Quotes in October

မိုးမခ၏ အောက်တိုဘာလ စာကိုး၊ စကားကိုး
အောက်တိုဘာ ၃၁၊ ၂၀၀၉

“ဒူဘိုင်း မလာခင်မှာ ကိုယ့်စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်လာသင့်တယ်၊ ရာသီဥတု အရမ်း ဆိုးတယ်၊ homesick (အိမ်လွမ်းနာ) ဖြစ်မယ်၊ homesick ဖြစ်တဲ့လူကို စောင့်ရှောက်ချင်လို့ စောင့်နေသူတွေ ရှိတယ်၊ လူမှုရေး ရှုပ်တဲ့ ပြဿနာက ဒါက စတာပဲ”
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တော်ရောက် မြန်မာအလုပ်သမားတဦး
မော်ဒန်ဂျာနယ်၊ အောက်တိုဘာ ၂၃
“ယနေ့တပ်မတော်က စီစဉ် ဆောင်ရွက်နေသည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် (ရွေးကောက်ပွဲလုပ်ငန်းစဉ်) အား ချောမွေ့ အောင်မြင်စေရေး အတွက် နိုင်ငံရေးသမားများ (နိုင်ငံရေး ပါတီများ) က ဝိုင်းဝန်း ကူညီ ပံ့ပိုးသင့်သည်”
ဦးအောင်မြင့်(လက်ပံတန်း)
Voice ဂျာနယ်၊ အောက်တိုဘာ ၂၆
“ကျန်းမာရေးအတွက် လာကစားကြတဲ့သူတွေ ရှိပါတယ်။ အခြေခံ ကဗျာလွတ် နဲ့ [...]

Moemaka quotes on September ( part two )

မိုးမခ၏ စက်တင်ဘာလ စာကိုး၊ စကားကိုး (ဒုတိယပိုင်း)
စက်တင်ဘာ ၃ဝ၊ ၂၀၀၉

မှတ်ချက် – နှစ်သက်ဖွယ် ကောင်းသော ပြောကြား ရေးသားချက်များကို ကောက်နှုတ် ဖော်ပြခြင်း ဖြစ်သည်။ နှစ်သက်ဖွယ် မကောင်းသော အချက်များလည်း တခါတရံ ပါဝင်နိုင်ပါသည်။ မူရင်း သတ်ပုံများအတိုင်း ပြန်လည် ဖော်ပြပါမည်။

“မြို့ထဲရောက်တာနဲ့ မွန်းကျပ်နေအောင်ခံစားရတယ်။ အဓိကကတော့ မီးစက်တွေကထွက်တဲ့ အငွေ့တွေနဲ့ မော်တော်ကားတွေက ထွက်တဲ့ မီးခိုးတွေကြောင့်၊ နောက် စားသောက်ဆိုင်တွေဆီက အငွေ့တွေနဲ့ မြို့လယ်ကောင်ဆို လေကစ ပူနေပြီး အနံ့တွေနဲ့ မွန်းနေတာပဲ။ သတိပြုမိကြရင် ဆူးလေနဲ့ အနီးတစ်ဝိုက်က အခြားမြို့နယ်တွေထက် ပိုပူတယ်။ နာဂစ်တုန်းက သစ်ပင်ကြီးတွေ ပြိုကုန်တာကြောင့်လည်းပါတယ်။ ကျွန်တော့်အမြင်တော့ သစ်ပင်တွေ ပြန်စိုက်ရုံနဲ့တင် မလုံလောက်နိုင်တော့ဘူး။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့ အရာတွေကို [...]

Moemaka Quotes for Septermber 2009

မိုးမခ၏ စက်တင်ဘာလ စာကိုး စကားကိုး
စက်တင်ဘာ ၁၃၊ ၂၀၀၉

“ဝန်ကြီးချုပ်နှင့်ပါ ကျွန်တော်တို့ သတင်းသမားများကို တွေ့ဆုံခွင့် ပြုသည့်အပြင် မေးလိုရာ မေးခွင့်ပြုသည်။ ဘယ်အကြောင်းအရာ၊ ဘယ်အရေးကိစ္စကိုဖြင့် မမေးပါနှင့်၊ စကားမစပါနှင့်ဟု ကန့်သတ် မထား။ ဤအချက်က သတင်းမီဒီယာများ၏ ရပ်တည်ချက်နှင့် သဘော သဘာဝကို အရည်အချင်း ရှိသော စင်ကာပူ အစိုးရအဖွဲ့က မည်မျှသဘောပေါက် နားလည်ထားသည်ကို ပြသည်”
ကျော်ဗဟိန်း၊ စာနယ်ဇင်းသမား
The Voice Weekly ဂျာနယ်၊ စက်တင်ဘာ ၁၄
“ကိုးကန့်တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့မှုကြောင့်
မြန်မာနိုင်ငံဘက်မှ ၂၆ ဦး ကျဆုံး”
(သတင်းခေါင်းစဉ်တခု)
7 DAY NEWS ဂျာနယ်၊ စက်တင်ဘာ ၃

Moemaka Quotes in August

မိုးမခရဲ့ သြဂုတ်လ စာကိုး စကားကိုး
သြဂုတ် ၂၉၊ ၂၀၀၉

“မောင်ဝိတ်ကို အာဏာပိုင်တွေက မျက်နှာသာပေးပြီးတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ပေးဖတ်တယ်။ အဲ့တော့ ကိုဖိုးတုတ်က သူတို့ကိုလည်း ပေးဖတ်ဖို့ တောင်းဆိုတာကို အရာရှိ ကျော်ဇေယျယု က မင်းတို့ ၅ ည တွေကို သေအောင် သတ်ပစ်လို့ ရတယ် ဆိုပြီး ခြိမ်းခြောက်လိုက်တယ်။ ဘယ်သူ့ကို ဆိုလိုတာလည်းလို့ ပြန်မေးတော့ အရာရှိ ကျော်ဇေယျယုက မင်းတို့ နိုင်ငံရေးသမားတွေကို ပြောတာတဲ့”
ခန္တီးထောင်ရောက် နိုင်ငံရေးအကျဉ်းသား ကိုဖိုးတုတ်၏ မိသားစု နှင့် နီးစပ်သူတဦး
DVB အသံလွှင့်ဌာန၊ သြဂုတ် ၂၁

Moemaka Quotes for July 2009

မိုးမခရဲ့ ဇူလိုင်လ စာကိုး၊ စကားကိုး
ဇူလိုင် ၃၀၊ ၂၀၀၉

“ဆံပင်ရှည်များကို တရုတ်ပြည် ဈေးကွက်သို့ တင်ပို့ရန် စတင် ၀ယ်ယူခဲ့စဉ်က (တပိဿာလျှင်) ငွေကျပ် တစ်သိန်းစွန်းစွန်းသာ ပေါက်ဈေး ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ ငွေကျပ် ၄ သိန်းနားအထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်”
Myanmar Newsweek ဂျာနယ်၊ ဇူလိုင် ၂
“ခိုးကူးခွေများသည် ၂၀၀၂ ခုနှစ်မှ စ၍ မြန်မာနိုင်ငံတွင် စတင် ကျယ်ပြန့်လာပြီး ယခု လက်ရှိတွင် ရန်ကုန်မြို့ရှိ နေရာအနှံ့၌ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးနေကြောင်း သိရသည်”
ပြည်မြန်မာ ဂျာနယ်၊ ဇူလိုင် ၉
“သမီးက စာရေးဆရာ အစွဲ မရှိဘူး။ လုံးဝ ဟာသ၀တ္ထု မကြိုက်ဘူး။ အချစ်ဝတ္ထု၊ ဂမ္ဘီရ၀တ္ထု၊ တစ္ဆေသရဲဝတ္ထုတွေဆို အရမ်း ကြိုက်တယ်”

မေသက်ခိုင်၊ သရုပ်ဆောင် [...]

Quotes for 2009 June

မိုးမခ ရဲ့ ဇွန်လ စာကိုး စကားကိုး
ဇွန် ၂၉၊ ၂ဝဝ၉

“ဒရာမာ ရိုက်တဲ့ လူတွေကလည်း ပေါ့ပေါ့လေး မရိုက်ဘူး။ ရိုက်ပြီ ဆိုကတည်းက အကယ်ဒမီ မှန်းပြီး ရိုက်ကြတာ များတယ်”

ကြည်ဖြူရှင်၊ ရုပ်ရှင်ဒါရိုက်တာ
ပေါ်ပြူလာဂျာနယ်၊ ဇွန် ၉

Quotes for May 2009

မေလ စာကိုး စကားကိုး
မေ ၃၀၊ ၂၀၀၉

“ကုမ်ရာသီဖွားမိန်းမတစ်ယောက် ဆိုတာကို သူတို့ရဲ့ ၀တ်စား ဆင်ယင်ပုံ ကြည့်တာနဲ့ကို သိနိုင်တယ်။ ခေတ်ရေစီးကြောင်းနဲ့အညီ ၀တ်ချင်မှဝတ်မယ်။ ကိုယ်နဲ့အဆင်ပြေတယ်ထင်ရင် ၀တ်လိုက်တာပဲတဲ့။ (အဲဒါတော့မှန်တယ်။ ဥပမာ… ဖက်ရှင်ဖြစ်နေတဲ့ ဒေါက်ကြီးစီးပြီး အရမ်းတော့ လှနေပါရဲ့၊ ခြေနာလို့ ထော့နဲ့နဲ့ကြီးဖြစ်နေတာမျိုး၊ Paris Hilton လို လှချင်လို့ လှည်းဘီးမျက်မှန်ကြီးဝတ်ပြီး မမြင်မစမ်းဖြစ်နေတာမျိုးတော့ မဖြစ်လိုဘူး၊ ကိုယ်နဲ့အဆင်ပြေပြီး လွတ်လပ်ပေါ့ပါးတဲ့ ၀တ်စားဆင်ယင်ပုံကို နှစ်သက်တာတော့ အမှန်ပဲ)”
အိမ့်ချမ်းမြေ့၊ ဘလော်ဂါ
ainchannmyay.com၊ မေ ၂၈

quote for april 2009

ဧပြီလ စာကိုး စကားကိုး
ဧပြီ ၃ဝ၊ ၂ဝဝ၉

“အလွန် စိတ်မ၀င်စားလှသေးဘူးဗျ။ ဒါပေမဲ့ အထိုက်အလျောက်တော့ သိစ ပြုလာပြီပေါ့၊ ၀က်တုပ်ကွေး ဆိုတဲ့ရောဂါ ရှိနေပြီ ဆိုတာလောက်တော့ သိတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ သတိထားဖို့တို့၊ ဆင်ခြင်ဖို့တို့ အဲဒါမျိုးတော့ ဘာမှ သိပ် မတွေ့ရသေး ဘူးဗျ။ နိုင်ငံခြား ရေဒီယိုတွေ နားထောင်တဲ့ လူလောက်ပဲ သိပြီး စိတ်ဝင်စားမယ် ထင်တယ်။ ပြည်တွင်းက လူတွေကတော့ ပွင့်ပွင့် လင်းလင်း ပြောရရင် သတင်းစာလည်း သိပ် မဖတ်ဖြစ်ဘူးဗျ။ ဖတ်ဖြစ်တဲ့လူ နည်းတယ်ပေါ့နော်။ နောက်တခုက တီဗွီ ဆိုရင်လည်း ဇာတ်လမ်းတွဲလောက်ပဲ ကြည့်တာကိုး”
ဒေါက်တာမြင့်ဇော်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း ပြောခွင့်ရပုဂ္ဂိုလ်
ဗွီအိုအေ အသံလွှင့်ဌာန၊ ဧပြီ ၃၀

Quotes for March 2009

မတ်လ စာကိုး စကားကိုး

မတ် ၃၁၊ ၂၀၀၉

Aung San Suu Kyin on Poem

အောင်ဆန်းစုကြည်နဲ့ ကဗျာ
အောင်ဆန်းစုကြည်
မတ် ၂၀၊ ၂၀၀၉
(စာ ကောက်နုတ်ချက် တခုဖြစ်ပါတယ်)
လူတို့ရဲ့အတွေးအခေါ် ပညာဉာဏ် သဘောတရားကို
ဖွံ့ဖြိုးမှုကို စာပေအရေးအသားများက ရောင်ပြန်ဟပ်ပါတယ်။