RSS

Monthly Archives: November 2010

Kyaw Thu – FFSS Yangon Activity (27th November 2010)


နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ
ကျော်သူ
နိုဝင်ဘာ ၂၈၊ ၂၀၁၀

တိုင်းရင်းသား ပရဟိတ မျိုးဆက်သစ်ခေါင်းဆောင်များ

၂၇. ၁၁. ၂၀၁၀ (စနေနေ့) နံနက် ၁၀း၃၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ မြန်မာနိုင်ငံအရပ်ရပ်ရှိ တိုင်းရင်းသားပရဟိတ ဗုဒ္ဓဘာသာလူငယ်များအဖွဲ့မှ လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ကြရန်အတွက် လူမှုရေးနှင့် ပရဟိတ လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ကိုယ်ကျိုးမဖက် အများအတွက် ဆောင်ရွက်ချက်များကို လာရောက်လေ့လာရာတွင် … Read the rest of this entry »

 
Leave a comment

Posted by on November 27, 2010 in Contemporary Experience, Kyaw Thu

 

Daw Suu’s office room


အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
ခင်နှင်းလွင် ၊ ရန်ကုန် 

နိုဝင်ဘာ ၂၇၊ ၂၀၁၀

ထိုနေ့ တစ်နေ့လုံး မျှော်လင့်ချက်အပြည့်နဲ့ လမ်းမပေါ်မှာရော NLD ရုံးချုပ် ရှေ့တွင် မှာပါ လူအုပ်စုကြီးက စိတ်အား ထက်သန်စွာဖြင့် စောင့်ဆိုင်း နေသကဲ့သို့ အန်အယ်ဒီ ရုံးချုပ်ရဲ့ အပေါ်ထပ် ဒေါ်အောင်ဆန်းစုကြည် အတွက် ပြင်ဆင်ပေးထားတဲ့ ၈ ပေ x ၁၄ ပေ သာသာ အကျယ် ရုံးခန်းလေး အတွင်းမှာလည်း ပိတ်ဖြူစ ပန်းချီကားချပ် တစ်ခု ….ထို့နောက် ကမ္ဘာ့မိတ်ဆွေ ဗမာ့ကျက်သရေ ဆိုတဲ့ ကဗျာ ခေါင်းစဉ်နှင့် အန်တီ့ပုံကို ကမ္ဘာ့နိုင်ငံ အလံများအလယ်တွင် ထည့်သွင်းထားတဲ့ ဓါတ်ပုံကားချပ်တစ်ခုတို့က ပြည်သူများနှင့်အတူ ထိုရုံးခန်းငယ်ကလေးထဲမှ စောင့်ကြိုနေခဲ့သည်။

ရွှေဂုံတိုင် NLD ရုံးရဲ့ ပထမထပ်မှာ ရှိတဲ့ အန်တီ့အတွက် ရည်ရွယ်ထားတဲ့ ရုံးခန်းဆီကို ရွှေဂုံတိုင်ရုံးထဲ ၀င်ဝင်ချင်း ဘယ်ဘက်အကြား လှေခါးမှ တက်သွားလျှင် ရောက်နိုင်သည်။

ရုံးခန်းလို့ ခေါ်ပေမဲ့ ရုံးခန်း အပြင် အဆင် အဆောင်ယောင် ဆိုလို့ တယ်လီဖုန်းတွေ၊ ကွန်ပျူတာ၊ ဖက်စ်၊ မိတ္တူကူးစက်လို စာအုပ်စင်လို အရာတွေ ဘာမှမရှိဘဲ သန့်ရှင်း ရှင်းလင်းတဲ့ အဆင် အပြင်ကိုသာ မြင်တွေ့ရသည်။ Read the rest of this entry »

 
Leave a comment

Posted by on November 27, 2010 in Variety Article

 

MoeMaKa Interview – Aung San Suu Kyi and Her Answers


ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ

မိုးမခ အင်တာဗျူး

နိုဝင်ဘာ ၂၆၊ ၂၀၁၀

ယနေ့ညနေမှာ မိုးမခက အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တခဏ တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာများရဲ့ မေးမြန်းချက်တွေ၊ သဘောထားတွေကို တင်ပြပြီး ဒေါ်စုရဲ့တုံ့ပြန်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ပထမဦးဆုံး မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ အားတက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အမျိုးသားရေးလုပ်ငန်းတွေ အစီအစဉ်တွေကို အားလုံးက အဆင်ပြေ ချောမွေ့အောင်မြင်စေဖို့ ဆုမွန်ကောင်းတွေ တောင်းနေကြတယ်၊ မေတ္တာပို့နေကြတယ်၊ ထောက်ခံ အားပေးလျက်ရှိတယ်ဆိုတဲ့ အကြောင်းကို အရင်ဆုံး တင်ပြလိုပါတယ်။ Read the rest of this entry »

 
Leave a comment

Posted by on November 27, 2010 in Aung San Suu Kyi, Interview

 

Burmese Regime tightened security after bomb scare


စစ်အစိုးရက လုံခြုံရေး တင်းကြပ်လိုသဖြင့် ဗုံးလှန့်

ခင်နှင်းလွင်၊ ရန်ကုန်

နိုဝင်ဘာ ၂၆၊ ၂၀၁၀

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ဆိုင် တချို့တွင် အရပ်ဝတ်ရဲ တပ်ဖွဲ့ဝင်တို့က  မြို့တော်ခန်းမအနီးရှိ စီးတီးစတား ဟိုတယ်အောက်ထပ်မှ အင်တာနက်ဆိုင်တွင် ဗုံးထောင်ခဲ့သည်ဟု ယူဆရသူ ဖောက်ခွဲရေးသမား နှစ်ယောက် ဓာတ်ပုံများကိုလိုက်ပြသပြီး အင်တာနက်ဆိုင်များတွင် မသင်္ကာဘွယ်ရာတွေ့ပါက သူတို့ထံ ဆက်သွယ်သတင်းပို့ဖို့ ပြောဆိုလျက်ရှိသည်ဟု အင်တာနက် သုံးစွဲသူများ၏ ပြောဆိုချက်အရ သိရှိရသည်။

`စီးတီးစတား အင်တာနက်ဆိုင်မှာ ဗုံးထောင်ခဲ့တဲ့ ဖောက်ခွဲရေး သမားဓာတ်ပုံတွေ ဆိုတဲ့ပုံတွေ ကိုကိုင်ပြီးတော့ အင်တာနက်ဆိုင်ထဲ အက်စီဘီလို့ ယူဆရတဲ့သူ တယောက်ဝင်လာတယ်။ ဒီလူတွေကို မြင်ရင် လက်မခံဖို့ သတင်းပေးဖို့၊ ဘာညာပေါ့။ ပုံတွေကလည်း မှုန်ဝါးဝါးနဲ့ မပြတ်သားဘူး။ သူတို့က ဘာရည်ရွယ်ချက်ရှိလည်း မသိနိုင်ဘူးလေ။ ဒါကို အကြောင်းပြပြီးတော့ အင်တာနက် ဆိုင်တွေကို ဗုံးခွဲမလား၊ လုံခြုံရေး တင်းကြပ်ချင်တာလား မသိဘူး´ ဟု အင်တာနက်သုံးစွဲသူ တဦးက ပြောပြသည်။ Read the rest of this entry »

 
Leave a comment

Posted by on November 27, 2010 in Burma News Headlines

 

where is Khin Nyunt?


ဗိုလ်ခင်ညွန့် ဘယ်ပျောက်နေသလဲ
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၂၆၊ ၂၀၁၀

အကျယ်ချုပ် ချခံနေရသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ပြောင်းရွှေ့ချုပ်နှောင်သည့်မြင်ကွင်းဟု ယူဆရသည့် ဗီဒီယိုဖိုင်တခု မကြာသေးမီက အင်တာနက်စာမျက်နှာသို့ ရောက်လာသည်။

FaceBook အင်တာနက် လူမှုကွန်ရက်တွင် အကောင့် ရှိသူများ http://www.facebook.com/video/?id=100001219370983#!/video/video.php?v=144212602296051 တွင် သွားရောက် ကြည့်ရှုနိုင်သည်။ Read the rest of this entry »

 
Leave a comment

Posted by on November 27, 2010 in Burma News Headlines

 

Kyaw Thu – FFSS Yangon Activity (26th November 2010)


ဝမ်းသာကြည်နူးစွာဖြင့် . . . .
ကျော်သူ
နိုဝင်ဘာ ၂၇၊ ၂၀၁၀
၂၅. ၁၁. ၂၀၁၀ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ Myanmar Solar Rays Co.,Ltd. မိသားစု (အမှတ် – ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် အသုံးပြုရန် TOYOTA Light Truck တန်ဖိုးငွေကျပ် ၁၁,၃၀၀,၀၀၀/- (တစ်ရာတစ်ဆယ့် သုံးသိန်း) တန် မော်တော်ယာဉ်တစီးအား လာရောက်လှူဒါန်းသွားပါသည်။ Read the rest of this entry »
 
Leave a comment

Posted by on November 26, 2010 in Contemporary Experience, Kyaw Thu

 

MoeMaKa Interview – Suu & NLD destroyers of the Union of Burma?


သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ

ဒေါ်စုနဲ့ အင်န်အယ်ဒီ ဟာ ပြည်ထောင်စုဖြိုခွဲသူလား

မိုးမခ

နိုဝင်ဘာ ၂၆၊ ၂၀၁၀

ဒီတပတ်မှာ သတင်းစာဆရာတဦးနဲ့ စကားလက်ဆုံမှာတော့ ၂၀၀၇ နောက်ပိုင်း အခြေအနေတွေကို တွေ့မိမြင်မိသလောက် ပြောဆိုဖြစ်တာတွေ ဖြစ်ပါတယ်။

 

အယင်က စကားဆက်ကို ပြန်ကောက်ရရင်တော့ ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ နိုင်ငံတကာဖိအားတွေအရ ပြည်တွင်းက လူထုရဲ့ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာတာကြောင့် စစ်အစိုးရက ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ပေးတာတွေ လုပ်လာတယ်။ အဲသည်မှာလည်း ဒေါ်စုနဲ့လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။ အဲသည်မှာလည်းပဲ လူထုက ဘာမှ မသိရှိရတဲ့ လျို့ဝှက်ဆွေးနွေးပွဲတွေပဲ ဖြစ်တာပဲ မဟုတ်လား။ Read the rest of this entry »

 
Leave a comment

Posted by on November 26, 2010 in Interview, U Win Tin