Posted on November 10, 2009 by oothandar
နိုင်ငံရေးအကျဉ်းသားတဦးရဲ့  သမီးဆီပေးစာ
ဗဟိန်းသစ်
နိုဝင်ဘာ ၁၀၊ ၂၀၀၉
သမီး တခါက အဖေ့ကို ခဲရာခဲဆစ် စာနဲ့ မေးခွန်း နှစ်ခု မေးဖူးတယ်။
ဒူးလေးက ထွက်တဲ့ မြားဟာ ပစ်သူဘက် လှည့်တတ်သလား တဲ့ …
ကိုယ်ဝန်ရင့်မာပြီးမှ မမွေးဖွားဘဲ နေလို ရသလား တဲ့ …
သမီး မေးတတ်ပုံကို အဖေ ကျေနပ်နေရတယ်။ အဖေ ခရီးတွေထွက်၊ အိမ်ပြန်ရောက်ရင် သမီးမေးသမျှ မေးခွန်းတွေဖြေ၊ အတွေ့အကြုံတွေ ပြောပြနဲ့၊ သမီးနဲ့ အဖေ စောစော လမ်းလျှောက်ကြရင်း စကားတွေပြောကြ၊ အဲဒီ မနက်ခင်းတွေကိုလည်း အဖေ အခု သတိရနေတယ်။ သမီးကလည်း သမီးတွေ့ကြုံ ခံစားခဲ့ရတာတွေကို ပြောပြနဲ့။
Posted on November 5, 2009 by oothandar
လမ်းလျှောက်ခြင်း ညနေ
ဉာဏ်ဦးမောင်
နိုဝင်ဘာ ၅၊ ၂၀၀၉
နောက်ဘဝ လူပြန်ဖြစ်ရမယ်ဆိုလျင် ရွှေဘိုနယ်မှာ ပြန်ဖြစ်ချင်တယ်။ ရွှေဘိုနယ်မှာတောင်မှပဲ သူမွေးဖွား ရာ သရိုင်ရွာလေးမှာ ပြန်ဖြစ်ချင်တယ်လို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးက မိန့်ဖူးတယ်တဲ့။ အဲဒီလိုမိန့်ခဲ့ခြင်း အတွက် ဆရာတော်ဘုရားကြီးမှာ အကြောင်းရှိမှာပါ။ သရိုင်ရွာမှာ လူသားတစ်ဦးဖြစ်ရခြင်းရဲ့ အားသာ တယ်ထင်တဲ့အချက်တွေ ရှိလို့ဖြစ်မှာပါ။ မိကောင်း ဘကောင်း၊ ဆရာသမားကောင်းတွေ၊ ဘာသာတရားကိုင်းရှိုင်းတဲ့ ပညာရှိသူတွေနဲ့ တွေ့ဆုံရခြင်းစတာတွေ လည်း ပါမလားပါပဲ။
Posted on October 23, 2009 by oothandar
အမေ့ဉာဏ်နား ဝင်စံစားစေ – ၂
အရှင်ဉာဏိက
အောက်တိုဘာ ၂၃၊ ၂၀၀၉
အမေ
ဘယ်တော့မှ မသေ၊
အမေဆိုတာ
အမတေ အမတ
ဘယ်အခါမှ မသေရ။
(တင်မိုး)
(အမတေ-အနှစ်သာရ (ရှေးစကား)။ အမတ-မသေခြင်း၊ နိဗ္ဗာန် (ပါဠိ) )
Posted on October 6, 2009 by oothandar
ပဌာန်းတရား မြတ်စကားမို့  အမြတ်နားသို့  ကြားစေချင်
အရှင်ဉာဏိက
အောက်တိုဘာလ ၆ ရက် ၊ ၂ဝဝ၉
အမေရိကန်နိုင်ငံ၊ အနောက်ဖက်ခြမ်း၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့စ်အင်ဂျလိစ်မြို့တော်ရဲ့အစိတ် အပိုင်း၊ အဇူဇာမြို့မှာတည်ရှိတဲ့ သုန္ဒရာရာမ ဗြဟ္မာ့ဝိဟာရ (အဇူဇာ) ကျောင်းကို ရောက်ရှိနေခဲ့တာ ၂ ရက်ရှိပြီ။ မနေ့ကပဲ သီတင်းကျွတ်လပြည့်နေ့ဖြစ်လို့ အဇူဇာကျောင်းမှာပဲ သံဃာတော် ၅၃ ပါး စုပေါင်း ကာ သံဃပဝါရဏာပွဲတော်ကြီးကို ကျင်းပခဲ့ကြတယ်။ ပဝါရဏာပွဲတော်အပြီး ကြွရောက်တော်မူလာတဲ့ သံဃာတော်များကို သံဃဒါန အသုံးအဆောင်ပစ္စည်းများနဲ့ နဝကမ္မများ လောင်းလှူပူဇော်ပွဲကိုလည်း မနေ့ကပဲ မြိုင်ဆိုင်စည်ကားစွာ ကျင်းပခဲ့ကြတယ်။
- အပြည့်အစုံသို့ ဖတ်ရှုရန် – http://above-3-or-4-pages.blogspot.com/2009/10/ashin-nanika-pa-htan-pwe-in-la.html
Posted on August 14, 2009 by oothandar
ကြယ်စင်အိပ်မက် ဆက်မက်နေမယ်
ဉာဏ်ဦးမောင်
သြဂုတ် ၁၃၊ ၂၀၀၉
သူမက ကိုယ့်အိပ်မက်ကို ရယ်တယ်၊ ကိုယ်ကတော့ သူမရယ်တဲ့အကြောင်း အိပ်မက် မက်လိုက်တယ်။ (ရှေးစကား)
‘အတွေးအကြံတွေကို တကယ့်ရုပ်ပိုင်းဆိုင်ရာတွေဖြစ်လာအောင် ပြောင်းလဲနိုင်သူဟာ လူသားသာပဲဖြစ်တယ်။ စိတ် ကူးအိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်နိုင်တာလည်း လူသားသာလျင်ပဲ ဖြစ်တယ်’လို့ နပိုလီယန် ဟေးက ပြောဖူးတယ်။
အီလီနော် ရုစဗဲ့ကတော့ ‘အနာဂတ်ဆိုတာ ကိုယ့်ရဲ့ လှပတဲ့အိပ်မက်တွေကို ယုံကြည်တဲ့သူ တွေအတွက်ပဲ ဖြစ်တယ်’လို့ ဆိုပါတယ်။ ‘လူ့အသိုင်းအဝိုင်းက အပြစ်ကျူးလွန်တဲ့သူတွေကို မကြာခဏ မေ့ပစ်တတ် ပါတယ်။ ဒါပေမယ့် အိပ်မက်လှလှ မက်တဲ့သူတွေကိုတော့ ဘယ်တော့မှ မေ့မပစ်ကြဘူး’တဲ့။ ဒီစကားကိုတော့ အော် စကာဝိုင်းက ပြောခဲ့တာ။
Posted on July 22, 2009 by oothandar
လက်ဆင့်ကမ်းပါ မပမ်းရအောင်
အရှင်ဉာဏိက
ဇူလိုင် ၂၁၊ ၂၀၀၉
အင်္ဂလန်မှာ ဇွန်လ ၂ ရက် ၂ဝဝ၉ ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ နေထိုင်ခဲ့တယ်။ ဒီနေ့ အမေရိကကို ပြန်မည့်နေ့။
အင်္ဂလန်က မပြန်မီမှာ ဝင်ဘလေအရပ်မှာရှိတဲ့ လန်ဒန်ဝိဟာရရဲ့ သုံးလတကြိမ် ထုတ်ဝေနေတဲ့ စာစောင်မှာ စာ တပုဒ်လောက်ရေးပါဦးလို့ မုဒုံဆရာတော်က မိန့်ကြားပါတယ်။ ဒါဟာဖြင့် စိတ်ပါလက်ပါရှိလာရင် ရေးဖို့လက်မနှေး တဲ့ စာရေးသူအဖို့ အခွင့်အလမ်းတခုလို့ ဆိုရမှာပါ။ လန်ဒန်ကိုရောက်ခိုက် ထူးထူးခြားခြား သတိထားမိတဲ့ အချက် တခု ရှိပါတယ်။ ဒီအကြောင်းပြန်ပြောဖို့ စိတ်ကူးရှိနေတာ။ ခုလို ကျောင်းစာစောင်အတွက် ရေးပါဦးလို့ မိန့် လာတော့ ဒီအကြောင်းရေးဖို့ အတော်ပဲဖြစ်သွားတယ်။ အနာဂါတ် ပြည်ပသာသနာအတွက် ကောင်းမွန်တဲ့ မျှော် လင့်ချက်နဲ့ [...]
Posted on June 2, 2009 by oothandar
ပျံသန်းနိုင်စွမ်းတောင်ပံများနှင့် နှင်းဖြူဇီးကွက်
မျိုးမြင့်ချို
ဇွန် ၂၊ ၂၀၀၉
မည်သူဖွင့်လိုက်သည်မသိ။ အခန်းထဲတွင် “လှောင်ချိုင့်ထဲကတေး” သီချင်းသံလွင့်ထွက်လာ၏။ ကျွန်တော့် စိတ်အလျဉ်က ရုပ်ကနဲရပ်သွား၏။ သီချင်းသံကို ကြားတချက်မကြားတချက်။ ဖတ်လက်စစာအုပ်နှင့် သီချင်းသံကြား အတွေးများစုန်ချီဆန်ချီ။ သည်အခြေ အနေသည် တိုက်ဆိုင်မှုတစ်ရပ်သာ ဖြစ်သည်ဆိုလျင်လည်း အတော်ထူးခြားသည့် တိုက်ဆိုင်မှုဟုသာ ပြောရမည်ဖြစ်သည်ထင်၏။
စာအုပ်က ၁၉၇၇ ခုနှစ်တွင် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသံရုံး သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ဝေပြီး ဆရာလှသမိန် ပြန် ဆိုသည့် “ခေတ်သစ်ဂျာမန်လက်ရွေးစင်စာပေ”ဖြစ်သည်။ စာအုပ်ဘာသာပြန်သူ၏ အမှာစကားတွင် မျက်မှောက်ခေတ် ဂျာမန်စာရေးဆရာ များ၏ စာပေလက်ရာသစ်များကို ရွေးချယ်တင်ပြထားကြောင်း၊ မူရင်းစာရေးသူတို့၏ ရေးဖွဲ့ပုံ၊ ယူဆပုံ၊ စိတ်ကူးပုံ၊ တင်စားပုံ၊ စကားသုံးနှုန်းပုံ၊ တွေးခေါ်စဉ်းစားပုံ၊ တီထွင်ပုံနှင့် [...]
Posted on May 31, 2009 by oothandar
Lock ကျသွားသည့်မနက်ခင်း
မျိုးမြင့်ချို
မေ ၃၀၊ ၂၀၀၉
ဒုက္ခသည်စခန်းက တဲကလေးကိုခွဲခွာချိန် တံခါးအပိတ်မှာ ပြန်လှည့်မကြည့်ဖြစ်အောင် သတိထားပြီး လက်နောက်ပြန်ဖြင့် ပိတ်လိုက်ဖြစ်သည်။ သံယောဇဉ်မတွယ်ချင်တော့။ ဘဝဒုက္ခများစွာကို အတူထမ်းပိုးသယ်ဆောင် ပေးခဲ့တဲ့တဲကလေးရေ နေရစ်ခဲ့တော့။ ငါ့ဘဝထဲက တံခါးတချပ်တော့ ပိတ်လိုက်ပြန်ပြီပေါ့လေ။ ဘဝတွင်ပိတ်ခဲ့ဖူးသည့် တံခါးများစွာအနက် သည်ဒုက္ခသည် ဆိုသည့် တံခါးကား ပိတ်ရသိပ်ခက်ခဲမည်မဟုတ်ဟု ထင်ထားမိခဲ့ဖူးသည့်အထင်သည် လက်တွေ့တွင် မမှန်ကြောင်း ယခုသိလာရပြီ။
ကျနော် အရှေ့သို့လားရင်း အနောက်သို့ စုန်ခဲ့ပါသည်။
Posted on May 25, 2009 by oothandar
အမြင်ကွဲ ရင်ထဲက စေတနာ
အရှင်ဉာဏိက
မေ ၂၅၊ ၂၀၀၉
ဝဲမှယာ-အရှင်သီရိန္ဒ ၊ အရှင်ဂရုဓမ္မ ၊ အရှင်ဝိမလ ၊ အရှင်ကောသလ္လ ၊ ဒေါက်တာ ဓမ္မပီယ၊ ဦးဇောတာလင်္ကာရ ၊ ဦးတေဇဝန္တ ၊ တောင်ကုတ်ဆရာတော် ၊ အရှင်ကဝိန္ဒ ၊ အရှင်ဉာဏိက ၊ ဦးဇောတိက ၊ အရှင်သုမန နှင့် စစ်ကိုင်းစိမ်းစိမ်း
အဴပည့္အစုံသိုႛ …
[...]
Filed under: Thoughts | Leave a Comment »
Posted on May 6, 2009 by oothandar
လြယ္အိတ္ကေလး
ဝင်းပေါ်မောင်
မေ ၆၊ ၂၀၀၉
(၁)
တလောက မြန်မာပြည် ပြန်တော့မည့် သူငယ်ချင်းတယောက်က ကျနော့်ကို လာနှုတ်ဆက်ပါသည်။ ကော်ဖီဆိုင်ကလေး တခုတွင် ထိုင်ကြရင်း သူက ကျနော့်ကို လွယ်အိတ်လေးတခု အမှတ်တရ လက်ဆောင် ပေးပါသည်။ ချင်းအမျိုးသား ဖြစ်သော သူငယ်ချင်းက `ဒါ ချင်းရိုးရာ လွယ်အိတ်ပါ´ ဟု ပြောသည်။ ကျနော်က လွယ်အိတ်လေးကို ထုတ်၍ တယုတယ ကြည့်မိသည်။