In Rangoon, Pagoda Festivals & Street Fairs become Unofficial Gambling Spots

(ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ လမ်းမတော် တန်ဆောင်တိုင်ပွဲမြင်ကွင်း)
ဈေးပွဲတော်အမည်ခံ လောင်းကစားပွဲများ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၂၂၊ ၂၀၀၉
ဘုရားပွဲနဲ့ ဈေးရောင်းပွဲကို အရေခြုံလိုက်လျှင် …
ရန်ကုန်မြို့တွင်ကျင်းပသော ဘုရားပွဲများ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများတွင် လောင်းကစားဝိုင်းများ ပိုမိုပေါများ လာသည်ကိုတွေ့ရသည်။ သီတင်းကျွတ် ကာလမှစတင်ကာ ပွဲတော်များကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ပြုလုပ်ကာ ဒေသအာဏာပိုင်များက ရံပုံငွေများရှာဖွေလေ့ရှိကြသည်။ ဘုရားပွဲမရှိသည့်နေရာများတွင် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဟု အမည်တပ်ကာ ဈေးပွဲတော်များ ပြုလုပ်လေ့ရှိသည်ဟု ပွဲဈေးများတွင် ဈေးလိုက်ရောင်းသူများက ပြောသည်။

Catch me if you can

ကိုတွန်ရေ … ပြေး … ပြေး …
ကျော်ကျော်
ဒီဇင်ဘာ ၁၄၊ ၂ဝဝ၉

ကိုတွန် ( ဓာတ်ပုံများ – AP )
ဝါရှင်တန်ပြည်နယ် ကမားနိုကျွန်း (Camano Island) ကို လာလည်ကြသူတွေ မိုးပေါ်ကိုမော့ရင်း ခေါင်းပြောင်လင်းယုန်ငှက်တွေကို တွေ့ရမလားလို့ ရှာကြည့်ပါတယ်။ ဒါပေမဲ့ လင်းယုန်ငှက်ကို မတွေ့ဘဲ ကောင်းကင်မှာ ဝဲနေတဲ့ ရဲတပ်ဖွဲ့က ဟယ်လီကော့ပတာကိုပဲ တွေ့ရပါတယ်။ ဘာလို့လဲ ဆိုတော့ ကမားနိုရဲ့ သစ်တောအုပ်ထဲမှာ ရဲတွေက ကိုတွန်ဟယ်ရီစ်မိုး (Colton Harris Moore) ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ် ဝရမ်းပြေး တောပုန်းလေးကို ရှာဖွေနေကြတာပါ။
အသက် ၈ နှစ်က စပြီး စက်ဘီးခိုးမှုနဲ့ ကိုတွန်ရဲ့ နာမည်ဟာ ရဲတွေရဲ့ မှတ်တမ်းမှာ ပါခဲ့ပြီး [...]

Win Myat –ံHow can “politics” changes “life” in Burma

‘တိုင်းပြည်ရေး’ က ‘၀မ်းရေး’ ကို ဘယ်လိုပြောင်းလဲစေမှာလဲ
ဝင်းမြတ်၊
ဒီဇင်ဘာ ၈၊ ၂၀၀၉

ဆိုက်ကားဆရာ ဦးအုန်းသီး
အုန်းသီး (၇၀ နှစ်)က သူ့နာမည်အရင်းကို ပြောပြချင်သူမဟုတ်သလို သူ့ဘ၀ဇာတ်ကြောင်းကိုလည်း သိပ်ပြန်ပြောပြချင်ဟန် မတူဘူး။ ရန်ကုန်မြို့ရဲ့လမ်းတွေပေါ်မှာ သူ ဆိုက်ကား နင်းလာတာ နှစ်ပေါင်း ၃၀ ကျော်ရှိခဲ့ပြီ။ ဆိုက်ကားသမားဘ၀ မရောက်ခဲ့ခင်တုန်းကတော့ သူ့ဘ၀က သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်ကြီးဖြစ်ခဲ့ဖူးတာပေါ့။
၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရလက်ထက်မှာ သူဦးစီးလုပ်ကိုင်ပြီး သူ့မိဘတွေပိုင်ဆိုင်တဲ့ သွင်းကုန် ထုတ်ကုန်လုပ်ငန်းကို ပြည်သူပိုင်သိမ်းခံခဲ့ရတယ်။ အဲဒီခေတ်အခါက တန်ဖိုးကျပ်ငွေ နှစ်သိန်းခန့်တန်တဲ့ ရုံးခန်းနဲ့အိမ်ကို ငွေကျပ် ၇၅၀၀ လျှော်ကြေးသာပြန်ရခဲ့တယ်။

Rangoon Street Journalist – News on 1st Week of Dec 2009

ရန်ကုန်ရှုခင်း ၊ ဒီဇင်ဘာ ပထမပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
ဒီဇင်ဘာ ၆၊ ၂၀၀၉

ရန်ကုန်မြို့မီး (ပျက်) မှန်ပြီ
ဘာကြောင့် အမေရိကန် သင်တန်းဆရာမ နှင်ထုတ်ခံရသလဲ
ရန်ကုန်မြို့မီး (ပျက်) မှန်ပြီ
ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီးပေးတဲ့စနစ် နိုဝင်ဘာလ တလလုံး ပျက်ချင်တဲ့ အချိန်ပျက်၊ လာချင်တဲ့ အချိန်ပြန်လာနဲ့ ဖြစ်နေရာကနေ ဒီဇင်ဘာလဆန်းထဲ ရောက်တဲ့အခါမှာတော့ “မီးပျက်တာ ‘မှန်’ သွားပြီ …” လို့ မြို့ခံတွေက နောက်ပြောင်ပြော ဆိုနေပါတယ်။
သတင်းဂျာနယ် ၊ အင်တာနက် ၀က်ဆိုက် သတင်း အချို့ကလည်း မီးအပြည့်အ၀ ပေးတော့မည်၊ မီးအပြည့်အ၀ပေးရန် ညျွန်ကြားထား စတဲ့သတင်းတွေ ဖေါ်ပြနေကြတော့ မြို့နေလူထုအနေနဲ့ မီးပဲ မှန်တော့မလားလို့ မျှော်လင့်သူကလည်း မျှော်လင့် နေကြတာမို့လို့ တယောက်ယောက်က မီးမှန်တော့မယ်လို့ ပြောလိုက်ရင် `ဟုတ်လား၊ တကယ်လား´လို့သိချင်ဇောနဲ့ [...]

Private Hospital, Patient Rights and Justice

ရန်ကုန်ရှုခင်း – လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
နိုဝင်ဘာ ၃၀၊ ၂၀၀၉
ပုဂ္ဂလိက ဆေးရုံ၊ လူနာအခွင့်အရေးနှင့် တရားစီရင်ရေး
မကြာမီရက်ပိုင်းအတွင်းမှာ စာဖတ်သူတွေ စိတ်ဝင်စားဆုံး သတင်းတပုဒ်ကတော့ ခွဲစိတ် ဆရာဝန်တဦးရဲ့ ပေါ့ဆမှုကြောင့် ၁၅ နှစ်သမီးအရွယ် လူနာတဦးသေဆုံးခဲ့ရတယ် ဆိုတဲ့ သတင်းပါ။ အဖြစ်အပျက်က အောက်တိုဘာလကုန်မှာ ဖြစ်ပျက်ခဲ့ပြီး လူနာရဲ့ မိခင်ဖြစ်သူက အပတ်စဉ်ထုတ် ဂျာနယ်တွေတချို့ကို အချက်အလက်တွေပေးခဲ့တဲ့ နောက် လျှပ်တပြက်နဲ့ Weekly Eleven ဂျာနယ်တို့က သတင်းအဖြစ်ဖော်ပြခဲ့ကြတာပါ။
ဘာဖြစ်လို့ ၁၅ နှစ် အရွယ် မိန်းကလေးကို သွေးလွန်တုပ်ကွေးလား၊ အူအတက်ပေါက်တာလား ဆိုတာအတည်မပြုနိုင်သေးပဲ ခွဲစိတ်ခဲ့ရတာလဲ၊ မြန်မာနိုင်ငံက ပုဂ္ဂလိကဆေးရုံတွေရဲ့ အားကိုးစိတ်ချရမှု အနေအထားဟာ အဲဒီလောက်ထိ နိမ့်ကျနေသလား၊ ဆရာဝန်တွေဘက်ကရော လူနာတယောက်ရဲ့ အသက်ကို တန်ဖိုးမထားနိုင်ကြတော့ပဲ တရက်မှာ လူနာများနိုင်သမျှ များများ [...]

Win Paw Maung – Korea Burmese Poem Night

ကိုရီးယား-မြန်မာ ဒုတိယ ကဗျာည
ဝင်းပေါ်မောင်
နိုဝင်ဘာ ၂၅၊ ၂၀၀၉
၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မာဖိုရပ်ကွက်က ခန်းမတခုမှာ ကိုရီးယား-မြန်မာ ကဗျာ ရွတ်ပွဲတခု ကျင်းပခဲ့ပါတယ်။ ဒါဟာ ဒုတိယ အကြိမ်ပါ။ ၂၀၀၈ သြဂုတ်လ ၈ ရက်နေ့တုန်းက ပထမအကြိမ် ကျင်းပခဲ့ဖူးပါတယ်။ ယမန်နှစ်က ကဗျာဆရာ မောင်စိုးချိန် လာရောက်ခဲ့ပြီး၊ ဒီနှစ်မှာတော့ ကဗျာဆရာ ခင်အောင်အေး တက်ရောက်ပါတယ်။
ဒီညချမ်းမှာ ကိုရီးယားကဗျာ ၁၁ ပုဒ်၊ မြန်မာကဗျာ ၅ ပုဒ်၊ ၄င်း ငါးပုဒ်ကို ဘာသာနှစ်မျိုးနဲ့ ရွတ်တာမို့ စုစုပေါင်း ၂၁ ပုဒ် ရွတ်ကြပါတယ်။ ကဗျာ အချို့ကလွဲလို့ အများစုက ကိုယ်တိုင်ရေး ကိုယ်တိုင်ရွတ်ခဲ့ ကြတာပါ။ တက်ရောက်သူ အားလုံးဟာ [...]

Moe Yan Ma Ka – Ludu Daw AMar Memorial erected at Pyin Oo Lwin

ပြင်ဦးလွင်က အမေလူထုဒေါ်အမာ အထိမ်းအမှတ်
အမှတ်တရ ပန်းပုကျောက်စာတိုင်
မိုးယံမခ
ရန်ကုန် ၂၂၊ နိုဝင်ဘာ၊ ၂ဝဝ၉
အခုလာမယ့် နိုဝင်ဘာ ၂၉ ရက်၊ ၂ဝဝ၉နေ့ဟာ စာရေးရာ၊ သတင်းစာဆရာမကြီး အမေလူထုဒေါ်အမာရဲ့ ၉၄ နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ အမေလူထုဒေါ်အမာဟာ ၂ဝဝ၈၊ ဧပြီလ ၇ ရက်နေ့မှာ ကွယ်လွန်ခဲ့ပေမယ့် အမေ့ကို လေးစားချစ်ခင်ကြတဲ့ တပည့်သားမြေးများက အမေလူထုဒေါ်အမာ ၉၄ နှစ်ပြည့်မွေးနေ့ အကြိုကန်တော့ပွဲကို ကျင်းပခဲ့ကြပါတယ်။
ကန်တော့ပွဲကို ပြင်ဦးလွင်မြို့၊ စိမ်းလန်းအေးခြံမှာရှိတဲ့  အမေ လူထုဒေါ်အမာ အထိမ်းအမှတ် အမှတ်တရ ပန်းပုကျောက်စာတိုင်တည်ရှိရာမှာ ၂ဝဝ၉ နိုဝင်ဘာ ၇ ရက် စနေနေ့နေ့လည် ၁ နာရီက ကျင်းပခဲ့ကြတာပါ။

Rangoon Street Journalist – Yangon View 2nd Week of Nov

ရန်ကုန်ရှုခင်း နိုဝင်ဘာ ဒုတိယပတ်
လမ်းလျှောက်ဂျာနယ်လစ်
နိုဝင်ဘာ ၁၁၊ ၂၀၀၉
ကမ္ဘာပျက်မှာလား အခုလောလောဆယ် တော့ ပိုပူလာတာ သေချာ
ရန်ကုန်မြို့ကြီးမှာ ယခုရက်ပိုင်း လူတွေ အပြောများဆုံးက ကမ္ဘာကြီး ပူနွေးလာပြီ ဆိုတာပါ။ နိုဝင်ဘာလ ထဲရောက်ပြီ ဆိုပေမယ့် ပူအိုက်တာက အောက်တိုဘာ လဆန်း သီတင်းကျွတ်အတိုင်းပါပဲ။ နိုဝင်ဘာလဆန်း ၁ရက်နေ့မှာ အရှေ့မြောက်လေ စတိုက်ပြီး အနည်းငယ် အပူချိန်လျော့ကျသွားတာ ၃ရက်လောက်ပဲ ကြာပါတယ်။ အဲဒီနောက် ဗီယက်နမ်မှာဝင်သွားတဲ့ မုန်တိုင်း အရှိန်နဲ့ မိုးအုံ့ခဲ့ပြီး ယခုထက်တိုင် ပူအိုက်နေတာ နွေရာသီအလား ဖြစ်နေပါတယ်။
ဒါကြောင့် ဆောင်းဦးဝင်စ ရာသီမှာ လေအေးပေးစက် တပ်ဆင်၊ ရောင်းချတဲ့လုပ်ငန်း၊ ရေသန့်ရောင်းဆိုင်များ အလုပ်များနေဆဲပါ။ ခရီးသွားကားအငှား လုပ်ငန်းပါ တွဲဘက် လုပ်ကိုင်နေတဲ့ ကားဝယ်ရောင်းတဦးက ဒီနှစ်ဆောင်းရာသီတော့ ကျွန်တော်တို့ အတွက်မဟုတ်ပါဘူး။ အဲယားကွန်း [...]

Than Soe Hlaing – Rangoon, the Beggers’ City

တောင်းရမ်းစားသောက်သူတို့၏ မြို့တော် ရန်ကုန်
သန်းစိုးလှိုင်
ရန်ကုန်၊ နိုဝင်ဘာ ၇

ရန်ကုန်မြို့၏ မျက်နှာဖုံး ဟုဆိုအပ်သော ဆူးလေလမ်းမကြီး၊ ယခင်က သံတမန်ကုန်တိုက် ယခုတော့ နိုင်ငံတော် သူဌေးကြီး ဦးတေဇ၏ မြန်မာရှော့ပင်းမောလ် ရှေ့မျက်နှာစာမှာ ညနေဖက်ရောက်ပြီဆိုလျှင် လမ်းဘေး လက်ဘက်ရည်ဆိုင်များ၊ လက်ဘက်သုပ်ဆိုင်များ စီတန်းခင်းကျင်းကြပြီ။ ယခင်တုန်းက သစ်သားခွေးခြေခုံပုပုလေးများကို သုံးစွဲခဲ့ကြသော်လည်း ယခုအခါ ထိုထက်ကိုပင် သေးငယ်ပေါ့ပါးသည့် ပလပ်စတစ်ခုံငယ်များဖြင့် လက်ဘက်ရည်ဆိုင်များကို ခင်းထားကြသည်။

Journallist on the road – Rangoon View, last week of October

ရန်ကုန်ရှုခင်း – အောက်တိုဘာ စတုတ္ထပတ်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
အောက်တိုဘာ ၂၉၊ ၂၀၀၉
ယာဉ်စည်းကမ်း ထိန်းသိမ်းရေး၊ ငွေနဲ့ အပေါက်ခံရတဲ့ ရန်ကုန် ယာဉ်ထိန်းရဲများ
ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ၄၃ လိုင်းထဲက ကားဒရိုင်ဘာဖြစ်သူက ကြားတောရလမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်း မီးပွိုင့်မရောက်ခင်မှာ စပယ်ယာဆီက နှစ်ရာကျပ်တန် တရွက် တောင်းလိုက်ပါတယ်။ အဲဒီနောက် နွမ်းနေတဲ့ နှစ်ရာတန်ကို ၆ ခေါက်၊ ၈ ခေါက်လောက် ခေါက်ချိုးပြီး ညာဘက်လက်မှာ အသင့် ကိုင်ထားလိုက်တယ်။ အချိန်က ညမှောင်ခါစ ၇ နာရီ သာသာပါ။ မီးပွိုင့်မှာ မီးနီစောင့်ရင်း ကားရှေ့ မီးကြီးကို တချက် ဖွင့်ပိတ်လုပ်ပြီး ယာဉ်ထိန်းရဲ ရုံလေးဘေးမှာ ထိုင်နေတဲ့ ယာဉ်ထိန်းရဲကို အချက်ပေးလိုက်ပါတယ်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စကားတစီး (ဓာတ်ပုံ-မိုးမခ)