Posted on December 15, 2009 by oothandar
ဂျပန်ရောက် မြန်မာ ၃၇ ဦး ရေရှည် နေထိုင်ခွင့်ရရေး လျှောက်လွှာတင်
Kyodo News
ဒီဇင်ဘာ ၁၅၊ ၂ဝဝ၉
ယမန်နေ့က နေထိုင်ခွင့် လျှောက်သူများနှင့် ၎င်းတို့၏ ရှေ့နေများ (ဓာတ်ပုံ- www.47news.jp)
ယမန်နေ့က ဂျပန်နိုင်ငံတွင် ရေရှည် နေထိုင်ခွင့်ရရေး အတွက် တိုကျိုမြို့ လူဝင်မှု ကြီးကြပ်ရေး ဌာနတွင် လျှောက်လွှာတင်သူ မြန်မာပြည်သား စုစုပေါင်း ၃၇ ဦး ရှိကြောင်း ၎င်းတို့၏ ရှေ့နေများက ပြောသည်။
ထို ၃၇ ဦးသည် Tokyo, Gunma, Saitama, Chiba ဒေသများတွင် နေထိုင်သူများဖြစ်ကြောင်း၊ စုစုပေါင်း မိသားစု ၂၂ စု ရှိကြောင်း ရှေ့နေများက ဆိုသည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပွားလာပါက ၎င်းတို့၏ လက်ရှိ ယာယီနေထိုင်ခွင့်ကို သက်တမ်း [...]
Filed under: Overseas News | Leave a Comment »
Posted on December 13, 2009 by oothandar
ဝပ် (Ward) အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်း အိန္ဒိယသို့ ဦးတည်
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၁၃၊ ၂ဝဝ၉
ဘင်္ဂလားပင်လယ်အော် မုန်တိုင်း ဖြစ်သော်လည်း မြန်မာပြည်ဘက်သို့ ဦးတည်ခြင်း မရှိပေ။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဝပ် (Ward) အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယနိုင်ငံ တမီလ်နာဒူ ကမ်းရိုးတတန်းရှိ Kanyakumari နှင့် Nagapattinam ဒေသအကြားသို့ အင်္ဂါနေ့တွင် တိုက်ခတ်ဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ပြောကြားကြောင်း သတင်းများတွင် ဖော်ပြထားသည်။
“အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၇ဝ အကွာ် ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်” ဟု ခန့်မှန်းရကြောင်း ယနေ့ထုတ် မြန်မာသတင်းစာများတွင်လည်း ရေးထားသည်။
Filed under: Overseas News | Leave a Comment »
Posted on December 13, 2009 by oothandar
မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ၃၅ တန် ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးရမိ
AP သတင်းဌာန
ဒီဇင်ဘာ ၁၄၊ ၂ဝဝ၉
ဘန်ကောက်မြို့ ဒွန်မောင်းလေယာဉ်ကွင်းတွင် တွေ့ရသော လက်နက်တင် လေယာဉ် (AP photos)
ဖမ်းဆီးခံထားရသည့် နိုင်ငံခြားသားများ
မြောက်ကိုရီးယားနိုင်ငံမှ တန်ပေါင်းများစွာသော လက်နက်များကို လေယာဉ်ဖြင့် တင်ဆောင်လာသည့် နိုင်ငံခြားသား ၅ ဦးသည် လက်နက်မှောင်ခိုမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က အဖမ်းခံလိုက်ရသည်။
ထိုပုဂ္ဂိုလ် များမှာ ကာဇက်ကစ္စတန် နိုင်ငံမှ ၄ ဦး၊ ဘယ်လာရုစ် နိုင်ငံမှ ၁ ဦး ပါဝင်ပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း ခုခံချေပထားကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ ဗိုလ်မှူးကြီး Supisarn Pakdinarunart က ပြောသည်။ ထို ၅ ဦးကို မနက်ဖန်တွင် တရားရုံးတင်မည် [...]
Filed under: Overseas News | Leave a Comment »
Posted on December 8, 2009 by oothandar
ဂူဂဲလ်မှာ အဘိဓာန် တင်ထားပြီ၊ လွယ်ကူမြန်ဆန်စွာ သုံးနိုင်
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၈၊ ၂ဝဝ၉
အလွန်တရာ လွယ်ကူ ရှင်းလင်းသော အဘိဓာန်ကို www.google.com/dictionary တွင် တွေ့နိုင်သည်။
ဂူဂဲလ်က လူကြိုက်များလာဖွယ်ရှိသည့် အဘိဓာန်ကို သူ၏ ဝက်ဘ်ဆိုက်တွင် တပ်ဆင်ထားကြောင်း သောကြာနေ့က ကြေညာလိုက်ခြင်းဖြင့် အင်တာနက်အသုံးပြုသူများကို ဆွဲဆောင်လိုက်သည်။
ဂူဂဲလ်မှာ အဘိဓာန်သည် အင်္ဂလိပ်ဘာသာ တမျိုးတည်း မဟုတ်ပေ။ ဘာသာစကားပေါင်း ၂၇ မျိုး ထည့်သွင်းထားကြောင်း တွေ့ရသည်။
Filed under: Overseas News | Leave a Comment »
Posted on December 4, 2009 by oothandar
နယ်စပ်လမ်းက ၀မ်းတထွာ ၆
ခိုင်မာကျော်ဇော
ဒီဇင်ဘာ ၄၊ ၂၀၀၉
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ သစ်တောများစွာရှိပြီး၊ ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ ကရင်ပြည်နယ်စပ်၊ သောင်းရင်းမြစ်နဲ့ သံလွင်မြစ်ကမ်းတလျှောက်မှာ သစ်ဖြတ်၊ သစ်ဆွဲ၊ သစ်ခွဲအလုပ်နဲ့ သစ်ကြမ်းထည်တွေကနေ ဈေးကွက်ဝင် အချော ထည် ပစ္စည်းတွေ ဖြစ်အောင်ပြုလုပ်ပြီး လုပ်ကိုင်စားသောက်နေကြရတဲ့ မြန်မာနိုင်ငံသားများစွာရှိပါတယ်။ ထိုင်း-မြန်မာ ကရင်ပြည်နယ်စပ်က သစ်တောတွေကို ကရင်လက်နက်ကိုင်အဖွဲ့တွေက ထိန်းချုပ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ သစ် မာစတဲ့ ဈေးကွက်ဝင်တဲ့သစ်တွေကို ခုတ်လှဲပြီး ထိုင်းသစ်ကုန်သည်တွေဆီကို ရောင်းချနေကြတာပါ။ ဒီလုပ်ငန်းအတွက် လိုအပ်တဲ့ အလုပ်သမားတွေကို လက်နက်ကိုင်အဖွဲ့တွေ၊ ထိုင်းသစ်ကုန်သည်တွေက ငွေပေးပြီး ငှားရမ်းလုပ်ကိုင် ကြတာဖြစ်ပါတယ်။
Filed under: Overseas News | Leave a Comment »
Posted on November 29, 2009 by oothandar
နေမျိုးဆေး၏ ရှေးခေတ်အမျိုးသမီးများကို ထိုင်းတွင် ပြသမည်
မိုးမခအထောက်တော် အမှတ် ဝဝ၈
နိုဝင်ဘာ ၂၉၊ ၂ဝဝ၉
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာပန်းချီပြခန်းတွင် နေမျိုးဆေး၏ တကိုယ်တော်ပြပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည်။
သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းတွင် ပြုလုပ်မည့် ပြပွဲကို Women of the Ancient Days (ရှေးခေတ် အမျိုးသမီးများ) ဟု အမည်ပေးထားပြီး လာမည့် သောကြာနေ့၊ ဒီဇင်ဘာ ၄ မှ ဒီဇင်ဘာ ၂၅ အထိ ပြသမည် ဖြစ်သည်။
Filed under: Overseas News | Leave a Comment »
Posted on November 28, 2009 by oothandar
Iranian judge and activist Shirin Ebadi, pictured here in June, won the 2003 Nobel Peace Prize.(CNN)
အီရန်အာဏာပိုင်တို့က ငြိမ်းချမ်းရေးနိုဘယ်ဆုကို အဓမ္မသိမ်း
စီအင်န်အင်န်၊ ဂါဒီးယန်း၊ အင်တာနက်
နိုဝင်ဘာ ၂၇၊ ၂၀၀၉
အီရန်နိုင်ငံ၏ ထင်ရှားသော လူ့အခွင့်အရေးရှေ့နေ အတိုက်အခံအမျိုးသမီးတဦးဖြစ်သူ “အီဘဒီ” ၏ ၂၀၀၃ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု တံဆိပ်နှင့် လက်မှတ်ကို အီရန် အာဏာပိုင်တို့က ၎င်းနေအိမ်မီးခံသေတ္တာထဲမှ ထုတ်ယူသိမ်းဆည်းသွားသည်ဟု သတင်းကြားသိရသည်။
၎င်း ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း၊ ခင်ပွန်းသည်အား လုံခြုံရေးအဖွဲ့ဝင်များက အပြင်းအထန် ရိုက်နှက် စစ်ဆေးခဲ့ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်က နေအိမ်တွင်း ၀င်ရောက်ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုတံဆိပ်နှင့် လက်မှတ်များကို ၀င်ရောက် သိမ်းပိုက်သွားကြောင်း သတင်းများက ဆိုသည်။
Filed under: Overseas News | Leave a Comment »
Posted on November 25, 2009 by oothandar
အမေရိကန်ကလည်း မြန်မာတို့နည်းတူ မြေမြှုပ်ဗုံးသုံးစွဲမှုကို မပိတ်ဆို့နိုင် ဟု ဆို
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၂၄၊ ၂၀၀၉
ယခင် ဘွတ်ခ်ျ အစိုးရလက်ထက်ကတည်းက အမေရိကန်အနေဖြင့် ကမ္ဘာတ၀ှမ်း မြေမြှုပ်မိုင်းတားမြစ်ရေး သဘောတူညီချက်ကို လက်မှတ်မထိုးဘဲနေခဲ့ရာ ယခု အိုဘားမား အစိုးရကလည်း ယခင်သဘောအတိုင်း ရပ်တည်မည်ဟု ၀ါရှင်တန်အိမ်ဖြူတော်က ထုတ်ပြန်လိုက်သည်ဟု အေပီသတင်းတခုအရ သိရသည်။ အမေရိကန်ကဲ့သို့ မြေမြှုပ်မိုင်းသုံးစွဲမှု ပိတ်ပင်ခြင်းကို ဆန့်ကျင်သည့် နိုင်ငံများထဲတွင် မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ရုရှား နှင့် ပါကစ္စတန်တို့ ပါဝင်သည်။
ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံများသည် မြေမြှုပ်မိုင်းများ အထူးတလည်သုံးစွဲပြီး စစ်တလင်းပြင်များ၊ ဓားစာခံပြည်သူများနှင့် တဖက်ရန်သူများကို တိုက်ခိုက်ခြင်း၊ ကန့်သတ် ဖြတ်တောက်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
Filed under: Overseas News | Leave a Comment »
Posted on November 16, 2009 by oothandar
ပတ်ကျောင်း(Pacquiao) ကော်တို(Cotto) ကို နိုင်သွားပြီ
မိုးမခ အထောက်တော် ၀၀၃
နိုဝင်ဘာ ၁၆၊ ၂၀၀၉
လပ်စ်ဗေးဂတ်စ်မြို့ အမ်ဂျီအမ်ဂရင်း(MGM Grand) မှာ စနေနေ့ညက ကျင်းပခဲ့တဲ့ ဖီလီပိုင်နိုင်ငံမှ မင်နီပတ်ကျောင်း(Manny Pacquiao) နဲ့ ပေါ်တူရီကိုနိုင်ငံမှ မီဂေးကော်တို (Miguel Cotto) တို့ရဲ့ ကမ္ဘာ့ဝယ်လ်တာဝိတ်တန်း စိမ်ခေါ်ထိုးပွဲမှာ ပတ်ကျောင်းက ကော့တိုကို ၁၂ ချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူလိုက်ပါတယ်။ အခုဆိုရင် ပတ်ကျောင်းဟာ ၀ိတ်တန်း ၇ တန်းစလုံးမှာ ချီပီယံဆု ၇ ဆု ဆက်တိုက်ရခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားအဖြစ် သမိုင်းတွင်သွားပါပြီ။
Filed under: Overseas News | Leave a Comment »
Posted on November 15, 2009 by oothandar
လက်လွန်သွားတဲ့ ပြက်လုံး – ဇာဂနာနဲ့ မြန်မာပြည်အတွက် လန်ဒန်မှာ ပြက်ကြ
မိုးမခအထောက်တော် ၀၀၃
နိုဝင်ဘာ ၁၅၊ ၂၀၀၉
လွန်ခဲ့တဲ့ ကြာသာပတေး၊ နိုဝင်ဘာ ၁၂ ညနေ ၇ နာရီက လန်ဒန်က Old Queen’s Head ခန်းမမှာ အင်္ဂလန်က ကမ္ဘာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး ရန်ပုံငွေပွဲတခုကို မြန်မာပြည်က အကျဉ်းခံနေရတဲ့ လူရွှင်တော် (ကို) ဇာဂနာကို ရည်စူးပြီးတော့ သူတို့ဆီက လူရွှင်တော် ၅ ဦးက ပြက်လုံးတွေနဲ့ တင်ဆက်ခဲ့ကြပါတယ်။ သူတို့ပွဲနံမယ်က A Joke Too Far – မြန်မာလိုဆိုရရင် လက်လွန်သွားတဲ့ ပြက်လုံးလို့ ခေါ်ရမယ် ထင်ပါတယ်။ မြန်မာပြည်မြေပုံကို မြန်မာပြည်ရဲ့ အကျဉ်းစံ အတိုက်အခံများ၊ အမျိုးသားရေးလှုပ်ရှားသူများ ရုပ်ပုံတွေနဲ့ ဖော်ထားတာ နောက်ခံနဲ့ [...]
Filed under: Overseas News | Leave a Comment »