Burmese Literary Talk in Singapore a Big Success with 600 attendees

စင်္ကာပူရောက် မြန်မာများရဲ့ စာပေဟောပြောပွဲ လူ ၆၀၀ ကျော် ရုံလျှံ
မိုးမခ ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၂၂၊ ၂၀၀၉
စင်္ကာပူနိုင်ငံ၊ အင်တီယူစီစင်တာ၊ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့ခင်းက ကျင်းပသော စာရေးဆရာ ချစ်ဦးညို၊ စာရေးဆရာ နေ၀င်းမြင့်နှင့် စာရေးဆရာမ ဂျုးတို့၏ စာပေဟောပြောပွဲကို စင်္ကာပူရောက်မြန်မာတို့က ရုံပြည့်ရုံလျှံ အားပေးခဲ့ကြသည်ကို တွေ့ရပါသည်။ ပရိသတ် ၆၀၀ ကျော် တက်ရောက်သည်ဟု ဆိုသည်။

နေ၀င်းမြင့်၊ ချစ်ဦးညိုနဲ့ ဂျူး- စင်္ကာပူသို့ ရောက်ရှိနေသူ စာရေးဆရာမကြီး ခင်ဆွေဦး

Alinn Pyo Met Let Poem Group raised fund for HIV infected Burmese children in Rangoon

(အလင်းပျိုးလက် ကဗျာရွတ်ဆိုပွဲကို အင်းယားကန်စောင်းရှိ စိမ်းလန်းစိုပြေ ဥယျာဉ် ပန်းခြံထဲတွင် ကျင်းပစဉ်)

HIV ကလေးငယ်များအတွက် `အလင်းပျိုးမယ့်လက်များ´ကဗျာရွတ်ပွဲကျင်းပ
မိုးမခအထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၂၀၊ ၂၀၀၉

HIV ကူးစက်ခံစားနေရတဲ့ ကလေးငယ်များအတွက် ရည်ရွယ်ပြီး ကဗျာရေးသူလူငယ် တစုက အလင်းပျိုးမယ့် လက်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ပုံငွေရှာဖွေပေးတဲ့ ကဗျာရွတ်ဆိုပွဲ တခုကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အင်းလျားကန်စောင်းမှာရှိတဲ့ စိမ်းလန်းစိုပြေဥယျာဉ်ပန်းခြံထဲမှာ ပြုလုပ်ခဲ့ပါတယ်။

Burmese Illustration Art Works Exhibits in Rangoon

ပန်းဆိုးတန်းတွင် သရုပ်ဖော်ပန်းချီလက်ရာ ပြပွဲကျင်းပ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၁၈၊ ၂၀၀၉
လွန်ခဲ့သည့် နှစ် ၃၀၊ ၄၀ ၀န်းကျင်က စာနယ်ဇင်းမျက်နှာဖုံးများအတွက် ပန်းချီဆရာ အသီးသီးက ရေးဆွဲခဲ့ကြသည့် ပန်းချီလက်ရာမူရင်းများကို ပြသသည့် ပြပွဲတခုကို ပြီးခဲ့သည့် ၁၁ရက်နေ့မှ ၁၅ရက်နေ့ထိ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ စာပေလောက ၅ စာအုပ်ဆိုင်တွင် ကျင်းပခဲ့သည်။
ဦးငွေကိုင်မှ စပြီး ဦးအုန်းလွင်၊ ဘလုံလေး၊ ဦးကိုလေး၊ ဦးသန်းအောင် ၊ စံတိုးအလယ် မောင်ကျော်ညွန့်၊ မောင်မောင်သိုက်နှင့် မြိတ်ဝင်းထိန် အဆုံး ပန်းချီဆရာ ၁၅ဦး၏ လက်ရာများကို ပြသပြီး အဆိုပါလက်ရာများအနက် တကားနှစ်ကားမှလွဲလျင်  ကြိုက်နှစ်သက်ပါက ၀ယ်ယူနိုင် သည်ကိုလည်း သိရှိရသည်။ အက်ဖ်အီးစီ ၅၀၊ ၁၀၀မှ ၂၀၀ကျော်အထိ တန်ဖိုးသတ်မှတ်ထားသည် ကိုတွေ့ရှိရသည်။

Funeral of Writer – Ei Kyar Kway farewelled by fellow artists and friends

(စာရေးဆရာ အိမ်)
စာရေးဆရာကြီး အီကြာကွေး (ဓနုဖြူကျော်ထွန်း) နောက်ဆုံးခရီး
စာပေသမားများ၊ စာချစ်သူများ ပို့ဆောင်
မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၁၇၊ ၂၀၀၉

(စာရေးဆရာ နောက်ဆုံးအပြင်အဆင်)
ဒီဇင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သူ စာရေးဆရာကြီး အီကြာကွေး (ဓနုဖြူ ကျော်ထွန်း)၏ အသုဘခရီးကို စာပေနှင့် အနုပညာပညာရှင်များ၊ မိတ်ဆွေများနှင့် စာပေချစ်သူများက လိုက်ပါပို့ဆောင်ကြသည်ကို တွေ့ရသည်။

Family of Khaing Hninn Shun Lei Yi said thanks to all supporters in the newspaper

ကွယ်လွန်သူသမီး၏ မိသားစုက ကျေးဇူးတင်ကြောင်း သတင်းစာတွင် ထည့်
မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၁၂၊ ၂၀၀၉
ယမန်နေ့က ထုတ်ဝေသော ပြည်တွင်းသတင်းစာတွင် အောက်တိုဘာ ၂၇ က ကွယ်လွန်ခဲ့ပြီး နိုဝင်ဘာလအတွင်း ဆေးခန်းနှင့် ဆရာဝန် ပေါ့လျော့မှုတို့ကို ဆေးကောင်စီမှ အရေးယူနိုင်ရန် စာနယ်ဇင်းများသို့ ထုတ်ဖော်ခဲ့သော မခိုင်ရွှန်းလဲ့ရည်၏ ကျန်ရစ်သူ မိသားစုက ၀ိုင်းဝန်းကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း ပြန်ကြားစာကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

On 61st Human Rights Day, SFSU Student Arrsted for protest

၆၁ နှစ်မြောက် လူ့အခွင့်အရေးနေ့ ဆန်ဖရန်တက္ကသိုလ်ကျောင်းသားများကို ပုလိပ်က ဖြိုခွဲ
မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၁၀၊ ၂၀၀၉
ယနေ့ ၆၁ နှစ် မြောက် ကမ္ဘာ့လူ့အခွင့်အရေးနေ့အဖြစ် နိုင်ငံတကာက မိသားစုများ ပွဲလမ်းသဘင်နှင့် အထိမ်းအမှတ်များ ဆင်နွှဲနေစဉ်မှာ အမေရိကန်၊ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကို စတိတ်ယူနီဗာစီတီ (ဆန်ဖရန်တက္ကသိုလ်) ကျောင်းသားများကို ရဲများက ကျောင်းဆောင်တခုကို ပိတ်ဆို့ သိမ်းပိုက်ထားလို့ ၀င်ရောက် ဖြိုခွဲခဲ့ကြပါတယ်။

117th Moe Gaung Pagoda Fastival & Burmese Traditional Food

ရန်ကင်း မိုးကောင်းဘုရားပွဲတော်ကြီး အောင်မြင်စွာ ပြီးဆုံး
မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၉၊ ၂၀၀၉
၁၁၇ ကြိမ်မြောက် မိုးကောင်းဘုရားပွဲ အဝင်မုဒ်ဦး
ရန်ကုန်မြို့၊ ရန်ကင်း၊ ၁၁၇ ကြိမ်မြောက် မိုးကောင်းဘုရားပွဲတော်ကြီးကို ဒီဇင်ဘာ ၁ ရက်က ၇ ရက်အထိ တပတ်ကြာ ၁၂ ပွဲ ဈေးသည်များ၊ မြို့ခံ ဘုရားပွဲတော်လာ ပရိသတ်များနဲ့ နေ့စဉ် ရက်ဆက် ကြိတ်ကြိတ်တိုး စည်းကားခဲ့တာကို တွေ့ရပါတယ်။
မြန်မာ့ရိုးရာဘုရားပွဲတော်များရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာဖြစ်တဲ့ မြန်မာ့ရိုးရာနဲ့ ခေတ်ပေါ် အစားအစာ၊ အသုံးအဆောင်နဲ့ ထွေထွေရရာ လက်ဆောင်ပစ္စည်းတွေကို ရောင်းချနေကြ တာကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် မြန်မာ့ရိုးရာအစားအစာတွေကို ဆိုင်ခင်းပြီး ချက်ပြုတ်ကြော်လှော် ရောင်းချနေကြတာတွေ၊ တထိုင်တည်း ၀ယ်ယူစားသုံးကြတာတွေကို တွေ့နိုင်ပါတယ်။

Ko Lwan Thu – From Hmine Until Moe – poem book launched

‘အမေ’ နှင့် ‘မှိုင်း’ မှသည် ‘မိုး’ ထိအောင် အခမ်းအနား မြင်ကွင်း
ကိုလွမ်းသူ၊ ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၈၊ ၂၀၀၉
ပြီးခဲ့တဲ့ နိုဝင်ဘာလ  ၂၉ ရက်က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကလေးက မြက်ခင်းပြင်လေးတခုမှာ အမေမာ (ဆရာမကြီး လူထုဒေါ်အမာ) ရဲ့ ၉၄ နှစ်မြောက်မွေးနေ့ အခမ်းအနားနဲ့  ဆရာမောင်စွမ်းရည် ရေးသားဖွဲ့သီတဲ့ ကဗျာများကို စုစည်းထုတ်ဝေတဲ့ ‘မှိုင်း မှသည် မိုး ထိအောင်’ ကဗျာစာအုပ် ထုတ်ဝေဖြန်ချိမ့ယ် မိတ်ဆက်ပွဲလေးကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
မြို့ခံ၊ နယ်ခံ စာရေးဆရာ၊ ကဗျာဆရာတွေ၊ စာနယ်ဇင်းသမားတွေ၊ မီဒီယာလောကသားတွေ၊ စာပေဝါသနာရှင်တွေနဲ့ အမေမာနဲ့ ဆရာမောင်စွမ်းရည်တို့ကို ကြည်ညိုလေးစားကြတဲ့ မိတ်ဆွေသင်္ဂဟတွေနဲ့ ဆရာမောင်စွမ်းရည်ရဲ့ ကဗျာစာအုပ်ကို ထုတ်ဝေတဲ့ ဓူဝံစာပေက ရဲဘော်တွေ တက်ရောက်ခဲ့ကြပါတယ်။

Burmese in the Bay Area to Help Burma with a Project

ဘေးဧရိယာက မြန်မာများက မြန်မာပြည်ကို ကူညီကြမည်
မိုးမခဓာတ်ပုံသတင်း၊ ဓာတ်ပုံ ထွန်းမြတ်ယူ
ဒီဇင်ဘာ ၅၊ ၂၀၀၉
နိုဝင်ဘာ ၂၂၊ ၂၀၀၉ က ဘေးဧရိယာရှိ မြန်မာမိသားစုများ၊ အဖွဲ့အစည်းများ စုဝေးကြပြီး ဒေးလီးစီးတီးက လစ်တီးသီယေတာမှာ မြန်မာပြည်က ဆင်းရဲဒုက္ခစုံ ကြုံတွေ့နေရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ကူညီထောက်ပံ့ဖို့အတွက် မြန်မာ့ယဉ်ကျေးမှု အက၊ အလှ ဖျော်ဖြေရေးပွဲတော်တခု ကျင်းပခဲ့ကြပါတယ်။ အဲသည်ပွဲတော်မြင်ကွင်းကို တင်ဆက်လိုက်ပါတယ်။

NLD marked World AIDS Day on 1st Dec 2009

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အင်န်အယ်ဒီရုံးချုပ်မှာ ဒီဇင်ဘာ ၁ ရက်က ပြုလုပ်ခဲ့
မိုးမခဓာတ်ပုံသတင်း
ဒီဇင်ဘာ ၂၊ ၂၀၀၉

အင်န်အယ်ဒီပါတီက အေအိုင်ဒီအက်စ်၊ အိတ်ခ်ျအိုင်ဗီအရေးကိစ္စများတွင် ဦးဆောင်သူ မဖြူဖြူသင်းကို တွေ့ရစဉ်၊