Posted on November 7, 2009 by oothandar
ပါးစပ်လက်နက် တိုင်းပြည်အတွက်ပါ
ဖိုးဇော် (စကားဝါမြေ)
နိုဝင်ဘာ ၇၊ ၂၀၀၉
ကျနော်ဟာ အနုပညာသမားတယောက်ပါ။ စာရေးဆရာတယောက် မဟုတ်ပါဘူး စာရေးဆရာမဟုတ်တဲ့အတွက် စာအရေးအသား အဆင်ပြေမည် မထင်ပါ။ သို့သော် ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ခံစားချက်လေးကို တင်ပြချင်တဲ့ ဆန္ဒနဲ့ ရေးဖြစ်သွားတာပါ။
ရှေးဘုရင်များလက်ထက်တုန်းက ဘုရင်နောက်တော်ပါးမှာ အမြဲမပြတ် ခစားရတဲ့ လက်စွဲတော်ဆိုတာ ရှိခဲ့ဘူးပါတယ်။ အဲဒီလက်စွဲတော်ရဲ့တာဝန်ဟာ တိုင်းပြည်အတွင်း ဖြစ်ပျက်နေတဲ့ ကိစ္စအားလုံးကို ဘုရင်ကြိးသိအောင် ဟာသဉာာဏ်နှောပြီး ပြောရေးဆိုခွင့် ရှိသူဖြစ်ပါတယ်။ ယနေ့ခေတ် အခေါ်အဝေါ်အရဆိုရင် လက်စွဲတော်ဆိုတာ လူရွင်တော်ပေါ့ဗျာ ။ လူရွှင်တော်လို့ ခေါ်တဲ့ လက်စွဲတော်ဟာ သေစေ၊ သတ်စေ၊ အကျဉ်းခံစေဆိုတဲ့ အမိန့်ကို ကင်းလွတ်စေတဲ့ လူတယောက်ဖြစ်ပါတယ်။
စွယ်စုံအနုပညာရှင် ကိုဇာဂနာတယောက်ကတော့ ဘုရင်ခေတ်မှာ လက်စွဲတော်မဖြစ်ဘဲ အာဏာရှင်စနစ်မှာ လူရွှင်တော်ဖြစ်တဲ့အတွက် အကျဉ်းကျစေဆိုတဲ့ အမိန့်ကို ကင်းလွတ်ခွင့် မရခဲ့ပါဘူး။
Filed under: Variety Article | Leave a Comment »
Posted on October 5, 2009 by oothandar
ကောင်းဆုပြောပြတဲ့ ဂရက်ဖစ်တီ နဲ့ ဘလက်ခ်ဖေ့စ်
ညနေမိုး(ကလေး)
အောက်တိုဘာ ၄၊ ၂ဝဝ၉
“ – – ကျွန်တော်က Graffiti သမား သက်သက် မဖြစ်ချင်ဘူး။ သူများခေါင်းစဉ်အောက် ဝင်သွားမှာ စိုးလို့။ ကျွန်တော်က ကျွန်တော့်ရဲ့ စုတ်ချက်တွေကို မပစ်နိုင်ဘူး။ Graffiti ကို မထည့်ဘဲလည်း မနေနိုင်ဘူး – – ”
Filed under: Variety Article | Leave a Comment »
Posted on September 14, 2009 by oothandar
ခိုးကူး ပြောင်ကူး အဝေးမြင်
ဝင်းပေါ်မောင်
စက်တင်ဘာ ၁၄၊ ၂ဝဝ၉
(pic: theebooksale.com)
ခိုးကူးခွေများကြောင့် မြန်မာပြည် တေးဂီတ ထုတ်လုပ်မှု ရပ်ဆိုင်းလုနီးနီး ဖြစ်နေသကဲ့သို့ ပြောင်ကူး အီးစာအုပ်များကြောင့် မြန်မာပြည် စာအုပ်ထုတ်ဝေမှု ရပ်တန့်သွားနိုင်သလား။
ခေတ်မီနည်းပညာ တိုးတက်မှုက လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှု မြန်ဆန် ထိရောက်လွန်းသည်မှာ လူတိုင်း လက်တွေ့ မျက်မြင် ဖြစ်ပါသည်။ နည်းပညာ တိုးတက် ကျယ်ပြန့်သည်နှင့်အမျှ အသိတရားနှင့် ထိန်းကွပ်မှု တိုးတက်လာရန်လည်း အလွန် အရေးကြီးပါသည်။ အသိတရား နောက်ကျမှုနှင့် ပရမ်းပတာ ထိန်းကွပ်မှု ကြားတွင် နည်းပညာတိုးတက်မှု တခုတည်းဖြင့် အကျိုးဖြစ်ထွန်းနိုင်သည်ဟု ပြောဆိုရန် သံသယဖြစ်ဖွယ် ရှိနေပါသည်။ မြန်မာပြည် တေးဂီတ စီဒီထုတ်လုပ်မှုက ဤအချက်ကို သက်သေပြနေပါသည်။
Filed under: Variety Article | Leave a Comment »
Posted on September 9, 2009 by oothandar
ကျနော်နှင့် နက်ကျား၊ ဓားတောင်နှင့် မီးပင်လယ်
မင်းဒင်
စက်တင်ဘာ ၉၊ ၂၀၀၉
(photo: zarny win)
နက်ကျားသည် ကျနော့်အိမ်က ကြောင်မလေးဖြစ်ပါသည်။ အဖြူနှင့်အနက် ကြားနေသော ကြောင်ကလေးဖြစ်၍ ကျနော်က နက်ကျားဟု အမည်သညာ ပြုထားသည်။ နက်ကျားကား ကျနော့်အိမ်ပေါက်ကြောင် ဖြစ်သည်။
နက်ကျား၏ အမေသည် တကိုယ်လုံးအနက်ရောင် ကြောင်နက်ဖြစ်၍ ထိုင်းရိုးရာ အစွဲ အလန်းကြောင့် ဘေးအိမ်တို့ လက်မခံလေသလော မဆိုနိုင်ချေ။ ကျနော့်အိမ်မှာ လာ၍ သားပေါက်သည်။ သူတို့ မွေးစဉ်ကသော် စုစုပေါင်း လေးကောင် ဖြစ်သည်။ အကြင်ကြောင်ပေါက် လေးကောင် ဖင်သရမ်းလွန်း၍ အနံ့ဆိုးကို မခံနိုင်သည့် အဆုံး ကြောင်ချေးပါနည်း သင်တန်းပေးရန် စီစဉ်သော တည၌ ရုန်းရင်းဆန်ခတ် ဖြစ်လာမှ အကြောက် လွန်ကြကာ ကျနော့်အိမ်မှ ပြောင်းရွေ့ ပျောက်ကွယ်သွားကြသည်။ [...]
Filed under: Variety Article | Leave a Comment »
Posted on September 8, 2009 by oothandar
ဗျူဟာကျကြဖို့ တိုက်တွန်းထားတဲ့ ဝေဖန်ရေးအကြောင်း
ရန်ကုန်မောင်
စက်တင်ဘာ ၆၊ ၂၀၀၉
ဒေါက်တာ ဇာနည်
“အနီးကပ် ဆက်ဆံမှု” ဝါဒအကြောင်း ဝေဖန်ရေး ဆောင်းပါးတပုဒ်ကို ဧရာဝတီ အွန်လိုင်း မဂ္ဂဇင်း မြန်မာပိုင်းတွင် ယမန်နေ့က တွေ့ရသည်။ ဒေါက်တာ ဇာနည် ရေးသားခြင်း ဖြစ်သည်။ ဖတ်လို့ အင်မတန် ကောင်းပါသည်။
“အနီးကပ် ဆက်ဆံမှု” ဟူသော စကားလုံးကို ဆောင်းပါးထဲတွင် ထပ်ခါ တလဲလဲ တွေ့ရသည်။ Engagement ကို ဘာသာပြန်ထားခြင်းဖြစ်သည်။
Filed under: Variety Article | Leave a Comment »
Posted on August 21, 2009 by oothandar
ချို့ယွင်းချက်ထဲက အလှ
မိုင်မြစ်ကြီးနား
သြဂုတ် ၂၁၊ ၂၀၀၉
အသုဘအခမ်းအနားတခုမှာ(အနောက်တိုင်းပုံစံ) တရားဟောဆရာက သေဆုံးသွားသူရဲ့ ဇနီးကို စကားပြောဖို့ ခေါ်လိုက်ပါတယ်။ ဇနီးဖြစ်သူက စင်ရှေ့မှာရပ်ပြီး ပရိသတ်တွေကလည်း ဘာများပြောမလဲဆိုတာကို အားလုံးက အာရုံစိုက်နေကြပါတယ်။
“ကျမ ဒီနေ့ ဒေးဗစ်အတွက် ဓမ္မသီချင်းကို ဆိုမှာမဟုတ်ပါဘူး၊ ဒေးဗစ် ဘယ်လောက်ကောင်းကြောင်းကိုလည်း မိတ်ဆွေတွေထဲကတချို့ ပြောပြီးပြီဆိုတော့ အဲတာတွေကိုလည်း ကျမ ထပ်ပြီး မပြောတော့ပါဘူး။”
“ကျမ အခုပြောချင်တာက ဒီမှာရောက်နေတဲ့ မိတ်ဆွေတွေအတွက် နားထောင်ရတာ မသက်မသာ ဖြစ်ချင်လဲဖြစ်နေမယ်။”
Filed under: Variety Article | Leave a Comment »
Posted on July 4, 2009 by oothandar
နှစ်ပေါင်း နှစ်ရာကျော် အဖြေရှာမရခဲ့တဲ့ စာဝှက်တစောင်
ကျော်ကျော်
ဇူလိုင် ၃၊ ၂၀၀၉
အမေရိကန်သမ္မတ သောမတ်စ်ဂျက်ဖာဆန် (၁၇၄၃ – ၁၈၂၆) ရဲ့ စာရွက်စာတမ်းတွေကြားမှာ အလွန်ထူးခြားပြီး စာဝှက်ရေးနည်းနဲ့ ရေးသားထားတဲ့ စာတစ်စောင်ဟာ နှစ်ပေါင်း နှစ်ရာကျော်ထိ မည်သူမှ အဓိပ္ပာယ်မဖော်နိုင်ဘဲ ရှိခဲ့ပါတယ်။ အဲဒီစာကို သမ္မတနဲ့ အမြဲတမ်းစာအဆက်အသွယ်ရှိပြီး သူငယ်ချင်းလည်းဖြစ်တဲ့ သင်္ချာပါမောက္ခ ရောဘတ်ပက်တာဆန် (Robert Patterson) က ဒီဇင်ဘာ ၁၈၀၁ နှစ်မှာ ရေးပို့ခဲ့တာပါ။ သူတို့နှစ်ဦးဟာ စာဝှက်ရေးနည်းတွေမှာ အလွန်ဝါသနာပါသူတွေဖြစ်ပြီး အဲဒီအကြောင်းတွေကို အပြန်အလှန်စာရေးပို့လေ့ရှိပါတယ်။
Filed under: Variety Article | Leave a Comment »
Posted on July 3, 2009 by oothandar
မိုက်ကယ်ဂျက်ဆင် (၁၉၅၈ – ၂၀၀၉)
ကျော်ကျော်
ဇွန် ၂၈၊ ၂၀၀၉
အသက် ၅၀ သာရှိသေးတဲ့ ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင် သေဆုံးခဲ့တဲ့ ဂျွန် ၂၅ ရက်၊ ၂၀၀၉ ကို သီချင်းတွေ သေဆုံးသွားတဲ့နေ့လို့ ခေါ်ကြသလို၊ ဒီနှစ်ထဲမှာ အကြီးကျယ်ဆုံးသတင်းလို့လည်း တချို့က သတ်မှတ်ကြတယ်။ သူ့ရဲ့သတင်း ဘယ်လောက်ထိ ဂယက်ရိုက်သွားသလဲဆိုရင် Facebook ၊ Twitter ၊ Google ၊ Wikipedia အစရှိတဲ့ ၀က်ဆိုက်တွေမှာ သုံးစွဲသူတွေ ရုတ်တရက်တိုးများလာပြီး AT & T တယ်လီဖုန်းကွန်ယက်မှာ စာနဲ့ရိုက်ပြီးသတင်းပို့တာ ခါတိုင်းထက် ၆၀% မြင့်တက်ခဲ့တယ်။ မိုက်ကယ်ဂျက်ဆင်နဲ့ ပတ်သက်သမျှသတင်းတွေကို အားလုံးဝိုင်းရှာကြတော့ အစပိုင်းမှာ အင်တာနက်ပေါ်ကနေ ဟက်ကာတွေ(hacker) တိုက်ခိုက်နေပြီလို့ ထင်ခဲ့တယ်လို့ Google [...]
Filed under: Variety Article | Leave a Comment »
Posted on June 15, 2009 by oothandar
ဘဝမုန်တိုင်းကြားက ချစ်ပန်းပွင့်ဦး ဂီတနက်သန် ကိုစောညိန်း
ရန်ဝင်း (တောင်တံခါး)
ဇွန် ၁၄၊ ၂၀၀၉
“ ပွင့်ဦး ကြွေမှဖြင့်ကွယ် မပန်စေချင်ရက်တော့တယ် ”
[ အပြည့်အစုံသို့ ]
Filed under: Variety Article | Leave a Comment »
Posted on June 13, 2009 by oothandar
ချောက်ကမ်းပါးစွန်းမှ မျှော်လင့်ချက်ပေးသူ
ကျော်ကျော်
ဇွန် ၁၃၊ ၂၀၀၉
(Tojinbo Cliffs)
ကောင်းကင်ပေါ်မှာ တိမ်တွေ ကင်းရှင်းပြီး ရာသီဥတု ကောင်းတဲ့နေ့၊ နေသာတဲ့ နေ့လိုမျိုးမှာ သူတို့ဟာ ထိုကျင်းပို(Tojinbo) ချောက်ကမ်းပါးပေါ်ကို လာကြတယ်။ သူတို့က လှပတဲ့ရှုခင်းကို လာကြည့်တာ မဟုတ်ဘူး၊ ဓာတ်ပုံရိုက်ဖို့ ကင်မရာလည်း ယူမလာကြဘူး၊ သူတို့က ခေါင်းကို အောက်စိုက်ရင်း ချောက်ကမ်းပါးရဲ့ ဟိုးအောက်ခြေကိုပဲ စိုက်ကြည့်နေတတ်တယ်။ အသက် ၆၅ နှစ်အရွယ် ယူကီးအိုရှီဂဲ(Yukio Shige) လို့ ခေါ်တဲ့လူဟာ အဲဒီချောက်ကမ်းပါးကို ရောက်လာကြတဲ့ လူတွေဆီ ချဉ်းကပ်ပြီး ရိုးရိုးလေးပဲ ‘ဟဲလို’ သို့မဟုတ် အပြုံးလေး တစ်ခုနဲ့ စပြီး နှုတ်ဆက်တတ်တယ်။ ရှီဂဲက အဲဒီလူတွေကို ဘယ်က လာသလဲ၊ ဘယ်မှာတည်းခိုသလဲ စသဖြင့်လည်း မေးတတ်တယ်။ [...]
Filed under: Variety Article | Leave a Comment »