RSS

Wine Su Khaing Thein and Group will be protested by the Burmese Democracy Activists in SF Bay Area

04 Sep

စစ်အစိုးရ၏လုပ်ကြံဝါဒဖြန့်ဇာတ်ကားတွင် သရုပ်ဆောင်သူကို ဆန်ဖရန်စစ္စကိုက ကန့်ကွက်ဆန္ဒပြမည်

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၄၊ ၂၀၁၀

စက်တင်ဘာ ၃ နေ့စွဲ၊ ဆန်ဖရန်စစ္စကိုအချိန် နံနက်ခင်းတွင် လက်ခံရရှိသော သတင်းအရ မနက်ဖြန် ညနေ ၆ နာရီ ဆောက်သ်ဆန်ဖရန်စစ္စကို Unified School District ခန်းမမှာ ကျင်းပမယ့် မြန်မာစတိတ်ရှိုးကို မြန်မာ့အရေး လှုပ်ရှားသူ ဒီမိုကရေစီအင်အားစုများက ကန့်ကွက်ဆန္ဒပြမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

စစ်အစိုးရရဲ့ လုပ်ကြံ ဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူ ပါဝင်တဲ့အတွက် မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု သမိုင်းဖြစ်ရပ်မှန်တွေကို သိမ်ဖျင်းနိမ့်ကျအောင် သရုပ်ဆောင်တဲ့လုပ်ရပ်ကို မိမိတို့က လက်မခံကြောင်း၊ ရှုတ်ချကြောင်း ထုတ်ဖော်တာ ဖြစ်တယ်၊ သမိုင်းမှတ်တမ်း အထောက်အထားဖြစ်အောင်လည်း တရားဝင်စာထုတ်ပြန်ပြီးလည်း ကန့်ကွက်တယ်လို့ ဆိုပါတယ်။

ထိုထုတ်ပြန်ချက်နဲ့အတူ အယ်လ်အေသြဂနိုက်ဇာ ဒီမိုကရေစီရေးလှုပ်ရှားသူအဖွဲ့ကလည်း သဘောထား ကြေညာချက် ပူးတွဲပြီး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အယ်လ်အေမှာလည်း အဆိုပါ ပွဲစီစဉ်သူများက စတိတ်ရှိုး ကျင်းပမှာဖြစ်ပြီး အဆိုပါ သရုပ်ဆောင်တော့ ပါဝင်ကပြမှာ မဟုတ်ဘူးလို့ ငြင်းချက် ထုတ်ထားပါတယ်။

https://moemaka.files.wordpress.com/2010/09/005.jpg?w=300

ဆန်ဖရန်စစ္စကိုပွဲ စီစဉ်သူ ကိုချစ်ခင်က ဧရာဝတီသတင်းဌာနကို ပြောကြားရာမှာ မိမိတို့ပွဲမှာ ထိုသရုပ်ဆောင် ပါဝင်ကြောင်း၊ အနုပညာသည်တွေကို အခုလိုမျိုး မလုပ်သင့်ကြောင်း၊ မိမိတို့ကတော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်မှာပဲ လို့ ဆိုထားပါတယ်။

အယ်လ်အေနဲ့ ဆန်ဖရန်ဘေးဧရိယာက မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူအသိုင်းအဝန်း ၂ ခုစလုံးရဲ့ ကြေညာချက်မှာ မိမိတို့ ကန့်ကွက်ရှုတ်ချတာ၊ ဆန္ဒပြတာဟာ လူပုဂ္ဂိုလ်စွဲပြီး လုပ်တာမဟုတ်၊ အာဏာရှင်ရဲ့လုပ်ရပ်ကို ဦးတည်တာ ဖြစ်တယ်၊ အနာဂတ်မျိုးဆက်တွေအတွက် သမိုင်းမှန်တွေကို သိရှိနိုင်စေရေးကို ရည်ရွယ်တယ်လို့ ပြောထားပါတယ်။

နောက် ကန့်ကွက်ရှုတ်ချချက်တခုကတော့ ယခင်အတိတ်ကာလက မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တက်ကြွစွာ လှုပ်ရှားခဲ့ကြသူအချို့ကိုယ်တိုင်က အခုလို ဆန်ဖရန်ပွဲစီစဉ်သူတွေထဲမှာ ပါဝင်နေတဲ့အတွက် စစ်အစိုးရ အားပေးတဲ့ ဝါဒဖြန့်ကားရိုက်သူတွေကို စတိတ်ရှိုးပွဲသွင်းတဲ့လုပ်ရပ်ဟာ မြန်မာပြည်ဒီမိုကရေစီရေးရဲ့ သမိုင်းစာမျက်နှာ၊ ယခုအချိန်ထိ စစ်အာဏာရှင်များကို တိုက်ပွဲဝင်နေသူတွေ၊ ကျဆုံးခဲ့သူတွေ၊ ထောင်သွင်း အကျဉ်းချခံနေရသူတွေရဲ့ မျက်နှာကို မထောက်ထားရာ ရောက်တယ်လို့ ဝေဖန်နေကြပါတယ်။

သူတို့ထုတ်ဝေတဲ့ ကြေငြာချက်တွေကို သည်နေရာမှာ ရယူပါ။

(အယ်လ်အေ ကြေငြာချက်)

https://docs.google.com/viewer?a=v&pid=sites&srcid=ZGVmYXVsdGRvbWFpbnxtb2VtYWthMjAxMHxneDoyOWUxYTkxODdkNGExZmVk

(ဆန်ဖရန် ကြေငြာချက်)

https://docs.google.com/viewer?a=v&pid=sites&srcid=ZGVmYXVsdGRvbWFpbnxtb2VtYWthMjAxMHxneDo2MmUwYjZiZDVkN2ZmYWU5

စနေနေ့ ဆန္ဒပြပွဲကို မည်သူမဆို လာရောက် နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။ ဆန်ဖရန်ဘေးဧရိယာက BADA အဖွဲ့၊ BAWA အဖွဲ့၊ NLD – LA နဲ့ သုံးရောင်ခြယ် လူငယ်များ စတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများက စုဝေးစီစဉ်ပြီးတော့ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုမြို့တွင် ဆန္ဒပြမည့် အစီအစဉ်က ဒီလိုပါ။
အချိန်   ။       ။ ညနေ(၅:၃၀)နာရီမှ (၆:၃၀)နာရီအထိ
နေ့ရက် ။       ။ စက်တင်ဘာလ(၄)ရက် (စနေနေ့)
နေရာ   ။       ။ South San Francisco Unified School District
398, B Street, South San Francisco, CA  94080
ဆက်သွယ်ရန်။        ။ ကိုစိန်ထွန်း (၆၅၀ ၃၈၇ ၆၈၉၄)၊ ကိုမိုးကျော် (၆၅၀ ၈၃၄ ၀၁၈၄)၊ ကိုနေလင်း (၄၁၅ ၃၆၈ ၃၉၁၄)

(ဓာတ်ပုံ – ယခင် သြဂုတ် ၂၈ က မင်နီဆိုးတားတွင် ဆန္ဒပြခဲ့စဉ်က ပြည်သူတို့ကိုင်သည့် ပိုစတာများ၊ (ဓာတ်ပုံ ခွန်မျိုး၊ အင်တာနက်)

Advertisements
 
Leave a comment

Posted by on September 4, 2010 in Local News Headlines

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

 
%d bloggers like this: