RSS

Monthly Archives: June 2010

nyi nyut yay neh a thet shay shay : Yan Win (Taung Da Gar)


ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်
ရန်ဝင်း (တောင်တံခါး)
ဇွန်လ ၃၀၊ ၂၀၁၀
“ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတပြင်တည်း ရှေးကတော့ ပိုချစ်ကြတယ်။”
လက်ရေတပြင်တည်း၊ နန်းတော်ရှေ့ဆရာတင်

မြန်မာ့ရိုးရာဓလေ့အတိုင်း ဒေါင်းလန်းကြီးနဲ့ ဝိုင်းဖွဲ့ပြီးထမင်းစားရတာကို လက်ရေတပြင်တည်းစားတယ် လို့ ခေါ်ပါတယ်။ ဟင်းခွက်ကို ဒေါင်းလန်းကြီးအလည်မှာတည်ထားပြီး ထမင်းပုံ ကိုယ်စီပုံလို့ တိုးတိုးခွေ့ခွေ့ ဝိုင်းဖွဲ့စားကြတဲ့ ထမင်းဝိုင်းပါ။ မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းအပါင်းအသင်းတွေနဲ့ဖြစ်ဖြစ်၊ အဲဒီလို ဒေါင်းလန်းကြီးကိုဝိုင်းထိုင်လို့ ထမင်းစားကြတဲ့အခါ ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် မျှမျှတတ ဝိုင်းဖွဲ့ပြီး စားကြတာမို့ ပျော်လည်းပျော်တယ်။ ပျော်တော့လည်း ကျန်းမာလို့ အသက်ရှည်ကြတာပါပဲ။ Read the rest of this entry »

Advertisements
 
Leave a comment

Posted by on June 30, 2010 in Visual Archive

 

Cartoon Beruma – Burmese Regime’s One Man Underground Cup


https://i2.wp.com/2.bp.blogspot.com/_t2ujAaNeufY/TCuFibCz-iI/AAAAAAAAMCk/e1a4jZumD-I/s1600/Beruma087.gif

ကာတွန်းဘီရုမာ – နေပြည်တော်က ပြိုင်ဖက်မရှိ မြေအောက်ဖလားပွဲကြီး

ဇွန် ၃၀၊ ၂၀၁၀

 
Leave a comment

Posted by on June 30, 2010 in Cartoon Box

 

MoeMaKa Reader from Rangoon – Donor ? Fund Rasier? Volunteer himself ?


အလှူရှင်လား၊ အလှူခံလား၊ စေတနာဝန်ထမ်း စွမ်းဆောင်သူ ကိုယ်တိုင်လား

မိုးမခစာဖတ်သူတဦး (ရန်ကုန်)

ဇွန် ၃၀၊ ၂၀၁၀

မိုးမခစာတည်းများခင်ဗျား

ရေးနေကျအတိုင်း စာရေးလိုက်ပါတယ်။ ပေးပို့တဲ့ အီးမေးသတင်းလွှာတွေကြောင့် ပြင်ပက အင်တာနက်ကမ္ဘာကြီးနဲ့ မျက်ခြေမပြတ်ဘူးပေါ့ခင်ဗျာ။ ပရောက်ဆီဆာဗာတွေကို ဆက်သွယ်လို့မရလို့ အပြင်က ၀က်ဆိုက်တွေကို တိုက်ရိုက်ကြည့်လို့မရပါဘူး။ သို့သော်လည်း လေလှိုင်းတွေကတဆင့်၊ အီးလှိုင်းတွေကတဆင့် ကျနော်တို့တတွေ သတင်းတွေ ရနေကြပါတယ်။

အခုကမန်းကတမ်းရေးရတာက ပြည်တွင်းကလူမှုရေး စေတနာဝန်ထမ်းလုပ်ငန်းတွေ အကြောင်းကို ပြည်ပက မြန်မာတွေက ပိုသိလာကြတယ်။ ၀ိုင်းဝန်း လှူဒါန်းဖို့ ကြိုးစားကြတယ်။ ပြည်တွင်းကလည်း စေတနာ့ဝန်ထမ်းတွေကိုယ်တိုင်က အကြောင်းကြားပြီး အလှူခံကြပါတယ်။ ပြည်ပကလည်း အလှူခံလုပ်ငန်းတွေ ဆောင်ရွက်လာကြတယ်။ အဲသည်မှာ ကျနော်တို့ ရန်ကုန်မှာ လမ်းပေါ်မှာ တွေ့နေ မြင်နေရတဲ့ အလှူခံတွေ၊ အလှူရှင်တွေကို မြင်ယောင်ပြီး သည်စာကို ရေးပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on June 30, 2010 in Letter from readers

 

a joke made in burma


ကမ္ဘာကျော်သည့် ဟာသ
ဘီရုမာ
ဇွန် ၃ဝ၊ ၂ဝ၁ဝ

https://i2.wp.com/3.bp.blogspot.com/_na70Aw8gBm4/TCrOYn-MFhI/AAAAAAAAHBU/aQ8SHUQ-QCo/s1600/yit-beruma.gif

ကျောင်းခဏပိတ်၍ မြန်မာပြည် အလည်ပြန်လာစဉ်က ကမ္ဘာ့ဖလား ဘောလုံး ရှုံးထွက်ပွဲတွေ ကန်နေကြချိန် ဖြစ်ပါသည်။ မြန်မာတီဗီတွေကလည်း တိုက်ရိုက် ထုတ်လွှင့်ပေးမယ်ဟု ကြေညာထားသော်လည်း ကြည့်ရဖို့က မကျိန်းသေဘူးဟု ထင်သည်။ ဒီအချိန်လောက်ဆို တောင်အာဖရိကတွင် ဗူဗူဇီးလားသံတွေ ညံနေလောက်ပြီ။ မြန်မာပြည်မှာတော့ လျှပ်စစ်မီး မလာ၍ မီးစက်သံတွေက တထုံးထုံး ညံနေသည်။ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် ကမ္ဘာ့ဖလားကို ကျနော်လည်း ကြည့်ချင်ပါသည်။

တချိန်က ကမ္ဘာ့မြေပုံပေါ် ရှိမရှိ ကျနော်သေချာ မသိခဲ့သော တောင်အာဖရိကလို နိုင်ငံမှာ ခမ်းခမ်းနားနား ကမ္ဘာ့ အဆင့်မှီ ဘောလုံးပွဲတော်ကြီး ကျင်းပနေပါသည်။ ဒီလိုအချိန်မျိုးမှာမှ ဟိုးတုန်းက အာဖရိက ကန္တာရနဲ့ တဖြည်းဖြည်း တူလာပြီဖြစ်သည့် မြန်မာနိုင်ငံကို ပြန်လာမိသဖြင့် နောင်တ ရချင်မိသည်။ Read the rest of this entry »

 
Leave a comment

Posted by on June 30, 2010 in Satire

 

1 trishaw equal to 2 motor bikes


ဆိုက်ကားတစီး ညီမျှခြင်း ဆိုင်ကယ် နှစ်စီး
ဝင်းမြတ်၊ ရန်ကုန်
ဇွန် ၃၀၊ ၂ဝ၁ဝ


ခရီးသည် စောင့်နေသော ဆိုက်ကားဆရာများ (photos: moemaka)

ဆိုက်ကားတစီး တန်ဖိုးဟာ မော်တော်ဆိုင်ကယ်နှစ်စီးရဲ့ တန်ဖိုးနဲ့ ညီမျှတယ် ဆိုရင် အဲဒီနေရာဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန် လို့ပဲ မှတ်ယူလိုက်ပါတော့။ ရန်ကုန်မြို့လယ် မြို့နယ်ခြောက်ခုအတွင်း တရားဝင် လိုင်စင် ချထားပေးတဲ့ ဆိုက်ကားတစ်စီး ဟာ ကျပ် ၁၅ သိန်းနဲ့ ၁၆ သိန်းကြား ရှိနေတာကြောင့်ပါပဲ။

တရုတ်နိုင်ငံလုပ် လော်ဂျာ (LOUJIA) ဆိုင်ကယ် တစ်စီးဟာ ၅ သိန်းခွဲနဲ့ ၆ သိန်း ကြားမှာ အရောင်းအဝယ် ဖြစ်ပြီး လိုင်စင်ဝင်ကြေး အပါအဝင် ရှစ်သိန်းခန့်သာ ရှိပါတယ်။ ဒါပေမယ့် ရန်ကုန်တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်အတွင်းမှာ ရှိတဲ့ မြို့နယ်အချို့က လွဲပြီး ဆိုင်ကယ်စီးခွင့် ကန့်သတ်ထားပါတယ်။
Read the rest of this entry »

 
Leave a comment

Posted by on June 30, 2010 in News Features

 

Citizen of Burma Association to support charity drive for local volunteers’ group


ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက လူထုမဲဆန္ဒ ခံယူသည့် ဆုချီးမြင့်ရေးလုပ်ငန်းအပြင် ပြည်တွင်းသို့ ကူညီသည့် အလှူခံလုပ်ငန်းကိုပါ တိုးချဲ့မည်ဟု ပြောကြား

မိုးမခအထောက်တော် ၀၀၂

ဇွန် ၃၀၊ ၂၀၁၀၁

https://i2.wp.com/1.bp.blogspot.com/_t2ujAaNeufY/TCrQoL30TrI/AAAAAAAAMBw/KyGb-oKWTNg/s1600/ukyawthu-coba2010.gif

၂၀၁၀ ခုနှစ်အတွက် မြန်မာပြည်တွင်းရှိ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းစွမ်းဆောင်သူများကို မဲစစ်တမ်းများ ကောက်ယူပြီး အများဆန္ဒတောင်းယူ၍ ဂုဏ်ပြုချီးမြှင့်ခဲ့သည့် အစီအစဉ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဦးဆောင်သူ (ဦး) ကျော်သူကို ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ခဲ့သည့် အမေရိကန်ရောက် မြန်မာမိသားစုများ စုစည်းသည့် လှုပ်ရှားမှုက ၂၀၁၁ အတွက် ပြည်သူ့ဂုဏ်ရည်စာရင်းတင်သွင်းရန် အမည်စာရင်းများ လက်ခံလျက်ရှိသည်ဟု သိရသည်။ Read the rest of this entry »

 
Leave a comment

Posted by on June 30, 2010 in Local News Headlines

 

Moe Cho Thin – The art of teaching


စာသင်ခြင်း

မိုးချိုသင်း

ဇွန် ၃၀၊ ၂၀၁၀

https://i2.wp.com/1.bp.blogspot.com/_t2ujAaNeufY/TCrJpaq79dI/AAAAAAAAMBY/M0O52uNoCgU/s1600/yit-mct-burma.gif

အခု ဒီမှာ နွေရာသီ ရောက်လာပြီဆိုတော့ ထုံးစံအတိုင်း ပူ စ ပြုပြီပေါ့။ ပူတော့ နေလို့ ထိုင်လို့ မကောင်းဘူး။ လင်းတော့ လင်းချင်းပါရဲ့၊ ဒါပေမယ့် အိုက်တယ်။ ကိုယ်က ဒီမှာ နွေဦးရာသီကို သဘောကျတယ်။ ရာသီဥတုလည်း ကောင်း၊ နေရောင်ခြည်လည်း ကောင်းကောင်းရလို့ပါ။ ပန်းတွေလည်း ပွင့်ကြတာမို့ မြင်မြင်သမျှ နှစ်သက်မိတယ်။

ငယ်ငယ်တုန်းက နွေရာသီဆိုရင် ကျောင်းပိတ်တာမို့ ပျော်စရာအကောင်းဆုံးပေါ့။ ကလေးဆိုတော့ နွေရာသီကိုသာ မျှော်မိတာပဲ။ ကျောင်းတက်ရတဲ့အချိန်တွေမှာ မနက်စောစော ကျောင်းတက်ဖို့ နှိုးရသလောက် နွေရာသီ ကျောင်းပိတ်ရက်ကျရင်တော့ အစောကြီး အလိုလို နိုးနေတတ်တယ်။ ဆော့ဖို့ ကစားဖို့ ရယ်ဒီပဲ ဆိုသလိုပေါ့။ ဒါကလည်း ၇ တန်းလောက်အထိပါပဲ။ Read the rest of this entry »

 
Leave a comment

Posted by on June 30, 2010 in Moe Cho Thin, Overseas Burmese