordination of Zarganar’s Son

တချက်ခုတ် နှစ်ချက်ပြတ်
ကိုသက်
ဇူလိုင် ၁၁၊ ၂၀၀၉
ဒီနေ့ (ဇူလိုင် ၁၀) နိုင်ငံကျော် အနုပညာရှင် ကိုဇာဂနာရဲ့သား၊ မောင်မြတ်ကောင်းရဲ့ သာသနာ့အမွေခံယူပွဲကို အမေရိကန် နိုင်ငံ၊ တောင်ပိုင်းကာလီဖိုးနီးယား၊ လော့စ်အိန်ဂျလိစ်မြို့ရှိ၊ ဓမ္မဇောတိကျောင်းမှာ ကျင်းပပြုလုပ်ကြတယ်။ ရဟန်းခံပွဲတွင် ကျောင်းလေးကျောင်းမှ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှောက်ပေးပါတယ်။ မနက်ဖန်မှာ ပရိသတ်တွေကို ကျွေးမွေးဧည့်ခံဖို့ ဖိတ်ထားတယ်။ ဒီနေ့က ပဉ္ဖင်းလောင်းရဲ့မွေးနေ့နဲ့ တိုက်ဆိုင်နေလို့ မွေးနေ့အမှတ်တရလည်းဖြစ် ကုသိုလ်လည်းဖြစ်အောင်လို့ သောကြာနေ့မှာပဲ ရဟန်းခံခဲ့ခြင်းဖြစ်ပါတယ်။

My MyitKyiNa – Hepatitis C & Myit Kyi Na

အသည်းရောဂါ နဲ့ မြစ်ကြီးနား
မိုင်မြစ်ကြီးနား (ဘလော့ဂ်)
ဇွန် ၁၀၊ ၂၀၀၉
အသည်းရောဂါထဲမှာ စီပိုးလို့ခေါ်တဲ့ Hepatitis C ဟာ တော်တော်ဆိုးဝါးတယ်။ ဒီရောဂါနဲ့ သေသွားသူတွေ မနည်းတော့ဘူး၊ ကျနော်တို့ မြစ်ကြီးနားမြို့ထဲမှာတင် တဖြုတ်ဖြုတ်နဲ့ကြွေသွားခဲ့တဲ့ လူကြီးလူရွယ်တွေ မရေနိုင်တော့ဘူး။ ကျနော့် အမေလည်း ဒီရောဂါရှိနေတယ်၊ သူ့ရဲ့ အသိမိတ်ဆွေတွေထဲမှာလည်း စီပိုး ရှိသူတွေ အများကြီးပဲ။ ရွာထဲမှာ အသိထဲက သေသွားသူတွေရဲ့ သတင်းကြားရင် စီပိုး အသည်းရောဂါဟာ အဓိကတရားခံ ဖြစ်နေတာ သိရတယ်။ တနေ့ကလည်း သူငယ်ချင်းတယောက်ရဲ့ အကိုက စီပိုး ရှိနေတယ်ဆိုတာ ကြားရပြန်တယ်။ စီပိုးချည်းပဲ ကြားရလွန်းလို့ ကျနော်လည်း အလွန်အံ့သြမိ တွေးတောမိပါတယ်။

Khaing Mar Kyaw Zaw – Children on the run in the back packs from Burma

ပလိုင်းအိမ်နဲ့ ကျိုးကြေနေသော ဘဝများ
ခိုင်မာကျော်ဇော
မေ ၁၂၊ ၂၀၀၉
ကျမ စာရေးဖို့ ကွန်ပြူတာရှေ့ထိုင်တော့ ကွန်ပြူတာဘေးမှာ ကျမ ရဲ့ ပလိုင်းအိမ် ကဗျာစာအုပ်လေးကို တွေ့လိုက်ရတယ်။ အတူနေတဲ့ အခန်းဖော်မိန်းကလေး ဖတ်လက်စ တန်းလန်းနဲ့ ထားသွားဟန်တူပါတယ်။ စာအုပ်မှာ မှတ်ရာလေး လုပ်ထားတာကို ကျမ တွေ့ရတယ်။ စာအုပ်လေးကို ကောက်ကိုင်လိုက်တော့ ပလိုင်းကြီးထဲက ဖိုးမူလေးရဲ့ ငိုမဲ့မဲ့အကြည့်နဲ့ ကျမ ထပ်ပြီး ဆုံရပြန်တယ်။

Khaing Mar Kyaw Zaw – My Resolute

ရှစ်ခိုး ဦးခိုက် အလွမ်းရိုက်လို့ ရေးတဲ့စာ

ခိုင်မာကျော်ဇော

မေ ၆၊ ၂၀၀၉
အခြေအနေအကြောင်းကြောင်းကြောင့် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တဦး အနေနဲ့ ကျမ ၂ဝဝ၈ ခုနှစ် သြဂုတ်လဆန်းမှာ ရောက်ခဲ့ပါတယ်။ အမေရိကားကို လာရောက်ဖို့ ကျမ စိတ်ကူး လုံးဝ မရှိခဲ့ပါ။ မလာချင်ဘဲ ရောက်ခဲ့ရ၊ ချစ်ခင်သူတွေကို ခွဲခဲ့ရ၊ ဆန္ဒတွေနဲ့ ဆန့်ကျင်ပြီး ဘဝကို ပုံဖော် ရှင်သန်နေရတဲ့ ကျမရဲ့ အမေရိကားနေ့ရက်တွေဟာ ငရဲခန်း နေ့ရက်တွေပါပဲ။
၂ဝဝ၄ ခုနှစ်က အမေရိကန်ပြည်ထောင်စုကို ကျမ ခေတ္တ တခေါက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက အမေရိကား ရောက် မိတ်ဆွေတချို့က ထိုင်း – မြန်မာနယ်စပ်မှာ မလုံမခြုံ နေထိုင်ရတဲ့ ကျမကို နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားဖို့ အကြံပြုကြပါတယ်။ [...]