RSS

Monthly Archives: July 2010

Cartoon Saw Ngo – Than Shwe & Mahatma Gandhi


ကာတွန်း စောငို – အဝတ်အစားက မလုံခြုံ၊ ဆံပင်လည်း မရှိ၊ မျက်မှန်နဲ့
ဘယ်လို ပုဂ္ဂိုလ်တုန်း …


ဇူလိုင် ၃၁၊ ၂၀၁၀

Advertisements
 
Leave a comment

Posted by on July 31, 2010 in Cartoon Box, Saw Ngo

 

Ni Lon Oo – Poem


မပြီးသေးသော မျိုးဆက်သစ်တို့ရဲ့ အခန်းဆက်တိုက်ပွဲ …
ဖျာပုံ နီလုံဦး
ဇူလိုင် ၃၁၊ ၂၀၁၀
(၁)

၁၉၂၀ … ဒီဇင်ဘာ ၅ ရက်
ကိုလိုနီ ဗြူရိုကရက်အုပ်ချုပ်မှုအောက်မှာ
ရန်ကုန် တက္ကသိုလ်ဥပဒေ
သပိတ်မှောက်ရေး တော်လှန်ပွဲမှာ
“ယူနီဗာစတီ အက်ဥပဒေ ပျက်စီးပါစေ”
“ဆာရယ်ဂျီကရက်ဒေါက် ပြန်သွား”
ကြွေးကြော်သံများနှင့် ကျောင်းသားခေါင်းဆောင်များရဲ့
အမျိုးချစ်တဲ့စိတ်
တို့ … အလေးပြုတယ်။ Read the rest of this entry »

 
Leave a comment

Posted by on July 31, 2010 in Ni Lon Oo, poem

 

Than Shwe visit to India


သန်းရွှေရဲ့ မာယာခရီးကြမ်း

ဗုဒ္ဓေါဝါဒ ဆရာတော်
ဇူလိုင် ၃၁၊ ၂၀၁၀

ဗုဒ္ဓဂါယာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအားလုံး ကြည်ညိုလေးစားကြတဲ့ နေရာဖြစ်ပါတယ်။ သံဝေဂရဖွယ်ရာ ဖြစ်သလို၊ သံဝေဇနိယလေးဋ္ဌာနကို သွားရောက်ပြီး ဖူးမျှော်ကန်တော့သူတိုင်း လက်ရှိဘဝနှင့် နောင်တမလွန် ဘဝတွေမှာ ကောင်းတဲ့အကျိုးတွေရရှိနိုင်တာကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဟောကြားခဲ့လို့ အလွန်မှန်ကန်တဲ့ သစ္စာတရားတခုပါပဲ။

ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာ မဇ္ဈိမဒေသဆိုတာ အလွန်သန့်ရှင်းတယ်။ မွန်မြတ်တယ်။ သစ္စာလေးပါး တရားတော်ကိုသိတော်မူခဲ့တဲ့ ဗောဓိပင်နှင့် ရွှေပလ္လင်တော်မြတ်ရှိရာ နေရာတခုလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ဂါယာက မဟာဗောဓိ စေတီတော်သည် “မှန်” အကြည်တချပ်လိုပါပဲ။ ကိုယ်မျက်နှာမှာ အိုးမဲတွေရှိနေရင် အမည်းရောင်တွေ မြင်ရမယ်။ ကောင်းတဲ့ သနပ်ခါးနှင့်တူတဲ့ ကုသိုလ်ရှိသူဆိုရင်လည်း အဖြူရောင်တွေ တွေ့ရမှာပါ။ Read the rest of this entry »

 
Leave a comment

Posted by on July 31, 2010 in Letter from readers

 

Police preying on unlicensed Car for hefty fine and reward


လိုင်စင်ဝင်မယ့်ကားတွေကို ယာဉ်ထိန်းရဲက ရုံးဝနားမှာတင် စောင့်ဖမ်း

ခင်နှင်းလွင်၊ ရန်ကုန်

ဇူလိုင် ၃၀၊ ၂၀၁၀

ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှ လိုင်စင်မဲ့ကားတွေ အခွန်ဆောင်ဖို့ သင်္ဃန်းကျွန်းရာဖြတ်ရုံးကို လာစဉ်မှာ ယာဉ်ထိန်းရဲတွေက အဆိုပါ ရုံးတဝိုက်မှာ စောင့်ဆိုင်း ဖမ်းဆီးနေတယ်လို့ ကားပိုင်ရှင်တွေက ပြောပါတယ်။ မနေ့က စတင်ပြီး ယခုလိုဖမ်းဆီးတာလို့သိရပြီး ဖမ်းဆီးတဲ့ရည်ရွယ်ချက်ကတော့ ယာဉ်ထိန်းရဲတွေ အနေနဲ့ သူတို့ ဖမ်းဆီးတဲ့ကားရဲ့ အခွန်ဆောင်ငွေထဲမှ ဆုကြေးငွေ ၁၀ ရာနှုန်းရဖို့အတွက် ဖမ်းဆီးတာလို့ စုံစမ်းသိရှိရပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on July 30, 2010 in Local News Headlines

 

U U Htet Thar – Dead Law and Deadly Burmese Regime


အသက်မပါသည့် အသေမွေး ဥပဒေများနှင့် နအဖ

ဦးဦးထက်သာ

ဇူလိုင် ၃၀၊ ၂၀၁၀

(ပြည်တွင်းက ဥပဒေပညာရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများရဲ့ အာဘော်အဖြစ် တင်ဆက်ခဲ့တဲ့၊ မတ်လ ၁၁၊ ၂၀၁၀ စာတမ်း၊ ရဲရင့်ငယ်ဘလော့ဂ်က ကူးယူတယ်)

အတိုက်အခံ ပါတီများ နှင့်ပြည်သူလူထုသို့ အိပ်ဖွင့်ပေးစာ……

၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ (၁/၂၀၁၀) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ(၂/၂၀၁၀) ထုတ်ပြန်လိုက်သည့်အခါ အံ့သြ တုန်လှုပ်ပြီး အတိုက်အခံပါတီများ၏အသံသည် ဆူညံပွက်လောရိုက်၍ ထွက်လာပါသည်။

၁၉၉၀ ခုနှစ် ကတည်းကစ၍ တရားဝင်ရပ်တည်လျှက်ရှိသော အတိုက်အခံပါတီ (၁၀) ခုစလုံး အသေသတ်၊ အမြစ်ဖြတ်လိုက်သည့်အမိန့်ဖြစ်သည်။ သို့သော် … … … Read the rest of this entry »

 
Leave a comment

Posted by on July 30, 2010 in Analysis

 

Thar Oo – Now You become Man


https://moemaka.files.wordpress.com/2010/07/sprit1tomail.jpg?w=160

ငါ့သား … မင်း လူလားမြောက်ပြီ

သားဦး

ဇူလိုင် ၃၀၊ ၂၀၁၀

၁။ မင်းရဲ့ အခန်းကျဉ်းကို
ခြေသံပြင်းပြင်း မာန်တင်းတဲ့မျက်နှာနဲ့
သော့ပိတ်ရန် လာသူကို
ကရုဏာရှေ့ထား
ကျေးဇူးစကား ဆိုနိုင်ခဲ့ရင်
ငါ့သား … မင်း လူလားမြောက်ပြီ။ Read the rest of this entry »

 
Leave a comment

Posted by on July 30, 2010 in poem, Thar Oo

 

Ashin Nanika – Melting Pot to Multiculturallism and Diversity Community


ရောင်စုံပန်းချီကား

(Melting Pot, Multiculturalism, Diversity)

အရှင်ဉာဏိက

ဇူလိုင် ၃၀၊ ၂၀၁၀

မနေ့ညနေက သူတို့မိခင်ကြီးနဲ့အတူ ကျောင်းပြီးစ သားကြီးနဲ့ မကြာမီမှာ ကောလိပ်ကနေ တက္ကသိုလ်ကို ပြောင်းတော့မယ့် သားလတ်တို့ ကျောင်းကိုရောက်လာတယ်။ သားကြီးဖြစ်သူရဲ့ လုပ်အားခထဲကနေ ရလာတဲ့ ငွေနဲ့ ဦးဦးဖျားဖျားအလှူအဖြစ် ဝါဆိုသင်္ကန်းတစ်စုံ လာရောက်လှူဒါန်းကြတာ။လွန်ခဲ့တဲ့ သုံးလေးလလောက်က လည်းပဲ သူတို့ဖခင်က သူ့ရဲ့သားတွေ ဘာသာရေးနဲ့ စိမ်းမသွားစေဖို့ အိမ်ကိုကြွရောက်ပြီး သားတွေနဲ့ လိုက် လျောညီထွေဖြစ်စေမယ့် တရားစကား အနည်းအကျဉ်းပြောပေးပါဦးဆိုလို့ သူတို့အိမ်ကြွရောက်ကာ တရား စကားပြောဖြစ်ခဲ့ပါသေးတယ်။ Read the rest of this entry »

 
Leave a comment

Posted by on July 29, 2010 in Thoughts