Opra to honor Daw Suu and fellow political prisoners

ဒေါ်စုနှင့်တကွ အကျဉ်းကျနိုင်ငံရေးသမားများဂုဏ်ပြု အစီအစဉ် နိုဘယ်ငြိမ်းချမ်းရေးပြခန်းမှာ တင်ဆက်မည်
မိုးမခအထောက်တော် ၀၀၄
မတ် ၈၊ ၂၀၀၉
နော်ဝေနိုင်ငံ၊ အိုစလိုမြို့၊ နိုဘယ်ငြိမ်းချမ်းရေးပြခန်းမှာ မြန်မာပြည်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတို့ရဲ့ ဘ၀ကို သရုပ်ဖော်ပြီး တင်ဆက်မယ့် အော်ပရာ(ပြဇာတ်)တခုကို မတ်လ ၁၀ ရက်မှာ ကျင်းပမယ်လို့သိရပါတယ်။

Thee Lay Thee & Colorful Anyeint to continue tour at all cost

“မည်သို့ပင်ဖြစ်စေကာမူ” သီးလေးသီးအဖွဲ့ အငြိမ့်ပွဲများ ဆက်ကမည်
မိုးမခ အထောက်တော် ၀၀၂
မတ် ၇၊ ၂၀၀၉
၂၀၀၈ ဒီဇင်ဘာလက ရောက်ရှိခဲ့ပြီး ၂၀၀၉ မတ်လကုန်တွင် ပြီးဆုံးမည်ဖြစ်သော သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့၏ အမေရိကန်ပြည်ထောင်စု အနုပညာခရီးစဉ်တွင် နောက်ဆုံးပွဲစဉ်များအဖြစ် မတ် ၇ ရက် နယူးယောက်ယူတီကာပွဲ၊ မတ် ၁၄ ရက် မြောက်ကရိုလိုင်းနားပွဲ နှင့် မတ် ၂၁ ရက် ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်း ပွဲစဉ် ၃ ခု စလုံးကို စီစဉ်ထားသည့်အတိုင်း မပျက်မကွက် ကပြဖျော်ဖြေသွားမည် ဖြစ်သည်ဟု ကြားသိရသည်။

World News in Variety and Brief – Sept 20th 2008

ထူးထူးခြားခြား ကမ္ဘာတလွှား၊ နိုင်ငံတကာသတင်း တိုထွာ
မိုးမခ အထောက်တော် ၀၀၈
စက်တင်ဘာ ၂၀၊ ၂၀၀၈
တရုတ်ပြည်က နို့မှုန့်နှင့် နို့ထွက်ပစ္စည်းကို ရှောင်ရှားပါ
ကမ္ဘာ့အသက်အရှည်ဆုံးယောက်ျား ၁၁၃ နှစ်ပြည့်
ကမ္ဘာ့ အရပ်အပုဆုံးနှင့် ခြေထောက်အရှည်ဆုံး
ခွေးက ၉၁၁ ကိုခေါ်
ဗီဇလက္ခဏာဆောင် ဓာတုပစ္စည်း (DNA) ကို သုံး၍ ခွေးမစင်ကို စစ်ဆေး
ဆိုးလ် ရဲက ပြည့်တန်ဆာလုပ်ငန်းကို အရှိန်မြှင့်၍ နှိမ်နှင်းနေ

တရုတ်ပြည်က နို့မှုန့်နှင့် နို့ထွက်ပစ္စည်းကို ရှောင်ရှားပါ
(စက်တင်ဘာ ၁၈၊ အေအက်ဖ်ပီ)
တရုတ်ကုမ္ပဏီ ၃ ခု၏ နွားနို့၊ နို့မှုန့်နှင့် အခြားနို့ထွက်ပစ္စည်းများတွင် တားမြစ်ထားသော မယ်လမင်း(melamine) [...]

China Olympic to close with protests at the bay area

တရုတ်အိုလံပစ်ကို ဆန္ဒပြပွဲဖြင့် ပိတ်မည်၊ ဘေးဧရိယာ မြန်မာများ ပြင်ဆင်မိုးမခ အထောက်တော် ၀၀၂သြဂုတ် ၁၈၊ ၂၀၀၈
တရုတ်အစိုးရနှင့် အပေါင်းအပါများက အိုလံပစ်ပွဲတော်ကို အကြီးအကျယ် အောင်ပွဲခံ ဖွင့်လှစ်ပြီး ကျင်းပနေချိန်တွင် ဆန်ဖရန်စစ္စကိုမြို့နှင့် ဘာကလေမြို့လမ်းများပေါ်တွင် တိဗက်လွတ်မြောက်ရေး လှုပ်ရှားသူ ၂၀၀ ခန့်က တိဗက်အလံများ လွှင့်ထူပြီး နေ့စဉ်ချီတက် ဆန္ဒပြလျက်ရှိသည်။
မြန်မာသံဃာတော်များကို အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးသမား၊ လူ့အခွင့်ရေးသမားနှင့် စာနယ်ဇင်းသမားများ ၁၀၀၀ ကျော်ကို ဖမ်းဆီးခြင်းတို့ ကျုးလွန်ထားသော မြန်မာစစ်အာဏာပိုင်များဖက်က အမြဲတမ်း မဟာမိတ်အဖြစ် ရပ်တည်ပေးနေသူ တရုတ်အစိုးရကို ကန့်ကွက်သောအားဖြင့် တရုတ်အိုလံပစ် ပိတ်ပွဲတွင် လူ့အခွင့်အရေးလှုပ်ရှားသူ အစုအဖွဲ့များနှင့် လက်တွဲပြီး ကန့်ကွက်ဆန္ဒပြပွဲတရပ်ကို ဆန်ဖရန်စစ္စကို တရုတ် ကောင်စစ်ဝန်ရုံးရှေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း [...]

Burmese in Singapore received ill treatment from authority, a paper told

မြန်မာ့အရေး လှုပ်ရှားသူများကို စင်္ကာပူ အာဏာပိုင်များက မောင်းထုတ်ဟု စင်္ကာပူက မြန်မာတို့ ဝေဖန်မိုးမခ အထောက်တော် ၀၀၃သြဂုတ် ၁၂၊ ၂၀၀၈
စစ်အစိုးရနှင့် နိုင်ငံရေး၊ စီးပွားရေး အကျိုးစီးပွားချင်းတူညီသည့် အိမ်နီးချင်းနိုင်ငံများက အာဏာပိုင်များသည် စစ်အစိုးရနှင့် သဘောထားချင်းကွဲလွဲသူများကို လက်သင့်ခံထားရှိခြင်း မပြုတော့ကြောင်း၊ ထိုသူများနှင့် မိသားစုများကို လက်နက်ကိုင်အကြမ်းဖက်သူများ မဟုတ်ပါဘဲနှင့်၊ ရာဇ၀တ်မှု ကျုးလွန်သူများ မဟုတ်ပါဘဲနှင့် ထိုတိုင်းပြည်တို့က နှင်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်သည့် စာတစောင်ကို စင်္ကာပူရောက် မြန်မာတစုက ထုတ်ဝေလိုက်သည်။
ထိုစာတမ်းက စင်္ကာပူအစိုးရကို ဝေဖန်ထားရာတွင် ၂၀၀၇ သံဃာ့အရေးအခင်း၊ ၂၀၀၈ စစ်အစိုးရ အခြေခံဥပဒေ ကန့်ကွက်မဲပေးရေး နှင့် နာဂစ် မုန်တိုင်းအရေးအခင်းတို့တွင် စင်္ကာပူရောက် မြန်မာများ၏ အမျိုးသားရေး ဆောင်ရွက်ချက်များကို အာဏာပိုင်များက ထောက်ခံအားပေးသယောင် ဟန်ပြခဲ့ပြီးနောက်ပိုင်း၊ တက်ကြွစွာ ဆောင်ရွက်သူများကို [...]

Thee Lay Thee Troupe to tour Japan and beyond

သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့ နယ်လှည့် ကပြရန် အစီအစဉ်များရှိ
မိုးမခ အထောက်တော် ၀၀၃
သြဂုတ် ၁၂၊ ၂၀၀၈
ထိုင်းနိုင်ငံတွင် အခြေပြုပြီး မြန်မာပရိသတ်များနှင့် အသံလွှင့်အစီအစဉ်များအတွက် ဖျော်ဖြေနေသည့် သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့သားများ ယခုလကုန်တွင် ဂျပန်နိုင်ငံသို့ သွားရောက် ကပြရန် အစီအစဉ်များရှိကြောင်း သိရသည်။
အဖွဲ့ခေါင်းဆောင် ဂေါ်ဇီလာက ပြောကြားရာတွင် နာဂစ်မုန်တိုင်း ရန်ပုံငွေပွဲ ကပြပြီးနောက်ပိုင်း အသံလွှင့်အစီအစဉ်များလည်း စီစဉ်ဖြစ်ကြောင်း၊ နိုဘယ်ဆုရှင်များ ချင်းမိုင်သို့လာရောက် လည်ပတ်စဉ်ကလည်း အမျိုးသမီးများတိုးတက်ရေးအဖွဲ့ (SWA)ရဲ့ [...]

88 – 20 Years Memorial Service held in Oakland at the bay with Burmese community

၈၈ အနှစ် ၂၀ အထိမ်းအမှတ် – ဥက္ကလံက မြန်မာမိသားစုများ ဆွမ်းကျွေး အမျှဝေဓာတ်ပုံသတင်း၊ မိုးမခသြဂုတ် ၉၊ ၂၀၀၈
ယနေ့ မနက်က ကယ်လီဖိုးနီးယား၊ ဘေးဧရိယာ၊ ဥက္ကလံမြို့ရောက် မြန်မာမိသားစုများ၏ ၈ လေးလုံး အထိမ်းအမှတ် ဆွမ်းကျွေး၊ တရားနာ၊ ကောင်းမှုပြု အမျှဝေ အခမ်းအနားကို ဓမ္မအေးရိပ် မြန်မာဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပသည်။
ထိုင်း မြန်မာနယ်စပ်ဒေသက ပြောင်းရွှေ့ အခြေချနေထိုင်လာသည့် မြန်မာတိုင်းရင်းသား မိသားစုများက ဆွမ်းဟင်းများ ၀ိုင်းချက်ပြုတ်ကြပြီး၊ ဧည့်သည်များကို ဘီးလင်း မုန့်ဟင်းခါး၊ စမူဆာကျော်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ဘေးဧရိယာက ဘုန်းကြီးနှင့် ကိုရင် စုစုပေါင်း ၈ ပါးကို ဆွမ်းကပ်နိုင်ခဲ့သည်ဟု ဆိုသည်။ ထို ဘုန်းတော်ကြီးကျောင်းကိုလည်း တိုင်းရင်းသားမြန်မာမိသားစုများ ၀ိုင်းဝန်းစုပေါင်းမတည်ပြီး ဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။ [...]

democracy is still possible

မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းရေး မြန်မာစစ်တပ်ပါဝင်ရမည်ဟု ဦးဝင်းမင်း သုံးသပ်
ဓာတ်ပုံသတင်းသြဂုတ် ၁၊ ၂၀၀၈
ဖိလစ်ပိုင်နိုင်ငံမှ ထင်ရှားသည့် တက္ကသိုလ်တခုတွင် ဟောပြောနေသော စစ်ဘက်အရပ်ဘက် လေ့လာသူ ဦးဝင်းမင်း။ ယနေ့ နံနက်က ကွီဇုန်မြို့ပြင်ရှိ ဖိလစ်ပိုင်တက္ကသိုလ် ကျောင်းသားများနှင့်ပြုလုပ်သည့် ဆွေးနွေးပွဲတွင် မြန်မာပြည်ဒီမိုကရေစီရရှိရေးမှာ ဖြစ်နိုင်ချေရှိပါသေးသည်ဟု ဦးဝင်းမင်းက ပြောဆိုလိုက်သည်။ အစွန်းမရောက်သည့် စစ်အရာရှိများက စစ်တပ်ကို ထိန်းချုပ်ကာ၊ အတိုက်အခံများနှင့်လက်တွဲပြီး၊ နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်ပါက ဖြစ်နိုင်ချေရှိသည်ဟု ဆိုသည်။ (photo: AP)

Burmese Community in the Bay Aea raised 100,000 over US Dollors for Nargis Relief

ဘေးဧရိယာက မြန်မာအစုအဖွဲ့များ နာဂစ်လေဘေး ကူညီမှု ဒေါ်လာ ၁ သိန်းကျော်မိုးမခ အထောက်တော် ၀၀၂
ဇွန် ၂၆၊ ၂၀၀၈
ဘုန်းကြီးကျောင်းများ၊ လူထုစုဝေးရာများတွင် မြန်မာအမျိုးသားအစုအဖွဲ့များက နာဂစ်မုန်တိုင်းလေဘေး ကူညီမှု ရန်ပုံငွေပွဲများ၊ အလှူခံပွဲများ ယခု ၂ လတာ နီးပါးအတွင်း ပြုခဲ့ကြရာ အစုအဖွဲ့အသီးသီး လှူဒါန်းမှု စုစုပေါင်း ဒေါ်လာ ၁ သိန်းကျော် ရခဲ့ပြီဖြစ်ကြောင်း အစုအဖွဲ့အသီးသီး၏ အင်တာနက် စာမျက်နှာများ၊ အီးမေးထုတ်ပြန်ချက်များကတဆင့် သိရသည်။
အလှူခံရရှိသမျှ အများစုကို အမေရိကန်အခြေစိုက် သာသနမောဠိ – မြန်မာရဟန်းတော်များအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။ ဖရီးမောင့်နှင့် ဟတ်ဖ်မွန်းဘေး ဘုန်းတော်ကြီးကျောင်းများက ဆရာတော်ကြီးများ၏ မြန်မာပြည်တွင်းသို့ ပြန်လည်သွားရောက်ပြီး လေဘေးကူညီမှု ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း စေတနာရှင်မြန်မာလူမျိုးများက ၀ိုင်းဝန်း လှူဒါန်းအားပေးကြသည်ဟု သိရသည်။ [...]

9 Burmese Prominet Seniors on DASSK 63 booklet

နယူးယောက်က ပူဇော်ခံ သက်ကြီးဝါကြီး ၉ ဦးရဲ့ ဒေါ်စု ၆၃ မွေးနေ့ အမှတ်တရ စကားမှတ်တမ်း ထွက်ရှိမိုးမခ အထောက်တော် ၀၀၂ဇွန် ၂၂၊ ၂၀၀၈
သာသနမောဠိ ဥက္ကဋ္ဌ ဆရာတော် ဦးပညာဝံသကို အမှူးထားလျက် မောင်စွမ်းရည်၊ ဦးဝင်းဖေ၊ မောင်သာရ၊ ဦးခင်မောင်ကြီး၊ ဦးကျော်ဝင်း၊ ဒူးဝါး ဇော်အောင်၊ ဆလိုင်းထွန်းသန်းနှင့် ပီတာလင်းပင်တို့ကို နယူးယောက်ဒေသရောက် မြန်မာမိသားစုများက ဒေါ်အောင်ဆန်းစုကြည် ၆၃နှစ်မြောက် မွေးနေ့ ကို ကြိုဆိုသောအားဖြင့် ယခင်အပတ်က ကန်တော့ပွဲကျင်းပခဲ့ရာ အထိမ်းအမှတ် စကားမှတ်တမ်းစာအုပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကို ဒီမှာ ရယူနိုင်ပြီ ဖြစ်ပါသည်။