RSS

Monthly Archives: October 2010

Thurain Htet – Pushing


ညီညီညာညာ ပြိုင်တူကို တွန်းကြတာပါပဲဗျာ …
သူရိန်ထက်
အောက်တိုဘာ ၃၀၊ ၂၀၁၀ 

တောလမ်းလေးအတိုင်း ‘ဖွတ်ချက်’ ‘ဖွတ်ချက်’ နဲ့ မောင်းနှင်လာတဲ့ ဒိုင်နာကားလေးပေါ်မှာ ခရီးသည်တွေ အပြည့်တင်လာတယ်။ အမိုးပေါ်မှာလည်း ကြက်တွေထည့်ထားတဲ့ ကြက်ခြင်းက တခြင်း၊ ဟင်းသီးဟင်းရွက် ဈေးတောင်းက ၂ တောင်း၊ ကုန်တွေထည့်ထားတဲ့ ဂုန်နီအိတ်က ၄ လုံး၊ ခရီးဆောင် အိတ်တချို့ …။ လမ်းက ခပ်ကြမ်းကြမ်း မညီမညာ။ ဖုန်က တထောင်းထောင်း … မြေနီလမ်းလို့တော့ ဆိုနိုင်တဲ့ လမ်းပေါ့လေ။
ဒီလမ်းလေးက လှည်းလမ်းဆိုလည်း ဟုတ်တယ်။ ကားလမ်းဆိုလည်း ဟုတ်တယ်။ လူသွားလမ်း ဆိုလည်း ဟုတ်ပြန်ရော။ ကားလမ်းမကြီးနဲ့ မိုင် ၂၀ လောက် ဝေးတဲ့ ဟိုး ရိုးမတောင်ခြေနားကနေ ကားလမ်းအထိ သွယ်တန်းထားတဲ့လမ်း။ အနီးအနားက ရွာတွေကနေ မြို့ပေါ်သွားမယ့် ကားလမ်းနဲ့ သွယ် ဆက်ထားတဲ့ လမ်းကလေးပေါ့။ ဒီလမ်းလေးကနေ ရွာကလူတွေ မြို့တတ်တယ်။ မြို့က လူတွေ ရွာတွေ လာတယ်။ ကုန်ပစ္စည်းတွေ စုန်ဆန် သယ်ယူတယ်။ ကလေးတွေ ကျောင်းသွားတယ်။ လုပ်သားတွေ ဥဒဟို သွားလာတယ်။ အသွားအလာ များလှတယ်မဟုတ်ပေမယ့် ဒီဒေသ ဖွံ့ဖြိုးရေးအတွက်တော့ အသက်သွေးကြောလို အရေးပါ တဲ့ လမ်းပေါ့လေ။ Read the rest of this entry »

 
Leave a comment

Posted by on October 30, 2010 in Variety Article

 

Yan Win (Taung Da Gar) – Bagan Cedi myar


ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၃)
မြေပေါက်စေတီပုထိုးများ
ရန်ဝင်း (တောင်တံခါး)
အောက်တိုဘာ ၃၀၊ ၂၀၁၀

သက္ကတဘာသာ စဲတျ နဲ့ ပါဠိဘာသာ စေတိယ က စေတီ ဆိုတဲ့ ဝေါဟာရ ဖြစ်လာပါတယ်။ ဓာတ်တော် ကိန်းဝပ်ရာ မြင့်မြတ်တဲ့နေရာဖြစ်ပါတယ်။

စေတီတွေမှာ ဌာပနာထားတာတွေကိုမူတည်ပြီး ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒိဿစေတီ နဲ့ ဓမ္မစေတီ လို့ အမှတ်အသားရှိပါတယ်။ ပရိနိဗ္ဗာန်ပြုပြီးတဲ့ ဗုဒ္ဓကိုရည်မှန်းပူဇော်ဖို့ ဓာတုစေတီတွေကို စပြီး တည်ကြတယ်။ စေတီတွေမှာ ဗုဒ္ဓရဲ့ သရီရ ဓာတ်တော်အမျိုးမျိုး၊ ဆံတော်၊ စွယ်တော်နဲ့ မြတ်နိုးရာရာ ရတနာတွေကိုပါ ဌာပနာလေ့ရှိတယ်။ Read the rest of this entry »

 
Leave a comment

Posted by on October 30, 2010 in Culture

 

USDA Party owns businesses and companies


ပါတီတဖြစ်လဲ ကြံ့ဖွံ့အသင်းကြီးရဲ့ အခွင့်ထူးခံစီးပွားရေးလုပ်ငန်းများစာရင်း

ကိုတိုင်းချစ်

အောက်တိုဘာ ၃၀၊ ၂၀၁၀

မိတ်ဆွေများခင်ဗျား …

နိုင်ငံရေးပါတီများဟာ ပါတီရန်ပုံငွေ စုဆောင်းတဲ့နေရာမှာ အလှူခံတဲ့ငွေတွေ၊ ထောက်ပံ့တဲ့ အရင်းအနှီးတွေ၊ ပိုင်ဆိုင်မှုတွေကို စာရင်းလုပ်တင်ပြရပါတယ်။ ဒါ့အပြင် ပါတီရပ်တည်ရှင်သန်ရေးအတွက် အာမခံပေးတဲ့ (စပွန်ဆာတွေ၊ စီးပွားရေးလုပ်ငန်းရှင်) တွေကိုလည်း အမည်စာရင်း ထုတ်ပြန်ပေးရပါတယ်။ သို့သော် ပါတီတွေကိုယ်တိုင် ပိုင်ဆိုင်တဲ့ သီးခြားစီးပွာရေးလုပ်ငန်းတွေ စာရင်းကတော့ မြန်မာပြည်မှာပဲ ရှိမယ် ထင်ပါတယ်။

အောက်ကစာရင်းကတော့ အတည်မပြုနိုင်သေးတဲ့ စာရင်းပါ။ ဒါတွေကို ကြံ့ဖွံ့အသင်းကြီးအဖြစ်နဲ့ တည်ထောင်စဉ်က မတည်ထောက်ပံ့ခဲ့တဲ့ လုပ်ငန်းတွေလို့ ဆိုပါတယ်။ ကဲ … ပရိသတ်ကြီးကပဲ စိစစ်ပေးကြပါဦး။ Read the rest of this entry »

 
Leave a comment

Posted by on October 30, 2010 in Letter from readers

 

solution or trap?


ရွေးကောက်ပွဲဟာ ထွက်ပေါက်လား၊ ထောင်ချောက်လား
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
အောက်တိုဘာ ၃၀၊ ၂၀၁၀

ဆူးလေဘုရားလမ်းတွင် တွေ့ရသော စစ်အစိုးရ၏ ကြံ့ဖွံ့ ပါတီ မဲဆွယ် ဆိုင်းဘုတ် 

“—အပြောင်းအလဲ ဆိုတာလဲ မြူတစ်မှုန်စာမျှ မတွေ့ရနိုင်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့များ အိမ်ဖြည့် ဝင်ကစား ပေးနေကြမှာလဲ။ ကျောချနေတာတောင် ဓားပြမှန်း မသိကြသေးတာ အံ့စရာပဲ—”

ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်တိုးတက်ရေးပါတီဟာ အစောဆုံး မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် မပေးခဲ့ပါဘူး။ ဘာ့ကြောင့် ပါတီတည်ထောင်ခွင့် မပေးသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြချက် မပေးခဲ့ဘူး။ ထားပါတော့။ ပါတီ တည်ထောင်ခွင့် မပေးချင်နေပါ။ တသီးပုဂ္ဂ္ဂလ အနေနဲ့ ဝင်ပြိုင်ကြမယ်ပေါ့။ ဒေါက်တာတူးဂျာ အပါအဝင် ကချင်အမျိုးသား ၁၂ ဦးဟာ ကချင်ပြည်နယ်ထဲက လွှတ်တော် မဲဆန္ဒနယ်မြေများမှာ တသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် အမည်စာရင်း တင်သွင်းလိုက်ကြတယ်။ Read the rest of this entry »

 
Leave a comment

Posted by on October 29, 2010 in Op-Ed

 

Human Rights Abuses on Burmese Workers and Farmers Report Book published


မြန်မာပြည်က အလုပ်သမား၊ လယ်သမားတို့၏ ဘဝများ၊ သတင်းမှတ်တမ်းစုစည်းချက်ထုတ်

မိုးမခစာအုပ်စင်

အောက်တိုဘာ ၃၀၊ ၂၀၁၀

အောက်တိုဘာ ၂၈ နေ့စွဲနဲ့ အီးဘုတ်တအုပ် ထွက်လာခဲ့ရာမှာ ထုတ်ဝေသူက မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ် (ရန်ကုန်မြို့၊ မြန်မာနိုင်ငံ) ဖြစ်ပြီး၊ စာအုပ်အမည်က သိမ်းဆည်းခံလယ်ယာ၊ သွေးစုပ်ခံလုပ်အား၊ နင်းပြားတို့၏ ဘ၀ဇာတ်ကြမ်းများလို့ ရေးထားပါတယ်။ စာအုပ်ရဲ့ ခက်ဆစ်က မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ မှတ်တမ်းတစိတ်တဒေသလို့ ရေးထားပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on October 29, 2010 in Book Shelf

 

Moemaka quotes in Oct 2010


မိုးမခ၏ အောက်တိုဘာလ စာကိုး စကားကိုး
အောက်တိုဘာ ၂၉၊ ၂၀၁၀

ကျမတို့ရွာမှာ အိမ် ၂၃၅ ကျော် ရှိတာ၊ အားလုံးပျက်စီးတယ်။ စက်လှေ ၂ စီးထဲက ယောက်ကျား ၆ ယောက် သေတယ်။ စက်လှေကို ဘေးလွတ်အောင် တနေရာကို ရွှေ့နေတုန်း ရေထဲ မျောသေတာ။ ဘေးနားက ငါးရွှီကျိုင်မှာတော့ ကလေး ၂ ယောက်နဲ့ မိခင်တဦးက ရေတက်လာတဲ့အခါ ထွက်ပြေးတယ်။ ရေလည်း နစ်၊ အပင်လည်း ပိပြီး သေတာ။
ဂီရိမုန်တိုင်းဒဏ် ခံလိုက်ရသော ပေါက်တောမြို့နယ်၊ ငါးရပွက်ကျိုင် ကျေးရွာသူ
မဇ္ဈိမသတင်းဌာန၊ အောက်တိုဘာ ၂၈
————————————–
Read the rest of this entry »

 
Leave a comment

Posted by on October 29, 2010 in Quotable Quotes

 

Letters from Michigan – 33


မစ်ရှီဂန်မှပေးသောစာ အမှတ်(၃၃)
အောင်ဝေး
အောက်တိုဘာ ၂၉၊ ၂၀၁၀

မိတ်ဆွေကြီးကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါရဲ့နော်။ ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတိုင်းဟာ ပြည်ပမှာလည်း တစ်စုံတစ်ရာ ဂယက် ရိုက်ခတ်မှု ရှိတန်သလောက် ရှိတယ် ဆိုတဲ့ အကြောင်း ဒီတစ်ခါ စကားသင့်လို့ ထပ်ပြောပရစေဦး။

ခုတလော ပြည်ပမှာ၊ အဝေးရောက် မြန်မာတွေကြားမှာ၊ ပြည်တွင်းက နအဖ ဝါဒဖြန့် မဟုတ်တမ်းတရမ်း ပေါ်လစီ ရုပ်ရှင်ဇာတ်ကားအပေါ် အခြေခံပြီး အဝေးရောက် ရွှေမြန်မာတွေ အချင်းချင်း အမြင် မတူတာလေးတွေ၊ အယူအဆ ကွဲတာလေးတွေ၊ အခြေအတင် ပြောဆိုငြင်း ခုန်မှုလေးတွေ ဟိုကဒီက ထွက်ပေါ်လာတယ် ဆိုပါတော့ဗျာ။ Read the rest of this entry »

 
Leave a comment

Posted by on October 29, 2010 in Aung Wa - Letters from Michigan