Bloggers on 2012

ကမ္ဘာပျက်တော့မယ် ဆိုတဲ့ အယူအဆကို ဘလော်ဂါတွေ ဘယ်လို တုံ့ပြန်ကြသလဲ
အင်တာဗျူး
နိုဝင်ဘာ ၉၊ ၂ဝဝ၉

လာမယ့် ၃ နှစ် အကြာမှာ ကမ္ဘာကြီး ပျက်စီးတော့မယ် လို့ တချို့က ယူဆနေကြပါတယ်။ ဒီလို ယူဆသူတွေထဲမှာ မြန်မာပြည်က အထင်ရှားဆုံး ဗေဒင်ဆရာကြီး စံဇာဏီဘိုလည်း ပါဝင်လာပြီးနောက်ပိုင်းမှာ ဒီအယူအဆဟာ အင်တာနက်အသုံးပြုတဲ့ မြန်မာပြည်သားတွေ ကြားထဲမှာ လက်တို့ပြောကြားစရာ၊ ရယ်ပွဲဖွဲ့စရာ၊ ထိတ်လန့်စရာ၊ စူးစမ်းလေ့လာစရာ အကြောင်းအရာတခု ဖြစ်လာပါပြီ။
မိုးမခက မြန်မာဘလော်ဂါတချို့ကို ဒီအယူအဆနဲ့ ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားပါတယ်။ သူတို့ ဘာပြောထားကြသလဲ ဖတ်ကြည့်ပါဦး။

ORaTha – Talk with Monywa Aung Shin

မုံရွာအောင်ရှင်နဲ့ စကားလက်ဆုံ
သြရသ
နိုဝင်ဘာ ၃၊ ၂၀၀၉

(အင်န်အယ်ဒီ -စစ်ကိုင်းတိုင်း ပါတီဝင်၊ ကဗျာဆရာ၊ စာမော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ၊ ၂၀၀၀ ခုနှစ်တွင် စစ်အစိုးရက ပုံနှိပ်ဥပဒေနှင့် ထောင် အနှစ် ၂၀ ချမှတ်ခဲ့။ အမှုတွဲတွင် ဖျာပုံနီလုံဦး၊ ဦးစိုးဟန်၊ ဦးထွန်းမြင့်၊ ဦးနိုင်းနိုင်းတို့ကိုလည်း တရားသူကြီး ဘကျော်က ရဲအရာရှိ လှမြင့်ကို တရားလိုထားပြီး ထောင်ဒဏ်များ ချမှတ်ခဲ့။ ယခု ၂၀၀၉ စက်တင်ဘာ ၁၈ က ထောင်မှ လွတ်မြောက်လာခဲ့)

10 Question for Pho Tayoke King from MoeMaKa

ကိုဖိုးတရုတ်(စည်းလုံးခြင်းရဲ့အင်အား)အတွက် မေးခွန်း ၁၀ ခု
မိုးမခနဲ့ စကားလက်ဆုံ
သြဂုတ် ၆၊ ၂၀၀၉
ကိုဖိုးတရုတ်ရဲ့ စည်းလုံးခြငးရဲ့ အင်အားဆိုတဲ့ ၀က်ဆိုက်နဲ့ ဘလော့ဂ်မှာ တပ်မတော်သားများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အတွေ့အကြုံတွေကို တင်ဆက်နေတာကို ပရိသတ်က သတိပြုမိနေကြတယ်။ ပြီးတော့ စစ်အုပ်စုဖက်က အဲသည်ဝက်ဆိုက်ကို အကြိမ်ကြိမ် နည်းပညာမျိုးစုံနဲ့ တိုက်ခိုက်လို့ ထိခိုက်နေရတာကိုလည်း တွေ့နေရတယ်။ အတိုက်အခံ စာနယ်ဇင်း စာမျက်နှာတခု မဟုတ်ဘဲ တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ အင်တာနက်စာမျက်နှာဖြစ်နေတာရယ်၊ ပြီးတော့ စစ်အုပ်စုဖက်ကနေ ဒီမိုကရေစီအင်အားစုတွေကို မီဒီယာနဲ့ ထိုးနှက်တာမဟုတ်ဘဲ စစ်အုပ်စုရဲ့ အတွင်းအရေးတွေ၊ စစ်ရာဇ၀တ်မှုတွေကို ဖော်ထုတ်တင်ပြနေတာ ဖြစ်နေလို့ မြန်မာပရိသတ်က ထူးထူးခြားခြား စောင့်ကြည့်နေကြတာကြောင့် အဲသည်က ဖိုးတရုတ်ကို မိုးမခက မေးခွန်း ၁၀ ခု မေးကြည့်ခဲ့ပါတယ်။ ဖတ်ကြည့်ကြပါဦး။

Min Din interview

ဘလော့ဂါမင်းဒင်နှင့် မိုးမခ အင်တာဗျူး
ဇွန် ၂၃၊ ၂၀၀၉

မြန်မာ့ ဘလော့ဂါလောကတွင် ထင်ရှားသူတဦးဖြစ်သည့် မင်းဒင်၏ www.mindin.info ဘလော့ တွင် စိတ်ဝင်စားစရာ အကြောင်းအရာ များစွာ ပါဝင်သည်။ လက်ရှိအခြေအနေကို သရော်သော အရေးအသားများလည်း ပါဝင်သည်။ “သက်ခိုင်” အမည်ရှိ ၀တ္ထုရှည်တပုဒ်ကို သူ၏ ဘလော့တွင် အခန်းဆက် ဖော်ပြလျက်ရှိသည်။ ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် နေထိုင်သော ဘလော့ဂါမင်းဒင်ကို မိုးမခက ဆက်သွယ် မေးမြန်းထားပါသည်။

ဝတ္ထုထဲမှာ သက်ခိုင်က သူ့ဇာတိမြေ နတ်မောက်အကြောင်း ပြောရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ထည့်ပြောသွားတာ ဖတ်ရတယ်။ အဲဒါ သက်ခိုင် တကယ်ပြောပြခဲ့တာ တွေလား၊ ကိုမင်းဒင် ဖတ်ထား မှတ်ထားတာတွေကို ထည့်ရေးလိုက်တာလား။

2 lawyers talk about Yettaw

မစ္စတာ ယက်တော နှင့် ပတ်သက်ပြီး ရှေ့နေ ၂ ဦး၏ ပြောပြချက်များ
BBC အင်တာဗျူး
မေ ၂၁၊ ၂၀၀၉

မစ္စတာ ယက်တော၏ ရှေ့နေ ဦးခင်မောင်ဦး
ဦးခင်မောင်ဦး – ဒီနေ့ကတော့ သက်သေ ၂ ယောက်လောက် စစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ၀င်းသိမ်းတဲ့ဟာရယ်၊ နောက်တခုက ဟိုတယ်မှာ ပစ္စည်းတွေ ၀င်သိမ်းတဲ့ ကိစ္စရယ်၊ နောက်တခုက မစ္စတာ ယက်တောဆီက သိမ်းထားတဲ့ ဗီဒီယို နဲ့ Cannon ကင်မရာရယ်၊ ရှိုး လုပ်ပါတယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ။
ဟိုတယ်မှာ ၀င်ပြီးသိမ်းတယ် ဆိုတာက ဘာပစ္စည်းတွေကို သိမ်းခဲ့တာလဲ။
သူတို့ သက်ဆိုင်တယ် ထင်လို့ သိမ်းခဲ့တာပါ။ သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေပါ။

Daw Suu doesn’t change much

တည်ငြိမ် အေးဆေးမှုကတော့ အရင်အတိုင်းပါပဲ

အင်တာဗျူး
မေ ၂၀၊ ၂၀၀၉

ဦးအောင်လှထွန်း
ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်သို့ တက်ရောက် နားထောင်ခွင့် ရခဲ့သည့် Reuters သတင်းအေဂျင်စီမှ သတင်းထောက် ဦးအောင်လှထွန်းကို ဘီဘီစီ ရေဒီယို မြန်မာဌာနက ယနေ့ ဆက်သွယ်မေးမြန်းထားသည်။
ဦးအောင်လှထွန်း – ကျနော်တို့ FCC (နိုင်ငံခြား သတင်းထောက်များ အသင်း)ကို ဒီကနေ့ ၈ နာရီခွဲလောက်မှာ အကြောင်းကြားတာပါ။ ၅ ယောက်ပဲ ၀င်ရောက်ခွင့် ပြုမယ် ဆိုပြီးတော့။ ကျနော်တို့မှာ အဖွဲ့ဝင် အင်အား ၂၀ ကျော် ရှိပါတယ်။ FCC မှာ ဆုံပြီးတော့ မဲနှိုက်ကြတာပေါ့။ ကျနော်ကတော့ မဲပေါက်သွားတာပါ။ ကျနော်ရယ်၊ AFP (သတင်းထောက်) ရယ်၊ နောက် ဂျပန်(သတင်းဌာနတွေ)ကို ကိုယ်စားပြုတဲ့ သတင်းထောက် ၃ [...]

conclusion is already scripted

“ တရားခွင်ရဲ့ရလဒ်ကို နဂိုကတည်းက အဖြေရှိပြီးသား လို့ ယူဆပါတယ်”
ဘီဘီစီ
မတ် ၂၀၊ ၂၀၀၉
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မတ်ကန်းနင်း

တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုတွေ့ခဲ့ရပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်ကို တရားခွင်မှာ အားမာန် အပြည့်နဲ့ သူမရဲ့ တရားခံဘက်က ရှေ့နေတွေကို ဦးဆောင်နေတာ တွေ့လိုက်ရပါတယ်။ ဒီညနေ ကြားနာမှုမှာ ရဲအရာရှိတွေက သူမရဲ့ ခြံဝင်းထဲ အမေရိကန်တဦး ၀င်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး သက်သေ ထွက်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ ကြားနာပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သံတမန်တွေကို အခု လာရောက်ကြတာကို ကြိုဆိုကြောင်း၊ ဒီထက်ကောင်းမွန်တဲ့ အချိန်မျိုးမှာ တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Let’s support and help NLD party to free Aung San Suu Kyi and all political prisoners from Burma – Burmese Senior Artists in exile requested

ဒေါ်အောင်ဆန်းစုကြည်အရေး အင်န်အယ်ဒီပါတီကို ပြည်သူတို့ ၀န်းရံထောက်ခံကြရန်
ပြည်ပရောက် စာပေ အနုပညာရှင်တို့က ဆန္ဒပြု
မိုးမခ
မေ ၁၉၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်မိတ်ဆွေများကို အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် စစ်အစိုးရက တရားစွဲဆိုပြီး အရေးယူရန် ပြင်ဆင်နေခြင်းကို တရား ဥပဒေနှင့် အညီ ပြန်လည် ဖြေရှင်း ဆောင်ရွက်နေသော မြန်မာပြည်၏ အတိုက်အခံ ပါတီ – အင်န်အယ်ဒီ၏ လက်ရှိ လှုပ်ရှားမှုများကို မိမိတို့က ကောင်းမွန်သော မျှော်လင့်ချက်တို့ဖြင့် ယုံကြည်မှု အပြည့် ရှိပါကြောင်း

Maung Swan Yi on DASSK

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရန် – စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်က ပန်ကြား
မိုးမခ
မေ ၁၆၊ ၂၀၀၉
ယခု စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်စောင့်ရှောက်နေကြသူ မိတ်ဆွေများနှင့် ဆရာဝန်တို့ကို ဖမ်းဆီးချုပ်နှောင် အကျဉ်းချထားပြီး တရားစွဲဆိုရန် ဆောင်ရွက်နေခြင်းအပေါ် အမေရိကန်ပြည်ရောက် စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်က သဘောထားအမြင်ကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၎င်းပြောကြားချက် အကျဉ်းမှာ -

Local Burmese said Trial on Daw Suu totally unjust

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲခြင်းမှာ ဥပဒေမဲ့လုပ်ရပ် – ပြည်တွင်းက လူထုအများစု တုန့်ြ့ပန်
ဝင်းမြတ်
မေ ၁၆၊ ၂၀၀၉
နေအိမ်အကျယ်ချုပ်ချခံထားရတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်နိုင်ငံသား ရေကူးသမားအား လက်ခံထားရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နအဖ အစိုးရက တရားစွဲဆိုရန်ပြုလုပ်နေတာကို ပြည်သူလူထုထံက မကျေမနပ် တုံ့ပြန်သံများထွက်ပေါ်ခဲ့ပါတယ်။
ဒေါ်စုကိုပြန်လည်လွှတ်ပေးဖို့ရက်ပိုင်းအလိုမှာ အခုလိုလုပ်လိုက်ခြင်းဟာ နအဖ အစိုးရရဲ့ ဒေါ်စုပေါ်ထားတဲ့သဘောထားကို ရှင်းပြစရာမလိုအောင် ဖော်ထုတ်လိုက်တာပဲဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီလုပ်ရပ်ဟာ ပေါ်ပေါ်တင်တင် ဥပဒေမဲ့ပြုလုပ်တာဖြစ်တယ် လို့လည်း အများကထင်မြင်ချက်ပေးကြပါတယ်။