RSS

Monthly Archives: February 2010

unlucky 5000 notes


ငါးထောင်တန် ငွေစက္ကူ သုံးစွဲရခြင်းကို လာဘ်မကောင်းဟု ယူဆနေကြ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀

ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ပေါ်ထွက်လာသည့် ငါးထောင် ကျပ်တန် ငွေစက္ကူအား လာဘ်လာဘ မကောင်းသည့် ငွေစက္ကူ အဖြစ်သုံးစွဲသူအများ အပြားက ရှုမြင်လျက်ရှိကြပြီး လက်ဝယ် ကြာရှည်စွာ ကိုင်မထားလိုဘဲ လျင်မြန်စွာ ပြန်လည် လဲလှယ် သုံးစွဲကြသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုသည်။ Read the rest of this entry »

Advertisements
 
Leave a comment

Posted by on February 28, 2010 in Burma News Headlines

 

images after Chile earthquake


ချီလီငလျင်အလွန် မြင်ကွင်းများ
ဓာတ်ပုံသတင်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀

ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ဆူနာမီ လှိုင်းလုံးကြီးများ ဆိုက်ရောက်လာဖွယ်ရှိသည်ဟု တပ်လှန့်ထားသည့် ဂျပန်နိုင်ငံ မြောက်ပိုင်း Shichigahama ဒေသမှ ဒေသခံများ ယနေ့ ပင်လယ်ကို စောင့်ကြည့်နေကြပုံ။ ဆူနာမီလှိုင်းလုံးတချို့ ဂျပန်သို့ ယနေ့ ရောက်လာသော်လည်း ပျက်စီးထိခိုက်မှု မရှိဟု သိရသည်။ (ဓာတ်ပုံများ – AP) Read the rest of this entry »
 
Leave a comment

Posted by on February 28, 2010 in News in Photos

 

Sing Hip Hop?


ငါ ဟစ်ပ်ဟော့ ဆိုရရင် ကောင်းမလား
ယောဟန်အောင်
ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀
[မူရင်း – yaw-han-aung.blogspot.com]
(ဒီကဗျာကို အသံထွက်ဖတ်ပါ။)

ငါပြောချင်နေတာ တော်တော်များ
ငါ ဟစ်ပ်ဟော့ဆိုရရင် ကောင်းမလားတွေး။

လူငယ်တွေကလည်း အချစ်အကြောင်းတွေချည်းပဲပြော…
ငါကလည်း နည်းနည်း ဆရာကြီး လုပ်ချင်နေတာနဲ့မော။
သူတို့ အိုင်ဒီယာ ပြောနေတာတွေလည်း သဘောမကျ…
မယ်လိုဒီ မဖန်ဆင်းနိုင်တဲ့ ငါ့လက်သံအစုတ်အပြတ်ကိုလည်း ဒေါပွ။
ရေးတဲ့ကဗျာတွေ မဂ္ဂဇင်း မရွေးတာလည်း တဒုက္ခ
နောက်ဆုံးတော့ ဘလော့ဂါ လုပ်ရတာပဲ မုချ….။ Read the rest of this entry »

 
Leave a comment

Posted by on February 28, 2010 in poem

 

quakes in Chile and Haiti


ချီလီ နှင့် ဟေတီ ငလျင်ကြီး ၂ ခု နှိုင်းယှဉ်ချက်
AP သတင်းဌာန ဖေဖော်ဝါရီ ၂၈၊ ၂၀၁၀

ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသသို့ သွားရောက်စစ်ဆေးသော ချီလီနိုင်ငံ အမျိုးသမီး သမ္မတနှင့် အရာရှိများ။
ဟေတီနိုင်ငံ ငလျင်အပြီးမြင်ကွင်းတခု။

ချီလီငလျင် – ၂၇ ဖေဖော်ဝါရီ ၂၀၁၀၊ ရစ်တာစကေး ၈.၈
ဟေတီငလျင် – ၁၂ ဇန်န၀ါရီ ၂၀၁၀၊ ရစ်တာစကေး ၇.၃

ချီလီ – လူ ၃၀၀ ကျော် သေဆုံး (ဖေဖော်ဝါရီ ၂၈ ခန့်မှန်းချက်)
ဟေတီ – ၂ သိန်းကျော် သေဆုံး Read the rest of this entry »

 
Leave a comment

Posted by on February 28, 2010 in News in Brief

 

Huge quake hits Chile; tsunami threatens Pacific


ချီလီတွင် ငလျင်ကြီး လှုပ်ခတ်၊
ဆူနာမီရေလှိုင်းများ အာရှနိုင်ငံများသို့ ရိုက်ခတ်မည်ကို စိုးရိမ်ရ
မိုးမခအထောက်တော် အမှတ် ၀၀၆
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀

ဝါရှင်တန် အခြေစိုက် အမျိုးသား သမုဒ္ဒရာနှင့် လေထုအဖွဲ့ National Oceanic and Atmospheric Administration (NOAA) က ထုတ်ပြန်ထားသော ပုံတွင် ချီလီနိုင်ငံ ငလျင်ကြောင့် ဆူနာမီလှိုင်းများ ဖြစ်ပေါ်ရွေ့လျားနိုင်ပုံကို အချိန်နှင့်တကွ ခန့်မှန်း ဖော်ပြထားသည်။ (ဓာတ်ပုံများ – Reuters သတင်းဌာန)

ချီလီနိုင်ငံ အလယ်ပိုင်းတွင် မဂ္ဂနီကျု ၈.၈ အင်အားရှိသည့် ငလျင်ကြီး ယနေ့ လှုပ်ခတ်သွားရာ အပျက်အစီး အလွန်များပြားပြီး သေဆုံးသူ ၁၂၂ ဦး ရှိသည်ဟု Reuters သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ထိုသတင်းမှာ မြန်မာစံတော်ချိန် စနေနေ့ည ၁၁း၃၀ နာရီတွင် ထွက်ပေါ်လာသည့် သတင်း ဖြစ်သည်။ Read the rest of this entry »

 
Leave a comment

Posted by on February 28, 2010 in Overseas News

 

Mar Mar Aye – 308


ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃၀၈

သပိတ်မှောက်သီချင်း
မာမာအေး
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၀

ရွှေတိဂုံရင်ပြင်ပေါ်ရှိ သပိတ်မှောက်ကျောင်းသားကျောက်စာတိုင်(photo: Danburg Murmur)

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ မာအေးလဲ အမျိုးသားအောင်ပွဲနေ့ ဟောပြောပွဲနဲ့ စပ်ပျိုးပြီး ပြောလာတာ အမျိုးသားအောင်ပွဲနေ့ ဘယ်လို ဘယ်အကြောင်းနဲ့ ဖြစ်ပါတယ် ဆိုတဲ့ နေရာကို မရောက်နိုင်သေးပါလားလို့ သတိရပြီးတော့ ကြာနေတဲ့ အတွက် အားနာပါတယ်။ သဘင်၊ ဂီတသဘောနဲ့ ပြောရင်တော့ ကျင်းတူးနေတာပါ။ ပျိုးနေရလို့ပါပေါ့နော်။ ကြားမှာ သိစေချင်တာလေးတွေ ကြုံနေတော့လဲ ချစ်ဆွေတို့ကို လက်တို့ချင်တော့ ရှည်မိသွားတာပါပဲ။ Read the rest of this entry »

 
Leave a comment

Posted by on February 28, 2010 in Mar Mar Aye

 

US lawmaker seeks to punish Myanmar on Suu Kyi


ဒေါ်စုကို လွှတ်မပေးသည့် စစ်အစိုးရကို ဒဏ်ခတ်ရန် အမေရိကန် အမတ် ပြောဆို
AFP သတင်းဌာန
ဖေဖော်ဝါရီ ၂၇၊ ၂၀၁၀

ယနေ့ ရန်ကုန်တွင် ထုတ်ဝေသည့် သတင်းစာများတွင် ဖော်ပြထားသော တရားရုံးချုပ် စီရင်ချက် သတင်း

မြန်မာနိုင်ငံ တရားရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်အမှု၏ ပြင်ဆင်ချက်ကို သောကြာနေ့တွင် ပယ်ချလိုက်သဖြင့် အမေရိကန်က အပြစ်တင် ဝေဖန်လိုက်ပြီး၊ အမေရိကန် လွှတ်တော်အမတ်တဦးကလည်း စစ်အစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုများ ပိုမိုတင်းကျပ်ရမည်ဟု ပြောလိုက်သည်။

“တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့ ရှုတ်ချပါတယ်” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတဦးက ပြောသည်။ Read the rest of this entry »

 
Leave a comment

Posted by on February 28, 2010 in Burma News Headlines