Posted on December 24, 2009 by oothandar
၂၀၀၉ အတွင်း အကျဉ်းထောင်တွင်း နိုင်ငံရေးသမားတဦး တတိယမြောက် သေဆုံး
မိုးမခအထောက်တော် ၀၀၃
ဒီဇင်ဘာ ၂၄၊ ၂၀၀၉
ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ မြန်မာ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အမျိုးသမီးနိုင်ငံရေးအကျဉ်းသား မတင်တင်ထွေး ခေါ် မပု ဒီဇင်ဘာ ၂၃ ရက်နေ့က အင်းစိန်ထောင်တွင် အစာအိမ်ပေါက်ပြီး ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
၂၀၀၇ စက်တင်ဘာ ၂၆ သံဃာအရေးတော်ပုံမှာ အခြားနိုင်ငံရေးလှုပ်ရှားသူ ၁၄ ဦးနှင့်အတူ အဖမ်းခံခဲ့ရပြီး နိုဝင်ဘာ ၂၄ မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ၃ လ ချမှတ်ခြင်း ခံခဲ့ရရပါတယ်။ မကွယ်လွန်မီ သာယာဝတီအကျဉ်းထောင်မှာ အစာအိမ်ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရလို့ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
Filed under: Local News Headlines | Leave a Comment »
Posted on December 19, 2009 by oothandar
မြန်မာပြည်က ကောင်းဆက်နှင့် စင်္ကာပူက Silver Seagull တို့ပေါင်းပြီး မြန်မာအလုပ်သမားကို လိမ်
မိုးမခအထောက်တော် စင်္ကာပူ
ဒီဇင်ဘာ ၁၉၊ ၂၀၀၉
စင်္ကာပူမြန်မာသံရုံးသို့ ပေးပို့တိုင်ကြားချက်များအရ မြန်မာပြည်ရှိ အလုပ်သမားကို ရုံးလုပ်ငန်းများလုပ်ကိုင်ရမည်ဟု ပွဲစားခများ တောင်းယူပြီး စင်္ကာပူနိုင်ငံတွင် အလုပ်ကြမ်း အလုပ်သမားအဖြစ် မလုပ်မနေရ အလုပ်ခွင်အတွင်း စွန့်ပစ်ခဲ့ကြောင်း ကာယကံရှင်ကိုယ်တိုင်က မြန်မာသံရုံးသို့ စာရေးသား တိုင်ကြားထားသည်ကို ကြားသိရသည်။
၎င်းတိုင်ကြားစာ အပြည့်အစုံမိတ္တူကို သည်နေရာမှာ သွားရောက် ဖတ်ရှုနိုင်ပါသည်။
Filed under: Local News Headlines | Leave a Comment »
Posted on December 18, 2009 by oothandar
မခိုင်ရွှန်းလဲ့ရည် သေဆုံးခဲ့ရမှုတွင် မိသားစုက လျော်ကြေး သိန်း ၁ ထောင် ရ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၈၊ ၂၀၀၉
နိုဝင်ဘာလတွင် မီဒီယာများတွင် ရေးသားဖော်ပြခဲ့ကြသည့် ရွှေဂုံတိုင် အထူးကုဆေးခန်းတွင် သေဆုံးခဲ့ရသည့် မခိုင်ရွှန်းလဲ့ရည် ကိစ္စရပ်အတွက် S S C ခေါ် ရွှေဂုံတိုင် အထူးကု ဆေးခန်းမှ သေဆုံးသူမိသားစုသို့ ကျပ်သိန်း တထောင် လျော်ကြေးပေးအပ်ခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ သတင်းများ ဂျာနယ်များက ရေးသားသော်လည်း ထပ်မံဖော်ပြခြင်း မပြုတော့ရန်ကို စာပေစိစစ်ရေးက ဂျာနယ်များကို တားဆီးထားသည်ဟု သိရသည်။
Filed under: Local News Headlines | Leave a Comment »
Posted on December 18, 2009 by oothandar
၂၀၁၀ အတွက် မဲဆန္ဒရှင်များစာရင်း ရန်ကုန်မြို့တွင် စတင်ကောက်ယူပြီ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၁၈၊ ၂၀၀၉
လာမည့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ရပ်ကွက်အတွင်း လက်ရှိနေထိုင်သူများကို ရှိကောက် မိသားစုစာရင်း ဟု အမည်ပေးထားသည့် မဲစာရင်းကို စတင်ကောက်ယူနေပြီဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ မိသားစုတစုကပြောပြသည်။
တနေ့က အိမ်မှာ စာရွက်ပုံစံ တခု လာပေးပြီး လက်ရှိနေထိုင်နေသည့် သူများစာရင်းကို ဖြည့်သွင်း ပေးထားရန်နှင့် နောက်ရက်များတွင် လာပြန်ယူမည်အကြောင်းကို ရပ်ကွက် အေးချမ်းသာယာရေး ကောင်စီဝင်များက ပြောဆိုပြီး ပေးခဲ့သည်ဟု အဆိုပါနေထိုင်သူက ပြောသည်။
Filed under: Local News Headlines | Leave a Comment »
Posted on December 16, 2009 by oothandar
သတင်းမီဒီယာများက နအဖ၏ ထောက်လှမ်းရေးများထက် လက်ဦးမှုရနေ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၇၊ ၂၀၀၉
နအဖ အစိုးရ၏ ထောက်လှမ်းရေး အဖွဲ့အစည်းများဖြစ်သည့် အက်စ်ဘီ၊ စရဖနှင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စသုံးလုံး) အဖွဲ့တို့သည် မီဒီယာများတွင် ဖော်ပြသည့် သတင်းနောက်ကိုလိုက်ပြီး အစီရင်ခံစာ ရေးတင်နေကြသည်အထိ စွမ်းဆောင်ရည်ကျဆင်းလာသည်ဟု ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောဆိုသည်။ ရန်ကုန်မြို့မှ ရဲတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတဦးက ပြောကြားရာတွင် …
“ကျွန်တော်သိတဲ့ ရဲတွေထဲက အတော်များများဟာ အင်တာနက်ပေါ်တက်သွားတဲ့ ပြည်တွင်းသတင်းတွေကို လိုက်စုပြီး အချင်းချင်းဖလှယ်ပြောဆို နေကြတယ်။ အင်တာနက်မှာ ဖော်ပြတဲ့သတင်းတွေထဲက ကိုယ့်နယ်မြေနဲ့ ဆိုင်တဲ့သတင်းကို အာရုံစိုက်ဖတ်ကြတယ်။ အဲဒီနောက်မှ စုံစမ်းရင်စုံစမ်း မစုံစမ်းရင်လည်း အဲဒါကိုအခြေခံပြီး အထက်ကို အစီရင်ခံစာရေးတင်တဲ့သူ အများကြီးပဲ။ တချို့အင်တာနက် ကောင်းကောင်းမသုံးတတ်တဲ့ ရဲတွေက အင်တာနက်သုံးတတ်တဲ့သူကိုမွေးထားပြီးနေ့စဉ် အွန်လိုင်းဝက်ဆိုက်ပေါ်က သတင်းတွေကိုစု စာရွက်နဲ့ ရိုက်ထုတ်စေပြီး [...]
Filed under: Local News Headlines | Leave a Comment »
Posted on December 16, 2009 by oothandar
ပြည့်တန်ဆာတပိုင်း အနှိပ်ခန်းများ ရန်ကုန်မြို့တွင် မထင်မှတ်လောက်အောင် များပြား
မိုးမခအထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၆၊ ၂၀၀၉
ရန်ကုန်မြို့၏ မြို့လယ် မြို့နယ်များ အပါအ၀င် လူနေရပ်ကွက်များ၊ လူစည်ကားရာ ရပ်ကွက်များအတွင်း တရားမ၀င်ဖွင့်လှစ်ထားသည့် အနှိပ်ခန်းများ မထင်မှတ်လောက်အောင် များပြားလျက်ရှိသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုသည်။ ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် တမြို့နယ်ထဲတွင်ပင် အနှိပ်ခန်းနှင့် ပြည့်တန်ဆာ လုပ်ငန်းပါတွဲဖက် လုပ်ကိုင်လျက်ရှိသည့် အိမ်ခန်းပေါင်း ၃၇ ခန်းရှိသည်ဟု ထိုမြို့နယ်ထဲတွင် အနှိပ်ခန်းဖွင့်လှစ်ထားသူတဦးက ပြောဆိုသည်။
အဆိုပါ ဖွင့်လှစ်သူက အဆိုပါ ကိန်းဂဏန်းမှာ ကျောက်တံတားမြို့နယ် မယက (မြို့ရွာအေးချမ်းသာယာရေး ကောင်စီ) နှင့် ရဲစခန်းတို့မှ ပြောဆိုသည့် ကိန်းဂဏန်းဖြစ်ပြီး ထိုအာဏာပိုင်တို့က လစဉ် အကောက်အစား ရရှိနေသည့် အတွက်ပြဿနာ တစုံတရာမပေါ်ပေါက်လျှင် ဖမ်းဆီးခံရခြင်းမရှိပဲ စီမံချက်ရှိမရှိ အစရှိသည့် သတင်းအချက် [...]
Filed under: Local News Headlines | Leave a Comment »
Posted on December 14, 2009 by oothandar
ရန်ကုန်မှ အလှမွေးခွေးများ အွန်လိုင်းမှာ ကြော်ငြာပြီး ရောင်းပြီ
မိုးမခအထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၄၊ ၂ဝဝ၉
ချောင်ချောင်းအမျိုးအစား ခွေးသားပေါက် အထီး ၇ သိန်း၊ အမ ၅ သိန်း
ရန်ကုန်မြို့တွင် နိုင်ငံခြားမျိုး အိမ်မွေးခွေးများကို အင်တာနက်မှတဆင့် ရောင်းချလျက်ရှိရာ http://myanmarchampionkennel.com/ တွင် သွားရောက် လေ့လာပြီး ဝယ်ယူနိုင်ပြီ ဖြစ်သည်။
ထိုစာမျက်နှာတွင် ဖော်ပြထားချက်အရ ရောင်းမည့် ခွေးများကို လှိုင်သာယာ စက်မှုဇုန် အမှတ် ၃ တွင် သွားရောက် ကြည့်ရှုနိုင်သည်ဟု ဆိုသည်။
Filed under: Local News Headlines | Leave a Comment »
Posted on December 11, 2009 by oothandar
မုန်တိုင်းသင့်ဒေသတွင် လာဘ်စားမှု၊ အလွဲသုံးမှု တိုင်တန်းသူများအား အငြှိုးထား ဒုက္ခပေး
ဝင်းမြတ်
ဒီဇင်ဘာ ၁၁၊ ၂၀၀၉
ပြင်စလူမြို့နယ်ခွဲအတွင်းရှိကျေးရွာအချို့တွင် လေဘေးသင့်အကူအညီများကို အပြည့်အဝ မပေးသော ရ.ယ.က အဖွဲ့ဝင်များကို တိုင်ကြားသူများအား ကျေးရွာအာဏာပိုင်များက အငြိုးထားကာ အနှောက်အယှက်ပေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။
အန်ဂျီအိုအဖွဲ့များမှ food for work ပုံစံဖြင့် ကျေးရွာလမ်း ပြုပြင်ရန်အတွက် ရွာသားများအားပေးရန်ရှိသော လုပ်အားခငွေများကို ကျေးရွာ ရ.ယ.က အဖွဲ့ဝင်များက ရွာသားများအား မပေးဘဲ အလွဲသုံးလိုက်ခြင်းကို ရွာသားအချို့က ကျေးရွာအစည်းအဝေးတွင် လာရောက် အကူအညီပေးသော အန်ဂျီအိုအဖွဲ့များအား တိုင်ကြားခဲ့ကြသည်။
စုံစမ်းစစ်ဆေးမှုများပြုလုပ်ချိန်တွင် ကျေးရွာသားအချို့ကကြောက်လန့်ပြီး သက်သေ မလိုက်သောကြောင့် အမှုမှန်မပေါ်ပေါက်ခဲ့ဘဲ တိုင်ကြားသောရွာသားကို မှတ်သားထားကာ အကြောင်းပြချက်မျိုးစုံတို့ဖြင့် နှိပ်စက်သည်ဟု ရွာသားများကဆိုသည်။
Filed under: Local News Headlines | Leave a Comment »
Posted on December 11, 2009 by oothandar
ပြည်သူပိုင် မြေကွက်နှင့် အဆောက်အအုံများ ထပ်မံရောင်းချဦးမည်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၀၊ ၂၀၀၉
နအဖ အစိုးရအနေဖြင့် ယခုနှစ်ဆန်းကတည်းက အစိုးရပိုင် မြေကွက်များ၊ တိုက်ခန်းများ တသုတ်ပြီးတသုတ် ရောင်းချလျက်ရှိရာ ၂၀၀၉ ခုနှစ်အတွင်း ဆဌမမြောက် အသုတ် အဖြစ်ရောင်းချရန် အဆိုပြုလွှာများခေါ်ယူကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ တွင်ဖေါ်ပြပါရှိသည်။
ယနေ့ကြေငြာချက်တွင် မြန်မာတနိုင်ငံလုံးမှ နိုင်ငံပိုင် အဖြစ်သိမ်းဆည်းထားသည့် မြေကွက်နှင့် အဆောက်အအုံ ၄၄ခု၊ တိုက်ခန်း ၇ခန်း၊ မြေကွက် ၈၆ကွက် စုစုပေါင်း အရေအတွက် ၁၃၇ ခုဖြစ်သည်။ ယခင်ကြေငြာချက်များကဲ့သို့ပင် နိုင်ငံပိုင် ပစ္စည်းများ စီမံခန့်ခွဲမှု ကော်မတီ ၊နေပြည်တော် ရုံးအမှတ် ၃၂ မှကြေငြာခြင်းဖြစ်ပြီး အဆိုပြုလွှာတင်သွင်းရမည့် နေ့ရက်မှာ လာမည့် ဒီဇင်ဘာ ၃၁ရက် ဖြစ်သည်။ ဈေးပြိုင် စနစ်ဖြင့် [...]
Filed under: Local News Headlines | Leave a Comment »
Posted on December 10, 2009 by oothandar
ကမ္ဘာနှင့် ရင်ဘောင်မတန်းချင်သည့် မြန်မာပြည်၏ ကျောက်ခေတ်စီးပွားရေး -
စီဒီအမ်အေ ဖုန်းလျှောက်လွှာများ တခေတ်စားပြန်
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၉၊ ၂၀၀၉
ဖုန်းတလုံး ငွေ ၅ သိန်း ( ဒေါ်လာ ၅၀၀)
ရန်ကုန်မြို့နှင့်မန္တလေးမြို့များတွင် မြို့နယ်ပြင်ပယူဆောင် သုံးစွဲ၍မရနိုင်သော စီဒီအမ်အေ ဖုန်းများ ကျပ်ငါးသိန်းဖြင့် အငှားချပေးမည့် သတင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖုန်းလျှောက်လွှာရောင်းသူများ ပေါ်ထွက်လာပြီး ၀ယ်ယူလျှောက်ထားသူများလည်း များပြားသည်ကိုတွေ့ရှိရသည်။
ယခင်က ဂျီအက်စ်အမ်၊ ဒဗလျူ စီဒီအမ်အေ ဖုန်းများအငှားချပေးတော့ မည်ဆိုသည့်သတင်းများ ဂျာနယ်များတွင် ပါရှိပြီးမကြာခင် ဖုန်းလျှောက်လွှာရောင်းချသူများ ရန်ကုန်မြို့လမ်းဘေး ၀ဲယာတလျှောက်ပေါ်ထွက်လာသည့် နည်းတူ ယခုတကြိမ်လည်း စီဒီအမ်အေ ၈၀၀ မီဂါဟတ် စနစ်သုံးဖုန်းများ လုံးရေ ၁သိန်းခွဲ ချပေးမည်ဆိုသည့် သတင်းများကြောင့် ပြီးခဲ့သည့် တပတ်အတွင်း ဖုန်းလျှောက်လွှာရောင်းချသည့် လမ်းဘေးဆိုင်များ [...]
Filed under: Local News Headlines | Leave a Comment »