Man arrested for entering into Daw Suu’s home

ဒေါ်စုအိမ်သို့ လျှို့ဝှက် သွားရောက်ပြီး ၃ ရက်ကြာ နေထိုင်ခဲ့သူ အမေရိကန်နိုင်ငံသား ဖမ်းဆီးခံရ
အေပီသတင်းဌာန
မေ ၇၊ ၂၀၀၉ အင်းလျားကန်တဘက်ကမ်းမှ ဒေါ်စု၏အိမ်သို့ လှမ်းမြင်ရသောပုံ (ဓာတ်ပုံ-Don)
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို ဖမ်းဆီးလိုက်သည်ဟု သတင်း ထွက်လာပြီးနောက် အာဏာပိုင်တို့က ဒေါ်စု၏ အိမ်ပတ်ဝန်းကျင်ကို လုံခြုံရေးရဲတပ်သား အများအပြား ချထားလိုက်သည်။
ဒေါ်စု၏ အိမ်အတွင်းသို့ ရဲအယောက် ၂၀ ကျော် ၀င်ရောက်သွားသည်ဟု အိမ်နီးချင်းများက ပြောပြသည်။ ဒေါ်စု၏ အိမ်အနီးတ၀ိုက်တွင် လုံခြုံရေး အထူး တင်းကြပ်ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များ နေအိမ်ခြံဝင်းအတွင်းသို့ ၀င်ရောက်ခဲသည်ဟု သိရသည်။ ဒေါ်စုသည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ နေအိမ် အကျယ်ချုပ် [...]

Burmese turn to Praying to avoid Bijli Storm

မြန်မာနှစ်ကူးမှာ တိုက်ခတ်လာမည့် ဘီဂျလိမုန်တိုင်းနဲ့ သဘာဝဘေးဒဏ်က ကာကွယ်ဖို့ ဘာသာရေးအစီအရင် ပြင်ဆင်နေကြ
ဓာတ်ပုံသတင်း၊ မိုးမခ အထောက်တော် ၀၀၅
ဧပြီ ၁၇၊ ၂၀၀၉
မြန်မာနှစ်သစ်ကူးတွင် မုန်တိုင်းကို ကာကွယ်နိုင်ရန် ဘာသာရေးဘက် ဦးလှည့်နေကြသည်။ ရခိုင် ဆရာတော်တပါး၏ လမ်းညွှန်ချက်အတိုင်း ပြင်ဆင်ထားသော ကန်တော့ပွဲတခုကို ယခုဓာတ်ပုံတွင် တွေ့ရမည် ဖြစ်သည်။

the art of eating Mont-hin-gar

မုန့်ဟင်းခါးစားခြင်းအနုပညာ
ဇာနည်ဝင်း
ဖေဖော်ဝါရီ ၈၊ ၂၀၀၉
[ photo: sakura-myanmar.blogspot.com ]

ရန်ကုန်မှာ ပေါများတာ မုန့်ဟင်းခါးဆိုင်။ ရန်ကုန်ကို အထင်ကြီးတဲ့ထဲမှာ မုန့်ဟင်းခါးဆိုင်တွေ ပေါတာလည်း တချက် အပါအ၀င် ဆိုပါစို့ရဲ့။
ကွမ်းယာဆိုင်က ပိုပေါပေမယ့် ကွမ်းမကြိုက်တော့ လမ်းထိပ်တိုင်းလိုလိုမှာ ဖွင့်တတ်တဲ့ ကွမ်းယာဆိုင်တွေအကြောင်း စာမဖွဲ့တော့ဘူး။

ရန်ကုန်မှာ လေးနေရာလောက် ပြောင်းရွှေ့နေခဲ့ဖူးတာ တကြိမ်မှာတော့ တင်တင်အေးမုန့်ဟင်းခါးဆိုင်နားမှာ နေဖြစ်ခဲ့တယ်။ တင်တင်အေး မျက်စောင်းထိုးမှာ ဟိုဒင်း ရှိတယ်၊ စိန်ဥ မုန့်ဟင်းခါးဆိုင် ရှိတယ်။ စိန်ဥဟင်းရည် အရောင်က ဆွဲဆောင်မှု မရှိဘူး၊ အရသာကတော့ ဂွတ်ရှယ်။ တင်တင်အေးဟင်းရည်ကတော့ စားသုံးသူအကြိုက် အရောင်အဆင်းနဲ့။

ORatha – Remembering Guru

ဂုရုရေ … အမေရဲ့ဘီဒိုလေးထဲမှာ မင်းတို့မောင်နှမတွေ ရှိတယ်
သြရသ
ဇန်န၀ါရီ ၁၉၊ ၂၀၀၉
ဂုရုရေ …
မင်းဆုံးသွားပြီး ၂ လလည်တော့မှ မင်း အဖေနဲ့ အမေတို့ဆီ ရောက်ဖြစ်တယ်။

ရဲဘော်တွေ မိတ်ဆွေတွေဆိုတာ မြို့မှာရော တောမှာပါ ကျောချင်းကပ်နေကြရတော့ မနှုတ်ဆက်ဖြစ်ဘူး။ အားပေးစကား မပြောဖြစ်ဘူး။
တခါတလေ မိတ်ဆွေတွေရဲ့ သားသမီးတွေ အဖေအမေတွေ ကျဆုံးသွားတာတောင်မှ ၈ စက္ကန့်ငြိမ်ခွင့်တောင် မရတဲ့အထိ ငါတို့က ဆင်းရဲတယ်။ သားချင်းတွေကလည်း အားမာန်တွေ တင်းပြီး တိုက်ပွဲထဲ ဆက်ချီတက်ရတာပဲ။

Decades-Long conflict (3)

သက်တမ်းရှည်ပဋိပက္ခ (အပိုင်း ၃)

အောင်သာငယ်

ဇန်နဝါရီ ၁၇၊ ၂၀၀၉

တတိယ အာရပ်-အစ္စရေး စစ်ပွဲ ( ၆ ရက် စစ်ပွဲ – ၁၉၆၇)
၁၉၆၄ ခုနှစ်မှာ အစ္စရေးက ဂျော်ဒန်မြစ်ရေကို သူရဲ့ နိုင်ငံတော် ရေပေးဝေရေး အစီအစဉ် အတွက် စတင် ထုတ်ယူ သုံးစွဲခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ အာရပ်နိုင်ငံတွေက စုပေါင်းပြီး Headwater Diversion Plan ခေါ်တဲ့ ရေလွှဲယူရေး စီမံကိန်း တခုကို အကောင် အထည် ဖော်ခဲ့ပါတယ်။ ဒီစီမံကိန်းသာ အပြည့် အ၀ အကောင် အထည် ပေါ်ခဲ့ရင် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်မှာရှိတဲ့ Banias စမ်းချောင်းက ရေတွေ အစ္စရေးနိုင်ငံနဲ့ အစ္စရေးရဲ့ [...]

Maimi – 05

အမှတ်တရ မိုင်ယာမီ (၅)
ဉာဏ်ဦးမောင်
ဇန်န၀ါရီ ၁၄၊ ၂၀၀၉

ကိုယ်တို့ရဲ့ သင်္ဘောငယ်လေး Island Queen ဆိပ်ကမ်းကနေ ခွာလျှင်ခွာခြင်းပဲ ‘အားလုံးကို မိုင်ယာမီက ကြိုဆိုပါတယ်၊ အင်မတန် သာယာလှပတဲ့ ညနေခင်းပါပဲရှင်’ ဆိုပြီး ကိုယ်တို့ခရီးစဉ်ကို ဦးဆောင် ရှင်းလင်းပြောပြမယ့် မရွှေချောက နှုတ်ခွန်းဆက်စကား ဆိုပါတယ်။ သင်္ဘောခရီးစဉ်မှာ တာဝန်ယူကြမယ့်သူ အားလုံးကိုလဲ တယောက်ချင်းစီရဲ့ အမည်ကို ပြောပြ၊ မိတ်ဆက်ပေးပါတယ်။ အင်္ဂလိပ်လိုတလှည့်။ စပိန်ဘာသာနဲ့ တခါ။

9th Annual Burmese Literary Talk (8th Nov 2008) Part4

9th Annual Burmese Literary Talk (8th Nov 2008)
Part4
Director U Win Pe

Mr Creator – Salute

Mr Creator – Salute
November 17th 2008

Remembering U Htain Linn ( Bo Ta Thaung) – 4 Years

ဦးထိန်လင်း(ဗိုလ်တထောင်) ကွယ်လွန်ခြင်း ၄ နှစ် ဆွမ်းကျွေး
နိုဝင်ဘာ ၄ က ပြုလုပ်၊ မိတ်ဆွေ စာနယ်ဇင်းသမားများ တက်ရောက်ကြ
မိုးမခ ဓာတ်ပုံသတင်း
နိုဝင်ဘာ ၆၊ ၂၀၀၈
မျက်စိ ခွဲစိတ်ထားသော ဟံသာဝတီ ဦးဝင်းတင်အပါအ၀င် ခေတ်ပြိုင်နှင့် မျိုးဆက်သစ် နိုင်ငံရေး၊ စာပေနှင့် စာနယ်ဇင်း မိတ်ဆွေများ၊ မိသားစုများ တက်ရောက်ကြသည်ကို တွေ့ရသည်။

၂ဝဝ၈ ခုနှစ် အောက်တိုဘာ ၁၅ ရက် မိုးမခ ရေဒီယို အစီအစဉ်

အဆိပ်အတောက် ရွှေတြိဂံ ရှင်းတမ်း
တရုတ် စာနယ်ဇင်းသမားများ ရေးသည်။ ဖြူစင် ဘာသာပြန်သည်။
အခန်းဆက် ဘာသာပြန် မှတ်တမ်း – ၂
အောက်တိုဘာ ၁၇၊ ၂၀၀၈
အပိုင်း (၁)
ရွှေတြိဂံရဲ့ အကြီးမားဆုံးသော ကိန်းဂဏန်းအပြောင်းအလဲ
အမေရိကန်ပြည်က ဂြိုဟ်တုအာရုံခံနည်းပညာကို သုံးပြီး ထပ် တဖန် ကွန်ပျူတာနည်းပညာနဲ့ပါ ကိုင်တွယ် ဆောင်ရွက်လာတဲ့ အခါ မြန်မာ ပြည်မြောက်ပိုင်း ရွှေတြိဂံနယ်မြေဒေသမှာ ဝ အဖွဲ့အစည်းဒေသ က ပင်မ အဓိကထားပြီး ပေါ်ပီပင် (poppy ဘိန်းပင်) စိုက်ပျိုးမှုမြေဧရိယာတိုးချဲ့မှုက မနှစ်ကထက် ကိန်းဂဏန်း အဆပေါင်း မြောက်များစွာ တိုးမြင့်လာတာကို တွေ့မြင်ကြရပါတယ်။
ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအတွက် ရည်စူးပြီး [...]