Posted on November 11, 2009 by oothandar
ကဗျာထဲက သားအဖ
တင်မိုး၊ မိုးချိုသင်း
နိုဝင်ဘာ ၁၁၊ ၂၀၀၉
တလောက ခင်မင်ရတဲ့ အကိုကြီး ကိုချစ်ဖေက စာမရေးနိုင်သေးလဲ အဖေ့ကဗျာလေးတွေ အမှတ်တရ တင်ပေးပါ တဲ့။ ဒါနဲ့ ကိုယ်လည်း အဖေ ကိုယ်တို့တွေအတွက် စပ်ခဲ့တဲ့ ကဗျာတွေကို စဉ်းစားရင်း တွေးမိတာပေါ့။
တကယ်က အဖေက ကဗျာဆရာဖြစ်လေတော့ သူ့ရင်ထဲ ထိရှလာသမျှ ကဗျာတွေ ရေးနေ စပ်နေတာပါ။ ပန်းကလေးပွင့်တာက စလို့ တိုင်းပြည်အတွက် ရင်လေးမိတာ အဆုံးပေါ့။ နောက် ကိုယ်တို့ သားသမီးတွေအတွက်လည်း ကဗျာတွေ အမျိုးမျိုးစပ်သေးတယ်။
အထူးသဖြင့် ကိုယ်တို့မွေးနေ့တွေမှာ နိုးလာတာနဲ့ အဖေက ကဗျာစပ်နှင့်ပြီးပြီ။ မွေးနေ့ လက်ဆောင် ကဗျာတပုဒ်နဲ့ အမြဲဆုမွန်ကောင်းတွေ တောင်းပေးတတ်သလို ဆုံးမစရာ ရှိရင်တောင် ကဗျာနဲ့ ဆုံးမတတ်သူပါ။ ဒီနေ့တော့ ကိုယ်က ကိုယ့်မောင်လေး ဥာဏ်မိုးအတွက် [...]
Filed under: Memories | Leave a Comment »
Posted on November 7, 2009 by oothandar
ဝလုံးလေးက စ ခဲ့တယ်
တင်မိုး
မိုးချိုသင်း
နိုဝင်ဘာ ၇၊ ၂၀၀၉
ဒီလက အဖေ့ မွေးလမို့ အဖေ့ကို သတိတရနဲ့ အဖေ့ကဗျာလေးတွေ ဖတ်ဖြစ်နေတာမို့ ဒီကဗျာလေးတပုဒ်ကို သွားဖတ်မိတာပါ။ နိုဝင်ဘာ ၂၀၀၃ က ရေးထားတာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပေါ့လေ။
ဘ၀ဆိုတာ အမျိုးမျိုး ကြုံရ တွေ့ရတာပဲ။ အခုတလော ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို နောက်ပြန်လှည့်ကြည့်မိတဲ့ အချိန်တွေ ရှိတတ်တာမို့ အခု ခံစားရတာတွေနဲ့ တိုက်ဆိုင်သလိုရှိတဲ့ အဖေ့ကဗျာလေးတပုဒ်ကို မျှဝေချင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။
Filed under: Memories, Tin Moe | Leave a Comment »
Posted on October 26, 2009 by oothandar
မောင်သစ်ဆင်း ကွမ်းစာ
မောင်သစ်ဆင်း
အောက်တိုဘာ ၂၆၊ ၂၀၀၉
(ဒီမနက် အီးမေးလ်ဖွင့်ကြည့်တော့ အရင် သင့်ဘ၀မဂ္ဂဇင်းက အယ်ဒီတာ ဆရာမောင်သစ်ဆင်းဆီက နီကိုရဲအကြောင်း ရေးထားတဲ့ အီးမေးလ်တစောင် ရောက်နေပါတယ်။ စာထဲမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ပါတာမို့ ဆရာ့ကို ခွင့်တောင်းပြီး စာလာဖတ်သူများကို ပြန် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး – မိုးချိုသင်း)
ချိုသင်းရေ …
နီကိုရဲ ဆုံးတဲ့အကြောင်း နင့်ဆီက အီးမေး ရမှ သိရတယ်၊ သိရတာကလည်း မနေ့မနက် အိပ်ယာက အထ၊ အီးမေးဖွင့်ကြည့်မှ သိရတာပါ၊ နီကိုရဲ ဆုံးပြီလို့ ဖတ်လိုက်ရတာနဲ့ ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရ ပါတယ်၊ ဖြစ်လို့သာ ဖြစ်တာပါဟယ်၊ တကယ်တော့ ကြိုတင်စိုးရိမ်မိ ပြီးသားပါ၊ တာရာမင်းဝေ ဆုံးပြီ ဆိုကတည်းက နီကိုရဲ ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်၊ [...]
Filed under: Memories | Leave a Comment »
Posted on October 26, 2009 by oothandar
နီကိုရဲ …
မေငြိမ်း
အောက်တိုဘာ ၂၅၊ ၂၀၀၉
သူက ကျမကို မာမီလို့ ခေါ်တယ်..။ သူ့ကို တွေ့ရင် တတွတ်တွတ်နဲ့ ဆုံးမ တတ်လို့တဲ့..။ ကျမကတော့ သူ့ကို ကိုရဲလို့ပဲ ခေါ်ပါတယ်။ ကျမတို့ချင်းက ဝေး.. ဝေး… နေတတ်တော့ တွေ့ရပြီလားဟေ့ဆိုရင် စကားပြောလို့ ကောင်းမယ့် တနေရာရာကို သွားဖြစ်အောင် သွားထိုင်ပြီး တွတ်ထိုးတော့တာ..။
(မေငြိမ်း၊ နီကိုရဲ၊ ခက်မာ)
(တိုက်တိုက်ဆိုင်ဆိုင်.. ပြီးခဲ့တဲ့ ကျမတင်ထားတဲ့ ကိုအောင်ဝေးလုပ်တဲ့ အင်တာဗျူး.. မရေးဖြစ်တဲ့ ကဗျာကို ကျမတို့ ၃ ယောက် လဆက် ဖြေခဲ့ကြတာ.. ခုတော့ တကယ်ပဲ စိုတဲ့လက်မှ မခြောက်ခင်…)
Filed under: Memories | Leave a Comment »
Posted on October 26, 2009 by oothandar
နီကိုရဲရေ …
မိုးချိုသင်း
အောက်တိုဘာ ၂၄၊ ၂၀၀၉
နင်ဆုံးပြီ တဲ့။ အံ့သြလိုက်တာ။ နောက်ပြီး စိတ်မကောင်းလိုက်တာ။ ဟုတ်မှ ဟုတ်ရဲ့လား၊ ဟုတ်လို့လား လို့ တတွတ်တွတ် ရွတ်နေမိတယ်။
ဟိုတနေ့ကပဲ သူငယ်ချင်း ကိုလူထွေး ပို့ပေးလို့ နင်ရေးတဲ့ ဈေးသည် အလွဲများ e book လေး ဖတ်နေမိ သေးတယ်။ အဲဒီမှာ နင့်စတိုင်အတိုင်း ရေးထားတာ ဖတ်ပြီး တချိန်လုံး ပြုံးနေမိတာ။
Filed under: Memories | Leave a Comment »
Posted on October 24, 2009 by oothandar
မောင်သော်က သို့မဟုတ် …
အောင်ဆန်းစုကြည်
အောက်တိုဘာ ၂၄၊ ၂၀၀၉
န၀တ နိုင်ငံရေးအကျဉ်းသားတွေထဲက NLD အဖွဲ့ဝင်ဖြစ်သူ နာက်ထပ်သားကောင်တယောက်ကတော့ စာရေးဆရာမောင်သော်ကလို့ နာမည်ကျော်ကြား လူသိများတဲ့ ဦးဘသော်ပါပဲ။ သူ့ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ လေးစားတဲ့သူတွေက ချစ်ခင်စွာခေါ်သလို ဆရာမောင်သော်ကဟာ မေ့လို့မရနိုင်တဲ့ ပုဂ္ဂိုလ် တယောက်ဖြစ်ပါတယ်။
သူဟာ မြန်မာ့ရေတပ်မတော်အတွင်းမှာ နှစ်ပေါင်း များစွာ အမှုထမ်းခဲ့သူဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက် ပင်လယ်ကမ်းရိုးတန်းတလျှောက် ကင်းလှည့်နေတဲ့ ကင်းစောင့် စစ်ရေယာဉ်တစီးမှာ ကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် သင်္ဘောမှောက်မှုနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်။
Filed under: Memories | Leave a Comment »
Posted on October 9, 2009 by oothandar
စကားပြောသော သွေး
ခိုင်မာကျော်ဇော
အောက်တိုဘာ ၉၊ ၂၀၀၉
ဒီလဟာ ကျမရဲ့ မွေးလမို့လားတော့မသိ ဒီလထဲမှာ မောင်နှမတွေကို ကျမ သတိရနေမိတယ်။ ထူးထူးခြားခြား သတိရမိတာကတော့ အမကိုပါ။ အခုလည်း အမကို သတိတရ ရှိတာနဲ့ ဒီစာလေးကို ကျမ ရေးဖြစ်ပါတယ်။
အမနဲ့ကျမအကြောင်းကို စာလုံးတွေနဲ့ရေးချမယ်ဆိုတော့ ကျမ ဘယ်က ဘယ်လို စရမှန်းမသိ ဖြစ်နေပါတယ်။ ပုံပြင်တွေ၊ ဇာတ်ကြောင်းတွေပြောသလိုမျိုး ငယ်ငယ်တုန်းကလေလို့ ဇာတ်လမ်းစဖို့ကလည်း ခက်ခက်ပါပဲ။
Filed under: Memories | Leave a Comment »
Posted on August 3, 2009 by oothandar
သတင်းစာဆရာ၊ အင်္ဂလိပ်စာကျောင်းဆရာ ဦးခင်မောင်လတ်၏ သေတမ်းစာ
ဦးခင်မောင်လတ် (၁၉၁၅ – ၁၉၉၆)
(ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် အမှတ်တရ အဖြစ် ယခင် စာပေဂျာနယ် ၁၉၉၄က ပြန်လည်ကောက်နုတ်ဖော်ပြသည်)
သြဂုတ် ၃၊ ၂၀၀၉
Thus let me live unseen, unknown.
Thus unlamented Let me die.
Steal from the World , and not a stone tell where I lie.
(Alexander Pope)
အဲဒီလို လူမသိ သူမသိ နေချင်လှ
အဲဒီလို လူမဆွေး သူမဆွေး သေချင်ပ၊
လူသူလေးပါး [...]
Filed under: Memories | Leave a Comment »
Posted on July 7, 2009 by oothandar
သမိုင်းရေးသူများ
မိုးချိုသင်း
ဇူလိုင် ၇၊ ၂၀၀၉
အဲဒီအချိန်တုန်းက ကိုယ် ၃နှစ်သမီး လောက် ဖြစ်လိမ့်မယ်။
လမ်းကို တောက်တက် တောက်တက် လျှောက်ပြီး အိမ်ထဲမှာ လျှောက်သွားနေတာ။ ကလေးပီပီ လူကြီးတွေ လုပ်သမျှ လိုက်စူးစမ်း လိုက် မှတ်နေချိန်ပေါ့။
ကလေးဆိုတော့လဲ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေတာတွေ လိုက်ပြောနေတော့တာလေ။ အဲဒီတုန်းက နားမလည် ပါးမလည် ဆိုဆိုနေတာက …
“ဦးသန့် ဗိမ္မာန် တည်ဆောက်ရေး ဒို့အရေး ဒို့အရေး” တဲ့။
Filed under: Memories | Leave a Comment »
Posted on June 26, 2009 by oothandar
ကာတွန်းဦးဖေသိန်းသို့ နှုတ်ဆက်စကား
ဟံသာဝတီ ဦးဝင်းတင်
ဇွန် ၂၆၊ ၂၀၀၉
(ဆရာကြီး ကာတွန်းဦးဖေသိန်း ဈာပန ဧည့်မှတ်တမ်းက ကူးယူပါတယ်။ မည်သူကိုမျှ ခွင့်မတောင်းခဲ့ပါ)
ဒီနေ့မနက်စောစော သတင်းဆိုးကြီး ကြားရတယ်ဗျာ။ စိတ်မကောင်း ဖြစ်လိုက်ရတာ။ ကာတွန်းဆရာကြီး ဦးဖေသိန်းတယောက် ကွယ်လွန်ရှာတယ်လေ။ သင်္ခါရတရားအတိုင်း ဖြစ်ရတဲ့ကိစ္စလို့ ဆိုရပေမယ့် ကျနော်တို့လို အလွန်ရင်းနှီးချစ်ခင် လက်တွဲလှုပ်ရှားခဲ့ကြသူတွေ အနေနဲ့ကတော့ ဖြေဆည်ဖို့ အတော်ခက်တဲ့ ခံစားမှုများ ဖြစ်ပေါ်ရတယ်ဗျာ။
Filed under: Memories, U Win Tin | Leave a Comment »