Old Bus hit Traffic Point, not the bad traffic cop

မီးနီပြတာကို ဝင်တိုက်တဲ့ ဘတ်စ်ကား
စာဖတ်သူတွေ ရေးတဲ့စာ၊ ဘတ်စ်စီးသူ
ဒီဇင်ဘာ ၁၃၊ ၂၀၀၉
မိုးမခခင်ဗျား – ဒီနေ့ပဲ စီးလာတဲ့ ဘတ်စ်ကားက နီနေတဲ့ မီးပွိုင့်ကို ၀င်တိုက်လိုက်တယ်။ မြင်တဲ့အတိုင်းပဲ။ ကားတွေက အိုနေပြီ။ ထိုင်ခုံတွေလည်း မရှိဘူး။ ဘရိတ်တွေလည်း မကောင်းဘူး။ ခရီးသည်ကို လုတင်တယ်။ အပြိုင်အဆိုင် မောင်းတယ်။ မီးပွိုင့်စောင့် ယာဉ်ထိန်းရဲတွေကို လာဘ်ပေးပြီး ဖြတ်မောင်းကြရတယ်။ အဲသည်မီးပွိုင့်စောင့်ရဲက လာဘ်မထိုးတဲ့ဘတ်စ်ကားတွေဆို မီးနီတားတယ်။ ညစ်ကြတယ်။ အခုတော့ မြင်တဲ့အတိုင်းပဲ။ ကားအိုကြီး၊ အကျင့်ပျက် ခြစားနေတဲ့ ရဲတွေ၊ စိတ်ပျက်အားငယ်နေတဲ့ ခရီးသည်တွေ လမ်းမပေါ်မှာ ပြန့်ကျဲလို့ပေါ့။ ကဲ … သတင်းလေး ရေးပါဦး။

MoeMaKa Letter – How about Test Drug Abuse in Burma

အစမ်းသပ်ခံ ဆေးဝါးများနဲ့ ဓားစာခံလူနာများလည်း ကြည့်ကြပါအုံး
မိုးမခထံ ပေးစာ၊ ကွမ်းယာဆိုင်လူနာ
ဒီဇင်ဘာ ၄၊ ၂၀၀၉
မိုးမခ ခင်ဗျား … သတင်းစာတွေထဲမှာ ဆရာဝန်တွေ၊ ဆေးခန်းတွေကို လူနာတွေအပေါ် ပေါ့လျော့မှု၊ ပျက်ကွက်မှုတွေနဲ့ အရေးယူလိုက်တယ်၊ သတိပေးလိုက်တယ်လို့ ကြားတော့ ၀မ်းသာပါကြောင်း၊ သတင်းသမားများက ယခုလို ထုတ်ဖော်ကြတဲ့အတွက် စာဖတ်တဲ့ ပရိသတ်ကြီးလည်း ပိုမိုနိုးကြားလာပါကြောင်း ပြောလိုပါတယ်။ ရန်ကုန်က ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဒီထက်ပိုပြီး အခုလို မတရားမှုတွေ ဖော်ထုတ်တဲ့ သတင်းတွေ အခင်းတွေ တင်ပြနိုင်ပါစေ၊ ဖတ်ရှုခွင့် ရပါရစေလို့ ဆုတောင်းလိုက်ပါတယ်။
နောက်ပြီးတော့ ဆေးဝါးကုမ္ပဏီတွေဆီက ဥဒဟို ၀င်ရောက်လာတဲ့ အစမ်းသပ်ခံ ဆေးဝါးတွေကို ဆေးခန်းတွေ၊ ဆရာဝန်တွေက လူနာတွေအပေါ်မှာ စောင့်ကြည့် စစ်ဆေး အသိပေးမှု မရှိဘဲ လက်တည့်စမ်းနေကြတာကိုလည်း ရေးကြစမ်းပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ [...]

70 Million Kyats abused by Malamyine Authority

သိန်း ၇၀၀ ဖိုး ယစ်မျိုးခွန် မော်လမြိုင်အာဏာပိုင်တို့ အပျောက်ရိုက်
မိုးမခထံ ပေးစာ၊ မော်လမြိုင်သား
နိုဝင်ဘာ ၂၅၊ ၂၀၀၉
ကျွန်တော်တို့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကြားသိနေရတဲ့သတင်းကတော့ မယက ရုံးဝန်ထမ်းတဦးက လုပ်ငန်းရှင်များပေးသွင်းထားသော ယစ်မျိုးလိုင်စင်ကြေးငွေ သိန်း ၇၀၀ ကို အလွဲသုံးစားပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
၂၀၀၄ မှ ၂၀၀၉ အထိ ပေးသွင်းထားသော ငွေထဲမှ အချို့တ၀က် ဖြစ်ပါသည်။ ၄င်း အကြောင်းအရာနှင့် ဆက်နွယ်ပြီး ပတ်သက်နေသော မယက အကြီးအကဲနှင့် ခယက အကြီးအကဲတွေက ကျိတ်ပြီး ညှိနိုင်းထားပါတယ်။ ထို့ကြောင့် ကျပ် သိန်း ၃၀၀ ခန့် ပြန် သွင်းပေးပြီး ၂၃ စက်တင်ဘာ ၂၀၀၉ မှာ ခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။

Ko Lote Shu – Aye Lwin in the offensive

ဦးသုမင်္ဂလတရား၊ မျိုးကြီးသီချင်းနဲ့ အေးလွင်အူသံ
မိုးမခသို့ ပေးစာများ၊ ကိုလုပ်ရှူ
နိုဝင်ဘာ ၁၆၊ ၂၀၀၉
စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက်ရပ်ကွက်၊ ဦးညိုလမ်းတွင် NlD ပါတီခွဲထွက်** ဖောက်ပြန်ရေးသမား အေးလွင် ၎င်း၏ ပါတီအတွက် စည်းရုံးရေးဆင်းခဲ့ကြောင်း၊ ကျနော်တို့ ရပ်ကွက်မှာလာလုပ်တာ တချို့ က ဘာမှန်း မသိကြဘူးဗျ။ ခွပ်ဒေါင်းတံဆိပ် ရင်ထိုးတွေနဲ့ အဲဒီ အိမ်ကိုဝင်သွားကြတယ်။ ပြီး ခဏလည်းကြာရော အဲဒီအိမ်မှာရှိတဲ့ စပီကာနှစ်လုံးကို အိမ်ရှေ့ဝရန်တာမှာ ထုတ်ပြီး သူတို့ အခမ်းအနား အစီအစဉ်တွေကို ပြောတယ်။ အဲဒီအိမ်ထဲမှာ စမ်းချောင်းမြို့နယ်က ရဲနှစ်ယောက်လည်း ရှိနေတယ်။

Gaw She – The Call of the Two Spirits

ဝိဉာဉ် ၂ ခုရဲ့ အသံ
ဂေါ်ရှယ်
နိုဝင်ဘာ ၉၊ ၂၀၀၉
ဇူလိုင်လက မြန်မာနိုင်ငံနဲ့ မြန်မာနယ်စပ်တလျှောက် မိုးသည်းကြီးမည်းကြီး ရွာချိန်ပေါ့။ လူကြီးတယောက်က သူရဲ့  နှစ်အရွယ် သမီးလေးနဲ့ ၅ နှစ်အရွယ် သားလေးကို သူနဲ့အတူ မျှစ်ချိုးသွားဖို့ ခေါ်လိုက်တယ်။ တောင်ရဲ့ တဖက်ခြမ်းမှာ … တဲ့။ ကလေး လေးတွေက မိုးရေထဲ ပြေးဆော့နေကြတယ်။  အခုသွားရမှာက အဖေနဲ့အတူတူ နည်းနည်းလေး ဝေးမှာမို့ ကလေးတွေက အရမ်းကို ပျော်နေကြတယ်။
ကလေးနှစ်ယောက်က အဖေနဲ့အတူ ပျော်ရွင်စွာ လိုက်သွားကြတယ်။ တောနက်လာတဲ့နောက်မှာ  ကလေးနှစ်ယောက်က အဖေနဲ့ကွဲပြီး လမ်းပျောက်သွားတယ်။ သမီးကြီးက မောင်လေးရဲ့လက်ကိုကိုင်ထားပြီး အဖေ့ကို လိုက်ရှာလေတယ်။ အဖေ့ကို လိုက်ရှာလေ … မတွေ့တော့လေပဲ။  

Outage and Outrage, this is Burma

ပျက်ပြီးရင်း ပျက်၊ ဖမ်းပြီးရင်း ဖမ်း … အဲဒါ မြန်မာပြည်
မိုးမခစာဖတ်သူတဦး (ရန်ကုန်)
အောက်တိုဘာ ၂၆၊ ၂၀၀၉
မိုးမခမိတ်ဆွေများ ခင်ဗျား
တလောက ခင်ဗျားတို့ တင်ပြသလို ရေပြတ်၊ မီးပြတ်၊ စီအင်ဂျင် ပြတ်နေပေမယ့် မြန်မာပြည်မှာ ရေကြီး၊ မိုးကြီး ပြီးတော့ ဈေးကြီးတာကတော့ လျော့သွားတယ် မရှိ တိုးလို့သာ လာနေပါတယ်။
ဒါ့အပြင် အခု အောက်တိုဘာအတွင်းမှာ စာနယ်ဇင်းသမားတွေ၊ စာနယ်ဇင်းလုပ်ငန်းထဲက အလုပ်သမားတွေကို မျက်စိဒေါက်ထောက်ပြီး ဖမ်းဆီးမှုတွေလည်း တိုးပြီးတော့ လုပ်နေတာ အဖမ်းခံရသူ ၂၀ ဦး နီးပါး ရှိပြီလို့ ကြားပါတယ်။ ကျနော်တို့က လက်တို့လိုက်ရင် ခင်ဗျားတို့ဆီက အဖွဲ့တွေ အစည်းတွေက စာရင်းတွေ ထုတ်ပြန်တာတွေ ထွက်လာကောင်းပါရဲ့။ ဒါဆိုရင် စစ်အစိုးရဟာ သနပ်ခါးလိမ်း ပန်းပန် မိတ်ကပ်လိမ်းထားပေမယ့် စစ်ဘီလူးစစ်စစ်ကြီး၊ [...]

Recorrecting the Photo Caption on 2007 Monks Boycott

စက်တင်ဘာ ၂၅ – မိုးမခသတင်းပါ မှတ်ချက်နှင့် ပတ်သက်၍
ဖြည့်စွက်ရှင်းလင်းချက် လက်ခံရရှိ
မိုးမခ၊ (အရှင်ထာဝရ နှင့် ဒီမိုဝေယံတို့၏ စာ၊ အာဇာနည်ဘလော့ဂ်က တဆင့်)

လက်ခံရရှိတဲ့ စာကို အောက်ပါအတိုင်း ပြန်လည်ရေးသား တင်ဆက်လိုက်ပါတယ်
မိုးမခရဲ့ သတင်းဓာတ်ပုံစာတမ်းမှာ ရေးထားတဲ့ – ၂၀၀၇ သံဃာ့အရေးအခင်းမှာ ဆန္ဒပြပြည်သူတို့ မီးရှို့ထားတဲ့ ရဲဆိုင်ကယ်တစီး ဆိုတာဟာ အင်မတန်မှ မှားယွင်းသော စကားလုံး အသုံးအနှုန်း ဖြစ်ပါသည် ဟု ပါရှိပါတယ်။
အရှင်ထာဝရ၏ ပြောဆိုချက်အရ –

How Burmese Migrants in Thai to get Temp Pass to work in Thailand

ထိုင်းရောက် မြန်မာနိုင်ငံသားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရန် အချက်အလက်များ

ကလောင်သွား
အောက်တိုဘာ ၁၊ ၂၀၀၉

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများကို ယခုအခါ မြန်မာ နှင့် ထိုင်းအစိုးရအဖွဲ့တို့ ညှိနှိုင်း၍ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်း၊ တရားဝင် ဝင်ဗီဇာနှင့် တရားဝင် အလုပ်လုပ်ခွင့်ပါမစ်များ ရရှိအောင် စီစဉ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျှက်ရှိပါသည်။ ယင်း အစီအစဉ် တွင် အားသာချက် အးနည်းချက် အမျိုးမျိုးရှိရာ ကျနော်သိထားသော အားသာချက် အားနည်းချက်များနှင့် သတင်းအချက်လက်များကို ဖော်ပြရေးသား လိုက်ပါသည်။

Burmese Police riding Orange Bike – symbol of oppressing the monks ?

ရန်ကုန်က ရဲများ လိမ္မော်ရောင်ဆိုင်ကယ်စီး၊ သင်္ကန်းကို ခွစီးသည့် ယတြာဟု မြို့ခံတို့က ဝေဖန်
မိုးမခစာဖတ်သူတဦး၊ ရန်ကုန်
စက်တင်ဘာ ၂၅၊ ၂၀၀၉
မိုးမခမိတ်ဆွေများ
လွန်ခဲ့တဲ့လတွေက ဌာနဆိုင်ရာ ဆိုင်ကယ်တွေကို အစိုးရက ကန့်သတ်တယ်၊ စစ်ဆေးတယ်ဆိုပြီး ဖြစ်လိုက်သေးတယ် မဟုတ်လား။ နောက်တော့ ရဲတွေ၊ ထောက်လှမ်းရေးတွေ၊ အက်စ်ဘီတွေကို သီးခြားခွင့်ပြုတယ်လို့ ဆိုပြန်တယ်။ ဆိုင်ကယ်ဆိုတာက အတိုက်အခံတွေကို နောက်ယောင်လိုက်တာ၊ အနှောက်အယှက်ပေးတဲ့ ယာဉ်တခုဖြစ်တယ်ဆိုတာလည်း အားလုံးက သိကြပါတယ်။

MoeMaKa Reader from Rangoon – Common Sense Prediction on DASSK trial

ထောင်တန်တဲ့ စကား၊ ရယ် … ပေါ့
မိုးမခစာဖတ်သူတဦး (ရန်ကုန်)
ဇူလိုင် ၂၉၊ ၂၀၀၉
အခု ရန်ကုန်က ပရိသတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်အမှုစီရင်မှုကို အတော်ကို အဆိုးမြင်နေကြပါတယ်။ စစ်အစိုးရက အစွမ်းကုန် ယုတ်မာပြီး လုပ်ကြံဇာတ်ခင်းကြဦးမယ်လို့လဲ ယုံကြည်နေကြပါတယ်။ အမေရိကန်ပြည်က မစ္စတာယက်တောကိုလည်း ဘယ်လိုလုပ်ပြီး နားလည်ပေးရမယ်ဆိုတာကို မမှန်းနိုင်ကြပါဘူး တဲ့။ သူတို့တွေ ယေဘူယျ မှန်းချက်ပေးတာက ဒီလိုပါ။