Maung Swan Yi – Unknown Book once written by Tin Moe

တင်မိုးရေးတဲ့ လူမသိသူမသိ စာတပုဒ်
မောင်စွမ်းရည်
ဒီဇင်ဘာ ၁၇၊ ၂၀၀၉

နိုဝင်ဘာလ ၁၉ ရက်နေ့ဟာ တင်မိုးမွေးနေ့ပါ။ ဒါကြောင့် လူမသိသူမသိ သူရေးသားပြုစုဖူးတဲ့ စာအုပ်ကလေး တအုပ်အကြောင်းကို ဖော်ထုတ်လိုက်ချင်ပါတယ်။ ဒီလို ဖော်ထုတ်လိုက်တဲ့အတွက် တင်မိုးအကြောင်းလဲပိုသိရတဲ့အပြင် စစ်အစိုးရရဲ့ ပရမ်းပတာ ပညာရေး လုပ်ရပ်တွေ အကြောင်းကိုလဲ ပိုသိရပါလိမ့်မယ်။
ကျနော်က မဆလ စစ်အစိုးခေတ်နောက်ပိုင်း ပညာရေးဝန်ကြီး ဦးကျော်ညိမ်း လက်ထက်မှာ ပညာရေးဝန်ကြီးဋ္ဌာန အခြေခံပညာ သင်ရိုးညွှန်းတန်း သင်ရိုးမာတိကာ နဲ့ ကျောင်းသုံးစာအုပ်ကော်မတီ မြန်မာစာသင်ရိုးအဖွဲ့ရဲ့ အတွင်းရေးမှုးတာဝန် ယူနေရဆဲ ကာလဖြစ်ပါတယ်။

Maung Swan Yi – Village of Snow Men

နှင်းလူတို့ရွာ
မောင်စွမ်းရည်
ဒီဇင်ဘာ ၁၆၊ ၂၀၀၉
မနေ့ညက၊ နှင်းတွေကျလို့
မနက်ထတော့၊ လမ်းမတလျှောက်
ဖွေးဖွေးတောက်။
အိမ်ရှေ့ အိမ်နောက်၊ မြေကြီးပျောက်၊
ပန်းပင်ချုံပုတ်၊ နှင်းတွေအုပ်လို့
နှင်းချုံပုတ်တွေ ပေါက်။

Nephrology in NY

“နယူးယောက် ကျောက်ကပ်ဆေးရုံသို့”
မောင်စွမ်းရည်
နိုဝင်ဘာ ၁၉၊ ၂ဝဝ၉

အောက်တိုဘာ ၁၁ ရက်၊ ဆေးရုံကို တက်ရတယ်
အရင်တခါ တက်ရတာက၊ ရန်ကုန်မှာ “ကျောက်ကပ်ဆေးရုံ”
အခုတခါ တက်ရတာက၊ နယူးယောက်မှာ “ကျောက်ကပ်ဆေးရုံ”
နယူးယောက်မှာ၊ “ကျောက်ကပ်ဆေးရုံ” မခေါ်
“ယူရိုလောဂျီ” တဲ့။
ဗမာပြည်မှာ ဘာသာပြန်ရင်၊ “ကျင်ငယ်ဗေဒဆေးခန်း” လို့
အမှန်းနဲ့ ဘာသာပြန်မလား၊ အရမ်းမဲ့ ဘာသာပြန်မလား
အရပ်သားခေါ်ပုံနဲ့၊ “ဆီးဆေးရုံ” ပဲ ခေါ်မလား မသိ။
သမားတော်ကိုတော့ ၊ “ယူရိုလော်ဂျစ်” တဲ့။
လူနာကိုတော့ “ယူရိုလော်ဂျာ” ခေါ်မှာလား မပြောတတ်။

Maung Swan Yi – 2009 Poem

ပြုံး ၂၀၀၉
မောင်စွမ်းရည်
နိုဝင်ဘာ ၁၉၊ ၂၀၀၉
အမေရိကန်ရဲ့ အရှင်၊ သခင်၊ ဘုရင်
အရင်းရှင် သမ္မတ
တက်ကြွပြီး ထက်လှတဲ့ ကိုလူမည်းကို
လူမွဲအများစုနဲ့ လူမဲအများစုနဲ့
ပညာတတ်အများစုနဲ့ ပညာမဲ့အများစုက
သူ့ကို စေတနာထား
အိုဘားမား၊ ဒို့ အိုဘားမား တဲ့
အများစုမဲကို ဆွဲ စု ခဲ့တယ်။

Maung Swan Yi Tar Yar Min Way Book

တာရာမင်းဝေ အမှတ်တရစာစုများ
မောင်စွမ်းရည်

နိုဝင်ဘာ ၁၈၊ ၂၀၀၉
တာရာမင်းဝေ အမှတ်တရစာစုများ စာအုပ်ကို တာရာမင်းဝေ ကွယ်လွန်တာ ၂ နှစ်အကြာ ကာလမှာ သူ့အကိုဖြစ်သူ အောင်ဒင်က စီစဉ်ပြီး မိုးမခစာနယ်ဇင်းအဖွဲ့ က ၂၀၀၉ သြဂုတ်လထဲမှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ မိုးမခစာနယ်ဇင်းအဖွဲ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ အခြေစိုက်ပါတယ်။ မိုးမခအဖွဲ့က ဆရာတင်မိုး အမှတ်တရစာစု၊ သတင်းစာဆရာ ကြေးမုံဦးသောင်းစာစု၊ ဟံသာဝတီဦးဝင်းတင် စာနယ်ဇင်းဆောင်းပါးများ စာအုပ် စတဲ့ အမှတ်တရ စာစုများကို ထုတ်ဝေခဲ့ပြီး၊ ခု တာရာမင်းဝေအမှတ်တရစာစုကို ဆက်လက်ထုတ်ဝေလိုက်တာဖြစ်ပါတယ် ။ အမှတ်တရ စာစုထဲမှာ အောင်ဒင်က သူ့ညီ တာရာ မင်းဝေရဲ့ အထ္တုပတ္တိအကျဉ်းကို ရေးသားထားပါတယ်။
တာရာမင်းဝေဟာ လုံးချင်းဝထ္တုတွေ ၂၀-၂၅ အုပ်မက ရေးသားခဲ့တယ်။ သူ့အမည်က ချစ်ညီညီ ဖြစ်ပြီး ကဗျာတွေရေးတော့ [...]

Maung Swan Yi – Minn Ko Naing Writing

မင်းကိုနိုင်ရဲ့ ၀ထ္ထု
မောင်စွမ်းရည်
နိုဝင်ဘာ ၁၂၊ ၂၀၀၉

မင်းကိုနိုင်ရေးတဲ့ “နောက်ကြည့်မှန်” အမည်ရှိ ဝထ္တု စာအုပ်တအုပ်ထွက်လာလို့ အံ့အားသင့်ရ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ စာမျက်နှာ ၁၇၀ မျှပဲ ရှိပါတယ်။ ထုတ်ဝေသူက အေအေပီပီလို့ အတိုကောက်ခေါ်တွင်တဲ့ “ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ” ဖြစ်ပါတယ်။
၂၀၀၉ အောက်တိုဘာမှာ ထွက်လာပါတယ်။ အေအေပီပီ တည်ရှိရာ ထိုင်းနိုင်ငံမှာပဲ ရိုက်နှိပ်ထုတ်ဝေကြောင်း ဖော်ပြထားပါတယ်။ စာအုပ်ကလေးက စာရွက်အချောနဲ့ ရိုက်နှိပ်ထားပြီး အပြင်အဆင်လည်း လှပသေသပ်လို့ အထူးဂုဏ်ယူ ဝမ်းမြောက်ဖွယ် နှစ်သက်ဖွယ် ဖြစ်ရပါတယ်။

Maung Swan Yi – Long Live Maung Thara

ကိုကြီးသာရ အသက်ရာကျော် ရှည်ပါစေ
မောင်စွမ်းရည်
အောက်တိုဘာ ၂၇၊ ၂၀၀၉
စာရေးဆရာ မောင်သာရရဲ့ အသက်ဟာ ၇၈ နှစ် ပြည့်မြောက်လို့ ၇၉ ထဲ ရောက်ခဲ့ပါပြီ။ ၈၀ တန်းပေါ့။ ဗမာလူမျိုး တယောက်အနေနဲ့ အသက် ၈၀ တန်းအထိ နေရတယ် ဆိုတာ တော်တော့ကို ကုသိုလ်ထူးလို့ပါ။ ဒီကြားထဲကကိုပဲ ကဗျာဆရာကြီးမင်းသုဝဏ်၊ ၀တ္ထုရေးဆရာကြီး မောင်ထင်နဲ့ သတင်းစာဆရာမကြီး လူထုဒေါ်အမာတို့ဟာ အသက် ၉၀ ကျော် ၁၀၀ နီးနီး နေသွားကြရပြီး မကြာခင်မှာ ကွယ်လွန်သွားခဲ့ကြပါတယ်။
ကျနော်တို့ ကိုကြီးသာရကတော့ မနှစ်က တော်တော်ချူချာတယ်။ နှလုံးလည်း ခွဲစိတ်ကုသ ခဲ့ရတယ်။ ကြေးမုံဦးသောင်းလည်း နှလုံးခွဲစိတ်ကုလသရသလို သူလည်း ခွဲရတာ ဆိုတော့ ဒီတောင်ကို ကျော်မှ ကျော်ပါ့မလားလို့ စိတ်ထင့်ခဲ့ရပါတယ်။ ခုတော့ [...]

Maung Swan Yi – The Brave Newspaper Man, Ludu Sein Win

အျပည့္အစုံသိုႛ …

Maung Swan Yi – Remembering Aung Kyaw Sun

တေးဂီတကိုသာမွေ့လျော်ရင်း ကွယ်လွန်သွားခဲ့သူ – အောင်ကျော်ဆန်း
မောင်စွမ်းရည်
သြဂုတ် ၂၃၊ ၂၀၀၉
ကျနော်တို့ မိတ်ဆွေ အပေါင်းအသင်းတွေထဲမှာ လူကြီး လူငယ်စုံတဲ့အပြင် အတီးအမှုတ်သမား၊ သဘင်သည်၊ ရုပ်ရှင်အနုပညာသည်၊ ပန်းချီဆရာစသဖြင့် အစုံပါဝင်ပါတယ်။ တက္ကသိုလ်ဆရာ၊ အထက်တန်းပြဆရာ၊ အလွတ်ပညာသင်ဆရာတွေလဲပါတယ်။
ဒီလိုအပေါင်းအသင်းတွေထဲမှာ ကျနော်တို့ထက်အသက် ၂၀ မက ငယ်တဲ့ အဆိုတော်တယောက်လဲ ပါဝင်ပါတယ်။ သားအရွယ် တူအရွယ်ပေါ့။ သူ့အဖေကိုယ်က ကျနော်တို့နဲ့ ကျောင်းနေဖက်ပါပဲ ပန်းချီကျော် ရုပ်ရှင်ဒါရိုက်တာ စာရေးဆရာ ၀င်းဖေ ပါ။ ကိုဝင်းဖေက ကျနော်တို့နဲ့ ရွယ်တူတွေ သူသားနာမည်က အောင်ကျော်ဆန်း တဲ့။

Maung Swan Yi – DASSK and Poets

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကဗျာဆရာများ
မောင်စွမ်းရည်
ဇွန် ၂၃၊ ၂၀၀၉
နိုင်ငံရေးသမားလို အများအကျိုးကို ထမ်းဆောင်ရသူတဦးဟာ စာပေအနုပညာများကို မြတ်နိုးသူမဟုတ်ရင် နည်းနည်းစိုးရိမ်ရပါတယ်။ စာပေအနုပညာများကို မမြတ်နိုးသူဟာ “ရုပ်ကြမ်းသမား” တွေ ဖြစ်တတ်ပါတယ်။ ရုပ်ကြမ်းသမားဆိုတာ စိတ်နှလုံးမနူးညံ့တဲ့၊ စာနာထောက်ထားမှုမရှိတဲ့၊ ခံစားမှုမဲ့တဲ့လူမျိုးကို ဆိုလိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ စာပေအနုပညာများကို မြတ်နိုးတဲ့ နိုင်ငံရေး သမားတဦးဖြစ်ပါတယ်။ ဒါကြောင့်လည်း ငြိမ်းချမ်းရေးကို မြတ်နိုးသူ၊ အကြမ်းနည်းနဲ့ ပြဿနာဖြေရှင်းတာကို မနှစ်သက်သူဖြစ်နေတာလို့ ယုံကြည်ပါတယ်။ သာမန်အားဖြင့်လည်း ပညာတတ်လူယဉ်ကျေးဆိုတာမျိုးဟာ စာပေအနုပညာများကို လေးစားရ၊ မြတ်နိုးရ၊ တန်ဖိုးထားရမြဲမဟုတ်ပါလား။