Posted on November 5, 2009 by oothandar
ဂျပန်ခေတ်မှာ သုံးနှစ်တာ – ခင်မျိုးချစ်
ဒီးဒုတ်ဦးဘချို၏ အမှာစာ
အတွေးအမြင် အောက်တိုဘာ ၂၀၀၉
နိုဝင်ဘာ ၅၊ ၂၀၀၉
ဂျပန်- အရှေ့တိုင်းသား လူမျိုးစု။ အနောက်တိုင်းသားများသာမက ၎င်းတို့ အရှေ့တိုင်းသားအချင်းချင်းပင်လျှင် ဥာဏ်မမီနိုင်လောက်အောင် ကွဲပြားဆန်းပြားသည့် အဓိပ္ပါယ်များကို ပိုင်ဆိုင်သူများ ဖြစ်သည်။ မိုးကောင်းကင်က ထာဝရဘုရားသခင်ရှိသည်ဟု ယုံကြည်နေလျက်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်အမြင်များရှိသူ၊ ဗုဒ္ဓဘာသာပါဟု ကြွေးကြော်နေကာ ဘုရားမဲ့ဝါဒကိုလည်း စွဲကိုင်လျက်ရှိသူ၊ အရှေ့တိုင်း မြေရှင်ပဒေသရာဇ်ခေတ် အယူအဆများကို ဆုတ်ကိုင်ထားလျက်နှင့် ခေတ်မှီသည့် အနောက်တိုင်းယဉ်ကျေးမူတွေကိုလည်း ကူးပြောင်းဖို့ ကြိုးစားနေသူ၊ ရုပ်ရှင်တွေထဲ ချစ်ခန်း၊ ကြိုက်ခန်းများကို တားမြစ်ပိတ်ပင်ထားပြီး နေ့စဉ်ဘ၀ထဲတွင် ခုနှစ်လွှာအကကို အားပေး ခွင့်ပြုထားသူများ၊ သူရဲကောင်းဆန်သည်ဟု ကြွေးကြော်ကာ ကိုယ့်ကိုယ်ကို သတ်သေခြင်းကို အရှက်နှင့်အသက် လဲသည့်ပမာ [...]
Filed under: For the record | Leave a Comment »
Posted on November 3, 2009 by oothandar
နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၅)
ဦးရာဇတ်၏ လေးစားဖွယ်စိတ်ဓာတ်
ထိန်လင်း
နိုဝင်ဘာ ၃၊ ၂ဝဝ၉
ဆရာကြီး ဦးရာဇတ်အကြောင်းကို လေ့လာတဲ့အခါ အခွင့်အရေးကို မမျှော်လင့်ဘဲ တိုင်းပြည်အတွက် လိုအပ်တဲ့နေရာက တာဝန်ယူတတ်တဲ့ ဆရာကြီးရဲ့ စိတ်ဓာတ်ကို တွေ့နိုင်သလို ကိုယ်ကျိုးစွန့်လွှတ်နိုင်မှုတွေကိုလည်း တွေ့ရပါတယ်။ ဒီလိုပဲ ကျောင်းသားလူငယ်တွေကို ပညာရေးနဲ့ နိုင်ငံရေးအသိ တပြိုင်တည်း ရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့တာတွေကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။
ဆရာကြီး ဦးရာဇတ်က သူ့ရဲ့ အမျိုးသားကျောင်းမှာ ကျောင်းသားတွေအားလုံး အင်္ဂလိပ်စကားကိုသာ ပြောဆိုစေပြီး အင်္ဂလိပ်လိုမပြောရင် ကြိမ်နဲ့ရိုက်ပြီး ဒဏ်ပေးခဲ့တယ်လို့ သိရပါ တယ်။ ဒါဟာ ကိုလိုနီအစိုးရကို တော်လှန်ဖို့ သူတို့ဘာသာစကား ကျွမ်းကျင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။
Filed under: For the record | Leave a Comment »
Posted on October 10, 2009 by oothandar
သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၃
ကိုမိုက်ခဲစိန်
အောက်တိုဘာ ၉၊ ၂၀၀၉
အခုဆက်ရေးရမယ့် မေးခွန်းတွေက ၂၀၀၁ ကနေ လက်ရှိ ၂၀၀၉ အထိ ဉာဏ်စမ်းမေးခွန်းတွေ ဖြစ်ပါတယ်။ မေးခွန်းတွေ အချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ ၀ိုင်းပြီး အကြံပေးတာ ဝေဖန်တာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဲသည်မှာ ထောက်ပြကြတာ တခုကတော့ ၁၉၉၅ – ၂၀၀၀ ကာလဖြစ်ပါတယ်။
အဲသည်မှာ အမေရိကန်မှာ ဒီမိုကရက်တွေ အာဏာရတဲ့အချိန်၊ လူရွယ် ခြေတက် ဘီလ်ကလင်တန် သမ္မတကြီး ဖြစ်နေချိန်ဖြစ်ပါတယ်။ အဲသည်တုံးက အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးက မာဒလင်း သြဘရိုက်ပါ။ ဒေါ်စုကို ခြေချုပ်မထားတဲ့ ကာလတွေ ရှိုပြီး စစ်ထောက်လှမ်းရေးတွေ မိုးကောင်းစဉ်၊ စစ်အုပ်စုနဲ့ အင်န်အယ်ဒီတို့ [...]
Filed under: 8888 - 20 Years, For the record | Leave a Comment »
Posted on August 29, 2009 by oothandar
သမိုင်းအသစ် ဖတ်စာအသစ်အတွက် ဉာဏ်စမ်းမေးခွန်းများ – ၂
ကိုမိုက်ခဲစိန်
သြဂုတ် ၂၈၊ ၂၀၀၉
စာဖတ်သူတွေဆီက ထပ်ဖြည့်ပေးတဲ့အချက်တွေကို ကျေးဇူးတင်တဲ့ အကြောင်းပြောပါစေခင်ဗျား။
ဥပမာ အာဏာသိမ်းပြီးခါစမှာ အထွေထွေသပိတ်ကြီးကို စစ်အုပ်စုက ဖြိုခွဲလိုက်တဲ့ဆီမှာ သပိတ်စခန်းတွေ ဘယ်လို နှိမ်နင်းသိမ်းပိုက်ခံရသလဲ ဆိုတဲ့ မေးခွန်း။ ၀န်ထမ်းတွေကို မဆလပါတီက ထုတ်ပစ်လိုက်ပြီး ပါတီနိုင်ငံရေး မလုပ်ရဆိုပြီး ကန့်သတ်လိုက်တာ။ စစ်အုပ်စုက ၀န်ထမ်းတွေကို မေးခွန်း ၃၃ ခုနဲ့ စစ်တမ်းကောက်ပြီး ဦးနှိမ်ခဲ့တာ၊ အမှန်အတိုင်းဖြေမိလို့ ၀န်ထမ်းတွေ အလုပ်ဖြုတ်ခံရတာ။ ကျောင်းတက်ရေး မတက်ရေး ကျောင်းသားတွေ အငြင်းပွားခဲ့တာ။ စစ်အုပ်စုရဲ့ စစ်ခုံရုံးများ၊ ၅ (ည)၊ ၁၀(က)၊ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ် [...]
Filed under: 8888 - 20 Years, For the record | Leave a Comment »
Posted on August 18, 2009 by oothandar
နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၄)
အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇတ်၏ ဂုဏ်ရည်
ထိန်လင်း
သြဂုတ် ၁၇၊ ၂၀၀၉
မြန်မာပြည်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်ကြည့်တဲ့အခါ နိုင်ငံရေးလိုအပ်ချက် ရှိတဲ့အခါ လူတန်းစား အလွှာပေါင်းစုံက တိုင်းပြည်ချစ်သူတွေမှန်သမျှ ပါဝင်လုပ်ဆောင်ကြတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကိုလိုနီခေတ် လွတ်လပ်ရေးတိုက်ပွဲဆိုရင်လည်း နိုင်ငံရေးနယ်ပယ်မှာ ပါဝင်ဆောင်ရွက်သူတွေက ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာနယ်ပယ် စတဲ့ နယ်ပယ်မျိုးစုံက ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် ၁၉၃၆-၃၈ ကျောင်းသားသပိတ် နောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေး ဦးဆောင်လှုပ်ရှားသူတွေကို ၁၉၂ဝ ကျောင်းသားသပိတ်မှာ ထွက်ပေါ်လာတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေက ဝိုင်းရံခဲ့တာကို တွေ့ရပါလိမ့်မယ်။
Filed under: For the record | Leave a Comment »
Posted on August 16, 2009 by oothandar
နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၃)
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးစာပေ
ထိန်လင်း
သြဂုတ် ၁၆၊ ၂၀၀၉
မြန်မာ့နိုင်ငံရေးသမိုင်းမှာ နိုင်ငံရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန် စာပေရေးသားခြင်းပါ တွဲဖက်လုပ်ဆောင်သူ ခေါင်းဆောင်အများအပြား ရှိပါတယ်။ ဒါပေမယ့် အများစုက စာပေရေးသားတဲ့အခါ ရိုးရိုးစကားပြေမျိုးကိုသာ ရေးသားလေ့ရှိပေမယ့် တချို့ကတော့ ရသဆန်တဲ့ အရေးအသားတွေလည်း ရေးဖွဲ့တတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ နိုင်ငံရေးစာပေများက ရသပါဝင်တဲ့ အရေးအသားဖြစ်ပါတယ်။ ဒါကြောင့် သူ့စာတွေက စာဖတ်သူတွေရဲ့ နှလုံးအိမ်ကို ပိုပြီး ဆွဲယူနိုင်ပါတယ်။
Filed under: For the record | Leave a Comment »
Posted on August 12, 2009 by oothandar
နိုင်ငံရေးနဲ့ စာပေအနုပညာ (၄၂)
ဒေါ်အောင်ဆန်းစုကြည်၏ စာပေအနုပညာ
ထိန်လင်း
သြဂုတ် ၁၂၊ ၂ဝဝ၉
မြန်မာပြည်ရဲ့ နိုင်ငံရေးမှတ်တမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေးနယ်ပယ်ထဲမှာ ထင်ရှားသူတွေက စာပေအနုပညာများ ဖန်တီးတာတွေ၊ စာပေအနုပညာသမားတွေက နိုင်ငံရေးလောကထဲ ပါဝင်လှုပ်ရှားတာတွေကို တွေ့နိုင်ပါတယ်။ ဒီလိုပဲ နယ်ပယ် ၂ ခုစလုံးမှာ အပြည့်အဝ ပါဝင်ကြသူတွေလည်း ရှိပါတယ်။ သခင်အောင်ဆန်း၊ သခင်နု၊ ဒီးဒုတ်ဦးဘချို၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ စာရေးဆရာ သိန်းဖေမြင့် စသဖြင့် ထင်ရှားသူတွေက အများကြီးပါ။
Filed under: For the record | Leave a Comment »
Posted on July 22, 2009 by oothandar
နိုင်ငံရေးနဲ့ စာပေအနုပညာ (၄ဝ)
နိုင်ငံရေးစာပေထဲမှ အမျိုးသမီးများ
ထိန်လင်း
ဇူလိုင် ၁၉၊ ၂၀၀၉
နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကို အကန့်အသတ်နဲ့သာ ထုတ်ဝေခွင့်ရတဲ့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားသူတွေအကြောင်း၊ နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်း ပြည့်ပြည့်စုံစုံ ဖတ်ရဖို့ မလွယ်ပါဘူး။ အထူးသဖြင့် လက်ရှိကာလ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်တဲ့ ကွဲပြားတဲ့ သဘောထားတင်ပြချက်တွေကို ဖတ်ရှုခွင့်မရနိုင်ပါဘူး။
တခါတလေကျတော့ လက်ရှိ ခေတ်ကာလ အကြောင်းကိုသာမကဘဲ ပြီးသွားတဲ့ ခေတ်ကာလကိုတောင် ဝေဖန်ရေးသားမှု လွတ်လွတ်လပ်လပ် လုပ်လို့မရပါဘူး။ ဥပမာအားဖြင့် စစ်အာဏာသိမ်းထားတဲ့ နဝတ ခေတ်မှာ မဆလခေတ်အကြောင်း ပွင့်ပွင့်လင်းလင်း ရေးလို့မရသလို ခုချိန်ထိလည်း ကျယ်ပြန့်တဲ့ဝေဖန်သုံးသပ်ချက်တွေ၊ သမိုင်းမှတ်တမ်းတွေ မထွက်လာပါဘူး။ လက်ရှိကာလကို တနည်းတဖုံ ဆက်စပ်တွေးတောလို့ရနိုင်တဲ့ အကြောင်းအရာတွေ၊ လက်ရှိကာလနဲ့ ခပ်ဆင်ဆင် အကြောင်းအရာတွေဆိုရင် ဘယ်လောက်ကြာခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပါစေ [...]
Filed under: For the record, History | Leave a Comment »
Posted on July 15, 2009 by oothandar
ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ
လှမြင့် (ရန်ကုန်တက္ကသိုလ်)
ဇူလိုင် ၁၅၊ ၂၀၀၉
လှမြင့် (ရန်ကုန်တက္ကသိုလ်) ရဲ့ “ဗိုလ်ချုပ်တို့ ကျဆုံးခဲ့စဉ်က စာနယ်ဇင်း မှတ်တမ်းတင်ခဲ့မှုများ” ပြန်ပြောင်း ရှာဖွေ ဖော်ထုတ်မှုကို ချင်းတွင်း၊ မဂ္ဂဇင်း အမှတ် (၄ဝ)၊ ဇူလိုင်လ၊ ၂ဝဝ၉ ခု ထုတ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
[ အပြည့်အစုံ သို့ ဖတ်ရန် ]
http://above-3-or-4-pages.blogspot.com/2009/07/62-years-ago-at-19th-july-1947-through.html
Filed under: For the record | Leave a Comment »
Posted on July 12, 2009 by oothandar
နိုင်ငံရေးနဲ့ စာပေအနုပညာ (၃၉)
တိုက်ပွဲဝင် မြန်မာအမျိုးသမီးများ
ထိန်လင်း
ဇူလိုင် ၁၂၊ ၂၀၀၉
အမျိုးသမီးဆိုတာ အိမ်မှုကိစ္စကိုပဲ လုပ်ဆောင်ရမယ့်သူဖြစ်တယ်၊ အိမ်ထောင်သည်ဆိုရင်လည်း အိမ်ရှင်မ ဖြစ်ဖို့ပဲ အရေးကြီးတယ် ဆိုတဲ့ အယူအဆတွေဟာ တိုးတက်လာတဲ့ ခေတ် အခြေအနေတွေ၊ ကျယ်ပြန့်တဲ့ အတွေးအခေါ် အယူအဆများအောက်မှာ တဖြည်းဖြည်း မှေးမှိန်လာပါပြီ။ အထူးသဖြင့် တိုင်းပြည်တစ်ခုရဲ့ ကံကြမ္မာကို ဖန်တီးဖို့ဖြစ်လာတဲ့ နိုင်ငံရေးအခြေအနေတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့အတူ ရှေ့တန်းက ပါဝင်ပြီး တိုက်ပွဲဝင်ခဲ့ကြတာ ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ အထင်အရှား တွေ့နိုင်ပါတယ်။
လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးစာမျက်နှာတွေမှာ မြန်မာအမျိုးသမီးတွေရဲ့ ဒီမိုကရေစီရေး၊ တိုင်းပြည် လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို တွေ့နေ ကြားနေရပါလိမ့်မယ်။ ဒီလိုဆိုတော့ တချို့က ဒီအမျိုးသမီးတွေဟာ သူတို့ဆွေမျိုးသားချင်းတွေ၊ သူတို့မိသားစုဝင်တွေက [...]
Filed under: For the record, History | Leave a Comment »